Monday, November 29, 2010

ဖိလစ်ပိုင် အာဇာနည်ခေါင်းဆောင်ကြီး ဟိုဆေးရီဇော် (Dr. José Rizal) ၏ သမိုင်းတင် အဆိုအမိန့်များ

José Rizal

Filipino patriot, medical doctor and man of letters

(1861-96)



ကျွန်တော် အလယ်တန်းကျောင်းသားဘဝကတည်းက လေးစားအားကျခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များတွင် တဦးအပါအဝင်ဖြစ်သော ဖိလစ်ပိုင် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဆေးရီဇော် ( Jose Rizal) ၏ဘဝနှင့် ဒဿနမှ စိတ်ဝင်စားဖွယ်၊ အဖိုးတန်ပြီး ခွန်အားတက်စေသောအတွေးအခေါ်များကို ရှာဖွေ၊ လေ့လာ၊ စုဆောင်းပြီး နိမ့်ပါးသောဥာဏ်ရည်ဖြင့် ဘာသာပြန် တင်ပြ လိုက်ပါသည်။


ဘလော့ခ်ဂါ အလင်းဆက်
၂၈.နိုဝင်ဘာလ.၂၀၁၀

လူဆိုတာ ခက်ခဲနက်နဲတဲ့တာဝန်တွေကို ကြီုးပမ်းထမ်းဆောင်ဖို့ ကမ္ဘာပေါ်ရောက်လာတာ။ ကိုယ့်အသက်အန္တာရယ် ဖြစ်မှာကြောက်လို့ ဒီတာဝန်တွေကို တိမ်းရှောင်နေရင်း လူ့ပြည်မှာ လူဖြစ်ရကျိုး နပ်ပါတော့မလား။

လူဆိုတာ တသက်မှာ တခါဘဲသေတယ်။ ဒီလို နှစ်ခါပြန်မရတဲ့ ရတောင့်ရခဲ အခွင့်ထူးမျိုးကို အမိနိုင်ငံအတွက်သာ အသုံးချသင့်တယ်။

သေနေတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ လူတယောက်သေသွားလို့ကော ဘာများပိုထူးခြားသွားမှာလဲ။

ဂျုပီတာ (Jupiter) သည် သူချေမှုန်းချင်သော ရန်သူကို ပထမဦးစွာ ရူးသွပ်အောင်ပြုလုပ်သည်' ဆိုတဲ့ စကားပုံတခု ရှိခဲ့ပါတယ်။

ကျွန်တော့်စာအုပ်ကို ရိုက်ပြီးရင် နိုင်ငံခြားကနေ ဖြန့်လို့လည်းရပါတယ်။ ဒီလိုလုပ်လိုက်လို့ ကျွန်တော့်စာအုပ်ရဲ့ လေးနက်မှု လျော့သွားမှာပေါ့။ တန်ဖိုးမရှိ ဖြစ်သွားမှာပေါ့။ ရီဇော် တယောက်စာအုပ်ထဲမှာ ရေးထားလိုက်တာ ရဲရဲတောက်လို့။ ဒါပေမယ့် လူကိုယ်တိုင်ကတော့ သေမှာကြောက်လို့ နိုင်ငံခြားက ပြန်မလာရဲရှာဘူးလို့ ဖိလစ်ပိုင်ပြည်သူတွေက ရယ်သွေးကြမှာပေါ့။ ဒီအဖြစ်မျိုးကိုတော့ ကျွန်တော် လုံးဝ အဖြစ်မခံနိုင်ဘူး။

(သူ၏ " Noli Me Tangere " (ပျောက်ဆုံးနေသော သုခဘုံ ) ဝတ္ထုစာအုပ်နဲ့ ပတ်သတ်ပြီး သူ့မိတ်ဆွေ Maximo Viola အားပြောပြချက်မှ)


Crowns of flowers and laurels are the inventions of free people.

