Thursday, April 29, 2010

အာဏာရှင်တို့ရဲ့ မြေဇာပင်ကလေးများ


မနေ့က Blog များကိုလိုက်ဖတ်ရင်း “ မျိုးသာကီအတွက်ရဲဝံ့ ဒို့အာဇာနည်, Arzarni Blog ” မှ “ ကယ်တော်မူကြ ပါဗျို့…..ဖုန်းတောင်းစားတော့မဖြစ်လို ” သတင်းခေါင်းစဉ်လေးကို စိတ်ဝင်စားလို့ဖတ်မိပါတယ်။ သတင်းမှာ လွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ တော်တော်လေးလည်း ၀မ်းနည်းမိပါတယ်။

မြန်မာနိုင်ငံသားကလေးငယ် (၆) ဦး မလေးရှားနိုင်ငံမှာ သူတောင်းစားလုပ်လို့ ရဲအဖမ်းခံရတာဖြစ်ပါတယ်။ ကောင် ကလေး (၅) ယောက်ရဲ့ နာမည်တွေကိုလည်းဖော်ပြထားပါတယ်။ ဒီလိုသတင်းမျိုးကိုတင်ပြပေးတဲ့ ဘလော့ခ်ဂါ များကိုလည်း လေးစားမိပါတယ်။

သတင်းအရ မလေးရှားနိုင်ငံ Kelantan ပြည်နယ် Tanah Merah Camp မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူ မြန်မာ ကလေးငယ် (၆) ဦးရှိကြောင်းသိရပါတယ်။ အားလုံးဟာ ၁၄ နှစ်အောက်တွေဖြစ်ကြပါတယ်။ ယောက်ျားက လေး (၅) ဦး နဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။

သူတို့ထဲက အသက် (၁၂) နှစ်အရွယ် မောင်ကျော်သူလင်းပြောပြချက်အရ သူ့ကို မန္တလေးက ဦးမဲလုံးဆိုသူက လက်ဖက်ရည်ဆိုင်မှာအလုပ်ရမယ်ဆြို

ပီးခေါ်လာခဲ့ကြောင်း၊ ဒါပေမယ့် မလေးရောက်တော့ ကားမှတ်တိုင်တွေ၊ မီးပွိုင့်တွေမှာ ပိုက်ဆံတောင်းရကြောင်းပြောပါတယ်။ တစ်နေ့ကို မလေးငွေရင်းဂစ် ၁၀၀ ရအောင် တောင်းပေးရ တယ်။ တစ်နေ့အနည်းဆုံး ၇၀၊ ၈၀ လောက်ရတယ်လို့ပြောပါတယ်။ မရတဲ့နေ့တွေဟာဆိုရင် သူ့ကိုရိုက်တယ်၊ ထုတယ်၊ ထမင်းလည်း၀၀လင်လင်မကျွေးဘူးလို့ပြောပါတယ်။ သူအနေနဲ့ (၃) လလောက်ပိုက်ဆံတောင်းတဲ့အ လုပ်ကိုလုပ်ခဲ့ရပါတယ်။ နောက် ပုလိပ်ကဖမ်းလို့ ခု စခန်း(Camp) ထဲရောက်နေတာ (၉) လလောက်ရှိပြီလို့ ပြောပါတယ်။ ကမ့်ထဲမှာလည်း ထမင်းဝအောင်မကျွေးဘူး။ ငါးခြောက်ရေပြုတ်တာနဲ့ပဲကျွေးပါတယ်။ သားတို့ကို မြန်မြန်လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ လို့ တောင်းပန်အကူအညီတောင်းနေကြောင်း ဖော်ပြ ထားပါတယ်။

“ လူ့ငရဲ ” လို့ ဘဘဦးဝင်းတင်သတ်မှတ်တဲ့နေရာလေးဆီကို သူတို့လေးတွေ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ ရောက်ကြရတယ်။ ဘာအပြစ်မှမကျူးလွန်မိပါဘဲနဲ့ ဘ၀ဆိုးတွေနဲ့ကြုံတွေ့နေရပါတယ်။ ဖတ်ပြီးကျွန်တော်တော် တော်ခံစားရပါတယ်။ ကမ္ဘာမြေကြီးပေါ်မှာ ဒီလိုမျိုး လူမသိ၊ သူမသိ ဘ၀ဆိုးတွေကိုကြုံတွေ့ခံစားနေရသူတွေ၊ ဘ၀ပျက်ခဲ့ရသူတွေ၊ အသက်ဆုံးရှုံးခံရသူတွေ ဘယ်လောက်များရှိနေပြီသလဲဆိုတာကို တွေးမိပါတယ်။

ငယ်ငယ်တုန်းက ဖတ်မိခဲ့တဲ့ ကဗျာဆရာကြီး James Stephens ရဲ့ “ ထောင်ချောက် ”(The Snare) ဆိုတဲ့ ကဗျာလေးကို သွားမြင်မိပါတယ်။ ရေရွက်မိပါတယ်။ ဒီကဗျာလေးထဲမှာ ယုန်ကလေးတစ်ကောင် ထောင် ချောက်ထဲမှာထိပြီးနာကျင်လို့အော်ဟစ်အကူအညီတောင်းတဲ့အကြောင်း ရေးဖွဲ့ထားပါတယ်။ ဒါပေမယ့် ကဗျာ ဆရာကြီးအနေနဲ့ ဒီယုန်ကလေးနာကျင်ပြီး ခံစားနေရတာကို စာနာသနားပြီး ကူညီဖို့ကြိုးစားရှာဖွေပေမယ့် ဒုက္ခ ရောက်နေတဲ့ ယုန်ကလေးကိုမတွေ့ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ဆက်လက်ရှာဖွေနေသေးကြောင်း ရေးဖွဲ့ ထားတာပါ။

ယခုကျွန်တော်တို့တွေ့နေတာက ယုန်ကလေးမဟုတ်ပါဘူး။ တိရစ္ဆာန်တစ်ကောင်မဟုတ်ပါဘူး။ လူသားစင်စစ် တွေပါ။ သူတို့ကလေးတွေခင်ဗျာ သူတို့ဘယ်လောက်နာကျင်လို့၊ ဘယ်လောက်ပူဆွေးသောကရောက်နေတယ် ဆိုတာတောင် ထုတ်ဖော်မပြနိုင်တဲ့ အခြေအနေပါ။ ထုတ်ဖော်မပြတတ်တဲ့အခြေအနေပါ။ ထုတ်ဖော်ခွင့်မရကြ တဲ့အခြေအနေပါ။ ယခုလိုအဖြစ်ဆိုး၊ ဘ၀ဆိုးကို ကိုယ်ချင်းမစာနာတတ်တဲ့သူများဟာ ရက်စက်ယုတ်မာမှုမှာ သရဖူဆောင်းတဲ့ နအဖစစ်အာဏာရှင်တွေနဲ့ အတူတူဘဲဖြစ်ပါလိမ့်မယ်။

ဒီလိုရေခြားမြေခြားကိုနည်းအမျိုးမျိုး၊ လမ်းခရီးအမျိုးမျိုးကိုကျော်ဖြတ်ပြီး သူတစ်ပါးတိုင်းပြည်မှာ တောင်းရမ်းစား သောက်ရတဲ့ဘ၀၊ စာသင်ရမယ့်အရွယ် စာမသင်ရ၊ ကလောင်ကိုင်ရမယ့်လက်တွေက တောင်းရမ်းစားဖို့ ခွက် ကိုင်ရမယ့်ဘ၀၊ ရှေ့အနာဂါတ်အတွက် တဖျက်ဖျက်တောက်ပနေရမယ့်သူတို့လေးတွေရဲ့မျက်လုံးလေးတွေနေ ရာမှာ အခုတော့ ပေးကမ်းစွန့်ကြဲကြပါ၊ သနားကြပါ၊ အကူအညီတောင်းခံနေရရှာတဲ့ မျက်ရည်အပြည့်နဲ့ မျက် လုံးလေးတွေဖြစ်နေရပြီ။

ဒီလိုမြန်မာနိုင်ငံသားကလေးငယ်တွေ အပါအ၀င် မြန်မာဒုက္ခသည်တွေဘာကြောင့် ဒီလိုဘ၀ဆိုး၊ အခြေအနေ ဆိုးဖြစ်ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲဆိုတာလည်း ဆင်ခြင်သိ နိုင်ပါတယ်။

အခုအပြစ်မရှိတဲ့ကလေးငယ်တွေရဲ့အော်သံကိုလည်းကြားနေရပြီ၊ ငိုသံကိုလဲကြားနေရပြီ၊ ဘယ်ကနေအကူအ ညီတောင်းခံနေသလဲဆိုတာကိုသိနေကြပါပြီ။ အားလုံးတက်နိုင်သမျှ ၀ိုင်းဝန်းကူညီပေးကြပါ။ လူသားဆန်မှုကို ပြကြပါ။ သင်တို့မှာရှိတဲ့ ကြင်နာမှုနှင့်မေတ္တာတရားကို လက်တွေ့အကောင်အထည်ဖော်ကြပါ။

ကျွန်တော်လေ့လာမိသလောက်တင်ပြရလျှင် UNHCR ၏ ၂၀၀၈ စာရင်းအရ မလေးရှားအကျဉ်းစခန်းများတွင် လစဉ်ဒုက္ခသည်များနှင့်ခိုလှုံခွင့်လျှောက်ထားသူပျမ်းမျှ ၇၀၀ မှ ၈၀၀ အထိရောက်ရှိနေကြပြီ ၁၀၀ လောက်မှာ ကလေးသူငယ်များဖြစ်သည်။ မလေးရှားနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ် (Convention on the Rights of the Child (CRC)) ကို လက်မှတ်ရေးထိုးထားသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် ကလေးအခွင့်အရေးစာချုပ် ပါ အချက်များအတိုင်းကျင့်သုံးသင့်သည်။ ထိုစာချုပ်ကို ၁၉၈၉ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအတည်ပြု ပြီး ၁၉၉၀ တွင် အသက်ဝင်ခဲ့သည်။

မောင်မြန်မာ(BRO)
၂၀.ဧပြီလ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Tuesday, April 27, 2010

လင်ကွန်း၏ ဂက်တီးစဘက် မိန့်ခွန်း

The image failed to load.

