Sunday, May 30, 2010

လူတယောက်အတွက် အရေးကြီးဆုံး အရာ


တိဘတ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းမား (Dalai Lama)နဲ့ ဘရားဇီး သီအိုလိုဂျီပညာရှင် လီယိုနာဒို ဘော့ (Theologian Leonardo Boff)

တို့တွေ့ဆုံခြင်း


တစ်ခုသော ဘာသာရေး နဲ့ လွတ်လပ်ခြင်းဆိုင်ရာ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတစ်ခုမှာ ကျနော် နဲ့ ဒလိုင်း လားမားတို့ သိမ်မွေ့စွာ ကြုံဆုံခဲ့ရပါတယ်။

ကျနော်က စိတ်ဝင်တစားနဲ့ သူ့ကိုမေးခဲ့ပါတယ်။

”အရှင်မြတ် လောကမှာ အကောင်းဆုံးက ဘာပါလဲ ဘုရား။”

(ကျွန်တော်ကြိုတွေးမိတာက တိဘတ်ဗုဒ္ဓဘာသာ ဒါမှမဟုတ် ခရစ်ယာန်ဘာသာထက်ရှေးကြတဲ့ အရှေ့တိုင်း ဘာသာရေး လို့ဖြေမယ်လို့ထင်မိတယ်)

ဒလိုင်းလားမားက ကျွန်တော်မျက်လုံးကို ကြည်ပြီး ပြုံးပြီးဖြေတယ်။အရှင်မြတ်ရဲ့ အဖြေဟာ ကျွန်တော့်ကို အံ့သြသင့် သွားစေခဲ့တယ်။



အရှင်မြတ်က "အကောင်းဆုံး ဘာသာရေးကတော့ ဘုရားသခင်နဲ့ အနီးကပ်ဆုံး ဖြစ်အောင် လုပ်နိုင်တဲ့ ဘာသာ ဘဲဖြစ်တယ်။ အဲဒီ ဘာသာရေး သာလျှင် သင့်ကို လူအဖိုးတန် ဖြစ်စေလိမ့်မယ်” လို့ဖြေပါတယ်။

ဒီလိုပညာရှိကြီးတစ်ယောက်နဲ့ အရှက်တရားမရအောင် ကျနော်မေးခဲ့ပါတယ်။
ကျနော့်ကိုဘယ်အချက်တွေက လူ့အဖိုးတန်ဖြစ်စေမလဲ။

အရှင်မြတ်က
“ သင်ဟာ ဘာဘဲလုပ်လုပ်
- ကိုယ်ချင်းစာစိတ် ရှိပါစေ။။
- အသိတရားစိတ် ကြီးမားပါစေ။
- ခွဲခြားဆင်ခြင်စိတ် ရှိပါစေ။
- မေတ္တာတရား ကြီးမားပါစေ။
- လူသားချင်းစာနာစိတ်ရှိပါစေ။
- တာဝန်ယူတတ်တဲ့စိတ် ရှိပါစေ။
- ကိုယ်ကျင့်တရား ကောင်းမွန်ပါစေ”
လို့ ဖြေပါတယ်။

ဒီလို သင့်ကို အကျင့်မြတ်၊ အကျင့်ကောင်း၊ စိတ်ကောင်း၊ စိတ်မြတ်တွေဖြစ်စေ၊ လုပ်စေတဲ့ ဘာသာရေးဟာ သင့်အတွက် အကောင်းဆုံးဘာသာရေးပါ။”

အရှင်မြတ်ရဲ့ အံ့မခန်းကြီးမြတ်မှုရဲ့ ကျနော်ခဏတာငြိမ်သက်သွားမိတယ်။ ယနေ့အချိန်ထိလည်း အရှင်မြတ်ရဲ့ ဥာဏ်ပညာနဲ့မငြင်းနိုင်တဲ့ တုန့်ပြန်ချက်တွေကို တွေးမိ၊ ဆင်ခြင်မိနေတုန်းပါဘဲ။

အရှင်မြတ်က ”မိတ်ဆွေကြီး … သင်ဘယ်ဘာသာဝင်ဖြစ်တယ်၊ ဘာသာတရားမရှိဘူးဆိုတာတွေကို ကျွန်ုပ် စိတ်မ၀င်စားဘူ။”

”ကျွန်ုပ်စိတ်ဝင်စားတာက သင့်ရဲ့အပေါင်းအငယ်တွေ၊ မိသားစုတွေ၊ လုပ်ငန်းခွင်၊ အသိုင်းအ၀ိုင်းနဲ့ ကမ္ဘာရှေ့မှာ ပြုမူကျင့်ကြံနေတဲ့ သင့်ရဲ့ အပြုအမူတွေကသာ အမှန်တကယ်အရေးကြီးပါတယ်။”

”စကြာဝဌာဆိုတာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်နဲ့ အတွေးအခေါ်တွေရဲ့ ပဲ့တင်သံ(Echo) ဆိုတာကို သတိရပါ။”

”သက်ရောက်ခြင်းနဲ့တုန့်ပြန်သက်ရောက်ခြင်းဆိုတဲ့ နိယာမတွေဟာ ရူပဗေဒပညာရပ်အတွက် သီးသန့် ဖြစ်နေတာမဟုတ်ပါဘူး။လူသားချင်းဆက်ဆံရေးမှာလည်း ဒီနိယာမအတိုင်းဘဲ ဖြစ်ပါတယ်။”

"ကျနော်တို့က ကောင်းကောင်းလုပ်ရင်၊ ကောင်းကျိုးပြန်ရမယ်၊ မကောင်းတာလုပ်ရင်၊ မကောင်းကျိုးခံရ မယ်။"

"ကျနော်တို့တစ်တွေရဲ့ ဘိုးဘေးတွေက ကျနော်တို့ကို စစ်မှန်တဲ့ အမှန်တရားတွေကိုပြောခဲ့တယ်။ သင်ဟာ တခြားလူတွေအပေါ်ထားတဲ့ ဆန္ဒအတိုင်း သင်ဖြစ်ရလိမ့်မယ်။"

"ပျော်ရွင်မှုဆိုတာဟာ ကံတရား အရာမဟုတ်ပါဘူး။ အဲ့ဒါဟာ မိမိစိတ်ရဲ့ ရွေးချယ်မှုဘဲဖြစ်ပါတယ်။"

နောက်ဆုံးအနေနဲ့ အရှင်မြတ်ပြောတာကတော့
“ သင့်ရဲ့ အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ စကားလုံးတွေဖြစ် လာမှာမို့လို့ပါဘဲ။ ”
“ သင့်ရဲ့ စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ် လာမှာမို့လိုပါဘဲ။ ”
“ သင့်ရဲ့ လုပ်ဆောင်ချက် ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ အလေ့အကျင့် တွေ ဖြစ် လာမှာမို့လိုပါဘဲ။
“ သင့်ရဲ့ အလေ့အကျင့် ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကိုယ်ကျင့်တရား တွေ ဖြစ် လာမှာမို့လိုပါဘဲ။
“ သင့်ရဲ့ ကိုယ်ကျင့်တရား ကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကံကြမ္မာ တွေ ဖြစ် လာမှာမို့လိုပါဘဲ။
သင့်ရဲ့ ကံကြမ္မာတွေဟာ သင့်ရဲ့ ဘ၀ဖြစ်လာလိမ့်မယ်။”

