Sunday, May 30, 2010

လူတယောက်အတွက် အရေးကြီးဆုံး အရာ


တိဘတ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းမား (Dalai Lama)နဲ့ ဘရားဇီး သီအိုလိုဂျီပညာရှင် လီယိုနာဒို ဘော့ (Theologian Leonardo Boff)

တို့တွေ့ဆုံခြင်း


တစ်ခုသော ဘာသာရေး နဲ့ လွတ်လပ်ခြင်းဆိုင်ရာ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတစ်ခုမှာ ကျနော် နဲ့ ဒလိုင်း လားမားတို့ သိမ်မွေ့စွာ ကြုံဆုံခဲ့ရပါတယ်။

ကျနော်က စိတ်ဝင်တစားနဲ့ သူ့ကိုမေးခဲ့ပါတယ်။

”အရှင်မြတ် လောကမှာ အကောင်းဆုံးက ဘာပါလဲ ဘုရား။”

(ကျွန်တော်ကြိုတွေးမိတာက တိဘတ်ဗုဒ္ဓဘာသာ ဒါမှမဟုတ် ခရစ်ယာန်ဘာသာထက်ရှေးကြတဲ့ အရှေ့တိုင်း ဘာသာရေး လို့ဖြေမယ်လို့ထင်မိတယ်)

ဒလိုင်းလားမားက ကျွန်တော်မျက်လုံးကို ကြည်ပြီး ပြုံးပြီးဖြေတယ်။အရှင်မြတ်ရဲ့ အဖြေဟာ ကျွန်တော့်ကို အံ့သြသင့် သွားစေခဲ့တယ်။



အရှင်မြတ်က "အကောင်းဆုံး ဘာသာရေးကတော့ ဘုရားသခင်နဲ့ အနီးကပ်ဆုံး ဖြစ်အောင် လုပ်နိုင်တဲ့ ဘာသာ ဘဲဖြစ်တယ်။ အဲဒီ ဘာသာရေး သာလျှင် သင့်ကို လူအဖိုးတန် ဖြစ်စေလိမ့်မယ်” လို့ဖြေပါတယ်။

ဒီလိုပညာရှိကြီးတစ်ယောက်နဲ့ အရှက်တရားမရအောင် ကျနော်မေးခဲ့ပါတယ်။
ကျနော့်ကိုဘယ်အချက်တွေက လူ့အဖိုးတန်ဖြစ်စေမလဲ။

အရှင်မြတ်က
“ သင်ဟာ ဘာဘဲလုပ်လုပ်
- ကိုယ်ချင်းစာစိတ် ရှိပါစေ။။
- အသိတရားစိတ် ကြီးမားပါစေ။
- ခွဲခြားဆင်ခြင်စိတ် ရှိပါစေ။
- မေတ္တာတရား ကြီးမားပါစေ။
- လူသားချင်းစာနာစိတ်ရှိပါစေ။
- တာဝန်ယူတတ်တဲ့စိတ် ရှိပါစေ။
- ကိုယ်ကျင့်တရား ကောင်းမွန်ပါစေ”
လို့ ဖြေပါတယ်။

ဒီလို သင့်ကို အကျင့်မြတ်၊ အကျင့်ကောင်း၊ စိတ်ကောင်း၊ စိတ်မြတ်တွေဖြစ်စေ၊ လုပ်စေတဲ့ ဘာသာရေးဟာ သင့်အတွက် အကောင်းဆုံးဘာသာရေးပါ။”

အရှင်မြတ်ရဲ့ အံ့မခန်းကြီးမြတ်မှုရဲ့ ကျနော်ခဏတာငြိမ်သက်သွားမိတယ်။ ယနေ့အချိန်ထိလည်း အရှင်မြတ်ရဲ့ ဥာဏ်ပညာနဲ့မငြင်းနိုင်တဲ့ တုန့်ပြန်ချက်တွေကို တွေးမိ၊ ဆင်ခြင်မိနေတုန်းပါဘဲ။

အရှင်မြတ်က ”မိတ်ဆွေကြီး … သင်ဘယ်ဘာသာဝင်ဖြစ်တယ်၊ ဘာသာတရားမရှိဘူးဆိုတာတွေကို ကျွန်ုပ် စိတ်မ၀င်စားဘူ။”