အမေရိကန်သမ္မတ လင်ကွန်းရဲ့ ကမ္ဘာကျော် ဂက်တီးစဘက်မိန့်ခွန်းပါ။ မင်းကျော်စွာ (ဆရာဦးဝင်းတင်-EFA) ဘာသာပြန် ခဲ့ပါတယ်။

လင်ကွန်း၏ ဂက်တီးစဘက် မိန့်ခွန်း

လွန်ခဲ့တဲ့ အနှစ်ရှစ်ဆယ့်ခုနစ်နှစ်က ကျွန်တော်တို့ရဲ့ ဖခင်များဟာ ဒီအမေရိကတိုက်ပေါ်မှာ နိုင်ငံသစ်တစ်ခု မွေးဖွား ပေးခဲ့ပါတယ်။ ဒီနိုင်ငံဟာ လွတ်လပ်ခြင်းမှာ သန္ဓေတည်ပြီး၊ လူးသား အားလုံးကို တန်းတူရည်တူ ဖန်တီးထားတယ် ဆိုတဲ့အချက်ပေါ်မှာ ရည်စူးမြှုတ်နှံထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ခု ကျွန်တော်တို့ဟာ ပြည်တွင်းစစ်ပွဲကြီး တစ်ပွဲကို ဆင်နွှဲနေရပါတယ်။ ဒီစစ်ပွဲဟာ အဲဒီနိုင်ငံ ဒါမှမဟုတ် ဒါလောက် လွတ်လပ်ခြင်းကို စိတ်ကူးပုံဖေါ်ခဲ့တဲ့ ဘယ်နိုင်ငံမဆို ကြာရှည်ခံနိုင်ရည် ရှိမရှိ စမ်းသပ်တဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီစစ်ပွဲကြီးရဲ့စစ်မြေပြင်တစ်ခုမှာ တွေ့ကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီ စစ်မြေပြင်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဒီနိုင်ငံရှင်သန်ဖို့ အသက်ပေးခဲ့ကြသူများရဲ့ နောက်ဆုံး နားခိုရာအဖြစ် သတ်မှတ်ဖို့ ရောက်လာကြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို လုပ်တာဟာ အင်မတန် မှန်ကန်သင့်လျော် ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီနေရာ၊ ဒီမြေပြင်ကို ပိုမိုကျယ်ပြန်တဲ့ သဘောနည်းနာ အရတော့ မြင့်မြတ်တဲ့ နယ်မြေအဖြစ် မသမုတ်နိုင်ပါဘူး။ ဒီမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများ (ကျဆုံးသူများရော အသက်ရှင်နေ သူများပါ)၊ အဲဒီသူရဲကောင်းများက ကျွန်တော်တို့ရဲ့ နုံနဲ့လှတဲ့ အာဏာနဲ့ ထပ်ဖြည့်ဖို့၊ နှုတ်ယူဖို့ မလိုအောင် ဒီနေရာကို မြင့်မြတ်တဲ့ နယ်မြေအဖြစ် သမုတ်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာပြောခဲ့တဲ့ စကားတွေကို ကမ္ဘာက ကြာရှည်လေးမြင့် မှတ်မှတ်ရရ ဖြစ်မှာမဟုတ်ပေမဲ့ အဲဒီ သူရဲကောင်းတွေရဲ့ လုပ်ရပ်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အသက်ရှင်နေတဲ့ ကျွန်တော်တို့ရဲ့ တာဝန်က ဒီမှာ တိုက်ပွဲဝင်ခဲ့ကြသူများ ရှေ့က စွမ်းစွမ်းတမံ လုပ်ပြသွားတဲ့ မပြီးသေးတဲ့ လုပ်ငန်းတွေမှာ ဘ၀ကိုမြှုပ်နှံ လုပ်ကိုင်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာ ကြီးမားမြင့်မြတ်တဲ့ လုပ်ငန်းတွေ ရှိပါတယ်။

* ဂုဏ်ပြုခံ ကျဆုံးသွားသူများ နောက်ဆုံးအချိန်ထိ အပြည့်အ၀မြှုပ်နှံ လုပ်ဆောင်သွားတဲ့ လုပ်ငန်းတွေကို တိုးမြှင့်မြှုပ်နှံ လုပ်ဆောင်သွားဖို့၊
* ဒီ ကျဆုံးသွားသူများဟာ အချည်းနှီးကျဆုံးသွားတာ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ မြင့်မြင့်မားမား ပိုင်းဖြတ် ထားဖို့၊
* ဘုးရားသခင်ရဲ့ စောင့်ရှောက်မှုအောက်က ဒီနိုင်ငံမှာ လွတ်လပ်ခြင်းဟာ အသစ် မွေးဖွားလာပြီး ပြည်သူ လူထုအတွက် ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့ ပြည်သူ့အစိုးရဟာ ကမ္ဘာမြေပေါ်က ဘယ်တော့မှ ပျောက်ကွယ်မသွားဖို့၊ကျွန်တော်တို့ ရည်စူးလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

The image failed to load

The Gettysburg Address by Abraham Lincoln

"Fourscore and seven years ago our fathers brought forth on this continent a new nation,conceived in liberty and dedicated to the proposition that all men are created equal.Now we are engaged in a great civil war, testing whether that nation or any nation so conceived and so dedicated can long endure. We are met on a great battlefield of that war.We have come to dedicate a portion of that field as a final resting-place for those who here gave their lives that that nation might live. It is altogether fitting and proper that we should do this.But in a larger sense, we cannot dedicate, we cannot consecrate, we cannot hallow this ground. The brave men, living and dead who struggled here have consecrated it far above our poor power to add or detract.The world will little note nor long remember what we say here, but it can never forget what they did here. It is for us the living rather to be dedicated here to the unfinished work which they who fought here have thus far so nobly advanced.It is rather for us to be here dedicated to the great task remaining before us - that from these honoured dead we take increased devotion to that cause for which they gave the last full measure of devotion - that we here highly resolve that these dead shall not have died in vain, that this nation under God shall have a new birth freedom, and that government of the people, by the people, for the people shall not perish from the earth."



"တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။"


"လူတချို့ ကို အမြဲတမ်း အရူးလုပ်လို့  ရချင် ရမယ်။
လူတွေအားလုံးကိုလည်း တစ်ခါတစ်ရံ အရူးလုပ်လို့  ရချင် ရမယ်။
ဒါပေမဲ့ လူအားလုံးကို အမြဲတမ်း အရူးလုပ်လို့ တော့ မရနိုင်ဘူး။"

(အေဗရာဟမ် လင်ကွန်း-၁၈၀၉-၁၈၆၅)


“The tree of liberty must be watered periodically with the blood of tyrants and patriots alike.
It is its natural manure.”


Thomas Jefferson quotes (American 3rd US President (1801-09)



With regards,
Alinsek
(23.April.2010)


ဆက်လက်ဖက်ရှုရန်...

Monday, April 26, 2010

နွား ဝါဒ


နွားဝါဒီများအား သတိထားကြလော့ …..

အိုးဝေမဂ္ဂဇင်းဟူသော အမည်ကို မြန်မာ့နိုင်ငံရေး နှင့် သမိုင်းကို လေ့လာသူတိုင်း သိကြသည်။ မူလ ရန်ကုန် တ က္ကသိုလ်သမဂ္ဂ မှ အမည်ပြောင်းခဲ့သော အိုးဝေမဂ္ဂဇင်းသည် ဒုတိယတက္ကသိုလ်သပိတ်ကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ ငရဲခွေးကြီးလွတ်နေပြီ ( Hell Hound at Large ) ဟူသော ဆောင်းပါး အိုးဝေမဂ္ဂဇင်း၌ ပါလာသောအခါ တက္က သိုလ်အာဏာပိုင်များ ဆတ်ဆတ်ခါသွားပြီး အယ်ဒီတာ ကိုအောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း ) စတင် အရေး ယူရာမှ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ထို ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရှင်မှာ ညိုမြ ဖြစ်သည် ဟု နောင်အခါ သိကြရသည်။ ညိုမြ၏ ကလောင် စွမ်းသည် လောင်မြိုက်သောမီး၏ အစဖြစ်သော မီးပွား နှင့် တူလှသည်။ ပြောင်မြောက်ထိမိသော ညိုမြ၏ ဆောင်းပါးများတွင် နွားနှင့် သပိတ် ဟူသော ဆောင်းပါးလည်း အပါအ၀င်ဖြစ်သည်။ ၁၉၇၁ တွင် ထုတ်ဝေသော အိုးဝေ ရွှေရတုသဘင်လက်ရွေးစဉ်ဆောင်းပါးများစာအုပ်၌ ရေးသူမောင်ညိုမြအမည်ဖြင့် နွားနှင့်သပိတ် ဆောင်း ပါးကို ပြန်လည် ဖော်ပြထားသည်။

အာဏာပိုင်များကို ဆတ်ဆတ်ခါစေသော ဆောင်းပါးများသာမက သူနှင့်ခေတ်ပြိုင်လူအများကို ဆတ်ဆတ်ခါ စေသော ဆောင်းပါးအဖြစ် နွားနှင့်သပိတ် ကို ညွှန်းကြရသည်။ ထိုခေတ်က မြန်မာနိုင်ငံသားအများ မျိုးချစ်စိတ် ရှိကြပုံမှာ ပါးစပ်ဖျားတွင်သာ ဖြစ်ပြီး တကယ်တမ်း လူမြင်ကောင်းရုံ မျိုးချစ်စိတ်သာဖြစ်ကြောင်းကို အောက်ပါ အတိုင်း နွားနှင့်သပိတ် ၌ ဖော်ပြထားသည်။

လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော်ကြ၏။ မျိုးချစ်စိတ်ရှိ အပ်ကြောင်း ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။ ထိုသို့ပြောဆို ကြွေးကြော် အော်ဟစ်ကြသူတို့ အား တကယ်မြင့်မြတ်သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည်ရှိသောအရပ်များတွင် စင်မြင့်သို့တက်၍ စွာလောင်စွာလောင် လုပ်ကြ၏။ ဟုမ္မရူး၊ ဒိုင်အာကီ၊ နောင်လာမည့် အုပ်ချုပ်ရေးစဖြင့် လျှာအရိုးမရှိသည့် ဖိုးပြောချင်၊ ဖိုးအော်ချင်ကြီး များပင်။ သို့သော် မိမိအပေါင်းအဖော်များနှင့် ရိုးရိုးနေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်းသတိမရကြ ကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမသားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်းတို့ကိုသာ ပွားများကြ လေသည်။ မျိုးချစ်စိတ်အမှန် ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန်ဘ၀ကို တကယ်နာကြည်းသူဖြစ်က ထိုသို့ မနေနိုင်ရာ မျိုးချစ်စိတ်အမှန်မှာ စားလျှင်လည်း အမိမြန်မာပြည်၊ အိပ်လျှင်လည်း မြန်မာပြည်အမိ၊ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည်၊ စာရေးလျှင်လည်း အမိမြန်မာပြည် ဟူ၍ သို့သာလျှင် ဖြစ်စေရမည်။ အနှီသို့သော ပုဂ္ဂိုလ်ကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး၊ ငွေပန်းကုံးများ စွပ်သင့်ကြပေသည် ဟု မီးမောင်းထိုးပြခဲ့သည်။

တက္ကသိုလ်ကျောင်းသားသပိတ် ( ဒုတိယကျောင်းသားသပိတ် ) ကို အစိုးရကျွန်များ မှတပါး ချီးကျူးထောက်ပံ့ ကြသူချည်းဖြစ်ကြောင်း၊ သောတာပန်ရွာတွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင် ပင်တစ်ဦး ဖြစ်လာသူ တီ ပီ အက်စ် ဖေဖေမှတပါး သပိတ်ကို အားရကြသူချည်းဟု ဆိုသည်။ အစိုးရကျွန် နှင့် အစိုးရကျွန်ဟောင်းများသည် သပိတ်ကို လန့်ကြသည်ချည်းဖြစ်သည်။ အတိတ်၌သာမဟုတ်သေး၊ ယခုလက်ရှိ အခြေအနေတွင်လည်း အစိုးရကျွန်သစ်၊ ကျွန်ဟောင်းများက ဆရာညိုမြခေတ်မှာလိုပင် အရေးတော်ပုံကိုလန့် ကြ၊ ကပျက်ကယက်လုပ်ကြကြောင်း တွေ့မြင်နိုင်ပါသည်။