သစ္စာတရားထက် မြင့်မြတ်တဲ့ ဘာသာရေးဆိုတာ မရှိဘူး။

ဆင်ခြင်တုံတရားနည်းပြီး စိတ်ဓါတ်သေးသိမ်သေ
ာ အရာရှိတချို့ နှင့် မရိုးသားသူများက မွန်မြတ်သန့်စင်သော ဘာသာတရားတွေကို ခွဲခြားဆက်ဆံ အလွဲသုံးစားပြုနေကြသည်ဟု ကြားသိနေရ၍ ဒီဆောင်းပါးလေးကို ဘာသာပြန်ဖြစ်ခြင်းဖြစ်သည်။

"လူအချင်းချင်း လှည့်ပတ်ခြင်း။ အနိုင်ကျင့်ခြင်း ကင်းရှင်းကြပါစေ...."


ဘလော့ဂါ အလင်းဆက်
၃၀.မေလ.၂၀၁၀












ဆက်လက်ဖက်ရှုရန်...

အသက်ရှင်လျှက် ဘဝသေနေကြသူများ

အသက်ရှင်လျှက် ဘဝသေနေကြသူများ


စိုးရိမ်စိတ်တွေနဲသာ ပြည့်နေကြတဲ့ဘဝ
ကိုယ်တို့မှာ ရပ်ပြီးငေးမောဖို့တောင် အချိန်မရှိပါကွယ်။

သစ်ကိုင်းတွေအောက်နေပြီး ရပ်ကြည့်ဖို့ဆိုတာ
သိုးတွေ၊ နွားတွေလောက်တောင်အချိန်မရှိပါူးကွယ်။

သ၈်တောတွေကိုဖြတ်သန်းသွားရတဲ့ အခါမှာလည်း
မြက်ပင်တွေကြားက အခွံမာတွေအောက်
ပုန်းနေရှာတဲ့ ရှဥ့်ကလေးတွေကိုတောင် ကြည့်ချိန်မရှိပါကွယ်။

နေ့အခါမှာ တင့်တဲ့ နေမင်းရောင်ခြည်
ညအခါမှာ ဝင့်တဲ့ ကြယ်စင်အလှ ကိုလည်း
ခံစားဖို့အချိန်မရှိပါကွယ်။

ကခြေသည်မလေးရဲ့ ခြေကကြိုးတွေကိုလည်း
ရှုစားဖို့အချိန် မရှိပါကွယ်။

ပြုံးအလှပိုင်ရှင်လေးရဲ့
မျက်ဝန်းအလှ၊ နှုတ်ခမ်းအလှကိုလည်း
စောင့်ကြည့်ဖို့အချိန်မရှိပါကွ်။

စိုးရိမ်စိတ်တွေနဲ့သာ ပြည့်နေကြတဲ့
သနားစရာဘဝတွေ
ကိုယ်တို့မှာ ရပ်ပြီးငေးမောဖို့တောင် အချိန်မရှိပါကွယ်။

ဝီလျှံ။ ဟင်နရီ။ ဒေးဗစ်

ဘာသာပြန်။ အလင်းဆက်
(၃၀.မေလ.၂၀၁၀)

The image failed to load.



Leisure


What is this life if, full of care,

We have no time to stand and stare.

No time to stand beneath the boughs

And stare as long as sheep or cows.

No time to see, when woods we pass,

Where squirrels hide their nuts in grass.

No time to see, in broad daylight,

Streams full of stars, like skies at night.

No time to turn at Beauty's glance,

And watch her feet, how they can dance.

No time to wait till her mouth can

Enrich that smile her eyes began.

A poor life this if, full of care,

We have no time to stand and stare.

William Henry Davies



ငယ်ငယ်က ဒီကဗျာလေးကို အမှတ်အတွက် ဖတ်ခဲ့တယ်။ အခူတော့ ကဗျာဆရာကြီး ဖွဲ့ခဲ့သလို ကျွန်တော်တို့ တတွေကြုံနေကြရတော့ ရသအတွက်ဖတ်ဖြစ်တယ်။ ဘဝအတွက် မနားမနေ ရှုန်းကန်နေရသူ သူငယ်ချင်း တွေနဲ့ အားလုံးအတွက်ပါ။

ဆရာကြီး မောင်စွမ်းရည်ရေးဖွဲ့ထားတဲ့ ဘဝနှင့်အလှ ကဗျာမှ

သြော်… လူ့ဘုံလောကာ ရခဲစွာကို
ရလှာခဏ တဘဝဝယ်
အလှမမြင် လှမမင်ဘဲ
မြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ့ဘဝ
ထိုခဏသည် မည်မျှရှုံးလိုက်လေမည်နည်း၊…

စာသားကိုသာရေရွတ်မိနေပါတယ်။ လူသားအားလုံး ဘဝရဲ့ ရသနဲ့အလှ ကိုတွေ့ရှိခံစားနိုင်ကြပါစေ။။။

ALINSEK

ဆက်လက်ဖက်ရှုရန်...

Thursday, May 27, 2010

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ ကဗျာတပုဒ်


In The Quiet Land

Aung San Suu Kyi



In the Quiet Land, no one can tell

if there's someone who's listening

for secrets they can sell.

The informers are paid in the blood of the land

and no one dares speak what the tyrants won't stand.



In the quiet land of Burma,

no one laughs and no one thinks out loud.

In the quiet land of Burma,

you can hear it in the silence of the crowd
In the Quiet Land, no one can say

when the soldiers are coming

to carry them away.

The Chinese want a road; the French want the oil;

the Thais take the timber; and SLORC takes the spoils...



In the Quiet Land....

In the Quiet Land, no one can hear

what is silenced by murder

and covered up with fear.

But, despite what is forced, freedom's a sound

that liars can't fake and no shouting can drown.



SLORC = General Saw Maung staged a coup d'état and formed the State Law and Order Restoration Council (SLORC) in 1988.


