Monday, November 29, 2010

ဖိလစ်ပိုင် အာဇာနည်ခေါင်းဆောင်ကြီး ဟိုဆေးရီဇော် (Dr. José Rizal) ၏ သမိုင်းတင် အဆိုအမိန့်များ

José Rizal

Filipino patriot, medical doctor and man of letters

(1861-96)



ကျွန်တော် အလယ်တန်းကျောင်းသားဘဝကတည်းက လေးစားအားကျခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များတွင် တဦးအပါအဝင်ဖြစ်သော ဖိလစ်ပိုင် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဆေးရီဇော် ( Jose Rizal) ၏ဘဝနှင့် ဒဿနမှ စိတ်ဝင်စားဖွယ်၊ အဖိုးတန်ပြီး ခွန်အားတက်စေသောအတွေးအခေါ်များကို ရှာဖွေ၊ လေ့လာ၊ စုဆောင်းပြီး နိမ့်ပါးသောဥာဏ်ရည်ဖြင့် ဘာသာပြန် တင်ပြ လိုက်ပါသည်။


ဘလော့ခ်ဂါ အလင်းဆက်
၂၈.နိုဝင်ဘာလ.၂၀၁၀

လူဆိုတာ ခက်ခဲနက်နဲတဲ့တာဝန်တွေကို ကြီုးပမ်းထမ်းဆောင်ဖို့ ကမ္ဘာပေါ်ရောက်လာတာ။ ကိုယ့်အသက်အန္တာရယ် ဖြစ်မှာကြောက်လို့ ဒီတာဝန်တွေကို တိမ်းရှောင်နေရင်း လူ့ပြည်မှာ လူဖြစ်ရကျိုး နပ်ပါတော့မလား။

လူဆိုတာ တသက်မှာ တခါဘဲသေတယ်။ ဒီလို နှစ်ခါပြန်မရတဲ့ ရတောင့်ရခဲ အခွင့်ထူးမျိုးကို အမိနိုင်ငံအတွက်သာ အသုံးချသင့်တယ်။

သေနေတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ လူတယောက်သေသွားလို့ကော ဘာများပိုထူးခြားသွားမှာလဲ။

ဂျုပီတာ (Jupiter) သည် သူချေမှုန်းချင်သော ရန်သူကို ပထမဦးစွာ ရူးသွပ်အောင်ပြုလုပ်သည်' ဆိုတဲ့ စကားပုံတခု ရှိခဲ့ပါတယ်။

ကျွန်တော့်စာအုပ်ကို ရိုက်ပြီးရင် နိုင်ငံခြားကနေ ဖြန့်လို့လည်းရပါတယ်။ ဒီလိုလုပ်လိုက်လို့ ကျွန်တော့်စာအုပ်ရဲ့ လေးနက်မှု လျော့သွားမှာပေါ့။ တန်ဖိုးမရှိ ဖြစ်သွားမှာပေါ့။ ရီဇော် တယောက်စာအုပ်ထဲမှာ ရေးထားလိုက်တာ ရဲရဲတောက်လို့။ ဒါပေမယ့် လူကိုယ်တိုင်ကတော့ သေမှာကြောက်လို့ နိုင်ငံခြားက ပြန်မလာရဲရှာဘူးလို့ ဖိလစ်ပိုင်ပြည်သူတွေက ရယ်သွေးကြမှာပေါ့။ ဒီအဖြစ်မျိုးကိုတော့ ကျွန်တော် လုံးဝ အဖြစ်မခံနိုင်ဘူး။

(သူ၏ " Noli Me Tangere " (ပျောက်ဆုံးနေသော သုခဘုံ ) ဝတ္ထုစာအုပ်နဲ့ ပတ်သတ်ပြီး သူ့မိတ်ဆွေ Maximo Viola အားပြောပြချက်မှ)


Crowns of flowers and laurels are the inventions of free people.

Letter to Blumentritt (13 April 1887)

ပန်းတွေ၊ သံလွင်ခက်တွေနဲ့ သရဖူများဟာ လွတ်လပ်သူတွေရဲ့ တီထွင်မှုများသာဖြစ်သည်။


Crowns of flowers and laurels are the inventions of free people. But perhaps your children may gather the fruit of what the father planted. Letter to Blumentritt (13 April 1887)

ပန်းတွေ၊ သံလွင်ခက်တွေနဲ့ သရဖူများဟာ လွတ်လပ်သူတွေရဲ့ တီထွင်မှုများသာဖြစ်သည်။ ဒါပေမယ့် အဖေစိုက်ခဲ့တဲ့ အပင်ကသစ်သီးတွေကို သားသမီးတွေ ဆွတ်ခူးနိုင်ကောင်းနိုင်ပါလိမ့်တယ်။


Each one writes history according to his convenience.

Letter to Blumentritt, written at Leipzig,(22 August 1886)

လူတွေဟာ သူတို့၏ အခါအခွင့်အရ သမိုင်းကိုရေးကြတာပါ။




We want the happiness of the Philippines, but we want to obtain it through noble and just means. If I have to commit villainy to make her happy, I would refuse to do so, because I am sure that what is built on sand sooner or later would tumble down.

Letter to Blumentritt, (31 January 1887)

ကျွန်တော်တို့ဟာ ဖိလစ်ပိုင်လူမျိုးတွေ ပျော်ရွှင်တာကို လိုချင်ပါတယ်။ ဒါပေမယ့် မြင့်မြတ်ပြီး တရားသောနည်းလမ်းနဲ့သာ အလိုရှိပါတယ်။ ပျော်ရွှင်မှုအတွက် ယုတ်မာသောနည်းလမ်းကို ကျုးလွန်မိပါက ကျွန်တော်ခွင့်ပြုလက်ခံလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် 'သဲပေါ် ဆောက်လုပ်တဲ့ အဆောက်အဦးမှန်သမျှဟာ အနှေးနဲ့အမြန် ပြိုပျက်မှာ မို့လို့ပါဘဲ။


One only dies once, and if one does not die well, a good opportunity is lost and will not present itself again.

Letter to Mariano Ponce, (1890)

လူတယောက်ဟာ တခါသာသေရမယ်။ ကောင်းသောသေခြင်းမဟုတ်ရင် အခွင့်အရေးကောင်းတခု ဆုံးရှုံးရသလို၊ နောက်တကြိမ်လည်း ရတော့မှာမဟုတ်ပါဘူး။


To live is to be among men, and to be among men is to struggle, a struggle not only with them but with oneself; with their passions, but also with one's own.

Letter to his family, Dapitan (c. 1884)

ရှင်သန်ခြင်းဆိုတာဟာ လူတွေကြားမှာ နေထိုင်ခြင်းဖြစ်သည်။ လူတွေကြားနေထိုင်ခြင်း ဆိုသည်မှာ ရုန်းကန်မှုတခုသာဖြစ်သည်။ ရုန်းကန်မှုတွင် မိမိကိုယ်တွင်း များသာမက တပါးသူတွေရဲ့တပ်မက်လိုချင်မှုများလည်းပါသည်။

Genius has no country. It blossoms everywhere. Genius is like the light, the air. It is the heritage of all.