အညာတခွင် သပိတ်စည်းရုံးရေးဆင်းရင်း နွားကျားကြီးအား ဆရာညိုမြက ဤသို့ပြောဆိုလိုက်သည်။ အခု ကျ နော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်း ကျောင်း ထုတ်ခံရလွန်းလို့ …

နွားကြီးကား မြက်ကို စားမြဲစားနေ၏။ ကိုစိုးမြင့်ကို ဆာ မထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်း ရှင်းလင်းလင်းမဟုတ်ဘူး။ ပြန်သွင်းမလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့်မပေးဘဲ ငြင်းထား တယ်။ ကုန်ကုန်ပြောကြစို့ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပြီလေ။ ကျနော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂဥက္ကဌ ကိုနု ကို ကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျနော်တို့ကိုပါ စော်ကားတာနဲ့အတူတူပေါ့ ဟုတ်ကဲ့ မှုတ်လား နွားကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မြက်များကို ဆက် လက်စားနေ၏။

ဆရာညိုမြ၏ အရေးအသားမှာ ပညာသားပါလှသည်။ နိုင်ငံရေးဒီရေ တိုးတက်နေချိန်တွင် ဘာကိုမှ စိတ်မ၀င် စားဘဲ မြက်ကိုသာ တွင်တွင်စားနေသော နွားအကြောင်းမှာ ယနေ့ခေတ်အထိ ကွင်းကွင်းကွက်ကွက် မြင်နိုင် သော ပြောင်မြောက်သည့် ဥပမာတင်စားချက်ဖြစ်သည်။ ကိုအောင်ဆန်း မတရားသဖြင့် ကျောင်းထုတ်ခံရပုံ၊ ထို သို့ ကျောင်းထုတ်ရန် သတင်းစာက လှုံဆော်ပုံ၊ မတရားသဖြင့် ကျောင်းထုတ်ခြင်းဖြစ်၍ မိန်းကလေးများပင် မ ကျေနပ်ကြပုံ၊ တက္ကသိုလ်မှ အင်္ဂလိပ်လူမျိုးဆရာများက ကျောင်းထုတ်ခြင်းကို ထောက်ခံကြပုံတို့ကို နွားကြီးအား ပြောပြမိသည်။ နွားကြီးကား နားရွက်တခတ်ခတ်နှင့် တဖြုတ်ဖြုတ်စားလျက် မြိန်လျက်ပင်။

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ယိုချလိုက်သဖြင့် ဆရာက နှစ်မိနစ်ခန့် စကားကို ရပ်တန့်ထားရ သည်။ ထို့နောက်မှ အိုင်ယာလန်တို့၏ နိုင်ငံရေးလှုပ်ရှားမှုကို အင်္ဂလိပ်လူမျိုး ဆစ်တနီစမစ် ရေးသားထားသော စာကို ကိုးကား၍ ရွတ်ဆိုပြသည်။

အိုင်ယာလန်သည် အဘယ့်ကြောင့် ဤမျှဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကိုကား တိမ်မြှုပ်၍ သင်တို့ သည် ချော်တောငေါ့ကာ ထင်ရာပြောဖို့သာ တတ်ကြ၏။ သင်တို့ ဖိစီးနှိပ်ကွပ်သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတစ်ကောင်ကို တံခါးဝတွင် ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထို မြင်း သင့်ကို ပြန်ကန်ကြောက်က မြင်းကို အဆိုးဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲနှိပ်စက် ခဲ့ပြီးလျှင် ထိုခွေး သင့်ကို မြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းသားတို့ သည် ပဋိသန္ဓေအားဖြင့် ယုတ်ညံ့သောသဘောရှိကြ၍ အလွန် ဆူဆူပူပူလုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဖူးပါ၏လော၊ သင်သည် သူတို့၏ အမျိုးဘာ သာ၊ သာသနာကို လေးစားခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင်လိုလားခဲ့ ၏လော၊ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်သည်ကား သူတို့မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏၊ တကျွန်းပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မပေးခဲ့။ သို့စဉ် လျက် အိုင်ယာလန်တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ်သ ဘောထားယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း၊ အမျိုးကိုကပင် ခေတ်မမီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ် ကျေးသိမ်မွေ့ခြင်းဌာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် …

နွားတို့ကား မည်မျှ အသိတရားရအောင် ဟောပြောသော်လည်း နားမ၀င်ပေ။ နွားနှင့်တူသော လူများမှာ မိမိတို့ အပေါ် မတရားအုပ်ချုပ်နေသည့် အစိုးရထက် မိမိမြက်စားရရေးကိုသာ အလေးဂရုပြုကြလေသည်။ မြက်စားရုံ တင်သာမဟုတ်သေး…..

စိတ်ပါ လက်ပါ ထိုဆစ်တနီစမစ် ၏ စာကို ရွက်လေပြီးသည်၏ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များကြားတွင် နွားနီမကဘေးတစ်ကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

မှန်လိုက်တာ ဆရာရယ်၊ မှန်လိုက်တာ ဆရာရယ် ဟု အကြိမ်ကြိမ်အော်မိလောက်သည်။ မြန်မာ့နိုင်ငံရေး၌ အ တိတ်ရော၊ ပစ္စုပ္ပန်ပါ နွားများစွာ ရှိနေကြဆဲ။ ယနေ့ခေတ်နွားများမှာ မြက်စားရုံ၊ နွားနီမကလေးနောက်လိုက်ရုံ သာမဟုတ်၊ မတရားမှုကို တွန်းလှန်နေသူများအား လိုက်၍ဝှေ့သော ဓလေ့တစ်ခု တိုးတက်နေကြပြီ။ နိုင်ငံရေး၌ နွားကိစ္စကို သပိတ်တရားဖြင့်ရှင်းလျှင် အဝှေ့ခံကြရုံရှိတော့မည်။ ထိုနွားများအား မည်သို့ သုတ်သင်ပစ်ရမည်ကို ဆက်လက် အဖြေရှာဖို့ လိုလာပြီ။ မသုတ်သင်နိုင်ခင် ဆရာညိုမြ ညည်းငြူသလို ညည်းငြူရတော့မည်။

ဂရုစိုက်ပုံလည်းမပေါ်၊ နားလည်ဟန်လည်းမရှိ၊ ဟောရပြောရသူတွင်ကား မောလှ။ အို … နွားတွေ … နွားတွေ … နွားတို့သည်ကား အဟိတ်တိရစ္ဆာန် အန္တများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်၊ တရားကိုလည်း နားမ၀င်၊ ၎င်းတို့၏၀ါဒနှင့်လုပ်ငန်းအား သံသရာတစ်လျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြလေတော့သည်တကား။


အလင်းဆက် ( ANO )

ဆက်လက်ဖက်ရှုရန်...

Sunday, April 25, 2010

သခင်အောင်ဆန်း ဝေဖန်ခဲ့တဲ့ ဝန်ကြီး


“နိုင်ငံရေးဆိုတာ ကုသိုလ်တပဲငရဲတပိသာ” ဆိုတဲ့ စကားလုံးကိုငယ်ငယ်ကတည်းကကြားဖူးတာပါ။ မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာမှာလည်း ဒီစကားလုံးကို တွေ့ရတော့ ပိုပြီးစိတ်ဝင်စားမိခဲ့ပါတယ်။ နိုင်ငံရေးလောကထဲ ဒီစကားလုံး ဘယ်သူတင်သွင်းခဲ့သလဲ၊ ဘာကြောင့်လည်း၊ ပြောသူကိုယ် တကယ်ယုံကြည် ကျင့်သုံးခဲ့သလား။

ဗိုလ်ချုပ်အခေါ် ဦးသိမ်းမောင်ကြီးဆိုသူမှာ ၁၉၀၆ တွင်တည်ထောင်ခဲ့သော ဝိုင်အမ်ဘီအေ (ခေါ်) ဗုဒ္ဒကလျာဏယုဝအသင်းကြီး (့Young Men’s Buddhist Association) ကိုအစပျိုးခဲ့သူများတွင်ပါဝင်ခဲ့သူဖြစ်သည်။ ဦးသိမ်းမောင်ရဲ့ ပညာထူးချွန်မှုကတော့ ချီးကျူးလောက်ပါတယ်။ ၁၉၀၆ တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး၌ ပထမရရှိကာ အောင်မြင်ခဲ့သည်။ အဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် နှင့် လင်ကွန်းအင်းတို့မှ ဥပဒေဘွဲ့ နှင့် မဟာဝိဇ္ဇာဘွဲ့များကိုလည်း ရရှိခဲ့သည်။ ထိုပြင်ထိုခေတ် ပညာထွန်းချွန်သူများကို သုံးနှစ်တကြိမ် ချီးမြှင့်လေ့ရှိသော ဘီဂန်းဒက် ရွှေတံဆိပ်ဆု ကိုလည်းရရှိခဲ့သည်။

ဦးသိမ်းမောင်သည် ပြည်ရွှေဆံတော် ဘုရားရှိ “ဗြိတိသျှလူမျိုးများ နှင့် ဥရောပ လူမျိုးများမှ အပ မည်သူမျှ ဖိနပ်မစီးရ“ ဟူသော ဆိုင်းဘုတ်ကို ပယ်ဖျက်၍ ”မည်သူမျှ ဖိနပ်မစီးရ“ ဟူသော ဆိုင်းဘုတ်အသစ်ကို ဦးဆောင်စိုက်ထူသည်။ ဦးသိမ်းမောင်သည် ထိုဖိနပ် ကိစ္စကို ၁၉၁၇ ခုနှစ်၊ ပျဉ်းမနားမြို့တွင် ကျင်းပသော ပဉ္စမမြောက် ပြည်လုံးကျွတ် ညီလာခံသို့တင်ပြခဲ့သည်။

၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့ ရွှေမောဓေါ စေတီပေါ်သို့ ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖိနပ်စီး၍ တက်ရောက်ခြင်း အပေါ်ပြည်သူတို့ မကျေမနပ်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့ ဂျုဗလီဟော၌ လူထူအစည်းအဝေး ပြုလုပ်ခဲ့သည်။ ဦးသိမ်းမောင်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။နောက်ပိုင်း အင်္ဂလိပ် အစိုးရက ဘုရား၊ ကျောင်းကန်များ တွင် ”မည်သူမျှ ဖိနပ်မစီးရ“ အမိန့်ကို ၁၉၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ပေးခဲ့ရသည်။

ထိုအချိန်ကစ၍ ဝတ်လုံတော်ရ ဦးသိမ်းမောင် အားပြည်သူများက ”ဖိနပ်သိမ်းမောင်” ဟုချီးကျုးဂုဏ်ပြုကြသည်။ ဒါပေမယ့် ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အာဏာ နဲ့ ငွေကြောင့်ပြည်သူ့ သြဘာ ပျောက်ခဲ့ရပါတယ်။မြန်မာ့သမိုင်းတလျှောက် ခေါင်းဆောင်တွေဟာ အာဏာ၊ ငွေ ကြောင့် သမိုင်းမလှ ဖြစ်ကြရပါတယ်။ ဦးနု ရဲ့ ပြည်ထောင်စု ပန်းတိုင် စာအုပ်တွင်လည်း အမျိုးသားကောင်းတွေကို လမ်းမှားစေသော အဓိကအချက်မှာ မိန်းမ၊ ငွေ၊ အာဏာ ဖြစ်သည်ဟု ရေးခဲ့သည်ကိုသတိရမိပါတယ်။

