Showing posts with label Bio. Show all posts
Showing posts with label Bio. Show all posts

Saturday, October 9, 2010

အကျဉ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို (Imprisoned Nobel peace laureate Liu Xiaobo)


အကျဉ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို

(Imprisoned Nobel peace laureate Liu Xiaobo)

နိုဗဲလ်ဆုပေးရေး ကော်မတီကြီးက တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို (Liu Xiaobo) အား ၂၀၁၀ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ကို ပေးအပ်လိုက်သည်။

ထိုသို့ တရုတ်အစိုးရမှ ထောင်ဒဏ် ၁၁ နှစ် မတရား အပြစ်ပေးခြင်းကို ခံနေရသော လီရှောင်ပို ကို နိုဗယ်ဆု ပေးအပ်ခြင်းဖြင့် သူသည် မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ဒုတိယမြောက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ဖြစ်လာခဲ့သည်။ ပထမဆုံး မတရား ဖမ်းဆီးခြင်းခံရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး မှာ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ နှစ်ဦးစလုံးမှာ အာရှတိုက်မှ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်နေကြသည်။

နိုဗဲလ်ဆုပေးရေး အဖွဲ့ကြီးက လီရှောင်ပို (Liu Xiaobo) ကို သူ၏ တရုတ်ပြည်တွင်းတွင် ကာလရှည်ကြာစွာ နှင့် အကြမ်းမဖတ် လှုပ်ရှားမှုများ ကြောင့် ဆုပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အသက် ၅၅ နှစ်ရှိသော လီရှောင်ပို (Liu Xiaobo) ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်ပြည် ချန်ချွမ် (Changchuan) မြို့တော်၊ ကျီလင် (Jilin) ပြည်နယ် တွင် မွေးဖွားခဲ့သည်။

လီရှောင်ပို (Liu Xiaobo) သည် ၁၉၈၂ ခုနှစ်တွင် Jilin တက္ကသိုလ် မှ BA ဘွဲ့ကို Literature ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် Beijing Normal University မှ MA ဘွဲ့ နှင့် PhD ဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ကိုရခဲ့သည်။ သူသည် Columbia University, the University of Oslo၊ University of Hawaii စသော နိုင်ငံတကာ တက္ကသိုလ်ကြီး များတွင်လည်း Visiting Scholar အဖြစ် လုပ်ခဲ့သည်။

တရုတ်ပြည်တွင် သူသည် လူ့အခွင့်အရေး လှုပ်ရှားသူ၊ ပညာတတ်၊ စာရေးဆရာ အဖြစ် ထင်ရှားသည်။

သူသည် လွတ်လပ်သော တရုတ်စာရေးဆရာများ ဗဟိုအဖွဲ့ကြီး (Independence Chinese PEN Center) ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက စတင် ဆောင်ရွတ်ခဲ့သည်။

သူ၏ ငြိမ်ချမ်းသောနည်းဖြင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် တရုတ် အာဏာပိုင်များ၏ မကြာခဏ မတရား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ထောင်ချခြင်း များကို ခံခဲ့ရသည်။

သူသည် ၁၉၈၉ ခုနှစ် တွင်ပေါ်ပေါက်ခဲ့သော တရုတ်ပြည် တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲကြီး (Tiananmen Square Protests ) တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ယင်း Tiananmen Square Protests ကို တရုတ် ကျောင်းသားများ နှင့် ပညာတတ်များမှ ဦးဆောင်ခဲ့ပြီး တရုတ် အာဏာပိုင်များမှ ရက်ရက် စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ သောကြောင့် ကျောင်းသား၊ ပြည်သူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင်လည်း Liu Xiaobo ကို “တန်ပြန် တော်လှန်ရေး ဝါဒဖြန့်မှု နှင့် အားပေးလှုံဆော်မှု” (Counter revolutionary propaganda and incitement) စွဲချက်တင်ခဲ့သည်။

၁၉၉၆ ခုနှစ် အောက်တိုဘာလ တွင်လည်း တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) ကိုဝေဖန်မှုကြောင့် “ပြည်သူ့အာဏာကို နှောက်ယှက်ခြင်း” (disturbing public order) ဟု စွပ်စွဲပြီး တရုတ်ပြည်တွင်း ဥပဒေ စနစ်တခု ဖြစ်သော Re-education through Labor ပုဒ်မဖြင့် ၃ နှစ် ထိန်းသိမ်းခဲ့သည်။

ယင်း “Re-education through Labor” စနစ်သည် တရုတ်ပြည်၏ ခိုးမှု၊ ပြည်တန်ဆာလုပ်မှု နှင့် တရားမဝင် ဆေးဝါးရောင်းဝယ်မှု စသော အငယ်စား ရာဇဝတ်မှု ကျုးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းသော ဥပဒေ ဖြစ်သည်။ ယင်းစနစ်ကို ၁၉၅၇ ခုနှစ်တွင် စတင်ကျင့်သုံး ခဲ့သည်။ တရုတ် China Daily သတင်းစာကြီး၏ ခန့်မှန်းချက် အရ တရုတ်ပြည်တွင် Re-education through Labor စခန်းပေါင်း ၃၁၀ လောက်ရှိသည်။

၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters Without Borders) မှ လီရှောင်ပို ကို သူ၏ လူ့အခွင့်အရေး လှုပ်ရှားမှု လုပ်ရပ်များ ကို ဂုဏ်ပြုသော အားဖြင့် Foundation de France Prize ဆုကို ချီးမြှင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်လည်း တရုတ်ပြည်ပရှိ ဘလော့ခ်များ (Blogs)၊ ဝက်စ်ဆိုက်များ (Websites) များတွင် ရေးသားတင်ပြခဲ့သော သူ၏ ဆောင်းပါးများကြောင့် တရုတ်အာဏာပိုင်များ၏ ထိန်းသိမ်း စစ်ကြောမေးမြန်းခြင်း ခံခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ချာတာ ၀၈ (Charter 08) ကမ်ပိန်းတွင် ဦးဆောင် ပါဝင်မှုဖြင့် သူ့ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သူ့ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

‘ချာတာ ၀၈’ ( Charter 08 ) ဆိုသည်မှာ ကြေငြာစာတမ်း (Manifesto) တစ်ခုဖြစ်ပြီး တရုတ်ပြည် အတွင်း နိုင်ငံရေး ပြုပြင်မှု (Political reform) နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး (Democratization) မြှင့်တင်ပေးရန် တရုတ် ပညာတတ်များ၊ ရှေ့နေများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃၀၃ ဦး မှစတင်ကာ လက်မှတ် ရေးထိုး တောင်းဆိုထားခြင်းဖြစ်သည်။ ယင်း Charter 08 ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) ၏ နှစ် ၆၀ မြောက်နေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း “ချာတာ ၀၈” ကို ၂၀၀၉ ခုနှစ် အထိ တရုတ်ပြည်တွင်း ပြည်ပမှ လူပေါင်း ၈၆၀၀ ကျော် တောင်ခံလက်မှတ် ထိုးပြီးဖြစ်သည်။ မူလ လက်မှတ် ထိုးခဲ့သူများတွင် ရှေ့နေများ၊ တိဘတ် ဘလော့ခ်ဂါများ (Tibetan Bloggers)၊ တိဘတ် ကဗျာဆရာမ ဝိုးဆာ (Woeser) နှင့် ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ပေါင်တုန် (Bao Tong) စသူတို့ ပါဝင်ခဲ့ကြပြီး အားလုံးလိုလို ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ကြရသည်။

bullog.cn ကဲ့သို့ အတိုက်အခံ ဘလော့ခ်များ၊ Charter 08 နှင့် ပတ်သတ်သော ဘလော့များ ၊ဝက်ဆိုဒ်များ ကို တရုတ်ပြည်တွင်းတွင် ပိတ်ပင်ခဲ့သည်။

လီရှောင်ပို (Liu Xiaobo) သည် ယင်း Charter 08 ကို ရေးဆွဲရာတွင် ဦီးဆောင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ယင်းချာတာကို အွန်လိုင်းမတင်မီ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

ယင်း Charter 08 တွင် တောင်းဆိုချက် ၁၉ ချက်ပါဝင်သည်။ ယင်းတို့မှာ

1. Amending the Constitution.

(ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြုပြင်ပေးရေး)

2. Separation of powers.

(အာဏာ ခွဲပေးရေး)

3. Legislative democracy.

(တရားဥပဒေ ပြုပိုင်ခွင့်ရှိသော ဒီမိုကရေစီ)

4. An independent judiciary.

(လွတ်လပ်သော တရားစီရင်မှု)

5. Public control of public servants.

(ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် ထိန်းချုပ်ပိုင်ခွင့်)

6. Guarantee of human rights.

(လူ့အခွင့်အရေးကို လိုက်နာခြင်း)

7. Election of public officials.

(အရာရှိများကို ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်း)

8. Rural–urban equality.

(ကျေးလက်- မြို့ပြ သာတူညီမျှမှု)

9. Freedom of association.

(လွတ်လပ်စွာ အသင်းအပင်း ဖွဲ့ပိုင်ခွင့်)

10. Freedom of assembly.

(လွတ်လပ်စွာ စုဝေးနိုင်ခွင့်)

11. Freedom of expression.

(လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်)

12. Freedom of religion.

(လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်)

13. Civic education.

(ပညာရေး)

14. Protection of private property.

(ပုဂ္ဂလိက ပစ္စည်းဥစ္စာ ကာကွယ်ပိုင်ခွင့်)

15. Financial and tax reform.

(ဘဏာရေး နှင့် အခွန် ပြုပြင်ရေး)

16. Social security.

(လူမှု လုံခြုံရေး)

17. Protection of the environment.

(ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး)

18. A federated republic.

(ပြည်ထောင်စု သမ္မတဖွဲ့ရေး)

19. Truth in reconciliation.

(စစ်မှန်သော ရင်ကြားစေ့ရေး)

တို့ဖြစ်သည်။

ယင်း Charter 08 တွင် တရုတ်အစိုးရကို အလွန်ထိခိုက်စေသော တပါတီ အုပ်ချုပ်ရေး ဖျက်သိမ်းရေး (Elimination of one-party rule) ပါသည်။ ထို့ကြောင့် လီရှောင်ပို Liu Xiaobo ကို ၂၀၀၈ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ် ဇွန်လ ၂၃ တွင် နီုင်ငံတော်အာဏာကို ပျက်စီးစေရန် ကြံစည်မှုဖြင့် မတရား စွဲချက်တင်ခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လတွင် One World Film Festival ကြီးမှ ပေးအပ်သော Homo Homini Award ကို ပေးအပ်ခဲ့သည်။ ယင်းဆုသာ် လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ဒီမိုကရေစီ မူဝါဒများ နှင့် လူ့အခွင့်အရေး မြှင့်တင်ရေး အတွက် ပေးအပ်သော ဆုဖြစ်သည်။

ကမ္ဘာအရပ်ရပ်မှ နိုဗဲလ်ဆုရှင်ကြီးများ နှင့် အစိုးရ များမှလည်း လီ အပေါ် မတရားဖမ်းဆီး မှုအပေါ် ဝေဖန်ခဲ့ပြီး လွှတ်ပေးရန် တရုတ် သမ္မတ ဟူကျင်တောင် (Hu Jintao) ထံစာရေး တောင်းဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂ (European Union) နှင့် အမေရိကန် (United States) မှ လီရှောင်ပို (Liu Xiaobo) ကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် တရုတ် အာဏာပိုင်များက တရုတ်ပြည်၏ ဥပဒေကို လေးစားကြရန် နှင့် ပြည်တွင်းရေးကို ကြားဝင်ခြင်း မပြုရန် တုန့်ပြန်ခဲ့သည်။

ဂျာမဏီ အဓိပတိ Angela Merkel က “တရုတ်ပြည် အစိုးရ အနေနဲ့ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Press freedom) ကို အလွန်အမင်း တင်းကြပ်ထားမှု အပေါ် အလွန်စိတ်ပျက်မိကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထိုင်ဝမ် သမ္မတ မာယင်ကျိုး (Ma- Ying- Jeou) ကလည်း ဘေကျင်း (Beijng) အစိုးရ အနေနဲ့ ‘အတိုက်အခံများအပေါ် သည်းခံခြင်း’ (Tolerate dissident) ကို ကျင့်သုံး သင့်ကြောင်းပြောခဲ့သည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု အတွက် အမည်တင်သွင်းခြင်းကို နိုဗဲလ်ဆုရှင်ကြီးများ ဖြစ်သော ချက်သမ္မတဟောင်း Václav Havel, တိဘတ် ဘုန်းတော်ကြီးးလိုင်းလားမား (်the 14th Dalai Lama)၊ André Glucksmann, Vartan Gregorian၊ Mike Moore၊ Karel Schwarzenberg၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒစမွန် တူးတူး (Desmond Tutu) နှင့် Grigory Yavlinsky တို့မှ တင်ပေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု ပေးအပ်ခြင်းသည် “အလွန် မှားယွင်းမှု” (Total wrong) ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် Norwegia TV networks မှ လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အတွက် စကာတင် ရွေးချယ်ထားကြောင်း ဖော်ပြခဲ့သည်။ အောက်တိုလ ၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် အဖြစ်ရွေးချယ်လိုက်သည်။

တရုတ်အစိုးရပိုင် ရှင်းဝါ သတင်းဌာန (Xinhua News Agency) မှ လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆုပေး လိုက်ခြင်းသည် “တရုတ်- နော်ဝေး ဆက်ဆံရေး” (China- Norway relations) ကို ထိခိုက်စေလိမ့်မည်ဟု ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အတွင်းတွင်လည်း လီရှောင်ပို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရခြင်း သတင်းကို ဆင်ဆာလုပ်ခြင်း၊ သတင်းအမှောင်ချခြင်းများ ကို ပြုလုပ်ခဲ့သည်။



“တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တဖြည်းဖြည်းခြင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်ရမယ်။ စနစ်တကျ နဲ့ ထိန်းထိန်းသိမ်းသိမ်း လည်းဖြစ်သင့်တယ်။ ပြီးတော့ အထက်မှအောက်၊ အောက်မှအထက် အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိသင့်တယ်။ ဒီနည်းလမ်းကသာ အကုန်အကျ အနည်းဆုံးနဲ့ အလွန်ထိရောက်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေလိမ့်မယ်။

ကျွန်တော်သိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံမူဝါဒ ကတော့ ‘စနစ်ကျပြီး ထိန်းချုပ် ကိုင်တွယ်နိုင်သော လူမှုပြောင်းလဲရေး’ (Orderly and controllable social change) ဟာ ‘ကသောင်းကနင်း နိုင်ပြီး ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ” (chaotic and out of order) ထက်တော့ ပိုကောင်းတယ်’ ဘဲဖြစ်ပါတယ်။

အစိုးရရဲ့ အမိန်အာဏာဟာ မင်းမဲ့စရိုက် ကသောင်းကနင်း ဖြစ်မှုထက်တော့ ပိုကောင်းပါတယ်။ (The order of a bad government is better than the chaos of anarchy)

ဒါကြောင့်ဘဲ ကျွန်တော့ အနေနဲ့ အာဏာရှင်စနစ် (dictatorship) နဲ့ လက်ဝါးကြီးအုပ်မှု (Monopolize) ကို ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။

နိုင်ငံတော် အာဏာကို ပျက်ဆီးးအောင် လှုံဆော်နေတာ မဟုတ်ပါဘူး။

အတိုက်အခံပြုခြင်းကို အဖျက်လုပ်ခြင်းနဲ့ ထပ်တူပြုလို့မရပါဘူး။ (Opposition is not equivalent to subversion)

(Liu Xiaobo, Guilty of 'crime of speaking', 9 February 2010 မှ ကောက်နုတ်ချက် ဖြစ်သည်။)



အာရှတိုက်မှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသူ စုစုပေါင်းမှာ လီရှောင်ပို Liu Xiaobo အပါအဝင် ၁၃ ဦးရှိသည်။ ယင်းတို့မှာ…

၁။ ဗီယက်နမ် ငြိမ်းချမ်းရေး လှုပ်ရှားသူ Le Duc Tho (၁၉၇၃)

၂။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Eisaku Sato (၁၉၇၄)

၃။ တိဘတ် ဘုန်းတော်ကြီး (The 14th Delai Lama, Tenzin Gyato) (၁၉၈၄)

၎။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)

၅။ ပါလက်စတိုင်း ခေါင်းဆောင် Yasser Arafat (၁၉၉၄)

၆။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Shinmon Peres (၁၉၉၄)

၇။ အစ္စရေး ဝန်ကြီးချုပ် Yitzhaa Rabin (၁၉၉၄)

၈။ အရှေ့ တီမော ဘုန်းတော်ကြီး Bishop Carlos Filipe Ximenes Belo (၁၉၉၆)

၉။ အရှေ့ တီမော အတိုက်အခံ ခေါင်းဆောင်ကြီး Jose Ramos Horta (၁၉၉၆)

၁၀။ တောင်ကိုရီးယား သမ္မတ Kim Dae-jung (၂၀၀၀)

၁၁။ အီရန် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Shirin Ebadi (၂၀၀၃)

၁၂။ ဘင်္ဂလားဒေ့ရှ် မှ အတွေးအခေါ် ပညာရှင် Muhanmmad Yunus (၂၀၀၆)

၁၃။ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo (၂၀၁၀)


ကမ္ဘာပေါ်တွင် မတရား အကျဉ်းခံနေရသော ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီးများမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို Liu Xiaobo တို့နှစ်ဦးသာ ရှိသည်။

ထိုကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည် မှာထားသလို..

နိုင်ငံရေးအတွက်

ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွတ်ရတယ်ဆိုတာ

ဒါအင်မတန်မှ သိက္ခာရှိပါတယ်။

အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ။

အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။

ဆိုတဲ့ စကားကိုဘဲ ထပ်လောင်း ဖော်ပြချင်ပါတော့တယ်…..။ ။



ရေးသားတင်ပြသူ…ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ…….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

၉. အောက်တိုဘာလ. ၂၀၁၀






ဆက်လက်ဖက်ရှုရန်...

Saturday, September 11, 2010

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ


အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ

မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ

တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ

နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ

တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်

ဦးဝိစာရပင်ဖြစ်သည်။

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့

မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)

တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။

ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့

ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ

အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့

သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ

သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့

ဝင်ခဲ့သည်။

ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉-- ) ပြည့်တွင် မန္တလေးအိမ်တော်ရာ

ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်

နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်

ကိုကြုံရပြီး နိုးကြားခဲ့ရသည်။

ဦးဝိစာရသည် ၁၂၈၂ ( ၁၉-- ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ

လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား

ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ

နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။

ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ

ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ

စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်

နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့

စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး

ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။

အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်

ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို

အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ

တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့

ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ

မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ

ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ

ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။

ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်

လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ

နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်

ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။

သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်

မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း

မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍

ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။

ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်

ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။

ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ

ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ

သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်

ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်

တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်

ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း

ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်

ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍

ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ

တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့

ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။

အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်

တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု

ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။

ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ

ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ

ရာတော်အား လွှတ်လိုက်သည်။

မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး

ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ

သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ

အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်

သည်။

ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌

နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ

မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်

သည်။ ၎င်းတို့မှာ - - -

( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်

( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်

( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်

တန်သောသတင်းသုံးခွင့်ပြုရန် တို့ဖြစ်သည်။

သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်

တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း

ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။

ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး

သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်

ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆

နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်

လက်သာ သတင်းသုံးနေခဲ့ရရှာသည်။

ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ

ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ

မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်

ထိခိုက် တုန်လှုပ်ခဲ့ရသည်။

ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် -

သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်

တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော

အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ

တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ

တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား

ဆောက်ရွက်ကြပါ - ဟု မိန့်တော်မူခဲ့လေသည်။

ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး

ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ

ကြသည်။

ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်

ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး

ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )

နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။

ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း

ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်

မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …

ယာ…. မိ ...။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…

ကြား… လိုက် … ပါ … တယ် - ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။

အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်

ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်

ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊

ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်

တော်မူခဲ့သည်။

သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ

ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်

၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်

ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။

ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်

အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း

ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂

ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်

နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း

ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။

စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် - ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်

အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်

ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ

အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊

အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်

ကြောင်း။

အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်

ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ

ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့

ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို

ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။

ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး

မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊

စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။

သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ

ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု

စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍

မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။

အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး

တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့

ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား

အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်

ပင်ဖြစ်ပါတော့သည်။

ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူ။။ ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

၈ . ၉. ၂၀၀၉

ဆက်လက်ဖက်ရှုရန်...

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ

မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ

တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ

နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ

တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်

ဦးဝိစာရပင်ဖြစ်သည်။

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့

မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)

တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။

ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့

ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ

အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့

သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ

သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့

ဝင်ခဲ့သည်။

ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉-- ) ပြည့်တွင် မန္တလေးအိမ်တော်ရာ

ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်

နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်

ကိုကြုံရပြီး နိုးကြားခဲ့ရသည်။

ဦးဝိစာရသည် ၁၂၈၂ ( ၁၉-- ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ

လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား

ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ

နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။

ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ

ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ

စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်

နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့

စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး

ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။

အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်

ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို

အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ

တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့

ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ

မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ

ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ

ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။

ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်

လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ

နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်

ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။

သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်

မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း

မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍

ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။

ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်

ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။

ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ

ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ

သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်

ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်

တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်

ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း

ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်

ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍

ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ

တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့

ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။

အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်

တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု

ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။

ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ

ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ

ရာတော်အား လွှတ်လိုက်သည်။

မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး

ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ

သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ

အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်

သည်။

ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌

နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ

မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်

သည်။ ၎င်းတို့မှာ - - -

( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်

( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်

( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်

တန်သောသတင်းသုံးခွင့်ပြုရန် တို့ဖြစ်သည်။

သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်

တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း

ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။

ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး

သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်

ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆

နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်

လက်သာ သတင်းသုံးနေခဲ့ရရှာသည်။

ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ

ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ

မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်

ထိခိုက် တုန်လှုပ်ခဲ့ရသည်။

ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် -

သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်

တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော

အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ

တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ

တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား

ဆောက်ရွက်ကြပါ - ဟု မိန့်တော်မူခဲ့လေသည်။

ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး

ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ

ကြသည်။

ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်

ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး

ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )

နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။

ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း

ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်

မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …

ယာ…. မိ ...။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…

ကြား… လိုက် … ပါ … တယ် - ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။

အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်

ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်

ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊

ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်

တော်မူခဲ့သည်။

သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ

ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်

၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်

ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။

ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်

အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း

ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂

ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်

နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း

ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။

စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် - ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်

အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်

ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ

အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊

အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်

ကြောင်း။

အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်

ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ

ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့

ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို

ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။

ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး

မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊

စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။

သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ

ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု

စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍

မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။

အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး

တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့

ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား

အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်

ပင်ဖြစ်ပါတော့သည်။

ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူ။။ ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

၈ . ၉. ၂၀၀၉

ဆက်လက်ဖက်ရှုရန်...

Tuesday, September 7, 2010

မြန်မာနိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူ (သို့) အာဇာနည် အရှင်ဦးဥတ္တမ


မြန်မာတစ်မျိုးသားလုံးအား နယ်ချဲ့၏ စစ်လက်နက် အင်အားအောက်တွင် ရဲရဲဝင့်ဝင့် အမြော်အမြင်ကြီးစွာ ပြောဆိုလုပ်ကိုင်ပြီး နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည်ကိုအောက်မေ့ဂုဏ်ပြုသောအားဖြင့် ထိုနေ့ကို ဦးဥတ္တမ နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ တို့မှ မွေးဖွားခဲ့သည်။ ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာာမဏေ၀တ်ပေးသဖြင့် ရှင်ဥတ္တမ ဟုတွင်သည်။ နက်နဲသော ပိဋ္ဋကတ်စာပေကို ပခုက္ကူမြို့ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင်လည်းကောင်း ဆည်းပူးလေ့လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင်ရှိခိုက် အမျိုးသားကောလိပ်တစ်ခု တွင် ပါဠိနှင့် ဗုဒဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ်ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာ အသင်းကြီး၏ ဥက္ကဠအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာမျှနေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွားလေသည် ပြင်သစ်နိုင်ငံတွင် သင်ကြားနေစဉ်ရုရှား-ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) တွင် ဂျပန်က၎င်း၏ အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို အနိုင်ရလိုက်သည်ကို တွေ့ရပြီး အာရှတိုက်သား ဂျပန်ကို အထင်ကြီးသွားခဲ့သည်။ ထိုသို့ ဂျပန်စစ်နိုင်သည်ကို နိုင်ငံရေးမျက်စိဖြင့် ကြည့်တတ်သော ဆရာတော် ဦးဥတ္တမသည် မြန်မာအမျိုးသားလုံးအားလုံး နိုင်ငံရေး မျက်စိဖွင့်ပေးရန် ဆန္ဒပြင်းပြနေခဲ့သည်။

ထိုအချိန်က အာရှသားတို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်ဟု ဆရာတော်ဦးဥတ္တမက ယုံကြည် သည်နှင့် အညီ ၁၉၀၇ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရန်ကုန်မှ ဂျပန်နိုင်ငံသို့ထွက်ခွာခဲ့သည်။ ဂျပန်တွင် ၂ နှစ်ကြာ ပညာသင်ကြားခဲ့ပြီး ၁၉၀၉ တွင် ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေးစားခဲ့ပြီး တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်ခဲ့၍ တရုတ်ပြည်သို့ လေ့လာရေးသွားခဲ့သည်။ ထိုအချိန်ကတည်းက ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိရှိ သတိပြုနိုင်ခဲ့သည်။

၁၉၀၆ မေလတွင် ဖွဲ့စည်းခဲ့သော ၀ိုင်အမ်ဘီအေ ခေါ် ဗုဒ္ဒကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ၀င်ရောက်အားပေးကူညီခဲ့သည်ထိုစဉ်အခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံများကို အထူးဇောင်းပေးသော သတင်းစာကြီး ဖြစ်ခဲ့သည်။

…ဒီတိုင်းပြည် သူတစ်ပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ဘာသာကလည်း ကျွန်ဘာသာ၊ ကျွန်သာသနာဖြစ်မယ်၊ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာ အဖြစ်က လွတ်အောင် သံဃာတော်များကျောင်းတွင် ကျိန်း၊ အိပ် မနေပဲ သံဃာ့သမဂ္ဂ များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်…. ဟု နှိုးဆော်ဟောကြားခဲ့သည်။

ဆရာတော်ဦးဥတ္တမ၏ အမြင်ကျယ်ပြန့်မှုနှင့် ညဏ်ကြီးမှုကြောင့် ၁၉၂၀ ဇူလိုင်လ တွင် သံဃာသမဂ္ဂ အဖွဲ့ပေါင်း ၃၀ ကျော်မှကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။