အသံတိတ် တိုင်းပြည်ထဲမှာ




အသံတိတ် တိုင်းပြည်ထဲမှာ

တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ

ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။

ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို

ဘယ်သူကမှ မပြောရဲကြဘူးလေ။



အသံတိတ် ဗမာပြည်ထဲမှာ

ရယ်မောနေသူတွေ လည်းမရှိကြဘူး၊

ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။



အသံတိတ် ဗမာပြည်ထဲမှာ

လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား

အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။



အသံတိတ် တိုင်းပြည်ထဲမှာ

မတရားဖမ်းဆီးဖို့ လာနေတဲ့

စစ်သားတွေ ကိုမြင်နေတာတောင်

ဘယ်သူကမှ မပြောရဲကြဘူးလေ။



တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။

ပြင်သစ်တွေက ရေနံ ကိုလိုချင်နေကြတယ်။

ထိုင်းတွေက သစ် ကိုလိုချင်နေကြတယ်။

နဝတ ကတော့ အရာရာကိုဖျက်စီးနေကြတယ်။



အသံတိတ် တိုင်းပြည်ထဲမှာ

အသံတိတ် တိုင်းပြည်ထဲမှာ

ဘာသံမှကြားရမယ် မဟုတ်ဘူး

လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။

အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။

အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊

မုသားဝါဒီတွေ မတုပနိုင်တဲ့၊

ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့

အသံတသံ ကတော့ရှင်သန်နေမှာ

”လွတ်လပ်ခြင်း” တဲ့။ ။



အောင်ဆန်းစုကြည်



ဘာသာပြန် ။ဘလော့ခ်ဂါ အလင်းဆက်
(၂၈.မေလ.၂၀၁၀)







ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (In the quiet Land) ကဗျာအား ဘလော့ခ်ဂါ အလင်းဆက်မှ ခံစားပုံဖော်သည်။

ဆက်လက်ဖက်ရှုရန်...

Friday, May 21, 2010

မြန်မာနိုင်ငံ၏ ရေရှားပါးမှု ပြဿနာအား ပညာရှင်တစ်ဦး၏အမြင်

ရေအကြောင်းကျွမ်းကျင်သူတစ်ဦး နှင့် ဘလော့ခ်ဂါတစ်ဦး ဆက်သွယ်မေးမြန်းချက်

မေး။ ယနေ့အခါမှာ မြန်မာနိုင်ငံနေရာဒေသအတော်များများမှာ ရေတွင်းရေကန်တွေ ခန်းခြောက်နေတာ ဘာ ကြောင့်ပါလဲ။

ဖြေ။ အပူချိန်မြင့်တတ်နေတာရယ်၊ မုတ်သုန်မိုးအ၀င်နောက်ကျနေတာရယ်ကြောင့် မြေအောက်ရေလျှော့ပါးတာ ကြောင့် ဖြစ်ပါတယ်။ လေထုထဲမှာ အပူချိန်မြင့်တတ်တာကြောင့် မြေထုထဲမှာလည်း ရေခန်းခြောက်တာပါ။

မေး။ ရေရနိုင်တဲ့ အရင်းအမြစ်ဘယ်လောက်ရှိပါသလဲ။

ဖြေ။ အကြမ်းဖျင်းအားဖြင့် (၃) မျိုးရှိပါတယ်။ မိုးရေ (Rain Water)၊ မြေအောက်ရေ (Underground Water) နဲ့ မြစ်ရေ (River Water) တို့ဘဲဖြစ်ပါတယ်။

မေး။ ပင်လယ်ရေက သောက်သုံးရန်မဖြစ်နိုင်ဘူးလား။

ဖြေ။ ပင်လယ်ရေဟာ သောက်သုံးရန်မဖြစ်နိုင်ဘူးလို့ ဖြေလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ရေမှာ ပါ ၀င်တဲ့ ဆားဓါတ် နဲ့ အခြားဓါတ်ပစ္စည်းတွေဟာ လူတွေကို အန္တရာယ်ရှိစေလို့ပါဘဲ။ ဒါပေမယ့် အခြားခေတ်မီတဲ့ နိုင်ငံတွေမှာတော့ အဆင့်မြင့် နည်းပညာတွေသုံးပြီး ပင်လယ်ရေကို အသုံးပြုနိုင်လောက်တဲ့ အဆင့်ဖြစ်အောင် လုပ်နေတာတော့ ရှိပါတယ်။

မေး။ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး ရေအလုံအလောက်သုံးနိုင်အောင် ဘယ်လိုသိုလှောင်အသုံးပြုနေပါသလဲ။

ဖြေ။ မြန်မာနိုင်ငံမှာဆိုရင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာတော့ မြေတူးကန်၊ ရေကန်၊ ရေလှောင်ကန်တွေနဲ့ သို လှောင်ကြတယ်။ အလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ဒေသ (Dry Zone) တွေမှာတော့ အ၀ီစိတွင်းတွေလုပ်ပြီး သုံးစွဲကြတာရှိတယ်။ အင်းလေးဒေသလိုကြတော့ ကန်ရေကိုဘဲ အားကိုးသုံးခဲ့ကြပါတယ်။

မေး။ အခုလူတွေရေအခက်အခဲဖြစ်နေကြတယ်။ အထူးသဖြင့် သောက်သုံးရေအခက်အခဲဖြစ်နေတာ ဘာဖြစ် လို့ပါလဲ။

ဖြေ။ အခုလို သောက်သုံးရေအခက်အခဲဖြစ်တာဟာ ရာသီဥတုဖောက်ပြန်မှုကြောင့်ရယ်၊ ယခုလို ရာသီဥတု ဖောက်ပြန်တဲ့အခါ ဘယ်လိုဖြည့်ဆီးဆောင်ရွက်မလဲဆိုတဲ့ စီမံကိန်းတွေမရှိလို့ဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီ (၃) မျိုး ရှိပါတယ်။ အခု မတ်လဟာ နွေအကုန်၊ မိုးအကူးအချိန်အ ခါဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့် လတွေမှာဖြစ်ပေါ်မယ့် လေထုအပူချိန် နဲ့ မိုးရေချိန်အနေအထားကို စောင့်ကြည့်ရပါမယ်။ ဒီလိုမျိုးနောက်လတွေမှာ ဆက်ဖြစ်နေရင်တော့ ဒေသခံပြည်သူတွေအတွက် အန္တရာယ်ရှိ ပါတယ်။

ယခင်က အားကိုးနေရတဲ့ရေလှောင်ကန်တွေ၊ ရေကန်တွေ၊ တွင်းတွေဟာ အပူချိန်မြင့်မားမှုကြောင့်ရယ်၊ မြေ အောက်ရေခန်းခြောက်သွားတာကြောင့် အခုလို ခံစားနေရတာပါ။ ဒါကြောင့် ယခင်က ဒီလိုလတွေအထိ သုံးနိုင် တဲ့ ရေကန်တွေထဲက ရေတွေဟာ နောက် မုတ်သုန်မိုးမရွာခင် ကုန်ခမ်းသွားလို့လည်း ဖြစ်ပါတယ်။

မေး။ အခုလို ရေပြဿနာကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ။

ဖြေ။ ရေပြဿနာကို ဖြေရှင်းရမှာ ရေတိုရေရှည် နှစ်မျိုးရှိပါတယ်။

ရေတိုနည်းကတော့ ရေချိုရနိုင်တဲ့နေရာတွေကနေ သယ်ယူပြီး ပေးပို့ခြင်း၊ ရေရနိုင်လောက်တဲ့အထိ အ၀ီစိတွင်း တွေ တူးခြင်း ဖြစ်ပါတယ်။ မြစ်တွေ၊ ချောင်းတွေ နဲ့ နီးတဲ့ဒေသတွေမှာတော့ လူအများသုံးနိုင်တဲ့ အဆင့်အထိ ရေကို ပြုပြင်ခြင်း ( Water Treatment ) တွေပြုလုပ်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ရေတိုဖြေရှင်းဖို့ အဓိကက တော့ ပို့ဆောင်ရေး ( Transportation ) ဘဲ ဖြစ်ပါတယ်။ ရေအခက်အခဲကြုံနေရတဲ့ဒေသတွေအထိ သယ်ယူ ပို့ဆောင်နိုင်အောင် လုပ်ရမယ်။ ပိုက်လိုင်းတွေနဲ့ ဆက်သွယ်ပေးနိုင်ရမယ်။