၁၉၂၂ မှာ အဂလိပ် အစိုးရက ချကစားလိုက်သော ဒိုင်အာခီ(Dyarchy) (၁၉၂၃-၁၉၃၇) ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ့အသင်းချုပ်ကြီး (GCBA) ခေါင်းဆောင်များ အချင်းချင်း သဘောကွဲခဲ့ရသည်။ အဖွဲ့ကြီး ကွဲခဲ့ရသည်။ ခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့တွင် ဦးသိမ်းမောင် ပါဝင်ခဲ့သည်။ ထိုအဖွဲ့သည် ဒိုင်အာခီ(Dyarchy) ကိုလက်ခံပြီး လူအများဆန္ဒ နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ ဦးသိမ်းမောင်ကြီး ရာထူးယူရေးလမ်းစဉ် ကိုလိုက်တော့သည်။

ထိုခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့သည် ဒိုင်အာခီ(Dyarchy) ရွေးကောက်ပွဲတွင် နေရှင်နယ်လစ် ပါတီ (Nationalist) အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရာ အမတ်နေရာ ၂၈ နေရာရခဲ့သည်။ သို့သော် ဘုရင်ခံ ၏ မျက်နှာသာပေးခြင်း မရခံပါ။ ၁၉၂၅ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဂျုဗလီဟော ၌မြန်မာပြည် သရာဇပါတီ ကကြီးမှုး၍ ရွေးကောက်ပွဲ ဝင်သော်လည်း ကောင်စီတွင် လစာမယူရေး ဆွေးနွေးရာ လခ ယူလိုသော ၂၁ ဦးအဖွဲ့ဝင်တို့က အစည်းအဝေးကို ဖျက်လိုဖျက်ဆီးလုပ်လာခဲ့သည်။အထူးသဖြင့် အဆိုးဆုံးမှာ အများက သမာဓိ ရှိသည်ဟုယူဆသော ရွှေတိဂုံဂေါပက အဖွဲ့ဝင် ၂၁ ဦးပါတီမှ ဝတ်လုံ ဦးသိမ်းမောင်ကြီး ဖြစ်သည်။

နောက်ဆုံး ဦးသိမ်းမောင် ၏ ဖျက်လိုဖျက်ဆီး စကားကို သံဃာထုက မခံမရပ် နိုင်ဖြစ်ကာ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်နေ ဦးရေဝတ ကထိုင်ရာမှ ထ၍ ကုလားထိုင် ဖြင့် ပေါက်လေတော့သည်။ ဦးသိမ်းမောင် လဲကျ၍ အိမ်သို့ပြန်ပို့ လိုက်ရသည်။ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ တွင်မြန်မာနိုင်ငံ အား အိန္ဒိယနိုင်ငံ နှင့် ခွဲရေးတွဲရေး အတွက် ပြည်သှူ့ဆန္ဒခံယူ ပွဲကျင်းပခဲ့သည်။ ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည် ခွဲရေးဘက်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ခွဲရေးဘက်တွင် အလင်္ဂလိပ် အလိုတော်ရိ ဖြစ်သော ဆာဂျေ အေမောင်ကြီး၏ ရွှေတောင်ကြား ပါတီ (ခေါ်) အင်ဒီပင်းဒင့် ပါတီ လည်းပါသည်။ ဆင်ခြင်တွေးယူကြပါ။

ထိုခေတ် ခွဲရေးတွဲရေး ရွေးကောက်ပွဲ အခြေအနေ ကို သခင်ဘသောင်းရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ္ဂ တွင်ပြောကြားခဲ့သော စကားအရ ခန့်မှန်းသိနိုင်သည်။ သခင်ဘသောင်းက..

``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။ ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာကြိုက်ပါတယ်။´´

အဘိုး သခင်ကိုယ်တော်မှိုင်း ကလည်း ”ကျောင်းသားများထံသို့” ဟူသော စာတွင်လည်း "ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။ ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလည်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော် အစည်းအဝေး အပျော် လာကြတာဘဲ…" ဟု ဆိုထားသည်ကို သတိရမိပါတယ်။

အာဏာမမက်သော အတွေးရှင်း၊ အမြင်ရှင်းသော ပြတ်သားသည့် သခင်တို့၏ စိတ်ဓါတ်ကား လေးစား အားကျဖွယ်ပင်။ ယခုခေတ် မှာလည်း အာဏာရှင် တွေက ရွေးကောက်ပွဲ လို့ အသံပေး၊ အနံ့ပေး ရုံရှိသေး အာဏာပိုး စွဲကပ်နေသူများ အမြီးတနှံ့နှံ့ ဖြစ်လာကြသည်။ သခင်စိတ်ကြိုက် ဝိုင်းအူ ပေးကြရသည်။

အာဏာရှင်တို့ အတွက် သူတို့ တတ်သိသော စကားဆန်း၊ မာယာဆန်း ကလေးများကို သီအိုရီဆန်ဆန်၊ ဗျုဟာဟန် ဆင် ခင်းကျင်းကပြကြသည်။ အခွင့်အရေး မျှော်သူများ ကလည်း ပါးစပ်ဆိုင်းတီးပေးကြသည်။ ကျောကွဲ ဝမ်းပိန် ပြည်သူတွေ ရဲ့တကယ့် ဝေဒနာ၊ အသံတွေကို လျစ်လျုကြသည်။

ဒီနေရာမှာ အမေရိကန်လူမျိုး ပညာရေးပါရဂူ ဘတ်တလာ ရဲ့စကား ကိုဖော်ပြပါရစေ။ သူက တဲ့။အလေးထား ဆင်ခြင်စရာပါ။"ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူတန်းစားမျိုးဖြစ်သွားတတ်တယ်.."

၁၉၃၆ နိုဝင်ဘာလ တွင် ၉၁ ဋ္ဌာန အုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည်အခြားအဖွဲ့များနှင့် ပူးပေါင်း၍ ဦးသိမ်းမောင် အမည်

ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ တွင်အနိုင်ရခဲ့သည်။ ဦးသိမ်းမောင် လည်း ပညာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၅၀၀၀ စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဘဘေ ခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့ ရာထူးအဝေ မတည့်သောကြောင့် သတ်မှတ်ချိန် အတွင်း အစိုးရမဖွဲ့နိုင်၍ အယုံအကြည် မရှိ အဆိုတင်သွင်း ခံရကာ ပြုတ်ကျ ခဲ့ပါတော့ တယ်။

ဦးသိမ်းမောင် က “ ဥပဒေပြုအဖွဲ့ တွင် ကျွန်တော် နှင့် ဦးဘဘေ ၏ အပေါ်တွင် အယုံအကြည် မရှိဟူသော အဆိုအောင်မြင်၍ ကျွန်တော်များ ရာထူးမှ နှုတ်ထွတ်ခဲ့ကြရပါသည်။အင်မတန်မှ စေတနာ၊ မေတ္တာ နှင့် နိုင်ငံအကျိုး ကိုဆောင်ရွတ်မည်ဟု လာသော သူကို ရင်ဘတ်မှာ ခြေဖြင့် စုံကန်လိုက်သကဲ့သို့ ခံစားရပါသည်။ ဆက်လက်၍ ဆောင်ရွက် ပြန်လျှင်လည်း ”ကုသိုလ်တစ်ပဲ၊ ငရဲတပိသာ” ဆိုသလိုဖြစ်မည့် အကြောင်းလက္ခဏာများ ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်များ သံဝေဂ ရပြီးလျှင် ဥပဒေပြုအဖွဲ့ ၏ အပြင်အပ မှပင် နိုင်ငံ အကျိုးကို ဆောင်ရွက်ပါတော့မည်” ဟုပြောဆိုခဲ့သည်။

ရွှေတိဂုံ ဘုရားဂေါပကလူကြီး လည်းဖြစ်၊ သမာဓိ ရှိသော ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အပြော နဲ့ အလုပ်ညီခဲ့ပါသလား။ ပြောပြီး နောက် ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ ကမ်းလှမ်းလာ သည့် လစာ၂၀၀၀ ကျပ်စား ရာထူး ခန့်ထားရေးဝန် အဖြစ်ဆောင်ရွက်သည်။ ထိုနောက် အစိုးရ ရှေ့နေချုပ်ရာထူးကို ဆက်လက်ယူပါသည်။

ဒါကြောင့်လည်း ဦးသိမ်းမောင်ကြီး အပြောကို တို့ဗမာ အစည်းအရုံး မှ အသက် ၂၅ အရွယ် မှ သခင် အောင်ဆန်း ကရေးသား ဝေဖန်ခဲ့သည်။

၁၉၄၀ ဖေဖေါ်ဝါရီလ ထုတ် ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၄ မှာ သခင် အောင်ဆန်း က ”…နိုင်ငံရေး သဘောတရားကို ဖော်ပြရာ၌ ဦးဘဘေကြီး ပြောသလို ”ညစ်ပတ်တဲ့ အလုပ်လားဆို့သည့်” မေးခွန်းကိုဖြေလို၏။ ဦးသိမ်းမောင်ကြီး ကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့။ သူကတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်းသား အားကျလို့ထင်၏။ အခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေး သည်လောကီရေးပင် ဖြစ်သည်။ နိုင်ငံရေးမှာ နိဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်းလောကုတ် ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည် နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။…

ဦးသိမ်းမောင်ကြီး တို့လို ပညာတတ်ကြီးများသည် အာဏာနှင့် ငွေကို မမက်ဘဲ ပြည်သူ့ဆန္ဒ ကိုအလေးထားခဲ့ပါက မျိုးချစ်လူငယ်များ၏ ဝေဖန်ခြင်းခံရမည် မဟုတ်ပေ။

နိုင်ငံရေး ပရိယာယ်ကြွယ်ဝသော၊ ကောင်းကောင်း ကစားတတ်သော ဦးသိမ်းမောင်ကြီး ၏ ဗျုဟာဆန်း များမှ နှောင်းလူတို့ သတိပြု ဆင်ခြင်စရာများ လည်းတွေ့ရသည်။ ၁၉၃၆ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၉၁ ဋ္ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲ တွင် အနိုင်ရစေရန် ဦးသိမ်းမောင်ကြီး သည် မြန်မာမင်းမျိုးနွယ် ဖြစ်သော မင်းသားကြီး ထိပ်တင်ဝကို သူပူးပေါင်းပါဝင်သော ငါးပွင့်ဆိုင်အဖွဲ့ ၏ ဥက္ကဋ္ဌ အဖြစ်တင်မြောက်ခဲ့သည်။

