အာဇာနည် အရှင်မြတ် ဦးဥတ္တမ၏ မမေ့အပ်သော သြဝါဒများ
ကရက်ဒေါက် ထွက်သွား (Craddock , Get out )
“အစိုးရလုပ်တာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့..”
“ဒီတိုင်းပြည် သူတစ်ပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ဘာသာကလည်း ကျွန်ဘာသာ၊ ကျွန်သာသနာဖြစ်မယ်၊ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာ အဖြစ်က လွတ်အောင် သံဃာတော်များကျောင်းတွင် ကျိန်း၊ အိပ် မနေပဲ သံဃာ့သမဂ္ဂ များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်…”
“ဂျပန်ကျွန်းတွင်
မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ
၆ နှစ်စေ့၍ Primary School (မူလတန်းစာသင်ကျောင်း) မှာ သင်လျှင်
ထိုလူကလေး၊ မိန်းကလေးတို့သည်
ညကို ၁၀ နာရီ အိပ်၍ မနက် ၅ နာရီကို အိပ်ယာထရမည်..ဟူ၍
အစိုးရမင်းများကပင် ဥပဒေ ပြု၍ထားသည်။ ဦးဇင်းတို့ မြန်မာလူမျိုးတို့ကား
အအိပ်၊ အနေ၊ အစား၊ အသောက်အနေအထိုင် အစစအရာရာ တို့တွင်
စည်းကမ်းနည်းလမ်း မရှိသည့် အတွက်ကြောင့်
ပျက်စီးခြင်းမူလဖြစ်ဟန်ရှိသည်။”
ရှာဖွေတင်ပြသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ခမိခဆဲ
၉.စက်တင်ဘာလ.၂၀၁၀
No comments:
Post a Comment