Letter to Blumentritt (13 April 1887)

ပန်းတွေ၊ သံလွင်ခက်တွေနဲ့ သရဖူများဟာ လွတ်လပ်သူတွေရဲ့ တီထွင်မှုများသာဖြစ်သည်။


Crowns of flowers and laurels are the inventions of free people. But perhaps your children may gather the fruit of what the father planted. Letter to Blumentritt (13 April 1887)

ပန်းတွေ၊ သံလွင်ခက်တွေနဲ့ သရဖူများဟာ လွတ်လပ်သူတွေရဲ့ တီထွင်မှုများသာဖြစ်သည်။ ဒါပေမယ့် အဖေစိုက်ခဲ့တဲ့ အပင်ကသစ်သီးတွေကို သားသမီးတွေ ဆွတ်ခူးနိုင်ကောင်းနိုင်ပါလိမ့်တယ်။


Each one writes history according to his convenience.

Letter to Blumentritt, written at Leipzig,(22 August 1886)

လူတွေဟာ သူတို့၏ အခါအခွင့်အရ သမိုင်းကိုရေးကြတာပါ။




We want the happiness of the Philippines, but we want to obtain it through noble and just means. If I have to commit villainy to make her happy, I would refuse to do so, because I am sure that what is built on sand sooner or later would tumble down.

Letter to Blumentritt, (31 January 1887)

ကျွန်တော်တို့ဟာ ဖိလစ်ပိုင်လူမျိုးတွေ ပျော်ရွှင်တာကို လိုချင်ပါတယ်။ ဒါပေမယ့် မြင့်မြတ်ပြီး တရားသောနည်းလမ်းနဲ့သာ အလိုရှိပါတယ်။ ပျော်ရွှင်မှုအတွက် ယုတ်မာသောနည်းလမ်းကို ကျုးလွန်မိပါက ကျွန်တော်ခွင့်ပြုလက်ခံလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် 'သဲပေါ် ဆောက်လုပ်တဲ့ အဆောက်အဦးမှန်သမျှဟာ အနှေးနဲ့အမြန် ပြိုပျက်မှာ မို့လို့ပါဘဲ။


One only dies once, and if one does not die well, a good opportunity is lost and will not present itself again.

Letter to Mariano Ponce, (1890)

လူတယောက်ဟာ တခါသာသေရမယ်။ ကောင်းသောသေခြင်းမဟုတ်ရင် အခွင့်အရေးကောင်းတခု ဆုံးရှုံးရသလို၊ နောက်တကြိမ်လည်း ရတော့မှာမဟုတ်ပါဘူး။


To live is to be among men, and to be among men is to struggle, a struggle not only with them but with oneself; with their passions, but also with one's own.

Letter to his family, Dapitan (c. 1884)

ရှင်သန်ခြင်းဆိုတာဟာ လူတွေကြားမှာ နေထိုင်ခြင်းဖြစ်သည်။ လူတွေကြားနေထိုင်ခြင်း ဆိုသည်မှာ ရုန်းကန်မှုတခုသာဖြစ်သည်။ ရုန်းကန်မှုတွင် မိမိကိုယ်တွင်း များသာမက တပါးသူတွေရဲ့တပ်မက်လိုချင်မှုများလည်းပါသည်။

Genius has no country. It blossoms everywhere. Genius is like the light, the air. It is the heritage of all.


Toast to the artists Juan Luna and Felix Hidalgo: Madrid, Spain (25 June 1884)

ပါရမီတွင် နိုင်ငံမရှိပေ။ နေရာဒေသအားလုံးတွင် ပွင့်ဖူးသည်။ ပါရမီဆိုတာ အလင်းရောင်နဲ့တူတယ်။ လေနဲ့တူတယ်။ အဲဒါဟာ အာလုံးရဲ့ အမွေအနှစ်ဘဲ။


It was a world which granted privileges to some and imposed prohibitions on others...Endowed with strength and eager to learn, one had to drag himself in a narrow prison cell when he could see an open field, a vast horizon in the distance; when he could feel the beatings of a heart; and when he believed himself entitled to enjoy the beauty of a dream.