ရေရှည်အတွက်တော့ နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေ ကြုံတွေ့လာနိုင်မယ့် ရေအခက်အခဲကို ဖြေရှင်းဖို့ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး စနစ်တကျ စီမံကိန်းချလုပ် ဆောင်ပေးရမယ်။ မိမိနိုင်ငံရှိ ရေအရင်းအမြစ်သဘောတရားတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကိုလည်း ထည့် သွင်းတွက်ချက်ပြီး ကြုံလာနိုင်တဲ့ ရေအခက်အခဲအတွက် စီမံကိန်းချပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်။ ရေ လှောင်ကန်ကြီး (Reservoirs) တွေကို ဆောက်ရမယ်။

မေး။ မြန်မာနိုင်ငံမှာ ရေအခက်အခဲဟာ ယခင်အချိန်တွေက မရှိဘဲ၊ အခုမှ ဘာလို့ ကြုံရပါသလဲ။

ဖြေ။ လက်တလော ရေပြဿနာကြုံနေရတဲ့အကြောင်းကို ကျမ ရှင်းပြပြီးပါပြီ။ ဘာဖြစ်လို့အခုမှ လူသိရှင်ကြား ပေါ်လာရသလဲဆိုတော့ သောက်သုံးရေရှားပါးမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝရဲ့လက်ဆောင်လို့ ပြောနိုင်တဲ့ မြစ်တွေ၊ ချောင်းတွေ၊ ရေကန်ကြီးတွေအများကြီးရှိပါ တယ်။ ပြီးတော့ ပိုပြီးကောင်းတာက မြန်မာနိုင်ငံရှိ မြစ်ရေ၊ ချောင်းရေတွေဟာ ပြုပြင်ပြီးရင် သောက်သုံးရေအ ဖြစ် အသုံးပြုနိုင်တဲ့အဆင့် PH 6.5 ကနေ PH 6.9 အထိ ရှိပါတယ်။ အဲ့ဒီအဆင့်ဟာ ဧရာဝတီမြစ်ရေရဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မဆိုးဘူးလို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သောက်သုံးရန်အသင့်တော် ဆုံး နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေဟာ PH 6.8 ကနေ PH 7.2 ကြားဖြစ်လို့ပါဘဲ။

မေး။ တစ်ချို့ကလည်း စင်္ကာပူနိုင်ငံကိုလေ့လာ နမူနာယူဖို့ ထောက်ပြတာရှိပါတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဆရာမ ရဲ့ အမြင်ကို သိပါရစေ။

ဖြေ။ စင်္ကာပူဟာ ရေအရင်းအမြစ်နဲ့ပတ်သတ်ပြီး အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် စင်္ကာပူနိုင်ငံ နဲ့ မြန်မာနိုင်ငံရာသီဥတုမတူပုံနဲ့ ပထ၀ီအနေအထားကွဲပြားတာကိုတော့ အလေးထားသင့်တယ်။ စင်္ကာပူမှာက တစ်နှစ်ပတ်လုံး မိုးရွာတယ်။ မြန်မာနိုင်ငံမှာက ၄ လ လောက်ဘဲ မိုးရွာနိုင်တယ်။ ဒါကြောင့် စင်္ကာပူနဲ့ မြန်မာနိုင် ငံဟာ မိုးရေချိန်ရရှိပုံခြင်း မတူနိုင်ပါဘူး။ ပြီးတော့ စင်္ကာပူဟာ အလွန်သေးငယ်တဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်ပါ တယ်။ ဒါတောင် စင်္ကာပူအစိုးရဟာ သူ့နိုင်ငံသားတွေအတွက် ရေအခက်အခဲမဖြစ်ရအောင် သေသေချာချာ စီမံ ကိန်းကျ ကြိုတင်ဆောင်ရွက်ထားတယ်။ စင်္ကာပူနိုင်ငံရဲ့ မြေ ၅၀ ရာခိုင်နှုန်းခန့်ဟာ ရေလှောင်ကန် (Reservoirs) တွေအတွက် နေရာပေးထားပါတယ်။ ရေအတွက် ဘယ်လောက်အလေးထားဆောင်ရွက်တယ် ဆိုတာ ပြတာပါဘဲ။

စင်္ကာပူနိုင်ငံမှာ မြစ်ချောင်းမရှိဘူးဆိုတာကို သတိထားမိရမယ်။ ပင်လယ်ရေကနေ သောက်သုံးနိုင်တဲ့ရေအဆင့် ထိ ဖြစ်အောင်လုပ်ဖို့ အလွန်ခက်ခဲပါတယ်။ နည်းပညာကျွမ်းကျင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီးလိုပါတယ်။ ရေ ထဲမှာပါတဲ့ Hardness လို့ခေါ်တဲ့ ကယ်လဆီယမ် နဲ့ မဂ္ဂနီဆီယမ်ကာဗွန်နိတ် စတာတွေကိုဖယ်ရမယ်။ Total Dissolved Solid ( TDS) လို့ခေါ်တဲ့ ရေထဲမှာပါဝင်နေတဲ့ မလိုလားအပ်တဲ့ အစိုင်အခဲတွေကိုလည်း ပယ်ရမယ်။ ဒါ့အပြင် ရေစစ်တဲ့နည်း (Filter) တွေ၊ ဓာတုဗေဒနည်း (Chemical) နည်း စတာတွေနဲ့ အဆင့်ဆင့်လုပ်ဆောင်ရ မယ်။

မေး။ စင်္ကာပူနိုင်ငံရဲ့ ရေအတွက် စီမံကိန်းတွေထဲက စိတ်ဝင်စားစရာလေးတွေကိုရှင်းပြပါလား။

ဖြေ။ စင်္ကာပူနိုင်ငံဟာ ရေလှောင်ကန် (Reservoirs) ကြီးတွေကို ဒေါ်လာသန်းပေါင်းများစွာ၊ ပညာရှင်တွေပေါင်း များစွာ၊ အဆင့်မြင့်နည်းပညာတွေကိုသုံးပြီး လုပ်နေတာပါ။ ဒါကြောင့်လည်း သူ့နိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိ က စိန်ခေါ်မှုကြီးဖြစ်တဲ့ ရေကိစ္စကို အောင်မြင်နိုင်တာပါ။