”သခင်မျိုးဟေ့ ဒို့ဗမာ“ ဟုကြွေးကြော် ဆန့်ကျင်နေသော တို့ဗမာအစည်းအရုံးကြီး ကို တုန်ပြန်လိုသော သဘောဖြစ်သည်။ ထိုပြင် မြန်မာ တမျိုးသားလုံး လေးစားကြည်ညို ရသော ဆရာတော်ဦးဥတ္တမ ကို ဦးသိမ်းမောင်ကြီး ကိုယ်တိုင် အိန္ဒိယ သို့သွားရောက်ပြီး လေယာဉ်ပျံ ဖြင့်ပင့်ဆောင်ပြီး တရားဟောစေခဲ့သည်။ သူ၏ လုပ်ရပ်များကြောင့် ဆရာတော် ဦးဥတ္တမ ကို သခင်များက အထင်လွှဲပြီး ဆရာတော် သိက္ခာပါ ထိခိုက်ခဲ့ရသည်။ နိုင်ငံရေး သင်ခန်းစာ ယူစရာပါ။

တကယ်တော့ ပညာတတ်များဟာ တရားကို စကားနဲ့လည်း ကာတတ်ပါတယ်။ ဒါကြောင့် ရွှေပေါ်ကျွန်းဆရာတော်ကြီးက ”တရားကို စကားနဲ့မကာပါနဲ့။ တရားက အတည့်သွား၍၊ စကားက လှည့်စား တတ်ပါသည်” ဟုဆံုးမခဲ့ပါတယ်။

ဦးသိမ်းမောင်ကြီး သည် ဂျပန်ခေတ် တွင်ဦးဆောင်သော မြန်မာ အစိုးရ အဖွဲ့တွင်လည်း တရားရေး ဝန်ကြီးအဖြစ် ဆောင်ရွတ်ခဲ့သည်။စစ်ပြီးချိန် ၁၉၄၅ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ဘုရင်ခံ ဆာဒေါ်မန် စမစ် ပြန်ရောက်၍ စက္ကူဖြူစာတမ်း အုပ်ချုပ်ရေး စီမံကိန်း စတင်သောအခါ ဦးသိမ်းမောင်ကြီး သည် ဖဆပလ ဗဟိုဦးစီးအဖွဲ့မှ နုတ်ထွတ်ပြီး ဘုရင်ခံ ခန့်အပ်သော ဟိုက်ကုတ် တရားဝန်ကြီး ရာထူးကို လက်ခံ ခဲ့သည်။

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ဦးသိမ်းမောင်ကြီး သည် လွှတ်တော်တရားရေး ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၅၇ တွင် နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးမှ အငြိမ်းစား ယူပါသည်။ ထိုအချိန်တွင် ဦးသိမ်းမောင်ကြီး ၏ အသက်မှာ ၆၇ နှစ်ရှိပြီဖြစ်၏။ တရားရေး ဋ္ဌာန မှဆက်လက် အမှုထမ်းစေလိုသော်လည်း ဦးသိမ်းမောင်ကြီး ကိုယ်တိုင်က ”မိုးညှင်းဆရာတော် ဘုရားကြီး ဆုံးမသကဲ့သို့ ခါးတောင်းကျိုက်မဖြုတ်ဘဲ ခေါင်းထဲဝင်မည့်သူ မဖြစ်ပါရစေနှင့်ဟု” မေတ္တာရပ်ခံ ကာအငြိမ်းစားယူခဲ့ခြင်းဖြစ်ပါတယ်။

သို့သော် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာ၍ ဦးသိမ်းမောင်ကြီး အား ဒုတိယ ဝန်ကြီးချုပ် ၊သာသနာရေး ဝန်ကြီး နှင့် ကျန်းမာရေး ဝန်ကြီး တာဝန်များပေးအပ်သော အခါ ပြန်လည်ထမ်းဆောင်ပြန်သည်။ အာဏာပါဝါ ဆိုသည်မှာ အာဏာပါဝါ ကိုခံစားဖူးသောသူများ၊ ခံစားလိုသောသူများ လူတချို့ အတွက် ဘဝ နောက်ဆုံးအချိန်ထိ တမ်းတတုန်း၊ မက်မောမျှော်မှန်း တုန်းပါလားလို့တွေးလျှက်…………။

ရည်ညွှန်း…….

၁။ တိုက်စိုး၊ဂျုဗလီဟော မြင်ကွင်း

၂။မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓါန်

၃။မောင်ဇေယျာ၊စာပေသမိုင်း၊ပုဂ္ဂိုလ်ရေး အတွေးအမြင်များ

၎။ရွှေဥသြ၊ တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ

၅။ဦးသိန်းမောင် (နိုင်ငံခြားငွေ)၊မဟာလူသားပြောစကား (ဒုတိယ တွဲ)

၆။အလင်းဆက်၊ တို့ခေတ်မှ ညံ့ကြတော့မှာလား

ကျောင်းသားတစ်ဦး

၂၅.ဧပြီလ.၂၀၁၀

ပေးပို့ပေးသူ အလင်းဆက်...

ဆက်လက်ဖက်ရှုရန်...

Saturday, April 24, 2010

"အိမ်" ရင်ခုန်သူများ


"ကျနော့်အိမ်သည် အရသာရှိချင်သော သမီးလေး၏ ရယ်မောသံမျှဖြင့် လုံလောက်သော၊

တယောက်နှင့် တယောက် အဖြောင့်တိုင်းတာနိုင်သော အကျယ်အဝန်းမျှသာရှိသည့် သာမန်အိမ်ငယ်ဖြစ်ပါသည်။"

(စာရေးဆရာ နေနွယ် ၏ "အိမ်" စကားပြေ မှ)


အရေးအသားကောင်းတာ ရယ်၊ ခံစားမှု နဲ့တိုက်ဆိုင်တာ ရယ်၊ ရသ ပြည့်ဝတာ ရယ်၊

အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့အိမ်နဲ့ပတ်သတ်တဲ့

သဘောထား၊ ခံစားမှု ၊မိသားစုအလှ၊ မိသားစု ရသ များကိုပါ ထင်ဟပ်နေတယ်လို့ ခံစားမိလို့ အင်္ဂလိပ်လို ဘာသာပြန်မိပါတယ်။

မူရင်း ရသကို အပြည့်မသယ်နိုင်တာတော့ကြိုတင် ဝန်ခံပါရစေ။ ကျွန်တော်ထက် နားလည်တတ်ကျွမ်းသူများ က

ယခုလို ရသပါတဲ့ မြန်မာ့စာပေ ကို အများသိနိုင်၊ ခံစားနိုင်အောင် ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်း များ လုပ်ပေးကြပါ။ခံစားချက်များ ဖလှယ်ပေးကြပါ။

စာရေးသူ ရဲ့ သဘောထား နှင့် ရသ ကို ပိုမိုခံစား နားလည် သွားအောင် တချို့ စကားလုံးတွေနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်း

အနည်းငယ်လောက် လှစ်ပြ ရှင်းပြ ထားပါတယ်။


အိမ်

အိမ် ချစ်သူများ၊

အိမ် လွမ်းနေသူများ၊

အိမ် ကိုချစ်ရမှန်း မသိသူများ၊

အိမ် ကိုချစ်ပေမယ့် အတူနေခွင့်မရသူများ၊

အိမ် နှင့် ဝေးနေရသူများ၊

အိမ် မှာနေပေမယ့် အိမ်ထဲမှာနေခွင့်မရကြသူများ၊

အိမ် မရှိသူများ၊

အိမ် မရှိတော့သူများ၊

အိမ် ဆောက်ချင်သူများ၊

အိမ် ဖျက်နေများ၊

အိမ် နဲ့ပတ်သတ်ပြီး ခံစားချက် ရှိနေသူများ၊ ခံစားခဲ့ ရသူများ၊ ခံစားတတ် သူများ

အားလုံးအားလုံး အတွက် ......


အလင်းဆက်

၂၄.ဧပြီလ၊၂၀၁၀





အိမ်

မြေသား ပေါ်တွင် သစ်သားဖြင့် ဆောက်ထား ပါသည်။ အမိုးအကာ အခင်းတို့၏ ထုသွင်လည်း ဖြစ်ပါသည်။

တူ၊ လွှ၊ ရွေဘော်၊ ဆောက်၊ ချိန်သီး၊ ကျင်တွယ် တို့နှင့် ရိုးရှင်းသည့် နည်းပညာကိုသာ သုံးစွဲထားခြင်းလည်း ဖြစ်သည်။ အမိုးနှင့် နံရံတို့ထိစပ်ရာ မြင်းမိုရ်ပိတ်၊ ဆင့်တန်းနှင့် ကြမ်းခင်းတို့ ထိစပ်ရာတို့သည် သဘာဝနှင့် လျော်စွာ လေသမခွင့်ရနေသည်။ အပူပိုင်းဇုန် သစ်တောထွက် ပစ္စည်းများနှင့် သာမန် အဖြူထည်ဆန်သော အိမ်အိုတလုံးမျှသာ ဖြစ်သည်။

ထိုအိမ်တွင် အလိုရှိတိုင်း ဖွင့်ပိတ် နိုင်သော တံခါးများ ရှိသည်။ ကျနော်က မျှော်လင့်၍၊ ကျနော့် ကိုလည်း ပြန်လည် မျှော်လင့် ရာများ ရှိနေသည်။ အဖွင့်အပိတ် လွတ်လပ်သော တံခါးများနှင့် ထိုမျှော်လင့် ရာရာ များကိုတော့ ကျနော် လေးနက်စွာ လေးနက် နေမိပါသည်။

မိုးစက်၊ လရောင်၊ တေးဂီတနှင့် တခါတရံ ပျင်းရိမှုများ စီးဆင်းရာ တံစက်မြိတ် အောက်နား မှာတော့ အိမ်စိုက် အပင်များ ရှိနေသည်။ အာဖရိက ခရမ်းရောင် တပွင့် နှစ်ပွင့်။ ကန္တာရ ဆူးပင် တပင် နှစ်ပင်၊ လေရှူ မြစ်နှင့် သစ်ကပ်နွယ် တနွယ် နှစ်နွယ်၊ နေရောင် ကျလျင် အရွက် လှသည့် အရိုးမာ ရွက်လှ တရွက် နှစ်ရွက်၊ တစိတ် နှစ်စိတ် ကနေ တခု ယုတ် ကိုးဆယ် မကသည့် စိတ်တွေ၏ ဥဒ္ဓစ္စကို ထိုးစိုက် ထားနိုင်သော မြေပန်းအိုးက တအိုး၊ နှစ်အိုး။ စိတ်မပါဘဲ ရာသီလဲ အချိန်လဲပြီး လဆန်းပက္ခ၊ လဆုတ်ပက၊္ခ စန္ဒမာသ၊ နေ့၊ ည တလကနေ တလ ပြောင်း၍ လဲခဲ့ရပြီ။

သစ်ပင်တွေပေါ်က နေရောင်ခြည်မှာ ခရမ်းရောင်တွေကလည်း များစ ပြုနေပြီ။ ဒါပေမယ့် သစ်ရည်တွေ ကတော့ တက်ဆဲ။ ကျနော်တို့ကိုလည်း အပူဒဏ်တွေကတော့ ဖိစီးဆဲ။ ဒါပေမယ့် ကျနော့်အိမ်မှာ ခပ်စောက်စောက် အိမ်ခေါင်မိုးရှိသည်။ အရိပ်အေးရှိပါသည်။ စိတ်ကျရောဂါကို ကာကွယ်နိုင်သည့် ဖျဉ် ကုလားထိုင်လေးလည်း ရှိပါသည်။