၁၉၁၂ တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေ ၂၁ ရက် နေ့စွဲပါ စာတစ်စောင်တွင်…. ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ၆ နှစ်စေ့၍ Primary School (မူလတန်းစာသင်ကျောင်း) မှာ သင်လျှင် ထိုလူကလေး၊ မိန်းကလေးတို့သည် ညကို ၁၀ နာရီ အိပ်၍ မနက် ၅ နာရီကို အိပ်ယာထရမည်..ဟူ၍ အစိုးရမင်းများကပင် ဥပဒေ ပြု၍ထားသည်။ ဦးဠင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်၊ အနေ၊ အစား၊ အသောက်အနေအထိုင် အစစအရာရာ တို့တွင် စည်းကမ်းနည်းလမ်း မရှိသည့် အတွက်ကြောင့် ပျက်စီးခြင်းမူလဖြစ်ဟန်ရှိကြောင်း… မြန်မာလူမျိုးတို့ကို ကမ္ဘာ့အမြင်ကျယ်စေရန် မီးမောင်းထိုးပြခဲ့သည်။

ဦးဥတ္တမသည် သူ၏ ဂျပန်ပြည်အကြောင်း စာအုပ်တွင် … ငါတို့နိုင်ငံ၊ ငါတို့ မြန်မာလူမျိုးကြီးပွားမှသာလျှင် ငါတို့ ကိုးကွယ်သော ရှင်တော်ဘုရား၏ သာသနာတော်သည်လည်း ကြီးပွားကျော်ဇော၍ ကမ္ဘာပေါ်တွင် ပေါ်လွင် ထွန်းတောက်လာလိမ့်မည်ဟု အထင်ရှိ၍၊ ဂျပန်လူမျိုးတို့၏ လုံးလ၊ ၀ိရိယ၊ စည်းကမ်း၊ နည်းလမ်း၊ ထုံးစံဘာသာ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင် အကြံဖြင့် ၁၉၀၇ခုနှစ်တွင် ဂျပန်ကျွန်းကြီးသို့ သွားကြောင်း … ဖော်ပြထားသည်။

ဆရာတော်ဦးဥတ္တမ၏ ကမ္ဘာ့အမြင်ကျယ်မှုသည် ဗုဒ္ဒသာသနာထွန်းပြောင်ရေးကို သာမက မြန်မာ အမျိုးသားလုံး အတွက် နိုင်ငံရေး အသိညဏ်နိုးကြားမှုကိုပါ ဖြစ်စေခဲ့သည်။ ၂၀၀၇နှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု ကို ဦးဆောင်ရာတွင် ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော အရှင်ဦးက္ကုသာရိယက ဆရာတော် ဦးဥတ္တမ၏ မြန်မာ တစ်မျိုးသားလုံး အပေါ်ထား တဲ့ မေတ္တာ၊ စေတနာနှင့်စွမ်းဆောင်ရည်ဟာ အလွန်လေးစားလောက်ပါတယ်။ နယ်ချဲ့စစ်အာဏာရှင် လက်အောက် မြန်မာတစ်မျိုးသားလုံးကြောက်ရွံ့ထိတ်လန့်နေချိန်မှာ ဆရာတော်ဟာ နိုင်ငံတကာ လှည့်လည်ပြီး သူရရှိလာတဲ့ အသိတရားတွေကို လူ့အခွင့်အရေးအတွက် ရဲရဲဝင့်ဝင့် တင်ပြပြောဆိုခဲ့သူဖြစ်သည်။ ဒါကြောင့်

မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး အသိတရားနိုးကြားလာခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများသပိတ်စတင်မှောက်ကြသည်။ ထိုသို့ မြန်မာပြည်သူများ မကျေမနပ်ဖြစ်နေကြသော်လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်းမပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ထံ စာတစ်စောင်ရေးပို့လိုက်ကြသည်။ ထိုစာမှာ….. ဆာရယ်ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်သွား.. (Craddock , Get out ) ဟူ၍ ဖြစ်သည်။ အဆိုပါ နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခဲ့ရာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်ခဲ့ကြရသည်။

ဆရာတော် ဦးဥတ္တမ သတင်းသုံးခဲ့သော ဂျပန်နိုင်ငံ နဂိုယာမြို့ရှိ အိမ်ကို သွားရောက်လည်ပတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဆရာတော် ဖြစ်သော အရှင်သောပါက ဦးဇင်းအနေနဲ့ အမှတ်တမဲ့ ရောက်ခဲ့တာပါ။ ဒါပေမယ့် ဒီပြတိုက်အိမ်ကြီးကို တွေ့လိုက်ရတဲ့အခိုက်မှာ.. ဘုရင်ခံ ကရက်ဒေါက် ထွက်သွား (Craddock Get out) ဆိုတဲ့မောင်းထုတ်လိုက်တဲ့အသံကြီးကို ပြန်ကြားယောင မိတယ်။ဒီတစ်မျိုးသားလုံး ကြောက်ရွံ့နေရတဲ့ ဘုရင်ခံချုပ်ကို မောင်းထုတ်ရဲတဲ့ ဆရာတော်ရဲ့ ရဲရင့်ြုပတ်သားလှ တဲ့ မိန့်ကြားသံဟာ မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့မှုကြောင့် ငုပ်လျှိုးနေတဲ့စိတ်ကို နိုးထစေခဲ့သည်။ အကြောက်တရားဆိုတဲ့ အမှောင်ထုကြားမှာ မကြောက်တရား ဆိုတဲ့ အလင်းရောင်ကို ဆောင်ကြဉ်းနိုင်ခဲ့တယ် …ဟု မိန့်ပါသည်။ ဤစာကြောင့် မြန်မာလူမျိုးများအတွင်းတွင် မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓါတ်ကို တပ်လှန်နှိုးဆော်ပေးလိုက်သလို ဖြစ်သွားသလို ဇာတိသွေး၊ ဇာတိမာန်လည်း တတ်ကြွ လာသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ် ကျေးတရွာတွင် လိပ်အခွံခွာ ရမည်… ဟူသော ခေါင်းစဉ်ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃၀ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင် တရားဟောသည်ဟုဆိုကာရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်း မြို့နယ်တွင် ဖမ်းခဲ့သည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေး ခံရသောသူ ဖြစ်သည်။

ထိုသို့မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ကာ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ အစိုးရလုပ်တာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့… စသော အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတရား ကို ဟောပါတော့သည်။

ဤသို့ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတောကို အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ ရန်ကုန်တွင် ဖမ်းဆီးခဲ့သည်။ ဆရာတော်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပေးခံခဲ့ရရှာသည်။

ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘ၀မှ လွတ်မြောက်လာပြီးမတ်လ ၂၀ တွင် ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြ၀ါဒခံ ဦးစိုးသိမ်းကြီးမှုးသော မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်းအဝေးသို့ တတ်ရောက်ပြီးသင်္ကန်းရုံကိုလှပ်ပြီးလျှင် ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဦးစိုးသိမ်းက ပရိသတ်များမြင်ရဲ့လား.. မျက်ရည်ကျရုံနှင့် အိမ်ပြန်သွားရော့လား။အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျခြင်းဟာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည် ကျ ခြင်းဖြစ်သည်။ ဘုရားရှင်ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှင်းပမ်း နှိပ်စက် သည်။ ယနေ့ ယခု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်….. ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း ၃ တွင် ဖော်ပြထားသည်။

ဆရာတော်ဦးက္ကုဿရိယက ဆရာတော ဦးဥတ္တမဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကို သူရရှိထားတဲ့ လောကအမြင်၊ ခေတ်အမြင်နဲ့ပေါင်းစပ်ပြီး နိုင်ငံသားအားလုံး၏ အကျိုးကိုရှေးရှုပြီး လမ်းညွှန် ဖော်ဆောင် နိုင်ခဲ့သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အမြင်ကျယ်ရမယ်။ တာဝန်ယူရဲရမယ်။ ခေတ်ကာလကို လွှမ်းခြုံမြင်ရမယ်၊ ကျဉ်းမြောင်းတဲ့အစွဲတွေကို ဖယ်ပြီး လက်အောက်ငယ်သားအပေါ် အမြင်တွေ ကျယ်စေဖို့၊ အသိတရားတွေ ကြွယ်စေဖို့လုပ်နိုင်ရမယ်။ ယခုဆို သာသနာဟာ စစ်အာဏာ စက်အောက်ရောက်နေပြီ။ ဒါကြောင့် ဗုဒ္ဒရဲ့ဓမ္မစက်အောက်ပြန်ရောက်ဖို့ ဦးဥတ္တမကို ရဲဝင့်ပြီး အမြင်ကျယ်တဲ့ သံဃာတော်တွေ အများကြီး လိုအပ်ဖို့ မိန်းကြားပါတယ်။

ထိုကဲ့သို့ အဓ္ဒမှုကို ရဲရဲဝင့်ဝင့်တော်လှန်ပြီး အမျိုးဘာသာ၊ သာသနာ လူမျိုးတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ကျေးဇူးရှင် အာဇာနည်ဆရာတော် ဦးဥတ္တမအား နောင်လာနောင်သားအားလုံး အမြဲတစေ သတိရ အားကျဂုဏ်ယူကျစေရန်အတွက် စစ်တွေမြို့ရှိ အမှုထမ်းပေါင်းစုံ သမဂ အဖွဲ့မှ ဦးစီးကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော်အားဂုဏ်ပြုသည့် အခမ်းအနာတစ်ရပ်ကို ပလိပ်သမဂ အဆောက်အဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။

နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း ဦးဥတ္တမ နေ့အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးအတွက် အနစ်နာခံပြီး နိုင်ငံရေး အသိအမြင်နိုးကြားလာအောင် ဆောင်ရွက် ပေးခဲ့သော ကျေးဇူးကိုဂုဏ်ပြုသောအားဖြင့်ကြည်ညိုသူများက ကျင်းပကြသည်။


ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ခမိခဆဲ
၉ . ၈ . ၂၀၀၉

ဆက်လက်ဖက်ရှုရန်...

မြန်မာနိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူ (သို့) အာဇာနည် အရှင်ဦးဥတ္တမ

ဆက်လက်ဖက်ရှုရန်...

Sunday, August 8, 2010

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ



http://buddhism.goldenlandpages.com/images/stories/photo/Mogoke/01-L.jpg

သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။

သက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁) ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည် (၂) နာရီ မိနစ် သုံးဆယ်အချိန်တွင် ဥယျာဉ်တော်ရွာ၌ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အလောင်း အလျာဖြစ်သော သတို့သား ရတနာကို ဖွားမြင်တော်မူပါသည်။ ခမည်းတော်မှာ ဦးအောင်ထွန်း ဖြစ်၍၊ မယ်တော်မှာ ဒေါ်ရွှေအိတ် ဖြစ်ပါသည်။ ခမည်းတော် မယ်တော်တို့မှာ ဒေသအလျောက် တောင်သူ လယ်သမား မျိုးရိုးဖြစ်ကြ၍ သမ္မအာဇိဝ လုပ်ငန်းဖြင့် လုပ်ကိုင်နေထိုင်သူများ ဖြစ်ကြလေသည်။

မွေးဖွားရာဇာတိမြေ (ဥယျာဉ်တော်ရွာ)

ဥယျာဉ်တော်ရွာကား၊ အမရပူရမြို့တည် နန်းတည် ဗဒုံးမင်းခေတ် ဘိုးတော်ဦးဝိုင်းလက်ထက် တော်အခါက သီးပင်မျိုးစုံ စိုက်ပျိုးထားသော (မဟာသီရိနန္ဒာဝံ) ခေါ် ဥယျာဉ်နေရာ ဖြစ်ခဲ့ဖူးလေ သည်။ အမရပူရခေတ်မှ မန်းရတနာပုံခေတ်သို့ ရောက်ရှိလေသောအခါ ဥယျာဉ်တော်သည် ရွာအဖြစ် သို့ ရောက်ရှိလာခဲ့လေသည်။ယခု မန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌ၀တီ) ခေါ် မြစ်ငယ်မြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိနေပါသည်။ မယ်တော် ဒေါ်ရွှေအိတ်သည် ဆရာတော် အလောင်းအလျာကို ဖွားမြင်သည်အထိ (ကိုးပါး သီလ) စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန်ကုန်လွန်စေသည်။ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောကြောင့် နေ့သင့်နံသင့်အားဖြင့် သတို့သား၏နာမည်ကို (မောင်လှဘော်) ဟု အမည်ကင်ပွန်းတပ်ကြလေသည်။

ကျောင်းအပ်မင်္ဂလာ ချိန်အခါ

မောင်လှဘော်သည် လေးနှစ်သားအရွယ်သို့ ရောက်ရှိသောအခါ၊ ဥယျာဉ်တော်ရွာရှိ မူလတန်း ကျောင်း၌ ကျောင်းဆရာကြီး "ဦးစံရ" ထံတွင် အပ်နှံထားရှိ၍၊ ၄ တန်းအထိမျှသာ ပညာသင်ကြား ရလေသည်။


ရှင်သာမဏေပြုခြင်း

အသက် (၉) နှစ်သားအရွယ်သို့ ရောက်ရှိသောအခါ ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော် ဦးဇာဂရအရှင်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက်ကြ လေသည်။ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ ရှင်ဝိမလဟု မှည့်ခေါ်စေလေသတည်း။ သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာဝါများကို ကြိုးစားသင်ယူ၍ ဆရာဝတ်များကိုလည်း ကျေပွန်လှ၏။ အဟောအပြော ငယ်ငယ်ကပင် ကောင်းမွန်လှ၍ လာဘ်လာဘပေါများပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဘုန်းကြီးနေသဖြင့် ဆရာဘုန်းတော်ကြီးနှင့် ရပ်သူရွာသား ဒါယိကာ၊ ဒါယိကာမ များက ကိုရင်သီဝလိဟုပင် ခေါ်စမှတ်ပြုကြလေသည်။


အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။


သင်္ကန်းတော်ကို ပျားစွဲခြင်း (ပထမအကြိမ်)