စင်္ကာပူဟာ ပင်လယ်ဝိုင်းရံနေတဲ့နိုင်ငံဖြစ်ပေမယ့် ၁၂ ရာသီလုံး မိုးရွာတာကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးလို့ပြောနိုင်တဲ့ မိုးရေကို အလေအလွင့်မဖြစ်အောင် နည်းပေါင်းစုံနဲ့ စုဆောင်း သို လှောင်အသုံးချနိုင်ကြတယ်။ နောက်ဆုံး သောက်သုံးဖို့မဖြစ်နိုင်တဲ့ ပင်လယ်ရေကိုတောင်မှ သောက်သုံးနိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်နိုင်ကြပါတယ်။

စင်္ကာပူနိုင်ငံဟာ Water Treatment, Water Management နဲ့ Water Quality Monitoring လို့ခေါ်တဲ့ ရေအ ရင်းအမြစ်နဲ့ပတ်သတ်တဲ့ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အတော်ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ဆို နိုင်ပါတယ်။

စင်္ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံဆီက ရေကြမ်း (Raw Water) တွေကို ၀ယ်တယ်။ ဒါပေမယ့် သန့်စင်ပြီး သောက်သုံးရန်အသင့်တော်ဆုံး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့်ရှိတဲ့ သောက်ရေသန့်များကို မလေးရှားနိုင်ငံ ကို တင်ပို့ရောင်းချနေပါပြီ။ တကယ့်ကို အားကျအတုယူစရာကောင်းပါတယ်။

မေး။ မြန်မာနိုင်ငံမှာ မြစ်ရေ၊ ချောင်းရေတွေ ပေါပါလျှက် ဘာကြောင့် သောက်သုံးရေရှားပါးနေတာပါလဲ။

ဖြေ။ မြန်မာနိုင်ငံမှာ အရေးအပါဆုံး မြစ်တွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စတာတွေဟာ မြန်မာနိုင်ငံအနှံ့ ခွဲဖြာစီးဆင်းနေတဲ့အတွက် အသက်သွေးကြောလို့ တင်စားနိုင်ပါတယ်။ ဒါ့အပြင် အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ်ရေရဲ့ PH အဆင့်ဟာ ၆.၅ ကနေ ၆.၉ အထိရှိနေပါတယ်။

မြစ်ရေ၊ ချောင်းရေကနေ သောက်သုံးရေအဆင့်ပြုလုပ်ဖို့တော့ လိုပါတယ်။ အဲ့ဒီလိုလုပ်ရာမှာ အနည်အနှစ်တွေ နဲ့ ရေသန့်ကို ခွဲခြားတဲ့နည်း (Separation Method) နဲ့ အိုဇုန်းဖြတ်တဲ့နည်း (Ozonization Method) လို့ခေါ်တဲ့ နည်း စတာတွေကို အသုံးချရပါမယ်။

မြန်မာနိုင်ငံမှာ အခုလိုသောက်သုံးရေပြတ်လပ်မှုမကြုံတာရယ်၊ ရရှိထားတဲ့သဘာဝလက်ဆောင် မြစ်ရေ၊ ချောင်း ရေကို စနစ်တကျ ထိန်းသိမ်းသိုလှောင်ခြင်း၊ အသုံးချခြင်းမရှိတာရယ်ကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပညာ ရှင်နဲ့ နည်းပညာ မလုံလောက်မှုကြောင့်လည်း ဖြစ်ပါတယ်။

ဒီစက်ကြီးကိုမောင်းနှင်ပြီး လူတွေကို ကူညီမလား၊ တစစီဖြုတ်ပြီး ဖျောက်ဖျက်ပစ်မလား စောင့်ကြည့်ကြဦးစို့

မေး။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်၊ ကမ်းနားလမ်းဘေးတစ်နေရာတွင် အသုံးမပြုဘဲ စွန့်ပစ် ထားသော ရေသန့်စက်ကြီးဆိုပြီး ဘလော့ခ်တွေမှာ ဓါတ်ပုံနှင့်တကွ ဖော်ပြနေတာကို တွေ့နေရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး ဆရာမရဲ့ မှတ်ချက်ကို သိပါရစေ။

ဖြေ။ စွန့်ပစ်ထားသော ရေသန့်စက်ကြီးဆိုတဲ့ ဓါတ်ပုံကိုတွေ့တော့ ကျမတော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ပြည်သူ / သားတွေ၊ အခုလို သောက်သုံးရေပြတ်လပ်လို့ အတိဒုက္ခရောက်နေချိန်မှာ ယခုဆို သိန်းပေါင်းများစွာ တန်ဖိုးရှိပြီး အသုံးတည့်မယ့်ရေသန့်စက်ကြီး စွန့်ပစ်ခံနေရတာတွေ့ရတော့ အာဏာပိုင်တွေနဲ့ စည်ပင်အပါအ၀င် တာဝန်ရှိသူတွေရဲ့ အတွေးအခေါ်နဲ့တာဝန်မဲ့မှုကိုလည်း အထင်သေး၊ အံ့သြမိပါတယ်။ တစ်ချို့ရေသန့်စက်ကြီး တွေဆိုရင် ပင်လယ်ရေကိုတောင် သောက်သုံးရေအဆင့်ဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

တန်ဖိုးကြီးပြီး ပြည်သူအတွက် တကယ်အသုံးဝင်မယ့် စက်ကြီး ယခုလိုလမ်းဘေးစွန့်ပစ်ထားတာဟာ အလှူရှင် တွေကိုလည်း စော်ကားရာ ရောက်တဲ့အပြင် အာဏာပိုင်တွေရဲ့ ပေါ်လစီနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုလည်း ဖော် ပြရာရောက်နေပါတယ်။

မေး။ ဆရာမအနေနဲ့ မြန်မာပြည်သူတွေကို ရေကိုဘယ်လို့ သိုလှောင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

ဖြေ။ မြစ်ဝကျွန်းပေါ်ဒေသမှာတော့ ဟိုးယခင်ကတည်းက ရေတွင်း၊ ရေကန်တွေနဲ့ ရေသိုလှောင်ကြတာ ရှိပါ တယ်။ ဒါပေမယ့် ယခုလို ရာသီဥတုဖောက်ပြန်တဲ့အခါ ရေအခက်အခဲကြုံလာမယ်ဆိုတာကို သတိထားရပါ မယ်။ အချို့က ဧရာဝတီတိုင်းက လူတွေရေအခက်အခဲကြုံတယ် ကြားသိကြတော့ ဖြစ်နိုင်ပါ့မလားလို့ သံသယ ၀င်ကြပါလိမ့်မယ်။ တကယ်တော့ အခုရေအခက်အခဲ တကယ်ကြုံနေရတဲ့ ဧရာဝတီတိုင်းထဲက နေရာတွေ ဖြစ် တဲ့ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်တွေဟာ ပင်လယ်နဲ့နီးတဲ့ဒေသတွေဆိုတာကို သတိထားရပါ မယ်။

ဒါကြောင့် ကျမအနေနဲ့ အကြံပြုချင်တာကတော့ မိုးရွာစဉ်မှာ မိုးရေကို ထိထိရောက်ရောက် သိုလှောင်ထိန်းသိမ်း ထားရပါမယ်။ အိမ်တိုင်းမှာ သောက်သုံးရေအတွက် မပူပန်ရအောင် မိုးရေကို သိုလှောင်ထားနိုင်မယ့် စဥ့်အိုးကြီး အုတ်ကန်များ၊ တိုင်ကီများ ထားသင့်ပါတယ်။