”ကျွန်ုပ်စိတ်ဝင်စားတာက သင့်ရဲ့အပေါင်းအငယ်တွေ၊ မိသားစုတွေ၊ လုပ်ငန်းခွင်၊ အသိုင်းအ၀ိုင်းနဲ့ ကမ္ဘာရှေ့မှာ ပြုမူကျင့်ကြံနေတဲ့ သင့်ရဲ့ အပြုအမူတွေကသာ အမှန်တကယ်အရေးကြီးပါတယ်။”

”စကြာဝဌာဆိုတာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်နဲ့ အတွေးအခေါ်တွေရဲ့ ပဲ့တင်သံ(Echo) ဆိုတာကို သတိရပါ။”

”သက်ရောက်ခြင်းနဲ့တုန့်ပြန်သက်ရောက်ခြင်းဆိုတဲ့ နိယာမတွေဟာ ရူပဗေဒပညာရပ်အတွက် သီးသန့် ဖြစ်နေတာမဟုတ်ပါဘူး။လူသားချင်းဆက်ဆံရေးမှာလည်း ဒီနိယာမအတိုင်းဘဲ ဖြစ်ပါတယ်။”

"ကျနော်တို့က ကောင်းကောင်းလုပ်ရင်၊ ကောင်းကျိုးပြန်ရမယ်၊ မကောင်းတာလုပ်ရင်၊ မကောင်းကျိုးခံရ မယ်။"

"ကျနော်တို့တစ်တွေရဲ့ ဘိုးဘေးတွေက ကျနော်တို့ကို စစ်မှန်တဲ့ အမှန်တရားတွေကိုပြောခဲ့တယ်။ သင်ဟာ တခြားလူတွေအပေါ်ထားတဲ့ ဆန္ဒအတိုင်း သင်ဖြစ်ရလိမ့်မယ်။"

"ပျော်ရွင်မှုဆိုတာဟာ ကံတရား အရာမဟုတ်ပါဘူး။ အဲ့ဒါဟာ မိမိစိတ်ရဲ့ ရွေးချယ်မှုဘဲဖြစ်ပါတယ်။"

နောက်ဆုံးအနေနဲ့ အရှင်မြတ်ပြောတာကတော့
“ သင့်ရဲ့ အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ စကားလုံးတွေဖြစ် လာမှာမို့လို့ပါဘဲ။ ”
“ သင့်ရဲ့ စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ် လာမှာမို့လိုပါဘဲ။ ”
“ သင့်ရဲ့ လုပ်ဆောင်ချက် ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ အလေ့အကျင့် တွေ ဖြစ် လာမှာမို့လိုပါဘဲ။
“ သင့်ရဲ့ အလေ့အကျင့် ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကိုယ်ကျင့်တရား တွေ ဖြစ် လာမှာမို့လိုပါဘဲ။
“ သင့်ရဲ့ ကိုယ်ကျင့်တရား ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကံကြမ္မာ တွေ ဖြစ် လာမှာမို့လိုပါဘဲ။
သင့်ရဲ့ ကံကြမ္မာတွေဟာ သင့်ရဲ့ ဘ၀ဖြစ်လာလိမ့်မယ်။”

သစ္စာတရားထက် မြင့်မြတ်တဲ့ ဘာသာရေးဆိုတာ မရှိဘူး။

ဆင်ခြင်တုံတရားနည်းပြီး စိတ်ဓါတ်သေးသိမ်သေ
ာ အရာရှိတချို့ နှင့် မရိုးသားသူများက မွန်မြတ်သန့်စင်သော ဘာသာတရားတွေကို ခွဲခြားဆက်ဆံ အလွဲသုံးစားပြုနေကြသည်ဟု ကြားသိနေရ၍ ဒီဆောင်းပါးလေးကို ဘာသာပြန်ဖြစ်ခြင်းဖြစ်သည်။

"လူအချင်းချင်း လှည့်ပတ်ခြင်း။ အနိုင်ကျင့်ခြင်း ကင်းရှင်းကြပါစေ...."


ဘလော့ဂါ အလင်းဆက်
၃၀.မေလ.၂၀၁၀












No comments:

Post a Comment