222

ကိုရင်ဝိမလ (၁၂) နှစ်အရွယ်သို့ ရောက်ရှိသောနှစ် တစ်နေ့သော အချိန်တွင် ဥယျာဉ်တော်ရွာ၊ ဂွေးပင်တောရကျောင်းပေါ်တွင် ကိုရင်၏ သင်္ကန်းများကို တန်းပေါ်တွင် ခေါက်တင်ထားရာ သင်္ကန်းများကို ပျားကောင်များသည် ၀ိုင်းအုံလာပြီးလျှင် သိုက်အုံဖွဲ့ကာ စွဲနေကြတော့သည်။ ဤပျားများစွဲခြင်းအကြောင်းကို သိရှိရသော ဂွေးပင်တောရ ဆရာတော်ကြီးက"သာမဏေ သည် နောင်သောအခါတွင် ဘုန်းကံကြီးမားသော အကျော်အမော် ဆရာတော်တစ်ပါး ဖြစ်လိမ့်မည်၊ တပည့် ဒါယကာ ဒါယိကာမ အသိုက်အ၀န်းကြီးမား၍ လူများစွာ၏ မှီခိုအားထားရာ ဖြစ်ပေလိမ့်မည်" ဟု နိမိတ်ဖတ်ကြားတော်မူလေသည်။


အမရပူရမြို့ မင်္ဂလာတိုက်သို့ ပညာသင်ကြားရန် တစ်ကိုယ်တော် ခရီးထွက်ခဲ့ခြင်း

အချိုတွင် ပျားသကာ တရားတွင် အဘိဓမ္မာရှင်ဝိမလသည် မိမိ၏ဘုန်းတော်ကြီး အိုမင်းမစွမ်းရှိလာသည်နှင့် စာဝါများအချိန်မှန်မှန် သင်ကြားခွင့်မရတော့ပေ။ ဒီအတိုင်းနေသွားရလျှင် စာတတ်တော့မှာ မဟုတ်ဘူးဟု ပူပန်နေ၏။ အစ်မကြီးအရင်းဖြစ်သူ သီလရှင် ဒေါ်သုစာရီသည် အမရပူရမြို့ မင်္ဂလာကျောင်းတိုက်၌ အဘိဓမ္မအရာတွင် လွန်စွာထင်ရှားသော ပထမ ကျော်ဆရာကြီး ဦးအုန်းထံမှောက်၌ ပညာသင်ရောက် လျက် ရှိနေလေသည်။ အစ်မဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလသည် မြို့တက်လာ အဘိဓမ္မသင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လျက်ရှိလေသည်။ မိဘနှင့် ဆရာသမားများအား ခွင့်ပန်လျှောက်ထားရာ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ခွင့်မပြုကြ၍ အမရပူရသို့ တိတ်တဆိတ် တစ်ကိုယ်တော် ထွက်လာခဲ့လေတော့သည်။ မိဘများ သတင်းကြားကြ၍ လိုက်ခေါ်ကြသော်လည်း ပြန်မလိုက်တော့ဘဲ တရားဟောကာသာ ပြန်လွှတ်လိုက် လေတော့သည်။ အစ်မ သီလရှင်ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုင် ဆရာတော်ကြီး ဦးသုဇာတ အထံတော်သို့ အပ်နှံကြလေသည်။ ကိုရင်ဝိမလသည် မင်္ဂလာတိုက် မကုဋကျောင်းငယ်တွင် နေထိုင် ရလေသည်။ မကုဋဟူသည်ကား အထွတ်အထိပ်ပင်တည်း။

မင်္ဂလာတိုက်

မင်္ဂလာတိုက်ကား သာမညဌာန မဟုတ်ပါချေ။ ဘူမိနက်သန် အောင်မြေမှန်သော နေရာဖြစ် လေသည်။ အမရပူရတွင် ဘိုးတော်ဦးဝိုင်း နန်းတည်မည်ရှိသောအခါ အမတ်ကြီး ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး၊ မြင်းသည်တော်များနှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခိုကာ မင်္ဂလာ အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော နေရာဌာနဖြစ်သည့်အပြင် ရှေးမင်းများလက်ထက်တော်အခါက နာမည်ကျော်ကြက်သွန်ခင်း တောရကျောင်းတိုက် နေရာဟောင်းလည်း ဖြစ်လေသည်။ သီလ၀ိသောဓနိကျမ်း၌ ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ်အရာ၌ ထင်ရှားကျော်စောသော ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ အကျင့်သိက္ခာနှင့်လည်းကောင်း၊ မင်းစိုးရာဇာ စသည်တို့နှင့် ဆက်ဆံရာတွင် လည်းကောင်း တင်းတင်းရင်းရင်းရှိလှ၍ ဆရာတော်၏ အရှိန်အ၀ါသည် အလွန်တရာ ကြီးမားတော်မူလေသည်။ ပဋိပတ်အရာတွင် အရွယ်တူ ဆရာတော်များကပင် လျှောက်ထားရသော ဆရာတော်တစ်ပါး ဖြစ်လေသည် စသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရှိ ရလေသည်။ ရှင်ဝိမလကား မိမိနေရာဟောင်း ကြက်သွန်ခင်းကျောင်းတိုက်သို့ ပြန်ရောက်လာခြင်းပေလော။ ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ ဗြိတိသျှခေတ် သုံးခေတ်တွင် အဘိဓမ္မာပညာများကို ကြိုးစား၍ သင်ယူလေတော့သည်။ ရှင်ဝိမလ၏ ဥပုသ်ဇရပ်များတွင် တရားဟောကောင်းသည်ဟု တစ်စတစ်စနှင့် ကျော်ကြား လာသဖြင့် ပညာရေးနှောင့်နေမည်ကို စိုးသောကြောင့် ဆရာတော်ကြီးက တရားဟောမှုကို ပိတ်ပင်ထားရ လေသည်။ ကိုရင်ဘ၀နှင့်ပင် ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်း ကျကျရရှိထားသူ ဖြစ်လေ တော့သည်။


ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။

http://buddhism.goldenlandpages.com/images/stories/photo/Mogoke/02-L.jpg



ဒုတိယအကြိမ် ပျားစွဲရခြင်း

ရှင်ဝိမလ သက်တော် (၂၀) ရှိလေသောအခါ၊ ၁၂၈၁ ခု၊ ၀ါဆိုလဆန်း (၈) ရက်နေ့တွင် မင်္ဂလာတိုက် ဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူလေသည်။ ရဟန်းဒါယကာများမှာ အမရပူရမြို့၊ အိုးတော်ရပ်၊ ကုန်သည်ကြီး ဦးဝမ်းနှင့် ဇနီးဒေါ်ဒေါ်စော တို့ ဖြစ်ကြလေသည်။ ရဟန်းခံယူသောနေ့၊ သိမ်မှထွက်တော်မူကာ မိမိနေထိုင်ရာ မကုဋကျောင်းပေါ်တွင် (ယခုစင်္ကြ ကျောင်း မြောက်ဘက်ဘုံကျောင်းနေရာ) သင်္ကန်းများ ချွေးစိုရွှဲနေသဖြင့် ခဏတစ်ဖြုတ် တန်းပေါ်တွင် တင်လှမ်းထားရာ မိနစ်ပိုင်းအတွင်းမှာပင် ပျားပေါင်းများစွာ ပျံသန်းလာပြီးလျှင် အသိုက်အအုံလုပ်ကာ ၀ဲကြပျံကြလေသည်။ (ဒုတိယမ္ပိ သင်္ကန်းများကို ပျားစွဲခြင်း ဖြစ်သည်)။ လူတို့အတွက် အကောင်းဆုံးသော အချိုမြိန်ဆုံးသော ဆေးအာဟာရကို ဖြည့်စွမ်းပေးနိုင်ကြ သူများမှာ ပျားသတ္တ၀ါတို့ပင် မဟုတ်ပါလော။ ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရသော အမရပူရမြို့ အောင်ခြင်းရှစ်ပါးဆရာတော်ကြီးက ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာ "ယခုဘ၀တွင်မှာပင် တရားထူးတရားမြတ်များကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရလိမ့်မယ်"ဟု ဖွင့်ဟမိန့်ဆိုတော်မူခဲ့လေသည်။


ဒုတိယအကြိမ် သိမ်ထပ်သိက္ခာတင် မင်္ဂလာ

၁၂၈၃ ခုနှစ်တွင် အစ်မဖြစ်သူ သီလရှင် ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သော (မိုးကုတ်မြို့သူ) သီလရှင် ဒေါ်ဝိစာရီတို့က သိမ်ထပ် မင်္ဂလာပြုကြပြန်သည်။ ဤအချက်သည်ပင်လျှင် မိုးကုတ် ဆရာတော်ဟူသော အမည်တော်ကို ခေါ်ဝေါ်နိုင်ရန် အခြေခံအကြောင်းတစ်းရပ် ဖြစ်ခဲ့ရလေသည်။ ထိုအချိန်အခါတွင် ပထမကျော်ဆရာကြီးဦးအုန်းက မိမိကိုယ်စား ဦးပဉ္စင်း ဦးဝိမလအား အဘိဓမ္မာည၀ါများကို စမ်းသပ်ပို့ချခိုင်းလေသည်။ နေ့လည်အခါတွင်မူ မန္တလေးမြို့သို့ ရထားဖြင့်သွား ရောက်ကာ စာပေ ပဋိကတ်တော်မျာ်းယူတော်မူရလေသည်။ စာဝါလိုက်ခဲ့ရသော ဆရာတော်ကြီးများအား ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ ဘုန်းကြီး ကျောင်းတိုက် ဆရာတော် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ဖြစ်ကြလေသည်။


ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။



ကျောင်းထိုင်စာချ ဘုန်းကြီး


၁၂၈၆ ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်အတွင်း အလယ်ပိဋကတ် တိုက်ကျောင်းကြီး၌ ကျောင်းထိုင်စာချ ဖြစ်တော်မူကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ အထူးသဖြင့် အဘိဓမ္မာည၀ါကျမ်းများ ကို ပို့ချတော်မူလေသည်။ မာတိကာ၊ ဓာတုကထာနှင့် ယမိုက်ပဋ္ဌာန်း သုံးကျမ်းတို့ကို တစ်နှစ်လျှင် သုံးကြိမ်စီ ပို့ချတော် မူလေရာ၊ စာလိုက် သံဃာများမှာ ၃၀၀-၄၀၀ ပင် ရှိကြသဖြင့် ကျောင်းပေါ်၌ နေရာထိုင်ခင်းမလုံ လောက်တော့၍ ကျောင်းဘေးရှိ မယ်ဇယ်ပင်များ၏ အရိပ်အာဝါသကို ခိုလှုံကာ စာဝါများကို လိုက်နာကြရလေသည်။စာချဆရာတော် ဦးဝိမလနှင့် အဘိဓမ္မာည၀ါသတင်းများသည် တစ်ပြည်လုံးရှိ သံဃာ့လောက ၌ မသိသူမရှိသလောက် ထင်ပေါ်ကျော်ကြား သွားလေတော့သည်။ တောင်မြို့မှာ မနေဖူးလျှင် အဘိဓမ္မ မတတ်ဟုပင် ဆိုစမှတ်ပြုကြလေသည်။ ထို့နောက် ဆရာတော် ဦးဝိမလသည် ပထမကျော်ဆရာကြီးဦးအုန်း လက်စမသတ်ခဲ့ရသော နာမည်ကျော် အဘိဓမ္မာ တံခွန်ကျမ်းကြီးကိုလည်း လက်စသတ် ရေးသားတော်မူလေသည်။ ၎င်းင်းနောက် ဆရာတော်ဦးဝိမလသည် ယမကမဉ္စရီကျမ်းနှင့် ပုထုဇနအလင်းပြ ကျမ်းများကို လည်း ပြုစုတော်မူလေသည်။
မိုးကုတ်ဆရာတော်ဦးဝိမလ၏ အဘိဓမ္မာပျားလဘို့တို့သည် ယနေ့တိုင်အောင်ပင် သောက်စို့၍ မကုန်နိုင်ပါချေတကား။


စာချ ဓမ္မကထိက ဦးဝိမလ

ဆရာတော် ဦးဝိမလသည် စာသင်သား ရဟန်းတော်များအား စာပေပို့ချတော်မူလျက်ပင် တစ်ဖက်မှလည်း လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မာတရားများကို ဟောကြားပြသတော်မူ လေသည်။ လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မတရားများကို ဟောကြားပြသတော်မူလေသည်။ လူဒါယကာ အချို့က တရားနာရုံမျှ အားမရသေးဘဲ၊ ရဟန်းတော်များအား ပို့ချတော်မူသော အဘိဓမ္မာည၀ါများကိုပင် လာရောက်နာယူကြလေသည်။


ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။



ဆရာတော်ဘုရားကြီးများ၏ မိန့်ခွန်းတော်

"မောင်ပဉ္စင်း စာချရတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောရတာလဲ ကုသိုလ်ရရုံလောက်ပဲ ရှိတယ်၊ မိမိကိုယ်တိုင် ဦးစွာပထမ ၀ိဇ္ဇာအသိဥာဏ်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်လုပ်ကိုင်ပါဦး၊ နောက်ကျမှ ဟောမှုပြောမှုတို့ကို ပြုလုပ်တာပေါ့" ဟု ...သင်္ကန်းပျားစွဲနိမိတ်ကို ဖတ်ကြားတော်မူခဲ့သော အောင်ခြင်း ရှစ်ပါးဆရာတော်ကြီးက နောင် အနာဂတ်အရေးကို မျှော်တွေးထောင့်ချင့်တော်မူလျက် တရားဟောခြင်းနှင့် စာချနေခြင်းတို့ကို ဟန့်တားတော်မူလေသည်။ အောင်ခြင်းရှစ်ပါးဆရာတော်ကြီး၏ ဆုံးမသြ၀ါဒကို မမျှော်လင့်ဘဲနှင့် ဖြုန်းခနဲကြားလိုက်ရ သောအခါ ဦးပဉ္စင်းဦးဝိမလ၏ စိတ်ထဲ၌နင့်ခနဲ ဖြစ်သွားကာ သံဝေဂများ ၀င်ရောက်လာလေတော့သည်။ ထိုအချိန်မှစတင်ကာ ညဥ့်အခါများ၌ အချိန်ထားတော်မူကာ ၀ိပဿနာ ဘာဝနာအလုပ်ကို အားထုတ်ကြိုးစားတော်မူရလေသည်။ သိတတ်သူများအဖို့ သတိပေးရသည်မှာ လွယ်ကူလှပါပေသည်။ မင်္ဂလာတရားတော်၌ သောဝစ္စဿတာ ဂုဏ်ဆိုသည်မှာ ဤကဲ့သို့သော နားထောင်လွယ်သော ဂုဏ်မင်္ဂလာပင်ဖြစ်လေသည်။ အဟောကောင်း အပြောကောင်း စာချကောင်းဟူသော ယာယီအကောင်းများကို မရှောင်လွှဲသာ သေးသဖြင့် အားလပ်သောအချိန် မရှိလှ၍ ကျိန်းစက်ချိန်မှ ဖဲ့ယူတော်မူကာ ပဓာနအလုပ်ခေါ် ၀ိပဿနာ အလုပ်ကိုလုပ်မိအောင် လုပ်ယူနေရတော့၏။ ထိုအချိန် ထိုအခါလောက်ကပင် ဆရာတော်၏ ၀ိပဿနာအဆင့်သည် တဗ္ဗော" ဟူသော ရှင်တော်မြတ်ဘုရား၏ ၀ိပဿနာအရာ ဆရာကောင်း ရှာမှီးရမည်ဟူသော ထုံးကို နှလုံး၌ ထားတော်မူလျက် ကလျာဏမိတ္တ စစ်မှန်သော ဆရာကောင်း ဆရာမွန်များကို မန္တလေး၊ မုံရွာ၊ မင်းကွန်းစသော နေရာဌာနများသို့ တရားရှာမှီးသွားရောက်ကာ တရားဘာဝနာလုပ်ငန်းများကို ကြိုးပမ်းအားထုတ်တော်မူလေသည်။


ဆရာတော်၏ ဟောဟန်များ

ဆရာတော်သည် လူတို့၏စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင် အညှီအတွယ် များ ရှင်းလင်းအောင် ကြိုတင်ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိသည်။ မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ရှိတော်မမူဘဲ၊ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ ဟောပြောလေ့ရှိသည်။ ၀ိပဿနာအလုပ် မခိုင်သေးမီ တစ်သံသရာလုံးက စွဲချက် နာလာခဲ့ရသော ဒိဋ္ဌိများကို အရင်ခွာလှီးတော်မူလေသည်။ သို့မှလည်း တရားခရီးပေါက်သည်ဟု ယူဆတော်မူလေသည်။ ဒိဋ္ဌိကိုမခွာဘဲ ဒိဋ္ဌိတန်းလန်းနဲ့ ၀ိပဿနာရှုလျှင် (ဒုဗ္ဗလ၀ိပဿနာ) အားနည်းသော ၀ိပဿနာ ဖြစ်၍ မဂ်ဖိုလ် မရောက်နိုင်။ ထိုဒိဋ္ဌိအစွဲမှာလည်း ပဋိစ္စသမုပ္ပါဒ်ကိုသာ နာနာဖိ၍ ထပ်ချည်တလဲလဲ နားစွဲအီသွားအောင် ဟောတော်မူလေသည်။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မိုးကုတ်ဆရာတော်ရဲ့ တရားစာအုပ်တွေကို ဖတ်ကြည့်မိတော့မှ ပဲ နားလည်တော့တယ်ဟု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူးရလောက်အောင် ရှင်းလင်း လှပါပေ၏။ မိလိန္ဒမင်းကြီး လက်ထက်တော်အခါတွင် ရဟန္တာ အများပင်ရှိသော်လည်း "ရှင်နာဂသိန်" သည်သာလျှင် ဥပမာ၊ ဥပမေယျ၊ ယုတ္တိ သာဓကတို့ဖြင့် ဖြေရှင်းနိုင်သကဲ့သို့ပင် ရှိတော့သည်။ အပြောအဟော အကတ်အသတ် နေရာများကိုပင် ရှင်းလင်းလွယ်ကူအောင် ဟောပြပေးတော် မူတတ်သဖြင့် ဒီခေတ် မြန်မာနိုင်ငံ၏ "အရှင်ကုမာရကဿပ" ပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ အလားတူပေါ်ထွက်ရန်ပင် မလွယ်ပါချေ ... ဟု ယနေ့ထင်ရှားနေသော စာမျက်နှာ ၆၈၀ ခန့်ရှိ မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် တအံ့တသြချီးကျူးထားသည်ကို ဖတ်ရှုရပါသည်။

မင်းကွန်းကမိုးကုတ်ချောင်း

ဆရာတော်သည် ၁၂၈၆ ခုနှစ်မှစ၍ အစ်မကြီး ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သူ ဒေါ်ဝိစာရီတို့၏ ပင့်လျှောက်ချက်ကို လက်ခံတော်မူကာ ဆောင်းရာသီလေးလတွင် မင်းကွန်းမိုးကုတ်ချောင်း၌ စာဝါများပို့ ချတော်မူလေသည်။ ထိုမင်းကွန်း မိုးကုတ်ချောင်း၌ ဆရာတော်ကို အစွဲပြုလျက် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြာသာဒ်၊ ရေတွင်းရေကန်များ တစ်နေ့တစ်ခြား စည်ကားလာလေတော့ သည်။


ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။


လယ်တီဆရာတော်ကြီး၏ ပလ္လင်ပေါ်သို့ မိုးကုတ်ဆရာတော် ရောက်ရှိခြင်း

အချိန်ကား အောက်ပြည်အောက်ရွာ ဒေသများတွင် အဘိဓမ္မာ တရားပွဲကြီးများ အလွန်ခေတ် စားလာသော အချိန်အခါ ဖြစ်လေသည်။ လယ်တီဆရာတော်နှင့်တကွ တပည့်ကြီးများဖြစ်ကြသော လယ်တီဦးပဒုမ သေက္ချတောင် ဦးတိလောကစသော နိုင်ငံကျော် ဓမ္မကထိက မထေရ်ကြီးများ တစ်ပါးဆင်း တစ်ပါးတက်ဖြင့် ဟောကြားတော်မူလေ့ရှိကြသည်။ ၁၂၉၁ ခုနှစ်တွင်မူ၊ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ်ကျင်းပမြဲ အဘိဓမ္မာ တရားပွဲအတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်တီဦးပဒုမဆရာတော်အား လာရောက်ပင့်ကြ ရာ ဆရာတော် ဦးဒုမက "ငါ့မှာ သွက်ချာပါဒဖြစ်နေပြီ၊ ငါတရားမဟောနိုင်တော့ဘူး၊ ဒါပေမယ့် မင်းတို့ အဘိဓမ္မာတရားပွဲနှင့် ထိုက်တန်တဲ့ ကိုယ်တော်လေး တစ်ပါးတော့ ငါတွေ့ထားတယ်၊ ၀ါကတော့ ၁၀-၀ါ လောက်ပဲရှိသေးတယ်" ဟုဆိုကာ မိုးကုတ်ဆရာတော်ကို ညွှန်ကြားလိုက်လေတော့ သည်။ နောက်နှစ် ၁၂၉၂ ခုနှစ်ကစတင်၍ နှစ်စဉ် တပေါင်းလဆန်း (၈)ရက်နေ့တိုင်း ညောင်လေးပင် တရားပွဲကြီးသို့ ကြွရောက် ချီးမြှောက်တော်မူရလေသည်။


အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။


ညောင်လေးပင်တရားပွဲ

ဘုန်းကြီးက စာပေကိုသာ ပို့ချနေတာပါ၊ ယခုလို မဏ္ဍပ်ကြီးတွေ ထိုးပြီး မဟောဖူးသေး ပါဘူး" ဟု ခပ်ရို့ရို့ဖြင့် စတင်ပွဲထွက်လာခဲ့သော်လည်း "မိုးကုတ်ဆရာတော်၏ အဘိဓမ္မာပန်းဝတ် ရည်" ကို ညောင်လေးပင် ဒါယကာ ဒါယိကာမများနှင့်တကွ တရားနာပရိသတ် အားလုံးတို့သည် စွဲမှတ်၍သာ နေကြလေတော့၏။ မူလပဏ္ဏာသမဟာဂေါသိင်္ဂသုတ်၌ အဘိဓမ္မာကို ဆွေးနွေးဟောကြားနိုင်သော ရဟန်းသည် သာလျှင် အင်ကြင်းတော ပမာသာသနာတော်အား တင့်တယ်စေနိုင်သူဖြစ်သည်ဟု အရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးက သူ၏ ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ အဋ္ဌကထာ ဆရာကလည်း အဘိဓမ္မာသဘာဝကို ဟောပနိုင်သော ဓမ္မကထိကသာလျှင် သာသနာ့ကျက်သရေဆောင် ဓမ္မကထိကအစစ် ဖြစ်ကြောင်းကို ဖွင့်ဆိုတော်မူလေသည်။ ရှေးအခါက အဆိုပါညောင်လေးပင်မြို့ တရားပွဲကား နှစ်စဉ်နှစ်တိုင်း ဇာတ်ရုပ်သေးများဖြင့် ကျင်းပလေ့ရှိကြရာ လယ်တီဆရာတော် ဘုရားကြီးက ..."တစ်နှစ် တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ မလုပ်ကြပါနဲ့ကွာ" ဟု မိန့်ဆိုတော်မူရာမှ ပေါ်ပေါက် လာခဲ့သော အဘိဓမ္မာတရားပွဲကြီး ဖြစ်လေသည်။ စင်စစ် ထိုပလ’င်သည်ကား လယ်တီဆရာတော် ဘုရားကြီး၏ တစ်ခုတည်းသော ဓမ္မာသနတရားပလ’င်တော်ပင် ဖြစ်လေသည်။ အစားထိုး၍ မရလောက်တော့ဘူးဟု ထင်မှတ်နေကြရာမှ မိုးကုတ်ဆရာတော်သည် လယ်တီ ဆရာတော်ကြီး၏ အဘိဓမ္မာအမွေအနှစ် ပဋိပတ်အမွေကို ဆက်လက်လွှဲပြောင်းယူလိုက်ကာ နိုင်ငံကျော်ဓမ္မကထိကအဖြစ်သို့ တစ်ဟုန်ထိုးအရှိန်မြှင့်ကာ ရောက်လာခဲ့ပေသည်။ ထိုအချိန်မှစ၍ ၀နပ္ပဂုမ္ဗေသုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံခြယ်သော အသွယ်သွယ် အဖုံဖုံ ပန်းရဂုံမှ ထုံနံ့သင်းကြည်ပန်းဝတ်ရည်တို့ကို ကိုယ်တော်တိုင် ၀အီအောင် သောက်စို့ပြီးကာမှ ဝေနေယျများစွာတို့အတွက် အဘိဓမ္မာ ပျားလဘို့ရည်တို့ကို သောက်စို့မကုန်အောင် တည်ခင်း၍ ကျွေးတော်မူလေသတည်း။

မိုးကုတ်ဆရာတော်၏ ဉာဏဒဿန ၀ိသုဒ္ဓိ

၁၂၉၄ ခုနှစ်မှစတင်ကာ ဆရာတော်သည် မိုးကုတ်မြို့မှ ကျောင်းဒါယကာကြီး ဦးလယ်+ ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ နှစ်စဉ်ပင် ကြွရောက်တော်မူကာ တရားဟောတော်မူရသည်။ တရားနာ ပရိသတ်များ တစ်နေ့တစ်ခြား များပြားကာ ပန်ချာပီ၊ူဂျာရတိစသော လူမျိုးခြားများပင် ၀ိပဿနာစခန်းသို့ ၀င်ရောက်လာကြလေသည်။ ၁၃၁၆ ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့က မိုးကုတ်မြို့တွင် "မင်္ဂလာတိုက်" ဟု ကမ္ပည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းတော်မူ၏။ (၁၃၀၃ ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိုးကုတ်မြို့၌ သီတင်းသုံး နေထိုင်တော်မူ လေသည်)။ ဆရာတော်သည် မည်သည့်မြို့၌ပင် သီတင်းသုံးသုံးနေ့စဉ်အချိန်ဇယားကို အတိအကျ ရေးဆွဲ နေထိုင်လေ့ရှိ၏။ ဘုရားဝတ်ပြုချိန်၊ တရား ဘာဝနာပွားများချိန်၊ တရားဟောနေချိန်၊ စာချချိန်၊ လမ်းလျှောက်ချိန်၊ ဆွမ်းဘုန်းပေးချိန်များကို အတိအကျပင် ပြုလုပ်တော်မူသည်မှာ အလွန်ထူးခြား တော်မူလှသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူ ကာ စစ်ဘေးစစ်ဒဏ်မှ ပို၍ စိတ်ချရန် မိုးကုတ်မြို့နှင့် ၄ မိုင်ခန့် ဝေးသောဘော်ဘတန့်ရွာသို့ ကြွရောက်သီတင်းသုံးရပြန်လေသည်။ ဘောဘတန့်ရွာသည် ပေ ၄၀၀၀ ကျော်မြင့်သော တောင်ပေါ်ရွာကလေး ဖြစ်သည်။ သဘာဝ အလျှောက် ဖြစ်နေသော ကျောက်လိုဏ်ဂူများရှိလေရာ ဆရာတော်အတွက် အခွင့်ကောင်းကြီးတစ်ခု ဖြစ်နေတော့၏။ ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံစသော ဆွမ်းဒါယိကာမများကလည်း တရားနာရင်း တရားထိုင်ရင်း ၀တ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့လာကြပြန်ရာ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆို သကဲ့သို့ ဖြစ်သွားတော့၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သေကြ ကြေကြ ငတ်ကြ လုကြ စားရမယ့်သောက်ရမယ့် ၀တ်ရမယ့် ၀ိပတ္တိကာလဆိုးကြီးကား ဆရာတော်အတွက် သမ္ပတ္တိဆိုက်လျက်ရှိတော့သည်။ အချိန်အခါနှင့် ဘ၀တန်ဖိုးကို သိကြသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်းကောင်းနေတော့ ၏။ ကံပေးသမျှ မိမိတို့နေထိုင်ရသော ဌာနသည်လည်း နိဗ္ဗာန်ဆိပ်ဦးပင် ဖြစ်တော့၏။ ဘော်ဘတန့်ရွာရှိ သယံဇာတကျောက်ဂူကြီးသည်လည်း ဆရာတော်၏ နိဗ္ဗာန်ဆိပ်ဦး တရားထူးရရာဌာနကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။ စာချရမှု၊ ဟောပြောရမှု၊ သံဃာအုပ်ချုပ်ရမှု စသော ပလိဗောဓ အနှောင်အဖွဲ့တို့ကြောင့် ၀ိပဿနာလုပ်ငန်းအလုပ် မတွင်ခဲ့သော ဆရာတော်အား ဒုတိယကမ္ဘာစစ်ကြီးသည် ဓားထမ်း၍ စောင့်ပေးနေသကဲ့သို့ ရှိတော့၏။ ဒုတိယကမ္ဘာစစ်ကြီးသာ အကယ်၍မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှစောစီး စွာ ပြီးကောင်းမှပြီးတန်ရာ၏။


ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။


ဆရာတော်၏ ထူးဆန်းသောအိပ်မက်

ဒုတိယကမ္ဘာစစ်ကြီး ပြီးစအချိန် တစ်ခုသောညတွင် ဆရာတော်သည် အိမ်မက်တစ်ခုကို မက်လေသည်။ "သီဟိုဠ်ကျွန်းသို့ ကောင်းကင်မှပျံကာ မဟာစေတီကြီးကို ဖူးမြော်ကန်တော့၍ စေတီတော် ကြီးကို ပြုပြင်သန့်ရှင်းလျက် သာသနာပြုရသည်" ဟု မြင်မက်တော်မူလေသည်။ များမကြာမှီမှာပင် သီဟိုဠ်ကျွန်း မဟာစေတီ ဂေါပကအဖွဲ့မှ ဆရာတော်ထံသို့ တောင်းပန် လျှောက်ထားသော စာတစ်စောင် ရောက်ရှိလာ၏။ ထိုစာ၏ အဓိပ္ပါယ်မှာကား၊ ချမ်းသာသော အရှင်ဘုရား၏ ဒါယကာများအား ဟောပြောကာ စိန်ဖူးတော်ကပ်လှူရန် အကြောင်းပင်ဖြစ်လေသည်။ အဖိုးအနဂ္ဃ ထိုက်တန်သော စိန်ဖူးတော်ကြီးကို ကျောက်မျက်ရတနာများ စီခြယ်ကာ တင်လှူနိုင်ခဲ့၏။

၁၃၀၇ ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့်အထူးသဖြင့် မိုးကုတ်က တပည့် ဒါယကာ၊ ဒါယိကာမများကို နှိုးဆော်ကာ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်၌လည်း ရတနာစိန် ဖူးတော်ကို တင်လှူတော်မူခဲ့လေသည်။ ထိုအချိန်မှစ၍ ဆရာတော်၏အိပ်မက်အတိုင်း အထွဋ်အထိပ် သို့ ဆိုက်ရောက်တော်မူကာ သာသနာပြုနိုင်သော အရည်အချင်းများ လုံးဝဥဿုံပြီးပြည့်စုံ သွားလေ တော့သည်။ ၁၃၁၄ ခုနှစ်တွင် အမရပူရသို့ပြန်တော်မူကာ သံဃာမွေးမြူ စာချမှုများကို ရပ်ဆိုင်းတော်မူ ၍ တရားဟောမှုကိုသာ ဦးစားပေးလျက် ပဋိစပတ္တိသာသနာကို ပြုတော်မူလေသည်။ မင်္ဂလာမဂ္ဂင်ရိပ်သာဟုပင် ကမ္ပည်းတပ်ကာ တရားဌာနကြီးတစ်ခုဖွင့်တော်မူ၏။ ယောဂီများ အတွက် နေရာကျောင်းကန် ဇရပ်များလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ်လှူဒါန်းကြလေသည်။ ဆရာတော်၏ တရားပွဲတိုင်းတွင်ကား၊ ကားကြီးကားငယ်တို့ဖြင့် တရားနာပရိသတ်ကြိတ် ကြိတ်တိုးကာ ဘုရားပွဲတော်ကြီးတမျှ စည်ကားနေလေတော့၏။



အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း

၁၃၂၄ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက် (၈-၇-၆၂) နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် တော်လှန်ရေးအစိုးရ သာသနာရေးဦးစီးဌာနမှ လှူဒါန်းဆက်ကပ်သည့် (၁၉၆၂) ခုနှစ် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူသည်။ ရန်ကုန်မြို့သို့ ရောက်ရာ၌ လမ်းခရီးတွင် ညောင်လေးပင်မြို့မှ ဒါယကာ ဒါယိကာမများ လည်း လိုက်ပါလျက်ရှိရာ ရှေးယခင်နှစ်များ ကဲ့သို့ပင် တရားဟော ကြွရောက်တော်မူပါရန် လျှောက်ထားကြသောအခါ ...။ အေး ... ငါ့ရဲ့ရုပ်နာမ် မပြိုကွဲသေးလို့ အကြောင်းညီညွတ်လျှင် ချီးမြှင့်ရမှာပေါ့၊ အမြန်ဆုံး တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ်ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်းနေပြီ}} ဟု ဆုံးမတော်မူ၏။ ရန်ကုန်မြို့သို့ရောက်ရှိခိုက် တရားများကိုလည်း ယခင်ကကဲ့သို့ပင် ဟောပြောချီးမြှောက်တော် မူလေသည်။

တစ်နေ့သောအခါ မြန်အောင် ဦးတင်၊ ဟင်္သာတ ဦးမြတို့နှင့် လမ်းလျှောက်တော်မူရာ ဟင်္သာတ ဦးမြအေး "ဝေဒနာကျော်အောင်လုပ်ထား၊ အသေက ဦးသွားလိမ့်မယ်နော်၊ လိုရင်းကိုပြော နေတယ်"ဟု သတိပေးတော်မူ၏။ ထိုနှစ် အမရပူရမြို့ ပုထိုးတော်ကြီးအနီး စင်္ကြံလျှောက်သွားရင်း နောက်ကအတူပါလာသော ဦးစောမောင်အား "ငါရန်ကုန်က ပြန်လာတာ တစ်လပဲရှိသေးတယ်၊ ဟင်္သာတဦးမြ တစ်ယောက်တော့ သေပြီ"ဟု မိန့်တော်မူ၏။ ဦးမြကား "တပည့်တော်လို ပန်းနာသမားက သေခဲပါတယ်"ဟုပင် လျှောက်ထားလိုက်သေး ၏။ (သူတော်ကောင်း ပုဂ္ဂိုလ်ကြီးတို့၏ မနောအဇ္ဈသယကား သိဖို့ခက်ခဲလှသည်။ အနီးကပ်နေသော် လည်း သိချင်မှသိကြသည်။ ဗြောင်ဖွင့်၍ပြောသော်လည်း မရိပ်စားမိကြ)။ မောင်စောမောင်၊ သူတော်ကောင်းများ ပြောတဲ့စကားကို လေးလေးနက်နက်မှတ်နော်၊ အကြောင်းမဲ့ မပြောဘူး။ "ရန်ကုန်က ဒါယကာ ဒါယိကာမတွေ ငါ့ဆီအရောက် နောက်ကျသကွာ"ဟု လမ်းလျှောက်ရင်း အမိန့်ရှိရာ ... ဦးစောမောင်က ... "အရှင်ဘုရား ရှေ့နှစ်ရန်ကုန်ကြွဦးမှာလား" ဟု လျှောက်ထားသောအခါ ... "ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ"ဟု မိန့်တော်မူ၏။ ထိုနှစ် တော်သလင်းလဆန်းပိုင်းတွင် (ညီ) ၀မ်းကွဲတော်စပ်သူ (ဦးဘတုတ်) အား ရိပ်သာအတွင်း ဈေးထောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်းနေသဖြင့် "မောင်ဘတုတ် ဒီလမ်းကို ကောင်းကောင်းမွန်မွန် ပြင်ထားတာ မြင်သွားချင်တယ်၊ မြန်မြန်ဂရိုက်ပြင်စမ်း" ဟု ဆရာတော်သည် စကားအဆန်းများကို မိန့်တော်မူလေသည်။


ဝိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။


မြွေပဒါး

ညတစ်ညတွင် တပည့် ၅ ယောက်အား ၀တ်ဖြည့်ခံတော်မူစဉ် ... "မောင်လှဘူး၊ ငါ့အခန်းထဲမှာ မြွေတစ်ကောင်ရှိတယ်၊ မင်းဖမ်းပြီး ဘေးကင်းရာသို့ သွားလွှတ်ချေ" ဟု မိန့်တော်မူသည်။ အခန်းတံခါးကို လှည့်ပတ်ရှာဖွေရာ မတွေ့ဘဲရှိနေ၍ ဆရာတော်က "ဒီမှာ မင်းမမြင်ဘူး လားကွ၊ အဲဒီလက်ကိုင်ကွင်းမှာ" ဟု ထပ်မံ၍ မိန့်တော်မူပြန်သည်။ ၀တ်ဖြည့်နေသူ တပည့် ၅ ဦးတို့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ကိုမမြင်တွေ့မိကြချေ။ ဦးလှဘူးသည် လက်ကိုင်ကွင်းကို သွားရောက်ကြည့်ရှုသောအခါ မြွေမှာ မာန်ဖီနေသည်ကို တွေ့မြင်ရလေသည်။ တစ်ကောင်လုံး ရဲရဲနီနေ၍ ဆေးဝါးကုသရာ၌ အဆိပ်ကိုပင်နိုင်လှသော ဦးလှဘူးသည်ပင် ထိတ်လန့်သွားတော့၏။ အလွန်ရှားပါး၍ အဆိပ်ပြင်းထန်သော အရပ်အခေါ် (မြွေပဒါး) မျိုးဖြစ်သည်။ ဦးလှဘူးလည်း အိုးတစ်လုံးတွင်ထည့်ကာ လွှတ်လိုက်ရလေသည်။ နောက်မှ စဉ်းစားမိသည်ကား အထက်ပါမြွေသည် အလွန်ပြောင်ချောနေသော အခန်းတံခါးကို ဘယ်လိုများ တက်ရောက်နေနိုင်ပါသလဲ။ (မာန်နတ်၏ကိုယ်စားလှယ် နဂါးမင်းလာရောက်၍ ပင့်လျှောက်ခြေင်းပင်ဖြစ်ပါလိမ့်မည်။ စင်စစ်ကိုမြွေသည် နဂါးပင်တည်း။) တော်သလင်းလကုန်လောက်တွင် ကျောင်းဒါယကာ ဦးကျော်သိန်းအား "မောင်ကျော်သိန်း မင်းလဲ ဒီလိုလာနေဦး၊ အခြားအရောင်းအ၀ယ်တွေ ကိစ္စတွေကို ဘာမှမလုပ်နဲ့ဦး၊ ကဲ ... လာ မောင်ကျော်သိန်း၊ ဒီရိပ်သာအတွင်းက အဆောက်အအုံတွေ လျှောက်ကြည့်ရအောင်"ဟု ခေါ်သွားကာ လျှောက်ကြည့်တော်မူရင်း "ဒီအဆောက်အအုံတွေ အမြန်ပြီးအောင်လုပ်၊ ငါကြည့်သွားချင်တယ်" ဓမ္မာရုံအပေါ်ထပ်သို့ ပြန်ရောက်သည့်အခါတွင်လည်း "ဒီအဆောက်အအုံတွေ ပြီးစီးပြီး နေသားတကျရှိ နေတာကို ငါကြည့်သွားချင်တယ်" ဟု ပန်းရန်ဆရာ ဦးလှနှင့် ဦးကျော်သိန်းတို့အား မိန့်တော်မူ၏ ဆရာတော်ကား ကျန်းမာဝဖြိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။


သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာ "သီတင်းကျွတ်ပြီဆိုတာ သေခါနီးသွားတာပဲ လို့ မှတ်ပါ" ဟု ဆုံးမတော်မူ၏။ "သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်ရားလိုသေးသလား၊ ကိုယ့်ကိုယ် ကို သိအောင်လုပ်ပါ၊ သိလို့ရှိရင် အိမ်ကိုမှာခဲ့၊ ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့လို့၊ သေမှ အရှက်ကွဲမခံ နှင့်" စသည်ဖြင့် "သပိတ်သွတ်လွတ် တရားလို့မှတ်" ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြတော်မူ ၏။ ထို့နောက် "ဒကာ ဒကာမတွေ ဒီကျောင်းပေါ်မှာ အလောင်းကောင် အသုဘကြီး တင်ထားရင် ဘာတွေထွက်လာမလဲ" ဟု လပြည့်နေ့တရားကို ဟောကြားတော်မူ၏။