"Laughter and Tears", an essay (c.1884)

လူ့လောကဆိုတာ တပါးသူတွေကို တားမြစ်ပိတ်ပင်နိုင်ဖို့ လူတချို့ကို အခွင့်အာဏာတွေပေးထားတဲ့ လောကတခုပါ။ လူတယောက်ဟာ အဝေးကကျယ်ပြန့်တဲ့ မိုးကုတ်စက်ဝိုင်းကိုသာမြင်နိုင်တဲ့ အကျဉ်းခန်းလေးကို ကိုယ်တိုင်ဒရွတ်တိုက်သွားရဲတဲ့အခါ။ နှလုံးသားရဲ့ စည်းချက်သံကို ခံစားနိုင်တဲ့အခါ။ စိတ်ကူးအိမ်မက်ရဲ့ အလှတရားကို ခံစားနိုင်ဖို့ ကိုယ်တိုင်ယုံကြည်လာတဲ့အခါမှာတော့ ခွန်အားတွေ၊ လေ့လာသင်ယူလိုစိတ်တွေ ဖြစ်ပေါ်လာတယ်။



Filipinos don't realize that victory is the child of struggle, that joy blossoms from suffering, and redemption is a product of sacrifice.

"Como se gobiernan las Filipinas" (How one governs in the Philippines), published in La Solidaridad (15 December 1890)

ဖိလစ်ပိုင်လူမျိုးတွေအနေနဲ့ အောင်ပွဲဆိုတာဟာ တော်လှန်ရေးရဲ့ကလေးငယ်လို့ သဘောမထားပါဘူး။ အောင်ပွဲဆိုတာဟာ ဒုက္ခခံစားမှုမှ ပေါက်ဖွားလာတဲ့ ပျော်ရွှင်မှုဖြစ်တယ်။ ပြန်လည်ရယူနိုင်ခြင်းဆိုသည်မှာ စွန့်လွတ်အနစ်နာခံခြင်း၏ ထုတ်ကုန်တခုဖြစ်သည်။



The world laughs at another man's pain.
"Song of the Wanderer", st.8 - translated by Nick Joaquin.
လောကကြီးဟာ တပါးသူရဲ့ နာကျင်မှုကို ရယ်မောနေနိုင်တယ်။



Not all were asleep during the night of our forefathers!

ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်တွေလက်ထက် ညတွေမှာ လူအားလုံး အိပ်ပျော်နေခဲ့တာ မဟုတ်ပါဘူး။


There are no tyrants where there are no slaves.

မင်းဆိုးမင်းယုတ်မရှိတဲ့နေရာမှာ ကျေးကျွန်တွေဆိုတာလည်း မရှိပါဘူး။


It is a useless life that is not consecrated to a great ideal.

ကြီးမြတ်တဲ့စံနမူနာ မလုပ်နိုင်တဲ့ ဘဝတခုဟာ အကျိုးမဲ့သော လူ့ဘဝတခုပါဘဲ။


You must shatter the vase to spread its perfume, and smite the rock to get the spark.

သင်ဟာ ရေမွှေးနံ့တွေ မွှေးပျံ့စေဖို့ ဗူးကို လှုပ်ရမယ်။ မီးစတခုရဖို့အတွက် ကျောက်ခဲကို ခတ်ရမယ်။


The school of suffering tempers the spirit, the arena of combat strengthens the soul.

ခံစားမှုဒုက္ခ အစုအဝေးဟာ စိတ်ဓါတ်ကို သက်သာစေတယ်။ တိုက်ပွဲမြေဟာ စိတ်ဝိညာဉ်တွေကို ခိုင်မာစေတယ်။


The glory of saving a country is not for him who has contributed to its ruin.