Toast to the artists Juan Luna and Felix Hidalgo: Madrid, Spain (25 June 1884)

ပါရမီတွင် နိုင်ငံမရှိပေ။ နေရာဒေသအားလုံးတွင် ပွင့်ဖူးသည်။ ပါရမီဆိုတာ အလင်းရောင်နဲ့တူတယ်။ လေနဲ့တူတယ်။ အဲဒါဟာ အာလုံးရဲ့ အမွေအနှစ်ဘဲ။


It was a world which granted privileges to some and imposed prohibitions on others...Endowed with strength and eager to learn, one had to drag himself in a narrow prison cell when he could see an open field, a vast horizon in the distance; when he could feel the beatings of a heart; and when he believed himself entitled to enjoy the beauty of a dream.

"Laughter and Tears", an essay (c.1884)

လူ့လောကဆိုတာ တပါးသူတွေကို တားမြစ်ပိတ်ပင်နိုင်ဖို့ လူတချို့ကို အခွင့်အာဏာတွေပေးထားတဲ့ လောကတခုပါ။ လူတယောက်ဟာ အဝေးကကျယ်ပြန့်တဲ့ မိုးကုတ်စက်ဝိုင်းကိုသာမြင်နိုင်တဲ့ အကျဉ်းခန်းလေးကို ကိုယ်တိုင်ဒရွတ်တိုက်သွားရဲတဲ့အခါ။ နှလုံးသားရဲ့ စည်းချက်သံကို ခံစားနိုင်တဲ့အခါ။ စိတ်ကူးအိမ်မက်ရဲ့ အလှတရားကို ခံစားနိုင်ဖို့ ကိုယ်တိုင်ယုံကြည်လာတဲ့အခါမှာတော့ ခွန်အားတွေ၊ လေ့လာသင်ယူလိုစိတ်တွေ ဖြစ်ပေါ်လာတယ်။



Filipinos don't realize that victory is the child of struggle, that joy blossoms from suffering, and redemption is a product of sacrifice.

"Como se gobiernan las Filipinas" (How one governs in the Philippines), published in La Solidaridad (15 December 1890)

ဖိလစ်ပိုင်လူမျိုးတွေအနေနဲ့ အောင်ပွဲဆိုတာဟာ တော်လှန်ရေးရဲ့ကလေးငယ်လို့ သဘောမထားပါဘူး။ အောင်ပွဲဆိုတာဟာ ဒုက္ခခံစားမှုမှ ပေါက်ဖွားလာတဲ့ ပျော်ရွှင်မှုဖြစ်တယ်။ ပြန်လည်ရယူနိုင်ခြင်းဆိုသည်မှာ စွန့်လွတ်အနစ်နာခံခြင်း၏ ထုတ်ကုန်တခုဖြစ်သည်။



The world laughs at another man's pain.
"Song of the Wanderer", st.8 - translated by Nick Joaquin.
လောကကြီးဟာ တပါးသူရဲ့ နာကျင်မှုကို ရယ်မောနေနိုင်တယ်။



Not all were asleep during the night of our forefathers!

ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်တွေလက်ထက် ညတွေမှာ လူအားလုံး အိပ်ပျော်နေခဲ့တာ မဟုတ်ပါဘူး။


There are no tyrants where there are no slaves.

မင်းဆိုးမင်းယုတ်မရှိတဲ့နေရာမှာ ကျေးကျွန်တွေဆိုတာလည်း မရှိပါဘူး။


It is a useless life that is not consecrated to a great ideal.

ကြီးမြတ်တဲ့စံနမူနာ မလုပ်နိုင်တဲ့ ဘဝတခုဟာ အကျိုးမဲ့သော လူ့ဘဝတခုပါဘဲ။


You must shatter the vase to spread its perfume, and smite the rock to get the spark.

သင်ဟာ ရေမွှေးနံ့တွေ မွှေးပျံ့စေဖို့ ဗူးကို လှုပ်ရမယ်။ မီးစတခုရဖို့အတွက် ကျောက်ခဲကို ခတ်ရမယ်။


The school of suffering tempers the spirit, the arena of combat strengthens the soul.

ခံစားမှုဒုက္ခ အစုအဝေးဟာ စိတ်ဓါတ်ကို သက်သာစေတယ်။ တိုက်ပွဲမြေဟာ စိတ်ဝိညာဉ်တွေကို ခိုင်မာစေတယ်။


The glory of saving a country is not for him who has contributed to its ruin.

တိုင်းပြည်ကိုတယ်တင်ခြင်းဆိုတဲ့ ဂုဏ်ကျက်သရေဟာ တိုင်းပြည်ပျက်အောင်လုပ်နေသူတွေ
အတွက် မဟုတ်ဘူး။

De nobis, post haec, tristis sententia fertur!
After all this, you still speak ill of us!

ဒါတွေအားလုံးပြီးသွားရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မကောင်းကြောင်း ပြောဆိုနေကြအုံးမှာပါ။


ရီဇော်ကိုယ်တိုင်ရေးဆွဲခဲ့သော သူ့စာအုပ်မျက်နှာဖုံးပုံ


"He who does not know how to look back at where he came from will never get to his destination."

(in Tagalog: "Ang hindi marunong lumingon sa pinangalingan ay hindi makakarating sa paroroonan.")

ကိုယ်ဘယ်နေရာကလာတယ်ဆိုတာကို ဘယ်လိုပြန်ကြည့်ရမယ်လို့ မသိသူဟာ ဘယ်တော့မှ သူ့ပန်းတိုင်အဆုံးကို ရောက်မှာမဟုတ်ဘူး။



"The youth is the hope of our future."


လူငယ်တွေဟာ ကျွန်တော်တို့အနာဂါတ်ရဲ့ မျှော်လင့်ချက်တွေပါ။



He who would love much has also much to suffer.

"To My__" (December 1890)

ချစ်ခင်ကြင်နာရမယ့်သူတွေ များများရှိသူတွေဟာ များများခံစားကြရတယ်။


No good water comes from a muddy spring. No sweet fruit comes from a bitter seed.


Letter to the Young Women of Malolos

ရွံ့ဗွက်အိုင်ကနေ ရေကောင်းမရနိုင်ဘူး။ အခါးပင်က အချိုသီးမရနိုင်ဘူးဆိုတာ သိစေချင်တယ်။


The tyranny of some is possible only through the cowardice of others.

Letter to the Young Women of Malolos (22 February 1889) - translated from Tagalog by Gregorio Zaide

မင်းဆိုးမင်းယုတ်လုပ်ရပ်တွေဟာ သရဲဘောကြောင်မှုတွေကြောင့်ဖြစ်တယ်။


Man works for an object. Remove that object and you reduce him into inaction.

"Indolence of the Filipino" in La Solidaridad (1890)

လူတွေဟာ ပိတ်ပင်တားမြစ်ဖို့ လုပ်ကြတယ်။ ဒီပိတ်ပင်မှုတွေကို ဖယ်ရှားပြီး၊ မလှုပ်မရှားနိုင်ဖြစ်အောင် လုပ်ရမယ်။


Man is multiplied by the number of languages he possesses and speaks.

"Los Viajes"

လူတွေဟာ သူတို့ပိုင်ဆိုင် ပြောဆိုကြသော ဘာသာစကားများကြောင့် အစိတ်အစိတ်အပိုင်းပိုင်း ပြုခြင်းခံနေကြရတယ်။



Virtue lies in the middle ground.