သီတင်းကျွတ် လပြည့်ကျော် (၁) ရက်

ည (၁၂) နာရီ အချိန်တွင် ဆရာတော်အခန်းတွင်းမှ တစ်စုံတစ်ယောက်နှင့် စကားပြောနေသံ ကို မသဲမကွဲကြားနေရ၏။ အခန်းအပြင်ဘက်တွင် အိပ်နေသော ဦးလှဘူးက နားစွင့်နေခိုက် ဆရာတော်၏ အခန်းတွင်းမှ အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍အံ့အား သင့်ကာ ရှိနေ၏။ သို့နှင့် ဦးလှဘူးက နောက်ညတွင် ၀တ်ပြုသူအား သတိဝီရိယထား၍ စောင့်ကြည့် ကြရန် မှာထားတိုင်ပင်ကြ၏။

သီတင်းကျွတ် လပြည့်ကျော် (၂) ရက်

ရန်ကုန်မှ ၀န်ကြီးဟောင်းများဖြစ်ကြသော မြန်အောင်ဦးတင် ဦးအောင်ဇံဝေနှင့် ကျားပျံ ဦးသန်းမောင်တို့လည်း ရောက်ရှိလာကြရာ အထူးဦးစားပေးဟောပြောတော်မူ၏။ "ဦးတင် ဘာပူစရာရှိသတုံး၊ ဦးသန်းမောင်လဲ အသက်တော်တော် ကြီးပြီ၊ ဦးတင်လဲ အသက်ကြီးပြီ၊ ဦးအောင်ဇံဝေ ဘုန်းကြီးတို့လဲကြီးပြီ၊ နောက်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံး ဘုရားလို့မေးလို့ရှိရင် ကွယ်ချိန်တန်လို့ ကွယ်တာပေါ့၊ ရထားကထွက်ခါနီးနေပြီ၊ မီရုံကလေးရှိတယ်၊ တက်မိရုံကလေးရှိတယ်၊ ရထားထွက်လု နီးပြီဆိုတာ ရိပ်မိကြပလား၊ ဒီသနာမရှိကြတော့ဘူး၊ ကွယ်တော့မယ်" ဟူ၍လည်းကောင်း ဟောတော် မူပြန်သည်။ ည (၁၂) နာရီအချိန်တွင် ၀င်းထိန်သောအလင်းရောင်ကို တွေ့မြင်ရပြန်သည်။ အခန်းတွင်းမှ လည်း စကားပြောသံကြားရ၍ ဦးလှဘူးက အခန်းတံခါးကိုဖွင့်ကြည့်ရာ ဆရာတော်အား ထိုင်လျက် ပင်ဖူးတွေ့ရ၏။ ဦးလှဘူးက "ဆရာတော် ဘယ်သူနှင့်စကားပြောနေတာလဲဘုရား" ဟု လျှောက်ထားသော အခါ "လှဘူးရာ၊ မင်းကလဲ သိရက်သားနှင့် ထပ်မေးနေပြန်ပါပြီ" ဟုသာ မိန့်တော်မူလေသည်။ ဦးလှဘူးစိတ်ထဲတွင် မတင်မကျရှိသော်လည်း နောက်ထပ် မလျှောက်ဝံ့ဘဲ အခန်းအပြင်ဘက် သို့ ထွက်လာခဲ့ရ၏။ ဆရာတော်ကား ခန္ဓာဝန်ချတော့မည်၊ နတ်ဗြဟ္မာတို့ကပင် နှုတ်ခွန်းဆက် တရားနာလာနေပါပြီကော။

သီတင်းကျွတ် လပြည့်ကျော် (၃) ရက်

မိုးကုတ်မြို့မှ ဦးချစ်လှနှင့် ဇနီးတို့ရောက်ရှိလာကြ၏။ (၃) ရက်နေ့ သားရှင်ပြု (၄) ရက်နေ့ ကထိန်ခင်းရန်ဖြစ်သည်။ ကျောင်းတိုက် ဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညပ်လျက်ရှိသည်။ ထိုညတွင်လည်း ဆရာတော်၏ ကျောင်းပေါ်သို့ မီးလုံးကြီးများဆင်းသွားရာ မကြာမီ ၀င်းခနဲ အရောင်ကြီးပျံတက်သွားသည်ကို ကထိန်အတွက် ချက်ပြုတ်နေကြသူများ တွေ့မြင်ကြရပြန်၏။ ညပိုင်း ခပ်စောစောက ဆရာတော်အား ၀တ်ပြုပြီးအချိန်တွင် ဦးတင်ငွေ၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်တို့အား "မနက်ဖြန် သီတင်းကျွတ် လဆုတ် (၄) ရက်နေ့ နံနက် (၅) နာရီအရောက် အားလုံး လာခဲ့ကြ ဘယ်ကလောက် အရေးကြီးကြီး အကြောင်းရှိတယ်" ဟု မိန့်တော်မူ၍ ဦးတင်ငွေ အိမ်ရောက်လျှင်ရောက်ခြင်း ဦးစောမောင်ကိုပြောရာ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးစောမောင်တို့ အိမ်သားအားလုံး ဆရာတော်ထံ ရောက်ရှိလာကြတော့၏။

စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။

http://buddhism.goldenlandpages.com/images/stories/photo/Mogoke/04-L.jpg


သီတင်းကျွတ် လပြည့်ကျော် (၄) ရက် ဆရာတော်၏ နောက်ဆုံး တစ်နေ့တာ


ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ ဗုဒ္ဓဟူးနေ့။ ရှင်ပြုကထိန်ပွဲရှိနေ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူအစည်ကားဆုံးနေ့ဖြစ်သည်။ ဆရာတော်က ယမန်နေ့ကပင် ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့်တရားဟောခဲ့ပြီးဖြစ်သည်။ နံနက် (၅) နာရီခန့် တွင် ကျောင်း အစ်မကလေး ဒေါ်တင်လှနှင့် ဒေါ်ဥမ္မာတို့ ကွေကာအုပ်ဖျော်၍ ဆရာတော်ကျောင်းသို့ ၀င်လာကြသည်။ ကျောင်းအစ်မ ဒေါ်တင်လှအား "ဟဲ့ ... တင်လှ၊ သွား ... ငါ့အိပ်ရာပြင်ထားချေစမ်း" ဟု အချိန်မဟုတ် မခိုင်းစဖူးခိုင်း၍ ဒေါ်တင်လှ အံ့အားသင့်နေ၏။ လူတွေကရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟု သာထင်သည်။ "တင်လှ နင်တို့အသက်အများကြီးငယ်သေးတယ်၊ လောကဓံတိုက်ခတ်ဖို့ အများကြီးရှိသေး တယ်" စသည်ဖြင့် သံသရာခရီးသည် အကြောင်းနှင့် မှီခိုအားထားရာ သစ်ပင်ကြီးအကြောင်းဟောရင်း ပြောရင်း "ဟဲ့ တင်လှ၊ သစ်ပင်အိုကြီးဟာ ဘယ်သူနဲ့တူသလဲ" ဟု မေးလေသည်။ ဒေါ်တင်လှက "မှန်ပါ၊ သစ်ပင်အိုကြီးဟာ ဆရာတော်ဘုရား အမိန့်ရှိဖူးတဲ့အတိုင်း ဆရာတော် ဘုရားနှင့်တူပါတယ် ဘုရား" ဟု လျှောက်ထားရ၏။ တစ်ဖန် ကိုကျော်သိန်းကိုခေါ်၍ "ကျော်သိန်း လာ ...၊ ဒီရှေ့တိုးဦး၊ မင်း သေသေချာချာ နားထောင်၊ မင်း ငါမရှိတဲ့နောက် မင်းမှာ လောကဓံအမျိုးမျိုး အတိုက်ခံရလိမ့်မယ်၊ မနိုင် နိုင်အောင် တရားကိုရှုပေးထား၊ မင်းမှာ ရှိသမျှပစ္စည်းများကို နှင့်စွန့်လွှတ်ထား၊ ပေးစရာ ရှိတဲ့ ပေးလိုက်ကြားလား၊ လောကဓံလှိုင်းပိမယ်" ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်လှန်၍ မလျှောက်ထားဝံ့ကြ။ ရုပ်လက္ခဏာနှင့် အသံတော်သည် အရင်ကအတိုင်းပင်ရှိ၍ မည်သို့ ဟု မထင်တက်အောင် ရှိနေကြ၏။ သို့နှင့်ပြန်လာပြီးလျှင် (အမြဲဝတ်ပြုနေသူ) ရှေ့မီနောက်မီ ဦးသာဆိုင်အား အကျိုးအကြောင်း ကို ပြောပြရာ "ဆရာတော် ရန်ကုန် မလို့ ဖြစ်မှာပေါ့" ဟုသာ မှတ်ချက်ချလေသည်။ မှန်ပါပေ၏။ ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။ ဆရာတော်သည် ကွေကာ အုပ်ဘုန်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေးအတွက် ကသွားလေသည်။ မိုးကုတ်မြို့မှ ဦးချစ်လှ ဒေါ်သောင်းတို့က သားရှင်ပြုကထိန် ဆွမ်းကျွေးအတွက် နံနက် (၆) နာရီမှာစ၍ မင်္ဂလာရာမကျောင်းတိုက်တွင် သံဃာတော် အပါး (၂၀၀) ဆွမ်းကပ်လှူကြ၏။ ဆရာတော်ကား မဘုန်းပေး။ ဆရာတော်ကြီးများအပါးတွင် တရားအာရုံဖြင့် နေထိုင်တော်မူလေသည်။ သံဃာတော်များ ဆွမ်းဘုန်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းများကို လိုက်၍ လိုက်၍ ဆက်ကပ်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ကျောင်းပေါ်မှဆင်းလျက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများ အပေါ်သို့ အရောက် ရွှင်လန်းဝမ်းမြောက်စွာ အခေါက်ခေါက်အခါခါ သွားချည်ပြန်လှည့် နှုတ်ဆက်တော်မူ လေသည်။ အလှူပွဲကြီးပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက်သို့ ကူးလာ၏။"အင်း ... ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ"ဟု မိန့်တော်မူရာ ဦးလှဘူးက နားမလည်၍ "မင်းတယ်အတဲ့ကောင်ပဲ"ဟုသာ ပြုံး၍ မိန့်တော်မူလေသည်။

နောက် ဒေါ်တင်လှအား ကော်ဖီကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ၏။ ကော်ဖီ ဘုဉ်းပေးပြီးလျှင် – "တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူးထွေထွေ မမက်ဖူးလား" ဟု မေးတော်မူ၏။ ဒေါ်တင်လှက ရိပ်သာထဲမှာ စေတီကြီးတစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ မီးခိုးများအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော်အပေါ်ပိကျသော်လည်း ဆရာတော်မှာ မည်သို့မျှ မဖြစ်ကြောင်း လေဆာက်ထားလေသည်။ ထိုအခါ ဆရာတော်က "ဟ ... တင်လှရ၊ နင့်အိပ်မက်က တယ်စမ်းပါကလား၊ ပုဗ္ဗနိမိတ်ဆို တာ ဒီလိုဖြစ်ပေါ်စမြဲပဲ၊ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကိုနာနာဖိပြီး အားထုတ်ကြ" ဟု အမိန်ရှိလေ သည်။ ထို့နောက် ခဏစောင့်ဦးဟု ပြောကာ အခန်းတွင်းသို့ သွား၏။ ပြီးလျှင် သင်္ကန်းလဲကာ စောစောက၀တ်ရုံထားသော ဧကသီသင်းပိုင်နှင့် အံသကိုဋ် တစ်ထည်ကို ကိုင်လျက်ထွက်လာ၏။ "ရော့ ... ဒီသင်္ကန်းတွေ နင့်ဇရပ် ယူသွားပြီး၊ သိမ်းထား၊ ရေလျှော်မပစ်နှင့်"ဟု မိန့်ကာ ပေးတော် မူလိုက်လေသည်။ ၎င်းနေ့နံနက်ပိုင်း (၁၁) နာရီခွဲတွင် ကော်ဖီနှင့် ဆွတ်ပြုတ် ဘုဉ်းပေးတော်မူသေး၏။ ဆရာတော်သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော် ဟောပြော သော စကားများကို နားမလည်ရှာကြ၊ အံ့အားသင့်စရာတွေချည်း ဖြစ်နေတော့၏။ ဆရာဝန်ခေါ်ရန် ဒကာများက လျှောက်ထားကြရာ " ကိစ္စမရှိပါဘူး မနေ့က ပန်ကာလေမိ သွားလို့ အခိုးနည်းနည်းငုပ်တာပါ၊ အဲလေ ဆရာဝန်ပင့်ချင်လဲ တစ်နာရီခွဲမှ ပင့်ကြ" ဟု မိန့်တော်မူ၏ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိအတိုင်းပင်။ ခန္ဓာဝန်ကြီး တယ်ပြီးလေးတာပဲ၊ "ကဲ ... ဦးသန်းမောင်၊ ကျုပ်ကို ၀မ်းချူပေးစမ်းပါဦး" ဟု ဆိုကာ ကုဋီသို့ ကိုယ်တိုင်ကြွတော်မူသည်။ အတန်ကြာသောအခါ ပရိသတ်အများအပြား ကျောင်းပေါ် သို့ ရောက်လာကြ၏။ ၁၂ နာရီ ကျော်ကျော်လောက်တွင် ဒေါက်တာဆိုနီနှင့် ဆရာဝန်ကြီး စောမြမောင်တို့လည်း ရောက်ရှိလာကြ၏။ "ကဲ ... နောက်ထပ် ဆေးထိုးစရာရှိရင် ထိုးကြ၊ အချိန်မရှိတော့ဘူး၊ မင်းတို့ဆေးလဲ ဘာမျှမတတ်နိုင်ပါဘူး"