တိုင်းပြည်ကိုတယ်တင်ခြင်းဆိုတဲ့ ဂုဏ်ကျက်သရေဟာ တိုင်းပြည်ပျက်အောင်လုပ်နေသူတွေ
အတွက် မဟုတ်ဘူး။

De nobis, post haec, tristis sententia fertur!
After all this, you still speak ill of us!

ဒါတွေအားလုံးပြီးသွားရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မကောင်းကြောင်း ပြောဆိုနေကြအုံးမှာပါ။


ရီဇော်ကိုယ်တိုင်ရေးဆွဲခဲ့သော သူ့စာအုပ်မျက်နှာဖုံးပုံ


"He who does not know how to look back at where he came from will never get to his destination."

(in Tagalog: "Ang hindi marunong lumingon sa pinangalingan ay hindi makakarating sa paroroonan.")

ကိုယ်ဘယ်နေရာကလာတယ်ဆိုတာကို ဘယ်လိုပြန်ကြည့်ရမယ်လို့ မသိသူဟာ ဘယ်တော့မှ သူ့ပန်းတိုင်အဆုံးကို ရောက်မှာမဟုတ်ဘူး။



"The youth is the hope of our future."


လူငယ်တွေဟာ ကျွန်တော်တို့အနာဂါတ်ရဲ့ မျှော်လင့်ချက်တွေပါ။



He who would love much has also much to suffer.

"To My__" (December 1890)

ချစ်ခင်ကြင်နာရမယ့်သူတွေ များများရှိသူတွေဟာ များများခံစားကြရတယ်။


No good water comes from a muddy spring. No sweet fruit comes from a bitter seed.


Letter to the Young Women of Malolos

ရွံ့ဗွက်အိုင်ကနေ ရေကောင်းမရနိုင်ဘူး။ အခါးပင်က အချိုသီးမရနိုင်ဘူးဆိုတာ သိစေချင်တယ်။


The tyranny of some is possible only through the cowardice of others.

Letter to the Young Women of Malolos (22 February 1889) - translated from Tagalog by Gregorio Zaide

မင်းဆိုးမင်းယုတ်လုပ်ရပ်တွေဟာ သရဲဘောကြောင်မှုတွေကြောင့်ဖြစ်တယ်။


Man works for an object. Remove that object and you reduce him into inaction.

"Indolence of the Filipino" in La Solidaridad (1890)

လူတွေဟာ ပိတ်ပင်တားမြစ်ဖို့ လုပ်ကြတယ်။ ဒီပိတ်ပင်မှုတွေကို ဖယ်ရှားပြီး၊ မလှုပ်မရှားနိုင်ဖြစ်အောင် လုပ်ရမယ်။


Man is multiplied by the number of languages he possesses and speaks.

"Los Viajes"

လူတွေဟာ သူတို့ပိုင်ဆိုင် ပြောဆိုကြသော ဘာသာစကားများကြောင့် အစိတ်အစိတ်အပိုင်းပိုင်း ပြုခြင်းခံနေကြရတယ်။



Virtue lies in the middle ground.


"Los Viajes"

ကောင်းမြတ်ခြင်းဟာ အလယ်အလတ်ဖြစ်သောမြေ မှာဘဲရှိတယ်။



Travel is a caprice in childhood, a passion in youth, a necessity in manhood, and an elegy in old age.

"Los Viajes"


ခရီးသွားခြင်းဟာ ကလေးဘဝတုန်းကတော့ စိတ်ကူးပေါ်၍လုပ်တဲ့ အလုပ်တခုသာဖြစ်သည်။ အရွယ်ရောက်ချိန်မှာတော့ စိတ်ခံစားမှုတခုဖြစ်သည်။ လူကြီးဖြစ်ချိန်မှာတော့ မရှိမဖြစ်လိုအပ်သောအရာတခု ဖြစ်ပြီး၊ အိုမင်ရင့်ရော်ချိန်မှာတော့ လွမ်းချင်း တပုဒ်သာဖြစ်သည်။


Law has no skin, reason has no nostrils.