ရယ်သံ၊ မျက်ရည်၊ ဝန်တိုစိတ်အနည်းအငယ်နှင့် ငွေသားအနည်းငယ်ရှိပါသည်။ ကလေးကစားစရာ၊ ပုံဆွဲကိရိယာနှင့် ဖဲကြိုးဝါ သီချင်းလည်းရှိပါသည်။ ပြုလုပ်တပ်ဆင်ထား သောအပြုံးများ မရှိပါ။ စန္ဒရားနှင့် အမေလည်း မရှိပါ။ စုဘူး၊ ဘောဂဗေဒသင်ခန်းစာ၊ ပါတီဝင် ကတ်ပြားနှင့် အာဏာတို့ မရှိပါ။မော်တော် ကားလည်း မရှိ။ သေနတ်မရှိ။ ကျနော့်အိမ်တွင် ကျနော်လည်းမရှိပါ။

ဗုဒ္ဓ ရုပ်ပွားတော်၊ သမ္မာကျမ်းစာနှင့် ကျောက်ပုံနှိပ် ပန်းချီကားများတော့ ရှိပါသည်။

သူ့သဘောသူဆောင်ရန် အခွင့်အရေး ရတတ်သော်လည်း ကျနော့်သဘောနှင့်သာ ယူဆောင်တတ်ခဲ့သော ဘာသာတရားနှင့် ပုံဆွဲပညာ အထုံလေ့ပါလာသော ကျနော့်မိန်းမလည်း ရှိပါသည်။ ကျနော်တို့ ပေးစွမ်း သမျှထဲက ရွေးနိုင်စွမ်းသော အတတ်နှင့် ကြီးပြင်းလာမည့် ရှစ်ဆယ်ခုနှစ် အလွန်မှာ မွေးသော ကလေးလည်း ရှိပါသည်။

ထိုအမိုးတခုအောက်မှာ ကျောင်းစာနှင့်ဂျယ်လီ၊ သနပ်ခါးနှင့်ထဘီ၊ ဆန်အိုးနှင့် ဗမာငွေ၊ ဘာသာစကားနှင့် လမ်းလျှောက်သင်ဖိနပ်၊ ထိုအရာတို့နှင့်အတူ အမိုးတခုတည်းမှာ ကျနော့်သွေးသားများ နေထိုင်ကြပါသည်။ကျနော်၏ မိန်းမကိုလည်း စိတ်ကြီးဝင်စွာ ကျနော့် နံရိုးတချောင်းနှင့် ပြုလုပ်မထားရပါဘဲ ကျနော့်သွေးသားဟု ထင်မှတ်နေမိပါသည်။

ကျနော်တို့သွေးထဲတွင် ကစီဓာတ်၊ အသားဓာတ်နှင့် သံဓာတ်တို့သာ ပါဝင်သည်ဟု ထင်နေတတ်ကြပါသည်။ကျနော်တို့ သွေးများထဲတွင် အိမ်များလည်း ပါဝင်နေတတ်ပါသည်။ ထိုအိမ်ထဲတွင် သက်စောင့်ဓာတ် များပါရှိ၍ လိုအပ်သော အားကိုလည်း ဖြစ်စေရပါသည်။ ထိုအားကိုဖြစ်စေသော အာဟာရများကို သွယ်ဝိုက်၍ ယဉ်ကျေးမှုဟုလည်း ခေါ်ကြသည် ထင်ပါသည်။

ထိုယဉ်ကျေးမှုနှင့် တအိမ်တည်းသားဖြစ်သော ချိုသာသည့် ရှယ်လီ၊ ပြင်းရှသည့် မာယာကော့ဖ်စကီး၊ ပေါက်ကွဲသည့် ဒိုင်လန် သောမတ်စ်၊ ခိုင်မတ်သည့် ဘီရိုပတ်စ်၊ တရားလည်းရှိ အချစ်လည်းရှိသည့် ရှင်မဟာ ရဋ္ဌသာရ၊ အသက်လည်းရှည် အတ္ထုပ္ပတ္တိလည်းရှည်သည့် အဘိုးသခင်ကိုယ်တော်မှိုင်း၊ မျက်လုံးအိုပေမယ့် အတွေးမအိုသည့် ဒဂုန်တာရာ၊ အသက်မရှည်ပေမယ့် ဆံပင်ရှည် လက်တံရှည်ခဲ့တဲ့ ဖော်ဝေးနှင့် စာအုပ် ကြိုက်သည့် ငွေပြာရောင် ပိုးကောင်သေးသေးလေးတို့သည် ကျနော့် စာအုပ်စင်မှာ နေကြပါသည်။

စာအုပ်စင်သည် သူတို့နေရပ်ဆိုလျှင် သူတို့အိမ်သည် ကျနော့် အိမ်ထဲမှာ ရှိနေပါသည်။ ပင့်ကူ၊ ပုရွက်၊ နဂျယ်အိမ်တို့သည်လည်း အိမ်ထဲမှ အိမ်များပင် ဖြစ်ကြပါသည်။ ပိုးကောင်ငယ်လေးများ ယဉ်ကျေးမှု သည်လည်း သူတို့အိမ်များနှင့် ဆက်စပ် နေနိုင်ပါသည်။

ကျနော့်အိမ်သို့ စာပေ၊ နိုင်ငံရေး၊ အချစ်နှင့် အရက်တို့လာရောက် လည်ပတ်သောအခါ အိမ်ရှင် ပီသစွာ လက်ခံရပါ လိမ့်မည်။အရက်ကို အရက်လိုသောက်၍ အချစ်ကိုအချစ်လို ချစ်ရပါလိမ့်မည်။ နိုင်ငံရေးကို ပြဇာတ်လို ကသော၊ စာပေကို ကြွေးကြော်သံလို တိုင်တည်သော ဧည့်သည်များကိုတော့ ကျနော့် အိမ်ဖြစ်ကြောင်း သတိပေးရပါလိမ့်မည်။ ကျနော်သည် ပိုးကောင်ငယ်မဟုတ်၊ သိပ်ယဉ်ကျေးလွန်းသူ မဟုတ်ပါ။

ကြီးမားသော ဒါမှမဟုတ်၊ ကြီးမားသည်ဟု သရုပ်ဆောင်ထားသော ကိုယ်ထည်များအတွက် ကျနော့် ဧည့်ခန်း၏အတွင်း ဟင်းလင်းခွင်နှင့် ဆံ့မည်မထင်ပါ။ ကျနော့်အိမ်က သေးတာလည်းပါသည်။ ၁၇ ရာစု ဗာဆိုင်း နန်းတော်ကြီးလို လေးထောင့်မားမား ထုနှင့် ထည်နှင့် လည်းမဟုတ်ပါ။ ထို့ကြောင့် သူရဲကောင်းကြီး များအတွက် အနေကျုံ့နိုင်ပါသည်။ ကောင်းကင်ဘုံကို ထိုးထွက်နေသည့် အမိုးချွန်များနှင့် ဂေါသစ် လက်ရာလည်း မဟုတ်ပါ။ ထို့ကြောင့် စင်းလုံးချော သူတော်စင်များအတွက် ခေါင်းမော့နေရန် အခက်အခဲ ရှိပါသည်။ မိုးမျှော်တိုက်များလိုလည်း အထပ်မများပါ။ ထို့ကြောင့် နောက်လိုက် သင်းပင်းများသူများ နေရာစေ့ငှမည် မထင်ပါ။

ကျနော့်အိမ်သည် အရသာရှိချင်သော သမီးလေး၏ ရယ်မောသံမျှဖြင့် လုံလောက်သော၊ တယောက်နှင့် တယောက် အဖြောင့်တိုင်းတာနိုင်သော အကျယ်အဝန်းမျှသာရှိသည့် သာမန်အိမ်ငယ်ဖြစ်ပါသည်။

အကြောင်းအရာပါ အိမ်သည် ကျနော့်တွင် နှစ်ဆောင်နှစ်လုံး ဖြစ်နေ၊ ရှိနေပါသည်။ အိမ်တလုံးသည် ပြင်ပတွင်ရှိနေ၍ အိမ်တလုံးမှာ ကျနော်နှင့်အတူရှိနေပါသည်။

(၁၉၉၄ စက်တင်ဘာလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်း အတွဲ၊ ၅၊ အမှတ်-၃ မှ ပြန်လည်ဖော်ပြထားပါသည်။)
(
မြန်မာသစ်မဂ္ဂဇင်း အမှတ်() နိုဝင်ဘာ ၂၀၀၈ မှ ထပ်မံဖော်ပြထားသည်ကို ကူးယူပေးပို့ပါသည်။)



HOUSE

It is built with wood on the ground. It is a structure with roof and floor

It is built with simple carpentry using hammer, saw, plane, chisel, plumb line and carpenter’s square. Its roof and walls are constructed systematically so it can breathe sweet and natural air.

Actually it is only a simple old house made of natural timber from the forest.

There are several windows and doors. Moreover, there are some things which I hope and hope brings to me. I hope deeply about “free doors”. These are some things that I wish.

Small plants are grown under the eaves where raindrops, moonlight, music and sometimes borings flow. There are some African Violets, thorny bushes and aerial roots where creepers reside. Moreover, leaves that show their beauty when kissed by sunlight and vases which can cultivate a changeable mind. The natural waxing and waning of the moon, without wishes, is changing from day into night.

Sunlight is changing the trees to violet but the plants are still green with succulent flesh. We are suffering the heat. But the sloping roof of my house offers cool shade and pleasant atmosphere. There is a comfortable chair giving relief from sadness.

There is little money but also laughter and tears with a tiny amount of envy. There are many toys and stationery and the “Yellow Ribbon” song.

There are no false smiles. There is no piano and my mother. There is no piggy saving box or financial planning. There are no party cards and orders. There is no car. There is no gun. There is no even me in my house.

But there is the image of Buddha, the Bible and several paintings

There is my wife who believes in religion “I wish although she has own rights” and is interested in painting. There is a child born in the 1980’s who can only make the same choices.

There are school lessons and jelly, ‘ Thanakar’ and ‘Hthami’, rice pot and Burmese money, language and walking shoes which all live with my own flesh and blood under the same roof. I think highly of my wife as my own flesh although I did not make her with my rib.

I think that starch protein and fats are included in my blood. Houses are also in our blood. They are the great protein that gives us energy and power. This powerful nourishment can be called our ‘culture’.

Sweet Shelley, strong and sharp Mayakovsky, sonorous Dylan Thomas, sober and beloved Shin Maha-Rahtathara, long lived and ( long biography) Abo Thakin Kodaw Hmaing, old eyes but not old thinking Dagon Taya, short-lived but long haired and influential Phaw Way and many more.

Silver book worms that love and eat books are all living with ‘culture on my bookshelves’

If the bookshelves are their houses, their houses are in mine. Houses of scorpions, ants and wasps are also in my house. Maybe their houses are their culture too?

If literature, politics, love and alcohol visit my house I will welcome them warmly and be a good host. We must drink alcohol as alcohol and love what is deserved to love. I will warn any guests who play politics as dramas and recite literature as slogans. I am neither small worm or very civilized.