"Los Viajes"

ကောင်းမြတ်ခြင်းဟာ အလယ်အလတ်ဖြစ်သောမြေ မှာဘဲရှိတယ်။



Travel is a caprice in childhood, a passion in youth, a necessity in manhood, and an elegy in old age.

"Los Viajes"


ခရီးသွားခြင်းဟာ ကလေးဘဝတုန်းကတော့ စိတ်ကူးပေါ်၍လုပ်တဲ့ အလုပ်တခုသာဖြစ်သည်။ အရွယ်ရောက်ချိန်မှာတော့ စိတ်ခံစားမှုတခုဖြစ်သည်။ လူကြီးဖြစ်ချိန်မှာတော့ မရှိမဖြစ်လိုအပ်သောအရာတခု ဖြစ်ပြီး၊ အိုမင်ရင့်ရော်ချိန်မှာတော့ လွမ်းချင်း တပုဒ်သာဖြစ်သည်။


Law has no skin, reason has no nostrils.

"The Philippines: A Century Hence"

တရားဥပဒေမှာ အရေခံမရှိဘူး။ ဆင်ခြင်တုံတရားမှာ နှာခေါင်းပေါက်မရှိဘူး။



I go where there are no slaves, hangmen or oppressors; Where faith does not kill; where the one who reigns is God.

"Mi Ultimo Adios" st. 13 - poem written on the eve of his execution (29 December 1896) - translated from the Spanish by Charles Derbyshire.

ကျေးကျွန်၊ ကြိုးပေးခံရသူ၊ ဖိနှိပ်သူမရှိသော အရပ်ဒေသသို့ ကျွနိုပ်သွားရပါလို၏။ ယင်းအရပ်တွင် သစ္စာတရားတို့သည်လည်း မတိမ်ကော၊ စိုးမိုးအုပ်ချုပ်သူသည် အဖဘုရားသခင်ကိုယ်တိုင် ဖြစ်ပါစေ။


Truth does not need to borrow garments from error.

အမှန်တရားလုပ်သူသည် အမှားလုပ်သူတွေထံမှ အဝတ်အစားငှားယူစရာ မလိုပေ။


Fate presented itself to some like a chinese fan--one side black, the other side gilded with flowers.

ကံတရားဆိုတာ တရုတ်ယပ်တောင်တခုလိုပါဘဲ။ တဖက်မှာ မဲနက်နေပေမယ့် တခြားဖက်မှာ ပန်းတွေနဲ့ ခြယ်မှုန်းထားတာပါ။





"To foretell the destiny of a nation, it is necessary to open the book that tells of her past."

-- José Rizal, quote inscribed in Fort Santiago

တိုင်းပြည်တပြည်ရဲ့ ကံကြမ္မာကို ကြိုတင်ပြောချင်ရင် ယင်းတိုင်းပြည်ရဲ့ အတိတ်သမိုင်းကို မှန်မှန်ကန်ကန်သုံးသပ်ရေးပြထားတဲ့ စာအုပ်တွေကို ပြန်ဖတ်ဖို့ အထူးလိုအပ်တယ်။


"I wish to show those who deny us patriotism that we know how to die for our duty and convictions."

-- José Rizal, quote inscribed in Fort Santiago

မျိုးချစ်စိတ်ဓါတ်ကို လက်မခံသူတွေကို ကွန်တော် ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်နဲ့ ယုံကြည်ချက်တွေအတွက် ဘယ်လိုသေရမယ်ဆိုတာ သိသူတွေပါ။





"He who does not love his own language is worse than an animal and smelly fish."

(in Tagalog: "Ang hindi magmahal sa sariling wika, daig pa ang hayop at malansang isda.")

ကိုယ့်ကိုယ်ပိုင် ဘာသာစကားကို မမြတ်နိုးသူတွေဟာ အဟိတ်တိရစ္ဆာန်တွေ ငါးပုတ်တွေထက် ပိုမိုဆိုးရွားပါတယ်။



"While a people preserves its language; it preserves the marks of liberty."


လူတွေဟာ သူတို့ရဲ့ ဘာသာစကားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ လွတ်မြောက်မှု အမှတ်အသားကို ထိန်းသိမ်းစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။




ကျုပ်တို့တိုင်းပြည်ပေါ်မှာ
နေဝန်းနီထွက်ပြူလာတာ မမြင်ရမီ ကျုပ်သေခဲ့ရတယ်။
အာရုဏ်ဦးကို တွေ့မြင်ကြရမယ့်
ခင်ဗျားတို့က နေဝန်းနီကို ကြီုဆိုကြပါ။
နောက်ပြီး
အကာလ ညအမှောင်မှာ
ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို မမေ့ကြပါနဲ့။

(နောက်ဆုံး နှုတ်ဆက်လွှာ ကဗျာမှ)






ဘလော့ခ်ဂါ အလင်းဆက်
၁၈.နိုဝင်ဘာလ.၂၀၁၀


ဆက်လက်ဖက်ရှုရန်...

Monday, November 8, 2010

အာဇာနည် အမျိုးသားခေါင်ဆောင်ကြီး သခင်မြ ၏ မိန့်ခွန်းများ


ကျွန်တော် အလယ်တန်း ကျောင်းသားဘဝ ကတည်းက အလွန်လေးစားအားကျခဲ့ရသော နိုင်ငံရေးခေါင်းဆောင်ကြီး နှစ်ဦးရှိပါတယ်။ နှစ်ဦးစလုံးမှာ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်မြ ပါ။ တက္ကသိုလ်ရောက်တော့လည်း နိုင်ငံရေး စိတ်ဝင်စားသူ သူငယ်ချင်းများနဲ့ သခင်မြ ရဲ့ နိုင်ငံရေး အတွေးအခေါ် နှင့် သေနင်္ဂဗျုဟာ အထူးသဖြင့် မြေအောက်လှုပ်ရှားမှု အကြောင်းပြောကြ၊ တွေးကြသည်။ တနေ့ စာအုပ်ဆိုင်တဆိုင်မှ သခင်ချစ်မောင် ( ဝိဓူရ ) ရေးသော " အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ " စာအုပ်ကိုရခဲ့ပါတယ်။ စာအုပ်က စာမျက်နှာ ၇၀၀ ကျော်လောက်ရှိပါတယ်။ ကျွန်တော် ခေါင်းဆောင်ကြီး သခင်မြ အကြောင်းကို တဝကြီး ဖတ်ခွင့်ရပါတယ်။ ပြီးတော့ ခေါင်းဆောင်ကြီးရဲ့ မှတ်တမ်းဝင် ဓါတ်ပုံတွေကိုလည်း လေ့လာကြည့်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်နှစ်သက်တဲ့ စာပုဒ်တွေ မိန့်ခွန်းတွေကို မှတ်ထားခဲ့ပါတယ်။ အခု ကျွန်တော်တို့ ခေတ်နဲ့ အချိန်နဲ့ အသုံးဝင်မယ့် မိန့်ခွန်းတွေကို ရေးသားတင်ပြလိုက်ပါတယ်။