"The Philippines: A Century Hence"

တရားဥပဒေမှာ အရေခံမရှိဘူး။ ဆင်ခြင်တုံတရားမှာ နှာခေါင်းပေါက်မရှိဘူး။



I go where there are no slaves, hangmen or oppressors; Where faith does not kill; where the one who reigns is God.

"Mi Ultimo Adios" st. 13 - poem written on the eve of his execution (29 December 1896) - translated from the Spanish by Charles Derbyshire.

ကျေးကျွန်၊ ကြိုးပေးခံရသူ၊ ဖိနှိပ်သူမရှိသော အရပ်ဒေသသို့ ကျွနိုပ်သွားရပါလို၏။ ယင်းအရပ်တွင် သစ္စာတရားတို့သည်လည်း မတိမ်ကော၊ စိုးမိုးအုပ်ချုပ်သူသည် အဖဘုရားသခင်ကိုယ်တိုင် ဖြစ်ပါစေ။


Truth does not need to borrow garments from error.

အမှန်တရားလုပ်သူသည် အမှားလုပ်သူတွေထံမှ အဝတ်အစားငှားယူစရာ မလိုပေ။


Fate presented itself to some like a chinese fan--one side black, the other side gilded with flowers.

ကံတရားဆိုတာ တရုတ်ယပ်တောင်တခုလိုပါဘဲ။ တဖက်မှာ မဲနက်နေပေမယ့် တခြားဖက်မှာ ပန်းတွေနဲ့ ခြယ်မှုန်းထားတာပါ။





"To foretell the destiny of a nation, it is necessary to open the book that tells of her past."

-- José Rizal, quote inscribed in Fort Santiago

တိုင်းပြည်တပြည်ရဲ့ ကံကြမ္မာကို ကြိုတင်ပြောချင်ရင် ယင်းတိုင်းပြည်ရဲ့ အတိတ်သမိုင်းကို မှန်မှန်ကန်ကန်သုံးသပ်ရေးပြထားတဲ့ စာအုပ်တွေကို ပြန်ဖတ်ဖို့ အထူးလိုအပ်တယ်။


"I wish to show those who deny us patriotism that we know how to die for our duty and convictions."

-- José Rizal, quote inscribed in Fort Santiago

မျိုးချစ်စိတ်ဓါတ်ကို လက်မခံသူတွေကို ကွန်တော် ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်နဲ့ ယုံကြည်ချက်တွေအတွက် ဘယ်လိုသေရမယ်ဆိုတာ သိသူတွေပါ။





"He who does not love his own language is worse than an animal and smelly fish."

(in Tagalog: "Ang hindi magmahal sa sariling wika, daig pa ang hayop at malansang isda.")

ကိုယ့်ကိုယ်ပိုင် ဘာသာစကားကို မမြတ်နိုးသူတွေဟာ အဟိတ်တိရစ္ဆာန်တွေ ငါးပုတ်တွေထက် ပိုမိုဆိုးရွားပါတယ်။



"While a people preserves its language; it preserves the marks of liberty."


လူတွေဟာ သူတို့ရဲ့ ဘာသာစကားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ လွတ်မြောက်မှု အမှတ်အသားကို ထိန်းသိမ်းစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။




ကျုပ်တို့တိုင်းပြည်ပေါ်မှာ
နေဝန်းနီထွက်ပြူလာတာ မမြင်ရမီ ကျုပ်သေခဲ့ရတယ်။
အာရုဏ်ဦးကို တွေ့မြင်ကြရမယ့်
ခင်ဗျားတို့က နေဝန်းနီကို ကြီုဆိုကြပါ။
နောက်ပြီး
အကာလ ညအမှောင်မှာ
ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို မမေ့ကြပါနဲ့။

(နောက်ဆုံး နှုတ်ဆက်လွှာ ကဗျာမှ)






ဘလော့ခ်ဂါ အလင်းဆက်
၁၈.နိုဝင်ဘာလ.၂၀၁၀


No comments:

Post a Comment