I think some bodies artificial and big do not want to vacate my drawing room. My house is rather small unlike The Palace of Versailles. Built in 17th century it has grand pillars. Not easy for heroes. Moreover, my house has neither its decorative roof nor grand Gothic architecture. So, it may be rather difficult for perfect holy persons to stay. Like sky scrapers it has no many stairs. How can it serve all the people?

My house is an ordinary small house complete with joyous laughter from my innocent daughter. It only has space.

I have two houses and I am both houses mentioned. One of them is outside and one is within me.


Naynwe


Translated by Alinsek (15.March,2010)


Glossary

1.Yellow Ribbon song…….A yellow ribbon is a symbol with various meanings,
mostly associated with those waiting for the return of a loved one or of
military troops who are temporarily unable to come home. Recently, it has
been used to symbolize support for the International Suicide Prevention
Program.

2.Thanakha (“Limonia acidissima (Roxb)”) …… a tree that grows in Sri Lanka,
the southern and western parts of India, the north-western part of the
Himalayas and in Myanmar. In Myanmar a fragrant durable liquid or paste is
extracted from the bark which is also called Thanakha. The best Thanakha
plants are naturally slow in growth and it takes many years for the tree
trunk to grow to just two inches in diameter The bark obtained from these
trees is so fragrant that the ladies of Myanmar like them very much.


3. ‘Hthami’ …..
Myanmar woman’s lower garment.


4. Percy Bysshe Shelley (4 August 1792 – 8 July 1822) ….
one of the major
English Romantic poets and is critically regarded among the finest lyric
poets in the English language. He is most famous for such classic anthology
verse works as Ozymandias, Ode to the West Wind, To a Skylark, and The
Masque of Anarchy, which are among the most popular and critically acclaimed
poems in the English language.



5. Vladimirovich Mayakovsky (July 19 [O.S. July 7] 1893 -April
14, 1930) …
a Russian and Soviet poet and playwright, among the foremost
representatives of early-20th century Russian Futurism.



6. Dylan Marlais Thomas (27 October 1914 – 9 November 1953) ….
a Welsh poet
and writer who wrote exclusively in English. In addition to poetry, he
wrote short stories and scripts for film and radio, which he often performed
himself. His public readings, particularly in America, won him great
acclaim; his sonorous voice with a subtle Welsh lilt became almost as famous
as his works.



7. Shin Maha-rahtathara …. a famous Myanmar Poet monk during Innwa(Ava)
period(15th century). His works contain the prayer Linga, a kind of Myanmar
poetry to Shwe-set-taw( a foot-print of the Load Buddha) and twenty one
poems on secular life.



8. Thakin Kodaw Hmaing (23 March 1876 - 23 July 1964)
…. the greatest
Burmese poet, writer and political leader in the 20th century history of
Burma. He was regarded as the Father of Burmese nationalist and peace
movements as well as a literary genius. His legacy and influence on the
post-war generations can still be felt in both literature and the ongoing
political situation in Myanmar (Burma).


9. Dagon Taya (1919-20 ) ….Burmese poet who a creative writer who
continues to compose beautiful poems, short stories, novels and commentaries, is the recognized leader of the post-World War II writers who promoted literary realism and art for the people’s sake under the banner of Sar Pe Thit (New Literature).

10. Phaw Way …. a popular Myanmar modern poet and passed away in 3 July
1978.

11. The Palace of Versailles, or simply Versailles a royal château in
Versailles, the Île-de-France region of France. In French, it is known as
the Château de Versailles.


12. Gothic architecture …. a style of architecture which flourished during
the high and late medieval period. It evolved from Romanesque architecture
and was succeeded by Renaissance architecture.

Originating in 12th-century France and lasting into the 16th century, Gothic
architecture was known during the period as "the French Style" (Opus
Francigenum), with the term Gothic first appearing during the latter part of
the Renaissance. Its characteristic features include the pointed arch, the
ribbed vault and the flying buttress.

Gothic architecture is most familiar as the architecture of many of the
great cathedrals, abbeys and parish churches of Europe. It is also the
architecture of many castles, palaces, town halls, guild halls,
universities, and to a less prominent extent, private dwellings.

"My house is an ordinary small house
complete with joyous laughter from my innocent daughter.
"

("House" by Naynwe)

ဆက်လက်ဖက်ရှုရန်...

Friday, April 23, 2010

The Minutemen are turning in their graves


To those who support Myanmar military junta's sham 2010 election and
sacrifice and misconduct our rights,blood, tears,lives, national identity, lands and all things
for power, position, and opportunities.

You all are real opportunists and traitors and men who sell your father's bones.

So,we condemn you all absolutely!!!.

We would you like to read and think deeply this story and quotes and,
listen this song carefully
to understand and regert your ego and misconducts.
Your misconducts are very shameful!!!


The wars between the conquerors of the American West and the Indians grew ever more violent. Shortly before he died, the father of Chief Joseph (1840-1904) called him to his side.

‘My son, my body will soon return to Mother Earth,’ he said. ‘When I leave, this land is your inheritance. I am not leaving money or wealth, and the power you receive from me is not a motive for pride, but a responsibility. I leave in your hands our people and the ground that you walk on; I hope you will prove worthy of the task. Soon the white men will have us completely surrounded and they will try to buy our Mother. Remember that my body lies there and that I am part of Her.’

Joseph took his father’s hand, pressed it to his breast and promised never to sell the land.

The white men tried to buy the land, and the chief refused to sell. The conflict grew ever bloodier, and Joseph led his army into battle against the American soldiers. When he was captured, he was asked why he was fighting to defend a lost cause.

A man does not sell his father’s bones,’ he said.

("I am part of the land" by Paulo Coelho)


The Minute Men are turning in their graves

They march in lines and carry signs protesters one and all
They'd rather go to prison than to heed their country's call
Get out of here get out of there let's have an end to war
I'm glad they weren't around to say get out of Valley Forge

The Minute Men are turning in their graves
Washington and Jefferson are crying tears of shame
To see these men who'd rather live as slaves
The Minute Men are turning in their graves

What's happened to our heritage what's happen to our pride
Since when do free Americans pull for the other side
Did we send food to Hitler's troops or praise the enemy
Did all our children die in vain defending liberty

The Minute Men are turning in their graves...

I can't condemn a man who feels that taking life is wrong
But I fail to understand a man that won't defend his home
Dear Lord I've got one little prayer I pray in years to come
Don't ever let those kind of people serve in Washington

The Minute Men are turning in their graves...
Oh the Minute Men are turning in their graves
Oh the Minute Men are turning in their graves

(The minutemen are turning in their graves by stonewell Jackson)

My son, my body is returning to my mother earth, and my spirit is going very soon to see the Great Spirit Chief. When I am gone, think of your country. You are the chief of these people. They look to you to guide them. Always remember that your father never sold his country. You must stop your ears whenever you are asked to sign a treaty selling your home. A few years more and white men will be all around you. They have their eyes on this land. My son, never forget my dying words. This country holds your father's body. Never sell the bones of your father and your mother."
Senior Joseph


A man who would not defend his father's grave is worse than a wild animal."

Junior Joseph (1840-1904)


"I have learned to hate all traitors, and there is no disease that I spit on more than treachery."

Aeschylus

SMMA & AKM
23.April.2010

ဆက်လက်ဖက်ရှုရန်...

Thursday, April 22, 2010

ဘိုးဘွားအရိုးတွေ ထအော်လာပြီ


နအဖကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ ကို ကိုယ်ကျိုးတစ်ခုတည်းကို ကြည့်ပြီး ထောက်ခံနေသူများ၊ စစ်အာဏာ ရှင် အလိုကျ ကိုယ့် အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုနေသူများ သင်တို့ရဲ့ ဘိုးဘွားအရိုးတွေ ထအော်လာပြီ လို့သတိပေးချင်ပါတယ်။

သင်တို့အတွတ် ရှက်တတ်ရင် ရှက်လို့ရအောင်နဲ့ အသိတရားလေးဝင်မလား တွေးမိလို့ တကယ့်ဇတ်လမ်းလေးတပုဒ် ထည့်ပေးလိုက်တယ်။ စစ်အာဏာရှင် အလိုကျ ဒူးထောက်ခစားပြီး အခွင့်အရေး အတွက် ဘိုးဘွားတွေ သားငယ်သမီးငယ် တွေရဲ့ သွေးတွေ၊ မျက်ရည်တွေ ကိုစတေးနေတဲ. သင်တို့ကို ဘယ်သူတော်ကောင်းမှ ကောင်းချီးမပေးပါ။ သင်တို့ဟာ သစ္စာဖောက်တွေ အဖြစ် သမိုင်းတွင်သွားပါပြီ။ နောက်လာမယ့်မျိုးဆက်တွေကလည်း သင်တို့ကို ပြစ်တင်ရှုံချ ကြပါလိမ့်အုံးမယ်။

အမေရိကန် အနောက်ပိုင်းကို အောင်နိုင်ရေးအတွက် စစ်ခင်းနေရတဲ့ ကာလ၊ လူနီရိုင်းတွေ သွေးမြေကျနေတဲ့ ကာလကဖြစ်ပါတယ်။ လူနီရိုင်းတွေ ရဲ့ အကြီးအကဲ ဂျိုးဇတ် (၁၈၄၀-၁၉၀၄) ရဲ့ ဖခင်ဟာ သေဆုံးလုဆဲဆဲမှာ သူ့သားကိုခေါ်ပြီး အခုလိုပြောခဲ့တယ်။

‘ငါ့သား၊ ငါ့ရဲ့ခန္ဓာကိုယ်ဟာ မကြာခင် အမိမြေကြီးဆီကို ပြန်သွားရတော့မယ်။ ငါမရှိတဲ့အခါ ဒီနယ်မြေဟာ မင်းရဲ့ အမွေဆက်ခံရာဖြစ်တယ်။ မင်းကို စည်းစိမ်ချမ်းသာတွေ ငါမပေးခဲ့နိုင်ဘူး။ ငါရဲ့ ရာထူးကို မင်းလက်ခံရ တဲ့အတွက် ဂုဏ်ယူပီတိဖြစ်စရာလို့ ထင်မနေနဲ့။ အဲ့ဒါဟာ ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား တွေပဲဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။ မကြာခင် လူဖြူ တွေ ပတ်လည်ဝိုင်းလာပြီး တို့မြေကိုဝယ်ဖို့ ကြိုးစားလိမ့်မယ်။

မင်း အမြဲသတိရနေသင့်တာက ငါ့ရဲ့ခန္ဓာကိုယ် ဟာ ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာကိုပါပဲ

ဂျိုးဇတ်က သူ့အဖေတောင်းတဲ့ ကတိကိုပေးခဲ့တယ်။ သူတို့နယ်မြေကို လူဖြူတွေက အမျိုးမျိုးဝယ်ဖို့ ကြိုးစားခဲ့ ပေမဲ့ သူက အမြဲငြင်းပယ်ခဲ့တယ်။ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ ဂျိုးဇက်ဟာ သူ့လူတွေကို ခေါင်း ဆောင်ပြီး အမေရိကန်တွေကို ခုခံတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သူ့ကို ဖမ်းမိတဲ့အခါ ဘာကို ခုခံကာကွယ်ဖို့အ တွက် ခုလောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတာလဲလို့ မေးကြတယ်။ ဒီတော့ သူက ပြန်ပြောတယ်။

“ ဘယ်သူမှ ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းဘူး ” တဲ့။


"A man who would not defend his father's grave is worse than a wild animal."