အခုဆိုရင် စစ်အာဏာရှင်တွေက သူတို့ နိုင်ငံတကာမှာတရားဝင် ရပ်တည်နိုင်မယ် မမျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ ကိုမတရား၊ တဖက်သတ် ကျင်းပတော့မှာပါ။ စစ်အာဏာရှင်တွေက အသားတစက်မှ မရှိတဲ့ အရိုးနံ့လေး ပေးရုံရှိသေး အခွင့်အရေးသမားတွေက အသံကောင်းဟစ်ပြီး စစ်အာဏာရှင်တွေစိတ်တိုင်းကျလုပ်ထားတဲ့ လွှတ်တော်ထဲြေ့ပးဝင်ဖို့ကြိုးစားကြပါတယ်။ အဲဒီအခွင့်အရေး သမားတွေထဲမှာ အချို့တွေက အင်္ဂလိပ်လက်အောက် လွှတ်တော်ထဲဝင်ြ့ပီး ဝေဖန်ဆန်ကျင့်ရဲတဲ့ သခင်မြကို ခိုင်းနှိုင်းပြီး မတရားတဲ့ေ၇ွးကောင်ပွဲကို ကြိုဆိုကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ နဲ့ အခွင့်အရေးသမားတွေရဲ့ စိတ်ဓါတ်တွေဟာ မိုးနဲ့မြေ ကွားခြားပါတယ်။ ခေါင်းဆောင်းကြီး သခင်မြ ရဲ့ ရဲရဲတောက်မိန့်ခွန်းနဲ့ သတ္တိတွေတွေကို တစွန်းတဆ ဖော်ပြလိုက်ပါတယ်။

အာဇာနည်တွေရဲ့ ရဲရင့်တဲ့ အတွေး၊ ပြဿနာတိုင်း၊ ကိစ္စတိုင်း အပေါ် ပြောင်ပြောင်မြောက်မြောင် ရင်ဆိုင်ဖြေရှင်းနိုင်တဲ့၊ ရင်ဆိုင်ရဲတဲ့ စိတ်ဓါတ်ကို လေးစားအားကျနိုင်ပါစေ။ အထူးသဖြင့် ခေါင်းဆောင်ကောင်းအချင်းချင်း လေးလေးစားစား ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွတ်ခဲ့မှုကိုလည်းမှတ်သားအတုယူ ကျင့်သုံးနိုင်ပါစေ။

အာဇာနည်စိတ်ဆိုတာ အမှန်တရားအတွက် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် နောက်မဆုတ်စတမ်း ရင်ဆိုင်ရဲသောစိတ် ဖြစ်ပါတော့တယ်။

ဘလော့ခ်ဂါ အလင်းဆက်

(၆. နိုဝင်ဘာလ. ၂၀၁၀)

" ကျွန်တော်တို့ သခင်တွေဟာ နိုင်ငံရေးဖိနှိပ်ညှဉ်းဆဲမှုကို မကြောက်တတ်ပါဘူး၊ ဒီအတွက် ရင်ဆိုင်ရန် အသင့်ပါပဲ။ တို့ဗမာအစည်းအရုံးကို နယ်ချဲ့အစိုးရက မတရား အသင်းကြေညာချင်သလား၊ ကြေညာချင်ရင် ကြေညာပါလို့ ကျွန်တော် စိန်ခေါ်လိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်း လုပ်ရဲရင်လုပ်ပါ။ ကျွန်တော်တို့ သခင်တွေဟာ နယ်ချဲ့နဲ့ အရင်းရှင်မြေရှင်တွေကို အန္တာရာယ်ပေးခဲ့တာ၊ ပေးမှာအမှန်ပါ။ ”

( ၁၉၃၉၊ ဧပြီလ ၂၇ ရက်တွင် ဗြိတိသျှအစိုးရက တည်ထောင်ပေးထားသော မြန်မာနိုင်ငံတော် ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် သာယာဝတီတောင်ပိုင်း၊ မဲဆန္ဒနယ်မှ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ မှပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)

" ဆရာ့လို တိုင်းပြည်အတွက် ရာဇဝင်မော်ကွန်းတင်ရစ်အောင် စွမ်းဆောင်နိုင်သူ ယခုခေတ်မှာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ ဘာမှ ကြောက်ရွံ့စရာ မလိုပါ။ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လာမည့်ဘေးကို ပြေးတွေ့ပါ။ ဗြိတိသျှအစိုးရက ဗမာပြည်သူတွေအပေါ် မတော်မတရား ကြံစည်ဖိနှိပ်မှုများကို မခံမရပ်နိုင်၍ လက်နက်စွဲကိုင် တော်လှန်ရကြောင်း နောင်လာနောက်သား ဗမာများ ဂုဏ်ယူဝင့် ကြွားနိုင်အောင် ရာဇဝင်တွင်အောင် ရင်ဆိုင်ပြောဆိုပါ။ ကျွန်တော်တို့သာ ဆရာ့နေရာမှာရှိရင် သေဒဏ်တကြိမ်သာမဟုတ် ဆယ်ကြိမ် ဆယ်ကြိုးအကျခံပါမယ်။ "

(လယ်သမားတော်လှန်ရေး ခေါင်းဆောင်ကြီး ဆရာစံ အား သာယာဝတီထောင်ထဲတွင် ရှေ့နေကြီး သခင်မြ မှပြောသောစကား)

“ ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်ကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ တို့ဗမာအစည်းအရုံးကြီး ကို ကုလား- ဗမာ အဓိကရိုဏ်း စုံစမ်းရေးကော်မတီက အလွန်နစ်နာစွာ စော်ကားပြု ရေးသားထားပါတယ်။ တို့ဗမာ အစည်းအရုံးကြီးကို ကုလား- ဗမာ အဓိကရိုဏ်းနဲ့ တွဲဖက်ဖော်ပြထားတာဟာ အလွန်မဆီလျော်၊ မအပ်စပ်တဲ့ ကိစ္စဖြစ်ပါတယ်။ တို့ဗမာ အစည်းအရုံးရဲ့ စည်းမျဉ်းမှာ လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ်ခဲ့ပါ။ ဒီလိုဝါဒမျိုးကို အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။ “

ကျွန်တော်တို့ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယအမျိုးသားများဟာ အမြဲမပြတ် လက်တွဲရပ်တည် လုပ်ဆောင်ခဲ့တာ အားလုံးအသိပါ။ အိန္ဒိယအလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာ တို့ဗမာအစည်းအရုံးတွင် ပါဝင်ခဲ့ပြီး အိန္ဒိယဓနရှင်များ မပါဝင်ပါ။ ဒါကြောင့်လည်း တို့ဗမာအစည်းအရုံးက ကျဥင်္းမြောင်းတဲ့ လူမျိုးရေးသွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တော့မှ မပါဝင်ခဲ့ပါ။ သို့ပါလျှက် အဓိကရိုဏ်း စုံစမ်းရေးကော်မတီက တို့ဗမာသခင်တွေကို ရာဇဝတ်ကောင်များဖြစ်အောင် စွပ်စွဲထားပါတယ်။ အစီရင်ခံစာရဲ့ တနေရာမှာ တို့ဗမာအစည်းအရုံးဟာ ကွန်မြူနစ်ဆန်ကြောင်း ကြေငြာထားပြီးတနေရာမှာတော့ သခင်များကိုယ်တိုင် အဓိကရိုဏ်းမှာ ပါတယ်လို့စွပ်စွဲထားပါတယ်။ ဘယ်ကလောက် အမြီးအမောက်မတည့်တဲ့ စွပ်စွဲချက်ပါလဲလို့ မေးပါရစေ။ ကွန်မြူနစ်ဆိုတာ လူမျိုးရေးခွဲခြားမှု ဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်းလုံးညီညွတ်ရေးဝါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ်လို့ စွပ်စွဲပြီးရင် ဒီအဖွဲ့အစည်းဟာ ဘယ်လိုလုပ်ပြီး လူမျိုးရေးခွဲခြားရေးဝါဒကို ဆုပ်ကိုင်ထားတယ်လို့ စွပ်စွဲနိုင်ရပါသလဲ။