အစိုးရဆောက်နေတဲ့ ရေကာတာနဲ့ဆည်များရှိ ရေတွေဟာ စိုက်ပျိုးရေးအတွက် အဓိကသိုလှောင်ထားတယ်ဆို တာ သဘောပေါက်ရမယ်။ အဲ့ဒီရေတွေကို သောက်သုံးနိုင်တဲ့အဆင့်ရှိတဲ့ ရေဖြစ်ဖို့ နည်းပညာနဲ့စက်ပစ္စည်းတွေ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ကိုယ့်အားကိုယ်ကိုး၊ တစ်နိုင်တစ်ပိုင် စနစ်ကိုဘဲ လုပ် ဆောင်ကြပါလို့ ပြောချင်ပါတယ်။

မေး။ မြန်မာအာဏာပိုင်တွေကို ရေကိစ္စနဲ့ပတ်သတ်ပြီး ဘာများအကြံပြုတောင်းဆိုချင်ပါသလဲ။

ဖြေ။ အိပ်ချင်ဟန်ဆောင်သူဟာ နှိုးရခက်တယ် ဆိုတဲ့ စကားပုံအတိုင်းပါဘဲ။ သူတို့ဟာ သူတို့အတ္တနဲ့အာဏာအ တွက်ဆို နာဂစ်လို သိန်းနဲ့ချီသေတဲ့ဒေသမှာတောင် လူတွေမျက်ရည်ကြားထဲက ဆန္ဒခံယူပွဲဆိုပြီး မဲအတင်း ကောက်ရက်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အတွက် ပြောချင်တာကတော့ ပြည်သူတွေရဲ့ တကယ့်လို အပ်ချက်ဖြစ်တဲ့ ရေကိစ္စကို ရေတို၊ ရေရှည်စီမံကိန်း စနစ်တကျရေးးဆွဲပြီး ကာကွယ်ကူညီပေးပါလို့ တောင်းဆို ချင်ပါတယ်။ ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့နေရာတွေဟာ ရေလှောင်ကန် (Reservoirs) တွေ ဆောင် ရွက်ပေးပါ။ လမ်းဘေးရောက် ရေသန့်စက်ကြီးများကို ပြန်လည်မောင်းနှင်ပြီး ပြည်သူတွေ တကယ်လိုအပ်နေတဲ့ ရေကို ဖန်တီးပေးကြပါလို့ အကြံပြုပါရစေ။

ယခု ဘလော့ခ်ဂါ အလင်းဆက် ဆက်သွယ်မေးမြန်းထားသော ပညာရှင်မှာ မြန်မာနိုင်ငံတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးဖြစ်၍ နာမည်အမှန်မဖော်ထုတ်ပြခြင်းကို နားလည်ပေးနိုင်မည်ဟု ထင်ပါ သည်။ ကျနော်တို့ ဘလော့ခ်ဂါများအနေနှင့် မိမိတိုင်းပြည်အကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီရန် ရည် ရွယ်၍ တက်အားသ၍ မေးမြန်းတင်ပြထားခြင်းသာဖြစ်ပါသည်။ ကျနော်တို့ထက် နားလည်၊ တက်ကျွမ်းသော ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ၊ အလှူရှင်များ ဆက်လက်ဆွေးနွေး ဆောင်ရွက်ကြပါရန် ပြည်သူ့အကျိုးကို မျှော်၍ တိုက်တွန်းလိုက်ရပါသည်။

ဆက်သွယ်မေးမြန်းသူ။ ဘလော့ခ်ဂါ အလင်းဆက်

စီစဉ်သူ။ ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ

အလင်းဆက်
၂၁ မေလ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Tuesday, May 18, 2010

ဆရာဇော် (သို့မဟုတ်) ဓါးသံလျှက်နဲ့ပန်း


အမှာစာမဟုတ်သော အမှာစာ

ဒီနေ့ မေလ ၁၈ ရက်နေ့(၂၀၁၀)ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။


ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ စိန်ပန်း ရဲရဲနီတွေဝေနေ ကြွေနေတဲ့ အဓိပတိမြေမှာလည်း ကြားရတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။

ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ်ဆိုတဲ့ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။စာအုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။

သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”

ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစားမိခဲ့တယ်။

မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။

မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။

ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။

ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှားနေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။

အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင်တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။

ဏီဆက်

၁၈ မေလ ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

ဆရာဇော် (သို့မဟုတ်) ဓါးသံလျှက်နဲ့ပန်း

ဆရာဇော် (သို့မဟုတ်) ဓါးသံလျှက်နဲ့ပန်း

Your browser may not support display of this image.

“ အနုပညာသမားသည် သူ့သဘာဝအရ “ ရှင်းလင်းဖွင့်ဆိုသူ ” မဟုတ်ပါ။ “ ဖန်တီးသူ ” သာဖြစ်ရပါမည်။ ” ဟု အနုပညာသဘောတရားသစ်များကို ကိုယ်တိုင်တွေးတောကြံဆသူ၊ နိုင်ငံရပ်ခြားရှိ စာပေသဘောတရား၊ သီအို ရီစသည်တို့ကို မြန်မာစာဖတ်ပရိသတ်များ ခံစားသိနိုင်အောင် နှစ်ပေါင်းများစွာကတည်းက ရေးသားပြုစုနေခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် သည် မေလ ၁၈ ရက် ၂၀၁၀ တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဇော်ဇော်အောင် အမည်အပြင် မော်ဇော်၊ ဇော်ရဲ အောင်၊ ဇော်မြင့်သက်၊ ဇော်သလ္လာ၊ အမည်များဖြင့်လည်း မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများကို ရေးသားလျက်ရှိသည်။

သူ၏ အသွင်းဆန်းပြီး စူးရှသော စာပေဝေဖန်ရေးသဘောတရားအမြင်များကြောင့် စာပေအနုပညာလောက တွင် ထင်ရှားလာပြီး မော်ဒန်၊ ပို့စ်မော်ဒန်သဘောတရားများ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။

အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတဲ့ဝါဒ ဒီနေ့မြန်မာပြည်မှာမရှိဘူး။ အဲ့ဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။ မော်ဒန်သမားများသည် အမှန်တရားဘက်မှ ရပ်ကြပါသည်ဟု ဆိုသူဖြစ်သည်။ “ ကျနော်တို့ ၏ မော်ဒန် နှင့် ပို့စ်မော်ဒန်သမားများသည် ၀ါဒတစ်ခု၊ အတွေးအခေါ်စနစ်တစ်ခု၏ လက်အောက်ခံမဟုတ်ပါ။ ဘယ်ဝါဒကိုမှ ကျနော်တို့ ဦးထိပ်ရွက်မပန်ဆင်ပါ။ ” ဟု သူ၏ စာပေ၀ါဒသဘောထားအမြင်ကို ဖော်ပြရဲသူဖြစ် သည်။

မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်။ မြန်မာမော်ဒန်သည် မြန်မာ့ရေမြေတွင် မြန်မာ့ခံစားမှု၊ မြန်မာ့ဝေဒနာကို မြန်မာ့အနုပညာသမားများမှ ရေးဖွဲ့ကြ သော အနုပညာဖြစ်သည်။ “ မြန်မာ့ခံစားမှု ” ၊ “ မြန်မာ့ဝေဒနာ ” ဟု ဖွင့်ဆိုပြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်ကို ကျ နော်တို့ မြန်မာလူငယ်များက လွတ်လပ်စွာ ထူထောင်နေကြခြင်းသာဖြစ်သည်။ ကျနော်တို့၏ သီးခြားလက္ခဏာ မှာ လူတစ်ယောက်ခံစားရသော ခံစားမှုသာမက မြန်မာလူငယ်တစ်ယောက်ခံစားရသော ခံစားမှုအာရုံများကို လွတ်လပ်စွာ ရေးဖွဲ့ဖန်တီးခြင်းသည် အနှစ်သာရဖြစ်သည်ဟု သူ၏စာပေအမြင်ကို ရဲရဲဝင့်ဝင့် တွေးခေါ်တင်ပြ နိုင်သူဖြစ်သည်။ ဆရာက “ ၁၉၇၀ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ၀တ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။

စာရေးဆရာ အနုပညာသမားက တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ့တွင် ဖြစ်ပေါ်လာသော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီးရေးသားလိုက်သော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီး ရေးသားလိုက်သောစာကို “ စာပေ (သို့) စာပေအနုပညာပစ္စည်း (Literature Art) ” ဟုခေါ်ဆိုရပါမည်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုချက် အသစ်ကို ဖွင့်ဆိုပြသည်။ သူ၏ “ ၀တ္ထုအကြောင်းစာပေါင်းစာတမ်း ” တွင် “ အနုပညာသမား တစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်သည် ” ဟု သူ၏ အနုပညာခံယူချက်ကို ဖော်ပြထားသည်။

ယနေ့မြန်မာစာပေလောကတွင် အငြင်းပွားဖွယ်၊ နားလည်ရခက်နေသော မော်ဒန်၊ ပို့စ်မော်ဒန် စာပေသဘောတ ရားသီအိုရီအမြင်များ နှင့်ပတ်သတ်၍ သူ၏ “ ဇော်ဇော်အောင်ဖတ်စာ ” တွင် အတော်အတန်ဖွင့်ဆိုရှင်းပြထား သည်။ နိုင်ငံရပ်ခြားရှိ စာပေသဘောတရားများနှင့်လည်း ထိစပ်ခံစားနားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်း ပြနိုင်သူဖြစ်သည်။

မော်ဒန် မှ ပို့စ်မော်ဒန်ပြောင်းလဲလာသည်နှင့်ပတ်သတ်၍ ဆရာက အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူ ငယ်တန်းအောင်မှ ပထမတန်းတတ်ရမည်ဆိုသော ကိစ္စနှင့် မတူကြောင်းနှင့် ပို့စ်မော်ဒန်၏လောကအမြင်သည် “ ရှိမှု ” (Modes of Being) ပေါ်တွင် မူတည်ကြောင်း ယုံကြည်သူဖြစ်သည်။

မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေသည် တိုင်းတစ်ပါးမှ သွင်းလာသောမှောင်ခိုပစ္စည်းဖြစ်သည်ဆိုသောသူများရှိ၏။ မော်ဒန်၊ ပို့စ်မော်ဒန်အယူအဆများကို ကျနော်တို့ တင်သွင်းယူဆောင်လာခြင်းမဟုတ်။ ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု သုံးသပ်ခဲ့သည်။

ယင်းအမြင်နှင့်ပတ်သတ်၍ ပြောကြားရာတွင် “ ကျနော်က ၁၉၉၅-၉၆ မှာ သရဖူမဂ္ဂဇင်းမှာ မော်ဒန်အကြောင်း စရေးခဲ့တယ်။ အဲ့ဒါကို တင်းသွင်းတယ်ထင်လို့ ပြောဆိုစွပ်စွဲကြရင်တော့ ကျနော်မငြင်းပါဘူး။ ဒါပေမယ့် ဓါတ် မြေသြဇာတွေ တင်သွင်းသလိုတော့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ရှိပြီးသား မွန်းကြပ်မှု၊ ပိတ်လှောင်မှု၊ ချုပ် ကိုင်မှုတွေကြောင့်သာ မော်ဒန်၊ ပို့စ်မော်ဒန်က ပိုပြီး အသက်ဝင်လာတာပါဗျာ ” ဟုဆိုသည်။

လူငယ်တွေကို အားပေးရန်လိုလားသောဆရာသည် ယခုသော်လည်း လူငယ်များနှင့်စပ်လျဉ်း၍ သူ၏အမြင်ကို ပြောကြားရာတွင် “ ကျနော်လူငယ်တွေကို ယုံတယ်၊ သူတို့တွေမှာ မှားတယ်ဆိုတာသိပ်မရှိကြဘူး။ သမိုင်းအ ကွေ့တွေဟာ လူငယ်တွေဟာ မှန်တဲ့ဘက်ကရပ်တည်တာများတယ်။ ကျနော်က ကျောင်းဆရာဆိုတော့ လူငယ် တွေနဲ့ အနေနီးတာလည်းပါမယ်။ လူငယ်တွေကို အခင်းအကျင်းတွေ၊ လမ်းကြောင်းတွေ ဖောက်ပေးရမယ်၊ အဲ့ဒါ တွေဟာ လူကြီးတွေရဲ့တာဝန်ပဲဗျ။

Your browser may not support display of this image.

ကျနော်တို့အခေါ် ကိုရဲ (သို့) ဆရာသစ္စာနီ နှင့် ဆရာဇော်ဇော်အောင်

သီချင်းဆိုချင်သူတွေဆိုပါစေ၊ စာရေးချင်သူတွေရေးပါစေ၊ က ချင်သူတွေ က ပါစေ၊ ဆိုတာ မှားရင်မှားမယ်။ ရေးတာ အမှားပါရင်ပါမယ်။ က တာ ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေဟာ လောကကြီး အမှောင်ကျသွားမယ်။ ဒုက္ခရောက်သွားလိမ့်မယ်မဟုတ်ဘူး။ လူငယ်တွေဟာ မဟုတ်တာတော့ လုပ်မှာမဟုတ် ဘူးလို့ ကျနော်ယုံကြည်ပါတယ် ” လို့ ဆိုသည်။

ပို့စ်မော်ဒန်တို့၏ လောကအတွင်းက အစစ်အမှန်တို့များပြားရှုပ်ထွေးနေသောကြောင့် သူတို့လောကသည်လည်း မြောက်မြားရှုပ်ထွေးနေပါတယ်။ ဆရာက “ ပို့စ်မော်ဒန်လောကကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ကျနော် တို့ဆီမှာက ရှင်းနေပါတယ်။ အဲ့ဒီလောက်မရှုပ်ပါဘူး။ ပို့စ်မော်ဒန်သဘောတရားသီအိုရီကသာ ရှုပ်နေတာပါ။ ကျနော်တို့ဆီမှာ ပစ္စုပ္ပန်ကော၊ အနာဂါတ်ကော၊ အင်မတန်မှ ရှင်းနေပါတယ် ” ဟု ဆိုခဲ့သည်။