အချိန်ကား နေ့တစ်နာရီရှိလေပြီ

အားငယ်သော မျက်နှာများနှင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ကြည့်ရှုဖူးမြော်နေကြစဉ် "ကဲ ... အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမယ့် ဝေဒနာကို ကြည့်ထားကြ၊ ဒီခန္ဓာရှိရင် ဒီဝေဒနာကို သတ္တ၀ါအပေါင်းတိုင်းခံစားရမယ်" ဟု မိန့်တော်မူပြီးလျှင် ခပ်သိမ်းသတ္တ၀ါ၊ များသူငါကား၊ မရဏမင်း၊ သူ့လက်တွင်းသို့၊ မယွင်းမှန်စွာ၊ အနိစ္စချည်း၊ ကာလဘယ်ခါ၊ ဘယ်နေ့မှာဟု ချိန်ခါနေ့ရက် ချိန်းအချက်လျှင်၊ သက်သက်ဘယ်မှာ၊ မရှိပါခဲ့၊ မှန်စွာ မုချ၊ သေကြရလိမ့်၊ မြင်ကြခုပင်၊ သေပွဲဝင်ခဲ့၊ ယခင်ရှေးခါ၊ ထိုနည်းသာတည်း၊ သတ္တ၀ါထုံးတမ်း၊ စဉ်လာလမ်းမို့ ဖြောင့်တန်းသေချာ၊ မလွတ်ပါတည်း - ဟူသော "ဓမ္မသံဝေဂ" ရှိခဲ့သော်လည်း ... အရိယာသခင် အရှင်သူမြတ်တို့သည် ဒီဘ၀ ဒီခန္ဓာ၌ အစွဲအလမ်း ကင်းတော်မူကြ၏။ အကယ်၍ ထိုစွဲလမ်းမှု ဥပါဒါန်ရှိသေးလျှင်သာ နောင်ဘ၀ နောက်ခန္ဓာသည် ဇာတိဟူသော ဖြစ်ပေါ်မှု ဥပါဒါန်ဖြစ်ပေါ်ရန် ထင်ရှားပေသည်။ လောင်စာသိမ်း၍ ငြိမ်းလေပြီးသော မီးသည် အဘယ်အရပ်သို့ ရောက်သွားသည်ဟု မဆိုရလေသကဲ့သို့ ... မိုးကုတ်ဆရာတော် ဘုရားကြီးသည်လည်း ခန္ဓာနှင့် ဥပါဒါန် ကျန်မရှိတော့ဘဲ ... ၁၃၂၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ နေ့တစ်နာရီ မိနစ် (၂၀) အချိန်တွင် (အနုပါဒိသေသ) ခန္ဓာဇာတ်သိမ်း၍ အကင်းမဲ့ အေးငြိမ်းတော်မူခြင်းသာ ဖြစ်ပါသတည်း။

နောက်ဆက်တွဲထူးခြားချက်များ

(က) သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ ည (၉) နာရီအချိန်တွင် ဥတုဇရုပ်ကလာပ်တော် အတွင်းသို့ ဆေးများသွင်းရာ ပေါင်ရင်း သွေးကြောမှ ပကတိ အရှင်ကောင်ကဲ့သို့ သွေးစိမ်းများ တရှင်ရှင်ထွက်၍ အပေါ်သို့ လေးလက်မခန့် ထောင်ပန်းနေခြင်းများ။ ဆက်လက်၍ (၇) ရက်လုံးလုံး ဆေးများသွင်းရာ သွေးများပန်းထွက်နေပြန်ခြင်း။

(ခ) ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၀) ရက် နေ့ နိဗ္ဗာန်ကျောင်းချကာ၊ ၁၃၂၄ ခု၊ ပြာသိုလဆန်း (၉) ရက်နေ့ (၁၂) နာရီအချိန် နိဗ္ဗာန်ကျောင်းမှ သာဓုကိဠနသဘင်သို့ အလောင်း တော်ကို ပို့ဆောင်ကြသည်။

တတိယအကြိမ် ပျားစွဲပြန်ခြင်း

၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့ ညနေ (၂) နာရီ အချိန်တွင် ရုပ်ကလာပ်တော်ကို ဗဟိုမဏ္ဍပ်မှ ဦးကျော်သိန်း - ဒေါ်တင်လှတို့၏ ဧည့်ခံမဏ္ဍပ်သို့ ပင့်ဆောင်လာကြစဉ် လူအုပ်ကြီး အပေါ်မှ ပျားကောင်များပျံသန်းလိုက်လာပြီးလျှင် ရုပ်ကလာပ်မရောက်မီ အချိန်ပိုင်းတွင် မဏ္ဍပ်မုတ်ဆိပ်တွင် ပျားစွဲပြန်သည်။ (အလောင်းတော် မကြွလာမီ ၂ မိနစ်အတွင်းဖြစ်သည်။) မိုးကုတ်ဆရာတော်နှင့်ပျားသည် တတိယအကြိမ်မြောက် အမှတ်အသားကြီး တစ်ခုဖြစ်လာသည်။ ပြာသိုလဆန်း (၁၅) ရက် (လပြည့်နေ့) ညနေ (၂း၃၀) နာရီအချိန်တွင် မီးသင်္ဂြိုဟ်မည်ရှိရာ ရုပ်ကလာပ်တော်မှာ ပကတိကျိန်းစက်နေသကဲ့သို့ အသားအရေများ ၀ါဝင်းပျော့အိနေပြီး မျက်လုံး တော်မှာ ပကတိအတိုင်း အကြည်ဓာတ်မပျက်ဘဲ တည်ရှိနေလေသည်။

မီးသင်္ဂြိုဟ်ခြင်း

လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါးရှိသည်။ ဤကဲ့သို့ ရှိနေသော ကြောင့် ရုပ်ကလာပ်တော်ကို မီးမသင်္ဂြိုဟ်ရက်ဘဲရှိနေကြရာ၊ သံဃာတော်များ တစ်ထပ်၊ မီးသတ်ရဲ ဘော်များ တစ်ထပ်၊ ပြည်သူ့ရဲတပ်ဖွဲ့တစ်ထပ် ဤကဲ့သို့ အထပ်ထပ် ၀န်းရံ၍ မီးသင်္ဂြိုဟ်နံ့သာထင်း များကို ရုပ်တရက်မီးမစွဲဘဲရှိနေပြန်၏။ ထိုအခြေအနေတွင် သံဃာတော်တစ်ပါးက ဓာတ်ဆီပုံးလိုက်ပက် ဖြန်းလိုက်သောအခါ မီးတောက်တက်မလာဘဲ မီးခိုးလုံးများသာ ၀ုန်းခနဲ ထွက်လာပြီးနောက် အချိန်အတော်ကြာမှ ဖြုန်းခနဲ မီးထတောက်သဖြင့် သံဃာတော်များ အုတ်ပလ’င်ပေါ်မှ ဆင်းပြေးရလေတော့သည်။

သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။


ရုပ်ကလာပ်မှ အပုပ်နံ့မထွက်ခြင်း

989

ဆရာတော်၏ ရုပ်ကလာပ်တို့ကို မီးသင်္ဂြိုဟ်ရန် စီစဉ်နေသော်လည်း အပုပ်နံ့လုံးဝမထွက်ဘဲ ရှိနေ၏။ နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။ (သုတ္တနိပါတ် အဋ္ဌကထာ၊ အာမဂန္ဓ နှာ – ၃၀၃) နိက္ကိလေသာနံ၊ အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တို့၏။ မတသရီရမ္ပိ၊ ပရိနိဗ္ဗာန်စံပြီး သော အတ္တဘောကိုယ်သည်လည်း၊ ဒုဂ္ဂန္ဓံ၊ အပုပ်နံ့သည်။ နဟောတိ၊ မထွက်ပါချေ။ထို့ကြောင့် ရဟန္တာသေလျှင် အပုပ်နံ့မထွက်။


ဓာတ်တော်များတွေ့ရှိခြင်း

ည (၉) နာရီ အချိန်လောက် အပူဓါတ်လျော့ချိန်တွင် အုတ်ပလ္လင်မှ တွေ့ရှိရသမျှသော အရာဝတ္ထုများကို သိမ်းကျုံးကာ အိတ်များနှင့်ထည့်ပြီးလျှင် ဦးအောင်ကျော် ယခု (အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး) တို့မှ ကြီးမှူး၍ ကျောင်းတိုက်သို့ လုံခြုံရေးအတွက် အမြန်ပို့လိုက်ရ၏။ နံနက်လင်းသောအခါ အထူးကြပ်မတ်ပြီး အစောင့်များချထားသော်လည်း ဓါတ်တော်များ ဖူးတွေ့ရသဖြင့် လူထုကြီးမှာ အလုအယက် တိုးဝှေ့ယူကြရာ အုတ်ပလ’င်ပါ ပျက်စီးသွားတော့သည်။ ဓါတ်တော်များ ကျတော့မှပဲ ရဟန္တာမှန်း သိရှိကြတော့၏။ ရဟန္တာ အရှင်မြတ်တို့မှာ ဤမျှလောက်ပင် သိုသိပ်တော်မူကြပါပေ၏။


ပြာသိုလပြည့်ကျော် (၃) ရက်

ရိပ်သာကျောင်းအတွင်း ပို့ထားသော ပစ္စည်းများကို တပည့် ဒါယကာ၊ ဒါယိကာမများနှင့် ရဟန်းသံဃာတော်များ ရှေ့မှောက်တွင် ရှာဖွေကြသောအခါ မီးမစွဲဘဲကျန်နေသော သူငယ်အိမ်မပျက် မျက်လုံးတော်အစုံနှင့် ချိတ်ဆက်ဆက်နေသော လက်ဆစ်အရိုးတော်များ ဓာတ်တော်များ၊ သွးတော် များကို ဖူးတွေ့ရလေသည်။ ထိုအခါကျတော့မှပင် လွန်ခဲ့သော (၇)လခန့်က မိန့်ဆိုတော်မူခဲ့သော စကားတော်တရား တော်များကိုလည်းကောင်း၊ သီတင်းကျွတ် လပြည့်နေ့က ဟောကြားတော်မူသော "ငါသေလျှင် သပိတ် မသွတ်နှင့်" ဟူသော တရားတော်၏ အဓိပ္ပါယ်ကိုလည်းကောင်း နှလုံးပိုက်မိကြတော့သည်။

ရဟန်းရှင်လူတို့သည် ထိုအခါကျမှပင် အလွန်ကျေးဇူးများမြတ်သော လောကုတ္တရာ ရတနာ မြတ်ကြီးဖြစ်ကြောင်း အလေးအနက် ယုံကြည်၍ ၀ိုင်းအုံပူဇော်၍မပြီး ချီးကျူးတသ၍ မကုန် ကျေးဇူး ဂုဏ်ကို အောက်မေ့၍ မဆုံးနိုင်အောင် ရှိကြတော့သည်။


ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊

သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။

လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။










http://www.mogokdhamma.com/index.php?option=com_content&view=article&id=61&Itemid=65



မနက်ဖြန် ၈.၈.၂၀၁၀ သည် အာဏာကိုသာ ကိုးကွယ်ဆည်းကပ်သော အမနုဿ စစ်အာဏာရှင်နှင့် လက်ပါးစေများ က ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြခဲ့သော ရဟန်းရှင်လူ ကျောင်းသားလူငယ်ကလေးများ ရာပေါင်းများစွာကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သော ၈ လေးလုံး အရေးတော်ပုံကြီး ရဲ့ ၂၂ နှစ်မြောက် နေ့ဖြစ်ပါသည်။ အာဏာရှင်တွေကို တော်လှန်ဖို့ ခေတ်အဆက်ဆက်က အသက်၊ သွေး၊ ဘဝ ၊ ရာထူးစည်းစိမ် တွေကို ပေးဆပ်အနစ်နာခံသွားတဲ့ ရဟန်း အာဇာနည်၊ လူ အာဇာနည်၊ ကျောင်းသား အာဖာနည် အပေါင်းတို့ရဲ့ ရဲရင့်မှု နဲ့ ဂုဏ်ကျက်သရေ ဟာ စကားလုံးများဖြင့် ညွှန်းဆိုဖွဲ့ဖော်ပြလို့ မရနိုင်လောက်အောင် ဖြစ်ပါတယ်။

သမုတိလည်း မပယ်နဲ့ ပရမတ်လည်း မကွယ်စေနဲ့ ဆိုတဲ့ ဆရာတော်ကြီးများ၏ သြဝါဒ ကိုလေးစားလိုက်နာသော အားဖြင့် လေးစားဦးညွတ် ထိုက်သူတွေကို လေးစားဦးညွတ် ဂုဏ်ပြုလိုက်ရပါသည်။ ကျွန်တော် အနေနဲ့ မြတ်ဗုဒ္ဓ ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ် ကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သည့်အပြင် မိုးကုတ်ဆရာတော်ကြီး ၏ အသံတော်၊ ညာဏ်တော် ကိုလည်း ဖော်မပြနိုင်လောက်အောင် ကြည်ညိုလေးစားသူဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ်ကြီး လည်း အဓွန့်ရှည်ပြန့်ပွားစေ၊ လေးစားကြည်ညိုထိုက်သော သာသနာ့ အာဇာနည်၊ လူ အာဇာနည်များ ကိုလည်း လေးစား ဂုတ်ပြုသောအားဖြင့် စုစည်းတင်ပြလိုက်ရပါသည်။


ဘလော့ခ်ဂါ အလင်းဆက်
၇. သြဂုတ်လ.၂၀၁၀်

ဆက်လက်ဖက်ရှုရန်...