“ ဥက္ကဋ္ဌကြီးခင်ဗျာ…. အစိုးရက ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တက်ပြီး ကျွန်တော်တို့ တို့ဗမာအစည်းအရုံး ခေတ္တဋ္ဌာနချုပ်ကို စစ်တပ်၊ ပုလိပ်တပ်ဖွဲ့များနှင့် ဝိုင်းဝန်းဖျက်ဆီးခဲ့တယ်။ အဲဒီတုန်းက ရန်ကုန်ပုလိပ်မင်းကြီးက ကြေညာချက်တစောင် ထုန်ပြန်ရာမှာ တို့ဗမာအစည်ွးှရုံး ဟာ အစိုးရကိုလက်နက်နဲ့ အကြမ်းဖက်၊ ဖြိုဖျက်ရန်လုပ်ကြံလေတဲ့အတွက် ယခုလို ရှာဖွေဖမ်းဆီးရပါတယ်တဲ့။ တကယ့်လက်တွေ့မှာတော့ ဗြိတိသျှနယ်ချဲ့စနစ်ကသာ တို့ဗမာအစည်းအရုံးကြီးကို အကြမ်းမဖက်ပေမယ့် ဥပဒေနှင့် အကြမ်းဖက်နေတာ ထင်ရှားပါပြီ။“

“ ဟောဒီမှာကြည့်ပါ၊ ဒီကော်မတီအစီရင်ခံစာ စာအုပ်ကြီးဟာ နယ်ချဲ့စနစ်ရဲ့ မတရားလီဆယ် လုပ်ကြံမှုကြီးပါပဲ။ ဒီလုပ်ကြံမှုကြီးဟာ ကျွန်တော်တို့ တို့ဗမာအစည်းအရုံးကြီးကို မတရားအသင်း ကြေညာရန် နိုင်ငံရေးအရ ဖိနှပ်ချေမှုန်းရန် စတင်ကြံစည်ခြင်းပါဘဲ။ နယ်ချဲ့စနစ်က ကျွန်တော်တို့သခင်တွေကို ဖိနှပ်ချေမှုန်းလိုပါသလား။ ဖိနှိပ်ပါစေ။ ကျွန်တော်တို့သခင်တွေက နယ်ချဲ့တို့ထံက တခုခုတောင်ဆိုချင်ပါတယ်။ ဒီစုံစမ်းရေးကော်မတီ အစီရင်ခံစာမျိုးနဲ့ လီဆယ်လုပ်ကြံပြီး တိုက်ပွဲမခင်းဘဲနဲ့ သူ့ဘက်ကိုယ့်ဘက် ရဲရဲဖြောင့်ဖြောင့်ကြီး တိုက်ပွဲဝင်ကြရအောင်။ “

" ကျွန်တော်တို့ သခင်တွေဟာ နိုင်ငံရေးဖိနှိပ်ညှဉ်းဆဲမှုကို မကြောက်တတ်ပါဘူး၊ ဒီအတွက် ရင်ဆိုင်ရန် အသင့်ပါပဲ။ တို့ဗမာအစည်းအရုံးကို နယ်ချဲ့အစိုးရက မတရား အသင်းကြေညာချင်သလား၊ ကြေညာချင်ရင် ကြေညာပါလို့ ကျွန်တော် စိန်ခေါ်လိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်း လုပ်ရဲရင်လုပ်ပါ။ ကျွန်တော်တို့ သခင်တွေဟာ နယ်ချဲ့နဲ့ အရင်းရှင်မြေရှင်တွေကို အန္တာရာယ်ပေးခဲ့တာ၊ ပေးမှာအမှန်ပါ။ သို့သော်လည်း စုံစမ်းရေးကော်မတီက ရေးသားစွပ်စွဲထားသလို ဆင်းရဲသားကုလား အမျိုးသားများကိုတော့ အန္တရာယ်မပြုခဲ့တာ အမှန်ပါ။ “

( ၁၉၃၉၊ ဧပြီလ ၂၇ ရက်တွင် ဗြိတိသျှအစိုးရက တည်ထောင်ပေးထားသော မြန်မာနိုင်ငံတော် ဥပဒေပြုလွှတ်တော် အစည်းအဝေးတွင် သာယာဝတီတောင်ပိုင်း၊ မဲဆန္ဒနယ်မှ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ မှပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)

မှတ်ချက်….၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ( ၉ ) ရက်နေ့တွင် ဗြိတိသျှအစိုးရသည် တို့ဗမာအစည်းရုံးကို မတရားသင်း ကြေညာခဲ့သည်။

ဘုရင်ခံ “ မနေ့ညက စင်ကာပူခံတပ်ကြီး ကျဆုံးသွားပြီ၊ ဗြိတိသျှတပ်တွေအားလုံး လက်နက်ချလိုက်ရပြီလို့ လန်ဒန်ရေဒီယိုက ကြေညာသံကြားရတော့ ကျွန်ုပ်စိတ်မချမ်းမသာ ဖြစ်ရတယ်ဗျာ“

သခင်မြ “ လေးစားရပါသော ဘုရင်ခံမင်းကြီး စိတ်ဒုက္ခခံစား ရတာကို ကျွန်ုပ်တို့ များစွာ ကိုယ်ချင်းစာနာနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အထွဋ်အမြတ်ဖြစ်ခဲ့တဲ့ သီပေါဘုရင်မင်းမြတ် ပါတော်မူခဲ့စဉ်ကတည်း၊ အလားတူပင် ကျွန်ုပ်တို့၏ ဘိုးဘွားဆွေမျိုး ညာတကာ တိုင်းသူပြည်သားများ ယူကျုံးမရ၊ စိတ်ဒုက္ခကြီးစွာ ရောက်ခဲ့ရပါတယ်။ ”

(သခင်မြ က ဘုရင်ခံ ဆာဒေါ်စမစ် ကိုအချက်ကျကျ စကားဖြင့်ထိုးနှက်ချက် )

