Showing posts with label news. Show all posts
Showing posts with label news. Show all posts

Monday, May 3, 2010

အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ


အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ

အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။

သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ ထောက်လှမ်းရေး၊ရဲနှင့်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ မန္တလေးလေဆိပ်သို့ခေါ်ဆောင်သွားခဲ့ပြီး ထိုမှနေပြည်တော်(ကြပ်ပြေး)၊ ထိုမှ ရန်ကုန်လေဆိပ်၊ ထိုမှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သူ့မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ သူသည် ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ်(Peace in Burma Now) စတစ်ကာများကို သူလှည့်ပတ်ခဲ့ရာ နေရာများ(ဘားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်….. စသည့်) နေရာအနှံ့ တွင် လိုက်လံကပ်ခဲ့ကြောင်း သိရသည်။ ယနေ့တွင် မန္တလေးလေဆိပ်တွင်ပင် နေရာ ၃ နေရာထက်မနည်းကပ်ခဲ့သေး ကြောင်းသိရှိရသည်။

သူ့ကို မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားများကိုနှိပ်စက်သလိုညှင်းပန်းနှိပ်စက်မေးမြန်းခဲ့ခြင်းမရှိကြောင်း သိရသည်။ သူသည် ဧပြီလကတည်းက မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက်လည်ပတ်ခဲ့သူဖြစ် သည်။

သူ့အနေဖြင့် မေ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်နေသူ အရှင် သောပါက နှင့်တွဲဘက်၍ “ Burma VJ ” မှတ်တမ်းရုပ်ရှင်ကို ရှင်းလင်းပြသမည်ဟုလည်း သိရသည်။

လာမယ့် ဇွန် ၁၉ ရက်တွငလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သူတည်ထောင်ထားသော ချင်းမိုင်မြို့ရှိ The Best Friend Library (မိတ်ဆွေကောင်းစာကြည့်တိုက်) တွင် သူနှင့် Andrea ဆိုသူတို့ ပူးတွဲပြီး “ Responsible Tourism in Burma ” အကြောင်းနှင့်ပတ်သတ်၍ နှီးနှော ဖလှယ်ပွဲကျင်းပသွားမည်ဟုလည်း သိရှိရပါသည်။

MALS

၁၃.မေလ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...