Chief Joseph (1840-1904)


"ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ

တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူစားမျိုးဖြစ်သွားတတ်တယ်။"

ပညာရေး ပါရဂူ ဘတ်တလာ



ကျောင်းသားတစ်ဦး
၂၃.ဧပြီလ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...

“အမနုဿ ဘေး “


အမနုဿ ဘေး

ဒီစကားလုံးကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။ပါဠိတော်အရ ဘီလူး ဘေး ဟုဆိုထားသည်။ ဟိုးနှစ်ပေါင်းများစွာ ကတည်းက ဘီလူးများ လူယောင်ဖန်ဆင်းပြီး လူတို့ကို ဒုက္ခ ပေးတတ်သည်ဟု

ဇာတက များတွင် တွေ့ရသည်။

ယခုခေတ်တွင်လည်း လူမဆန်သောသူ (သို့မဟုတ်) ဘီလူးနှင့်တူသော လူများ ရှိနေသည်။ သူတိုသည် ဘီလူးထက် ရက်စက် ယုတ်မာ ကြသည်။ သူတို့ ကြောင့် ကျွန်တော်တို့ ကမ္ဘာမြေ မငြိမ်းချမ်း ဘဲရှိနေခြင်း

ဖြစ်သည်။ ကျွန်တော်တို့ လူ့ကမ္ဘာမြေ သည် အခြားကမ္ဘာ ရဲ့ ငရဲလို ဖြစ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ လူမဆန်သော သူ (အမနုဿ ) များ မြန်မာနိုင်ငံတွင် ထင်တိုင်းကြဲ သောင်းကျန်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။သူတို့ကြောင့် ကပ်ဘေးတွေလည်း ကြုံခဲ့ရပြီ။ အပြစ်မဲ့ ပြည်သူ ထောင်ပေါင်းများစွာ သေကြေခဲ့ရပြီ။ ဘဝတွေ ပျက်ခဲ့ရပြီ။

အမနုသ နဲ့ တူတဲ့ မြန်မာ စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရတနာ ဖြစ်တဲ့ ကျောင်းသားတွေကို ပုဒ်မ နဲ့ ရက်ရက်စက်စက် ဖမ်းဆီးတယ်။ သတ်ဖြတ်တယ်။ နိုင်ငံရေး သမားတွေကို ဘိန်း အပါအဝင် ညာဏ်နီညာဏ်နက် အမျိုးမျိုး သုံးပြီးဖမ်းတယ်။ သတ်တယ်။ နောက်ဆုံး မြင့်မြတ်တဲ့ ဘုရားသားတော် ရဟန်း သံဃာတော် တွေကို ထမီပစ်ဖမ်းတယ်။ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးပြီး ဘုရားခေါင်းလည်းဖြတ်တယ်။ တိရစ္ဆာန်တောင်မလုပ်တဲ့ အကုသိုလ် အလုပ်တွေကို စစ်အာဏာရှင်တွေ မြိန်ရေရှက်ရေ လုပ်ရက်တယ်။ လုပ်ခဲ့တယ်။ လုပ်နေတယ်။

အကုသိုလ် အလုပ်တွေကို စစ်အာဏာရှင်တွေ မြိန်ရေရှက်ရေ လုပ်တာကို ကြည့်ပြီး အဓမ္မ ဝါဒီ မိစ္ဆာ တွေဇတ်သိမ်း မကောင်းပုံကိုဆင်ခြင် သတိထားမိပါတယ်။

အဓမသမားတွေ ဟာ မကေင်းမှု ကိုထမင်းစား၊ ရေသောက် သလို လုပ်ကြကြောင်း ဆရာတော် အရှင် ဥာဏိဿ ကလူမိုက်တို့ သွားရာလမ်း တရားတော်ကြီး တွင် ဟောခဲ့သည်ကို သတိရ မိပါသည်။

မြတ်ဗုဒ နှင့် နောက်ပါ သံဃာတော်များ သိက ကျစေရန် နှင့် အများ အထင်သေးစေရန် တိတ္ထိ တို့အကောက် ကြံခဲ့ ပုံကို မှန်းဆ ပုံဖော်မိသည်။

မြတ်ဗုဒ ကိုဒေဝဒတ် ကလည်း နည်းအမျိုးမျိုး နဲ့ လုပ်ကြံရန် ကြိုးစားခဲ့သည်။နောက်ဆုံး အကောက်ကြံမှု့ များ သည် ပြုသူကိုသာ နောင်တဆိုး ဘဝဆိုး နှင့်သာ အဆုံးသတ်စေခဲ့သည်။

ယခုခေတ် နအဖ စစ်အာဏာရှင် နှင့် လက်ပါးစေ တို့ သည်လည်း မကောင်းမှုအမျိုးမျိုး နဲ့ လုပ်ကြံမှု အမျိုးမျိုး ကို ကျုးလွန် ဖောက်ဖျက် လျှက်ရှိ သည်။

ယခုခေတ် စစ်အာဏာရှင်တွေ ဘုန်းကြီးရဟန်း သံဃာတော်များ အပေါ် အကောက်ကြံမှု့ နည်းလမ်းတချို့ သည် ရှေးခေတ်ကတည်းက သုံးခဲ့သော နည်းများဖြစ်သည်။

အကောက်ကြံ ဥာဏ်ဆင်ဖို့ ရွေးချယ်ခံလိုက်ရသော သူမှာ သုန္ဒရီ ပရိဗိုဇ်မ ဆိုသူဖြစ်သည်။ သူမ သည် ချော၏။ လှ၏။ သို့သော် အဓမ္မဝါဒီ များနဲ့ ပူးပေါင်းမိ၍ ဘဝဇတ်သိမ်းကား မချောခဲ့ပါ။ မလှခဲ့ပါ။

တတ္ထိတို့၏ ညွှန်ကြားချက်အတိုင်း သူမ အနေနဲ့ အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ သူတို့၏ အကြံအောင်မြင်မှု ကိုကျေနပ်ခဲ့သည်။ သူတို့အားလုံး ပျော်ကြ၏။ ပြုံးကြ၏။

နှစ်ရက်၊ သုံးရက် ကြာသောအခါ တတ္ထိတို့သည် လူသတ်သမား တို့ကို ငှား၍ သုန္ဒရီ ပရိဗိုဇ်မ ကိုသတ်ခိုင်း၏။ အလောင်းကို မြတ်ဗုဒ နှင့် ရဟန်း သံဃာတော်များ သီတင်းသုံးနေထိုင်သော ဇေတဝန်ကျောင်းတော် အနီး အမှိုက်ပုံ အနီးတွင် ပစ်ထားခိုင်း၏။

နောက် မင်းကြီးထံ ခွင့်တောင်း၏။မင်းကြီး ကလည်းခွင့်ပြု ခဲ့၏။ က သူတို့ တပည့်မ သုန္ဒရီ ပရိဗိုဇ်မ ပျောက်နေသဖြင့် ဇေတဝန်ကျောင်းတော် အနီး ပတ်ဝန်းကျင် ရှာလိုကြောင်း ကောသလ မင်းကြီးထံ ခွင့်တောင်း၏။မင်းကြီး ကလည်းခွင့်ပြု ခဲ့၏။

ထိုအခါ တတ္ထိတို့သည် ဇေတဝန်ကျောင်းတော် အနီး အမှိုက်ပုံ အနီးမှ သုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်း ကိုညောင်စောင်းဖြင့် သယ်ယူ၍ ကောသလ မင်းကြီးအား ပြသ၏။ မင်းကြီးထံမှ တမြို့လုံးလှည့်လည် ပြသ ခွင့်တောင်း၏။မင်းကြီး ကလည်းခွင့်ပြု ခဲ့၏။

အကြံ ပတ်စက်သော တတ္ထိတို့သည် သုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်း ကိုတမြို့လုံးလှည့်လည် ပြကြ၏။ ရဟန်းဂေါတမ နှင့် သူ၏ တပည့် သာဝက များက သုန္ဒရီ ပရိဗိုဇ်မ ကို မတော်မတရားပြုကျင့်ပြီး သတ်ပစ်ခြင်းဖြစ်ကြောင်း ဝါဒ ဖြန့်ကြ၏။

ထိုအခါ သာဝတ္ထိ မြို့သူမြို့သားများ များစွာ စိတ်မချမ်းမသာ ဖြစ်ကြ၏။

တတ္ထိတို့ခေတ်က တော့ သတင်းစာက စွပ်စွဲ ပုတ်ခတ်ခြင်း၊ MRTV ကနေ လုပ်ကြံတင်ခြင်း၊ ကောသလ မင်းကြီးကိုယ်တိုင် ကြံစည် မှုမှာ မပါဝင်သောကြောင့် ဆုငွေ ဆယ်သိန်းပေးမည် ဟု နအဖ နှင့် လက်ပါးစေ များ ကြေငြာနေ သလိုမလုပ်နိုင်ခဲ့ပေ။

တရားတော် အရ ဖြစ်ရပ်မှန်များကို ထာဝရ ဖုံးဖိထား၍ မရပါ။သူ့ပင်ကိုယ်အတိုင်း ပေါ်လာရမြဲဖြစ်သည်။

သုန္ဒရီ ပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှု သည်နောက်မကြာခင် အရက်သမားများ အရက်မှုး ရာမှ အမှန်အတိုင်း ပေါ်ပေါက်လာလေ၏။ထိုအခါ ကောသလ မင်းကြီး အမိန့်အာဏာအရ တတ္ထိတို့ သာဝတ္ထိ တမြို့ လုံးလှည့်လည်၍ သုန္ဒရီ ပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှု ကိုကျုးလွန် ခဲ့သည်မှာ ရဟန်းဂေါတမ နှင့် သူ၏ တပည့် သာဝက များ မဟုတ်ကြောင်း၊ မိမိတို့ တတ္ထိများသာ ဖြစ်ကြောင်း ကြွေးကြော် ဝန်ခံကြရပြန်သည်။

လုပ်ငန်းဟူသမျှသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တူသောအကျိုးကို ပေးရ၏။

အကောက်ကြံ ရက်စက်မှု လုပ်နေသူများ သည် နောက်ဆုံးတွင် အရှက်ကွဲကာ နောင်တ ရကာ ဘဝ ဇတ်သိမ်း မကောင်းဖြစ်မည်မှာ အသေအချာ ဖြစ်ပေတော့သည်။

့မြန်မာပြည်ကြီး အမနုဿ တွေ ဘေးမှ အမြန်ဆုံး လွှတ်မြောက် ပါစေ။

"ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် ပူပန်ရသောအလုပ်မျိုးသည် မကောင်းပေ။

ယင်းမကောင်းသော အလုပ်၏ အကျိုးကို မျက်ရည်ကြီးငယ် ငိုယိုကာဖြင့်

ဘဝသံသရာ တလျှောက်လုံး ခံစားရတတ်သည်။"

ဓမ္မပဒ (၆၇) ကဿက ဝတ္ထု


ကျောင်းသားတစ်ဦး

၂၃.ဧပြီလ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...