“ တိုင်းပြုပြည်ပြုလွှတ်တော် သဘာပတိအဖြစ် တင်မြှောက်ဖို့ ကျွန်တော်က ဘဏာရေးဝန်ကြီး သခင်မြကို အဆိုတင်သွင်းပါတယ်။ ဘဏာရေးဝန်ကြီး သခင်မြ အကြောင်းကို ကျွန်တော် အထူးပြောစရာ မလိုပါဘူး။ သူဟာ အရင်တုန်းကလည်း သည်ဥပဒေပြုလွှတ်တော်မှာ မင်းတိုင်ပင် အမတ်ပြုလုပ်လာခဲ့ပါတယ်။ ရှေးကလည်း ဗမာပြည်ရဲ့ တိုင်းကျိုးပြည်ကျိုးကို ၁၉၂၀ ပြည့်နှစ်၊ တက္ကသိုလ်ကျောင်းသားများ သပိတ်က စပြီးတော့ ရွပ်ရွပ်ချွံချွံ တောင်ရွတ်လာခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါတယ်။ သည်တော့ကာ သခင်မြကို ကျွန်တော်က တိုင်းပြုပြည်ပြု လွှတ်တော်ယာယီသဘာပတိအဖြစ် တင်မြှောက်ဖို့ အဆိုတင်သွင်းပါတယ်။ “

( ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့ တွင်ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်မှ အမတ်ဦးအောင်ဆန်းက ပထမဆုံး လွှတ်တော်အခမ်းအနားတွင် လွှတ်တော်သဘာပတိ အဖြစ် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ အမတ်သခင်မြအား တင်မြှောက်ရန် အဆိုပြုခဲ့စဉ်က ပြောခဲ့သောစကား)

မှတ်ချက်…ဦးအောင်ဆန်း အဆိုကို ဟင်္သာတကျေးလက် ကရင်တိုင်းရင်းသား အမတ်မန်းဘခိုင်က ထောက်ခံခဲ့လေသည်။

“ ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဗြိတိသျှအစိုးရသည် ဗမာပြည်အား လုံးဝလွတ်လပ်သော နိုင်ငံတနိုင်ငံအဖြစ် လိုက်လျောကြေညာခြင်းမပြုသမျှ ကျွန်တော်တို့သည် ဗြိတိသျှအစိုးရ၏ စစ်အောင်မြင်ရေး လုပ်ငန်းများတွင် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွတ်ခြင်း မပြုသင့်ပါ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အလုပ်၊ ကျွန်တော်တို့ရဲ့ အပြောမှာ ရှေ့နောက်ညီညွတ်သူတွေအဖြစ်နဲ့ ရာဇဝင်မှာ မှတ်တမ်းတင်ခံလိုတယ်ဆိုရင် လွတ်လပ်ရေးဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်လိုသူတွေဖြစ်ရင် ဒီဥပဒေကြမ်းကို သဘောမတူသင့်ပါ။ “

(၁၉၄၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ဗမာပြည် အရံစစ်တပ်များ ဖွဲ့စည်းရေး ဥပဒေကြမ်းကို ဥပဒေပြုလွှတ်တော်၌ ဗြိတိသျှနယ်ချဲ့အစိုးရဘုရင်ခံ၏ အတိုင်ပင်ခံ ကာကွယ်ရေးဝန်ကြီး၊ မစ္စတာ ဆာဘူသ်ဂရေဗလီက တင်သွင်းခဲ့ရာ ဥပဒေပြုလွှတ်တော်အမတ် သခင်မြ ကန့်ကွက်ပြောစကား)


ဘလော့ခ်များမှ သခင်မြ အကြောင်း

“သခင်မြ အတ္ထုပတ္တိ” http://parami2009.blogspot.com/2010/08/blog-post_25.html

“သခင်မြ၏ ဖြတ်ထိုးဉာဏ်” http://usattsuu.blogspot.com/2010/09/blog-post_1054.html

“သခင်မြ (သို့မဟုတ်) ဗမာ့မြေအောက်တော်လှန်ရေးဖခင်” http://pyustate.com/2008/07/blog-post_11.html

ဘလော့ခ်ဂါ အလင်းဆက် ရှာဖွေ၊ တွေးဆ၊ ရေးသား၊ တင်ပြသည်။

(၇. နီုဝင်ဘာလ. ၂၀၁၀)




ဆက်လက်ဖက်ရှုရန်...

Friday, November 5, 2010

ဖက်ဆစ်လက်သစ်ဝါဒ အလိုမရှိ !!!

ကုလသမဂ္ဂ မြန်မာပြည် စုံစမ်းရေးအဆို ဂျာမနီ တရုတ်ဘက်လိုက်ပြီး ဆန့်ကျင်
http://www.mizzimaburmese.com/news/regional/6380-2010-11-05-12-40-45.html


မြန်မာ့အရေးနှင့် ပတ်သတ်ပြီး မိမိနိုင်ငံ အကျိဲုးစီးပွား တခုသာကြည့်ပြီး သန်း ၆၀ နိးပါးရှိသော စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူများ၏ ဒုက္ခအပေါင်းကို လျစ်လျုရှု ပြီးစစ်အာဏာရှင်အား အားပေးနေသော တရုတ်နှင့် ဂျာမဏီ အပါအဝင် စစ်အာဏာရှင်၏ မတရားသော ရွေးကောက်ပွဲ အားထောက်ခံနေသော နိုင်ငံများကို အထင်သေးရှုပ်ချပါတယ်။


ဘလော့ခ်ဂါ အလင်းဆက် (၆. နိုဝင်ဘာလ. ၂၀၁၀)



Friday, November 5, 2010

ဖက်ဆစ်လက်သစ်ဝါဒ အလိုမရှိ !!!


“တိုင်းသူ ပြည်သားတွေရဲ့ ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေရင် အများပြည်သူတို့ရဲ့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်”။


ဗိုလ်ချုပ်အောင်ဆန်း








Posted by အလင်းဆက် at 9:30 PM
Labels:

ဆက်လက်ဖက်ရှုရန်...

Wednesday, November 3, 2010

သခင်အောင်ဆန်း ပြောပြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် အကြောင်း..


သခင်အောင်ဆန်း ပြောပြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် အကြောင်း..

၁၉၄၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ တို့ဗမာအစည်းအရုံး ညီလာခံကို ဇလွန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။ ဋ္ဌာနချုပ် တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းသည် တရားဟောစင်မြင့်ပေါ်သို့ တက်လာလေသည်။ သခင်အောင်ဆန်းက ပမာဏစကားပြောကြားနေစဉ် တရားဟောစဉ်မြင့်ယန်းကျင်၌ ဝန်းရံနေသော ပုလိပ်စုံထောက်များထဲမှ စုံထောက်တဦးက၊ တရားဟောစင်မြင့်မှ သခင်အောင်ဆန်းထံ စာတစောင် ပေးလိုက်သည်။

သခင်အောင်ဆန်းက စာကိုဖတ်ပြီး ပြုံးလိုက်သည်။ စာက ဟင်္သာတခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံမှ ပေးပို့လိုက်သောစာဖြစ်သည်။ သခင်အောင်ဆန်းသည် စာကိုဖတ်ပြီး ပြည်သူ့လူထုထံ မျက်နှာမူလျှက် ပြောလိုက်သည်။

သခင်အောင်ဆန်း။ ။" ဟောဒီမှာ ဟသာင်္တ ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံက ဖိတ်စာတစောင်ပေးလိုက်ပါတယ်။ သူ့စာမှာ ဖော်ပြထားတာကတော့ ချင်းတောင်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စကို ယခုဟောပြောရာမှာ ထည့်သွင်းဟောပြောခြင်း မပြုရဘူးလို့ ပိတ်ပင်တားမြစ်ထားတာပါပဲ။ အတော်ပဲဗျာ။ အစကတော့ ဒီချင်းတောင်ကိစ္စပြောဖို့ ကျုပ်မေ့နေတယ်။ ခု ဟင်္သာတရာဇဝတ်ဝန်က သတိပေးမှပဲ ကျုပ်သတိရတော့တယ်၊ ကဲ ပရိသတ်ကြီးကို မေးရအုံးမယ်၊ ချင်းတောင်ကိစ္စ ကြားချင်ကြသလား။

" ပရိသတ်ကြီး။ ။ " ကြားချင်ပါတယ် "

သခင်အောင်ဆန်း။ ။ " ကဲ......ကြားချင်ကြတယ်ဆိုရင်တော့.. ပြောပြချင်နေတာနဲ့ အတော်ပါဘဲ။ ချင်းတောင်ကိစ္စကတော့ ဒီလိုပါ။ ချင်းတောင်မှာ ဗြိတိသျှအစိုးရက ပြည်သူလူထုကို ရက်ရက်စက်စက် နှိပ်ကွပ်နေတယ်။ ချင်းအမျိုးသား ခေါင်းတောင်၊ တို့ဗမာအစည်းအရုံးက သခင်ဝမ်းသူမောင်ကို ဘယ်လိုနှိပ်စက်တယ် ထင်ကြသလဲ။ သခင်ဝမ်းသူမောင်ကို ကိုယ်မှာကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင်လာတယ်။ နောက်တော့ ချည်ထားတဲ့ကြိုးကို ရှေ့ကနေ မြင်းနဲ့ဆွဲသွားပြီး သခင်ခေါင်းဆောင်ကို မြေပြင်မှာ ဒရွတ်တိုက်ဆွဲသွားတယ်။ ချင်းအမျိုးသားတွေက ဗြိတိသျှအစိုးရက မဆန့်ကျင်ရဲအောင် လက်တွေ့ရက်စက်ပြလိုက်တာပဲ။ ဗြိတိသျှအစိုးရဟာ ချင်းတောင်မှာ ပြည်သူတွေအပေါ် အဲဒီလောက် ဆိုးဆိုးရွားရွား ဝိဒူရလက်သစ် ဇတ်ခင်းခဲ့တယ်။

ကဲ........အဲဒါ ဗြိတိသျှနယ်ချဲ့ အစိုးရရဲ့ ဒီကနေ့လုပ်နေပုံပါဘဲ။ "

သခင်အောင်ဆန်း ဟောပြောတာကိုကြားပြီးသောအခါ နားဆင်ရသော ပရိသတ်ကြီးမှာ ဒေါသမီးဟုန်းဟုန်း တောက်ကြသည်။ အံတကြိတ်ကြိတ်ခံစားကြရသည်။

ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယားက သခင်အောင်ဆန်းကို ချင်းတောင်ကိစ္စ ဟောပြောမှုဖြင့် ချက်ချင်းဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။

အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲသော သတ္တိနှင့် အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြောပေးသော စိတ်ဓါတ်ကား လေးစားအားကျဖွယ်ပင် ဖြစ်တော့သည်။

၃. နိုဝင်ဘာလ. ၂၀၁၀

ညီငယ်အလင်းဆက် ရေးသားပေးပို့သည်..။

ဗိုလ်ချုပ်ရဲ့ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲတဲ့ သတ္တိကို ဖတ်မိရင်း ... ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြတ်ပြတ်သားသား ရွေးကောက်ပွဲ သပိတ်မှောက်ပြီး မဲမပေးရေး လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ပြည်တွင်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီ တော်တော်များများက လေလှိုင်းသံတွေထဲက ဆူညံဆူညံနဲ့ ပြောဆိုဝေဖန်သံတွေ ကြားလိုက်မိပေမယ့်....

မတရားတဲ့ လုပ်ရပ်တွေနဲ့ ကြံ့ဖွတ်ပါတီရဲ့ နိုင်ငံပိုင် ဘဏ္ဍာငွေတွေနဲ့ မတရားမဲဆွယ်မှုတွေ .. အဓမ္မလုပ်ဆောင်ချက်တွေကိုတော့ ဝေဖန်သံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ နှာစေးနေကြပါတယ်. .. ဗိုလ်ချုပ်ပြောသလို ချင်းတောင်ကိစ္စ ကြားချင်သလားဟေ့လို့ ပရိသာတ် ဖြစ်တဲ့ ပြည်သူလူထုကို ပြောရဲသလို.. အမတ်ဖြစ်ရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်.. ဆိုတဲ့ အလံတု ဒေါင်းတု ခမောက်တုပါတီတွေများ ကြံ့ဖွတ်ပါတီရဲ့ မတရားလုပ်ဆောင်ချက်တွေ ဥပဒေမဲ့လုပ်ရပ်တွေကို ပရိသာတ်ကြီးရေ ကြားချင်သလားဟေ့လို့ ပြောဆိုတဲ့ အသံများ ရှိခဲ့မယ် ဆိုရင်တော့ စစ်အာဏာရှင်ရဲ့ မတရားတဲ့ ရွေးကောက်ပွဲဟာ အခြေအနေတစ်ခုသို့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါရဲ့လို့ တွေးတောမိပါတော့တယ်။

ဒီမိုဝေယံ

ဆက်လက်ဖက်ရှုရန်...

Tuesday, November 2, 2010

နိုင်ငံရေး နှင့် တဘောင်


မြန်မာပြည်ကနာမည်ကျော် ဝေဒပညာရှင် တစ်ဦး ပေးပို့လာတဲ့ တဘောင်လေးတစ်ခုကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ ကျွန်တော် မြန်မာပြည် အနယ်နယ်အရပ်ရပ်နဲ့ မဇ္ဈိမဒေသတွေမှာ ဘုရားတည်.. ကျောင်းဆောက်နေတဲ့ မြန်မာအမျိုးသမီးကြီး တစ်ဦးပေးပို့လာတဲ့ တဘောင် စာသားလေးကို ပေးပို့လာပါတယ်..။ အားလုံးမြင်ဘူး ကြားဘူးကြမှာ မဟုတ်ပေမယ့် ဒီတဘောင်ကို ဆက်ပြီးဖြန့်ပေးပါလို့ သူကကျွန်တော့်ကို တိုက်တွန်းသွားပါတယ်.... ။ ကျွန်တော်တို့ နိုင်ငံမှာ လာမယ့်ရက်ပိုင်း လပိုင်းအတွင်းမှာ အကြီးအကျယ် အပြောင်းအလဲတွေနဲ့ ကြုံတော့မယ်လို့ အဲ့ဒီအမျိုးသမီးကြီးက ပြောပြတယ်လေ.. အုပ်ချုပ်မင်းလုပ်သူ တစ်ယောက်ရဲ့ နောက်ဆုံး အချိန်လို့ ပြောလို့ ရတဲ့ အချိန်ကို ရောက်နေပြီတဲ့။ နောက်အခုလက်ရှိ အုပ်ချုပ်မင်းလုပ်သူက တဘောင်တွေ ဘာတွေ ထွက်လာရင် ကြောက်လည်းကြောက် ယုံလည်းယုံတယ်တဲ့.. ကိုဒီမိုရဲ့ သတင်းဘလော့(ဂ်)နဲ့ မဆိုင်ပေမယ့် ဒီတဘောင်ကို အများသိစေဘို့ ဖော်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်..။ တဘောင်ကတော့..

ရွှေလရယ်သာ...
မောင်ဘယ်က လာသတုန်း
....
ထိုင်စရာဖျာမရှိ၊

ရော့ဟဲ့ ငါ့...တုံး
....

ထိုင်သာထိုင်
ပိုင်တယ်လို့ ထင်သလား

ဒီနှစ်ခါ တန်ဆောင်မုန်း
ပေးဟဲ့ ငါ့....တုံး..

အထက်ပါ တဘောင်ကို ပေးတဲ့ ဆရာက အကြမ်းဖျဉ်း ပြောပြသွားတာတော့ .. ယခုလက်ရှိ မင်းလုပ်အုပ်ချုပ်သူဟာ အခုလို ၁၉၉၂ ခုနှစ် မှာအာဏာကို ရရှိခဲ့တာ ဖြစ်ပြီး ပေါင်းရင် ၁+၉+၉+၂=၂၁​= ၃ဂဏန်းရရှိပြီး ယခုနှစ် ၂၀၁၀ဟာလည်း ၃ဂဏန်း ရရှိတဲ့ နှစ်ပါတဲ့..။ ဒါကြောင့် သူဟာလက်ရှိအာဏာကို ဆက်ပြီး ဆွဲကိုင် လိုတာကြောင့် ဒီဂဏန်းကို အတင်းအကြပ် ရအောင်လုပ်ယူနေတာပါတဲ့..။ အခြေအနေ ကံအကြောင်းကြောင့် ကိုယ်လာတဲ့ အရပ်ကိုယ်မသိပဲ အကုသိုလ် ကံတွေ ဆက်တိုက်ကျူးလွန် နေတဲ့ အတွက် သူလက်ရှိထိုင်နေတဲ့ နေရာကိုလည်း အပိုင်လို့ထင်နေခဲ့တာပါတဲ့..။ သူ့ရဲ့ကံဟာလည်း ဒီနှစ်နောက်ဆုံးပါတဲ့..

ဒါကတော့ အကြမ်းဖျဉ်းပါ.. တခြားထက်ပြီး ပေးပို့လာတဲ့ အထဲမှာ ပါတဲ့ ကျွန်တော်တို့ လိုက်မမှီ မတွေးခေါ်နိုင်တဲ့ မမြင်ရတဲ့ အကြောင်းအရာတွေကိုတော့ မဖော်ပြတော့ပါဘူး..။ တိုက်တိုက်ဆိုင်ဆိုင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာလည်း မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့ပါပဲ..။ ဘာပဲဖြစ်ဖြစ် လောကကြီးမှာ ကိုယ်မမြင် မသိတဲ့ အကြောင်းအရာတွေကို မရှိနိုင်ဘူး မဖြစ်နိုင်ဘူးလို့ မပြောဆိုနိုင်တဲ့ အတွက် ယခုလို အရေးကြီးတဲ့ အချိန်မှာ တစ်ထောင့်တစ်နေရာက ဖော်ပြပေးလိုက်ပါတယ်..။

ကျွန်တော်ကိုယ်တိုင်မသိတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် အောက်မှာ တေးအေးရိပ်ရဲ့ တဘောင်ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သတ်ပြီး ရှင်းပြထားတဲ့ ၂၀၀၈ခုနှစ်က ပိုစ့်တစ်ခုကို ဖော်ပြလိုက်ပါတယ်။

တဘောင်ဟူသည် လက်ရှိပစ္စုပ္ပာန်မှ အနာဂတ်အရေးအတွက် မျှော်တွေးပြောဆိုခြင်းဖြစ်သည်။ အရူးစကား၊ သဘင်သည်စကား များကို တဘောင်ဟု မှတ်ယူကြသည်။ သီပေါမင်း ထီးနန်း ဆက်ခံရမည့်အရေးကို အရူးမ တစ်ယောက်မှ “ရွှေမိုးရွာလို့ မယ်မအေး၊ ငွေမိုးရွာလို့ မယ်မအေး၊ ပထမပြန်ရှင်လိန်ထွက်၊ နန်းတက်မှအေး“ ဟူ သီဆိုခဲ့သည်ကို ပညာရှိများက သီပေါမင်း ထီးနန်းစံရမည် ဟု တဘောင်ဖတ်ခဲ့ကြသည်။ တဘောင်စကားအား ယခုခေတ်တွင် အရူးများ၊ ဇာတ်သဘင်များ၊ လူရွှင်တော်များ ထံမှ ကောက်ယူနိုင်ပေသည်။

လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့် က ရန်ကုန်မြို့ တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့သေးသည်။ “ရန်ကုန် အုတ်ပုံ၊ မန္တလေး ပြာပုံ “ ဟူသော တဘောင်စကား ပေါ်ထွက်လာခဲ့သည်။ ၄င်းအချိန်ကာလအတွင်း မြေငလျင်တုန်လှုပ်မှုများ အရှေ့ တောင် အာရှ တွင် ဖြစ်ပွားလျက်ရှိကြသည်။ ထိုတဘောင် ၏ ဆိုလိုရင်းအား အမျိုးမျိုး ကောက်ယူခဲ့ကြသည်။

အချို့ လူများက ရန်ကုန်မြို့ ကြီး မြို့ ပျက်စီးကာ အုတ်ပုံမျှပင်ကျန်ခဲ့မည်။ မန္တလေးမြို့ ကြီးကား မီးလောင်မှုကြောင့် ပြာပုံအတိ ဖြစ်မည်ဟု တဘောင် ဖတ်ကြသည်။ သို့ သော်လည်း အခြားဘက်မှ စဉ်းစားမည်ဆိုပါက ရန်ကုန်မြို့ တွင် ယခင်ကထက် ပိုမိုပြီး လူအများ အုတ်အုတ်ကျက်ကျက်၊ စုရုံးစုရုံး၊ သတင်းစကားများပိုမို ဖြစ်မည်။ မန္တလေးမြို့ တွင် လူအများ၊ ရဟန်းသံဃာတော်များ ပျာယာခတ်မည်။ ပြာပုံအား ပြောင်းပြန်ယူပါက ပြုံပါ- တစ်ပြုံလုံးပါမည် ။ ထို့ ကြောင့် အကြောင်းအရာတစ်ခုခုဖြစ်ပွားမည် ဆိုပါက ရဟန်း၊ ရှင် ၊ လူအများ စုစည်းကာ တစ်ပြုံလုံးပါလာမည် စသဖြင့် တဘောင် ကောက်ယူနိုင်ပေသည်။

အပြည့်အစုံ ဖတ်ချင်ရင်တော့ http://www.ainmat.com/index.php?/archives/561-unknown.html

အကိုဒီမိုဝေယံ ဘလော့ခ်မှ ကူးယူဖော်ပြပါသည်။






ဆက်လက်ဖက်ရှုရန်...