မော်ဒန်၊ အထူးသဖြင့် ပို့စ်မော်ဒန်သမားသည် ဘာသာစကား၏ မပြည့်စုံမှု၊ အားနည်းမှုကို သိမြင်လာကြသည်။ သူတို့ အဓိကလောကအမြင်နှစ်ခုအဖြစ် ရှိမှုမသေချာခြင်း (Ontological Uncertainty) နှင့် ဗဟိုချက်မဲ့ခြင်း (Theme of Absent Center / Decentred) ဟု ဆရာကဆိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန်သမားများသည် သူတို့ ယုံကြည်မှုလျော့ပါးနေသော ဘာသာစကား Medium ဖြင့်လောကကို သူတို့မြင်သည့်အတိုင်းရေးဖွဲ့ကြသည်။ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ၊ နှုန်းစံတွေ၊ လိုက်နာရမည့်ဥပဒေသတွေ စတာတွေကို စွန့်ပစ်လိုက်ကြ သည်။

ပို့စ်မော်ဒန်အမြင်ကိုလက်ခံရခြင်းနှင့်ပတ်သတ်၍ ဆရာက “ ကျနော်က ဗဟိုချက်(Center) ဆိုသော ဖိနှိပ်တဲ့သ ဘော၊ နှိပ်ကွပ်တယ်ဆိုတဲ့သဘောကို တွေ့နေရတော့ ဒီ ဗဟိုချက်သဘောထားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီ ဗဟိုချက်မဲ့ခြင်း(Decentred) သဘောဟာ ငါတို့အခြေအနေနဲ့လိုက်မယ်ထင်လို့ ဒီပို့စ်မော်ဒန်သဘောထားကို တင်သွင်းခဲ့တာပါဘဲ ” လို့ ဆိုပါတယ်။

လူသတ်မှုအတွက်ထားရှိသောပုဒ်မသည် (၃၀၂) ဖြစ်သည်ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက်ပုဒ်မသည် သုံးကုဋေနှစ်ဖြစ်နိုင်စရာအကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ ……. ” ဟု “ နိုင်တဲ့သူအကုန်ယူသွား သည် (The winner takes it all) ” ဆိုသည့် ဆရာဇော် ၏၀တ္ထုတိုထဲတွင် ဆိုထားသည်။

ကျနော်တို့ မြန်မာစာပေ၊ အထူးသဖြင့် မြန်မာဝတ္ထုတိုသည် မော်ဒန် မှ ပို့စ်မော်ဒန်သို့ လျင်မြန်သော အရှိန်အ ဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်ဟု ကျနော်ယုံကြည်ပါသည်။ ထိုသို့ဆိုလိုက်သဖြင့် စာပေလောကတွင် ဝေ ဖန်မှုများရှိခဲ့ရာ ဆရာက “ အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူငယ်တန်းအောင်မှ ပထမတန်းတက်ရမည် ဆိုသော ကိစ္စ နှင့် မတူပါ ” ဟု ချေပသည်။

ဆရာက “ ယခုအခါ ကျနော်တို့ဆီမှာ ခံနေရတဲ့လူတွေဘက်က လူတွေဘက်ကတစ်ခုခုလုပ်ဖို့ လိုနေလို့ ပို့စ် မက်စ်ဝါဒ(Post Marxism) ကို ပုံဖော်နေပါတယ်။ မက်စ်ဝါဒအမြင်များဖြင့် လေ့လာသောစာပေများကို ပြန်လည် စိတ်ဝင်စားတာ၊ လေ့လာတာကို ဆိုတာပါ။ အရေးကြီးတာက ခံနေရတဲ့သူတွေအတွက် စာပေဘက်က တစ်ခုခု လုပ်ပေးဖို့ ရည်ရွယ်ပါတယ် ” ဟု ဖြေကြားခဲ့ပါတယ်။

ရေးသားသူ။ ဏီဆက်



ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် )

၁၉၃၇ ခုနှစ် မေလ (၁၈) ရက်၊ ၁၂၉၉ ခုနှစ် နယုန်လဆန်း (၁၀) ရက်၊ (အင်္ဂါနေ့) ညနေ ၃း၀၀ နာရီတွင် ဖွား မြင်သည်။ ဖွားရာဇာတိချက်မြှုပ်သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ဖြစ်၏။ အဖဦးဘသက်၊ အမိဒေါ်တု တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ စစ်ကြီးအပြီးတွင် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု အ.ထ.က-၁) တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်ခဲ့သည်။ ရန်ကုန်တက္က သိုလ်သို့ပြောင်းရွှေ့၍ ၁၉၆၀ ခုနှစ်တွင် ၀ိဇ္ဇာမြန်မာစာဂုဏ်ထူးဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းခေါင်းစဉ်မှာ “ဇော်ဂျီ၏ ဗေဒါလမ်းကဗျာအပုဒ် (၄၀) ဖွဲ့စည်းတည်ဆောက်ပုံလေ့လာချက်” ဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနသို့ ၀င်ရောက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် စွန့်ခွာခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှစ၍ စာတိုပေစက လေးများ ရေးခဲ့သည်။ ယနေ့အထိ အပျော်ဖတ်ဝတ္ထုလုံးချင်း အုပ် (၄၀) ခန့်ရေးခဲ့သည်။ စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ် (၂၁) အုပ် ရေးခဲ့သည်။ စာပေဆောင်းပါးများလည်း ယနေ့အထိ ရေးဆဲဖြစ်သည်။

ငယ်စဉ်က အတော်တေတေပေပေ နေခဲ့သည်။ ဘ၀တွင် အမှန်မဖြစ်စလောက်နှင့် အမှားတွေ အများကြီးလုပ် ခဲ့သည်။ ယခုအခါတွင် လိမ္မာဖို့ ကြိုးစားရင်း စာအမှန်များ ရေးသားနေဆဲဖြစ်သည်။

x x x x x x x x x x x x x x x x x x x x

ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် ) ” မှာ သုံးပွင့်ညီညာစာပေ မှ ထုတ်ဝေခဲ့ သော ဆရာဇော်ဇော်အောင် ၏ “ မိုးပိတောက်စကားပြေများလက်ရွေးစင်ဝတ္ထုတိုစု ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ဆက်လက်ဖက်ရှုရန်...

Sunday, May 16, 2010

တတိုင်းပြည်လုံးမှာ မိုးပုလဲပန်းများ ရွာစွေပါစေ.....

မိုး
မိုးချစ်သူများ
မိုးမျှော်နေသူများ
မိုးတမ်းတနေသူများ
မိုးကို ကဗျာဖွဲ့သူများ
မိုးကို စိတ်ကောက်နေသူများ
မိုးကိုကျိန်ဆဲနေသူများ
မိုးအကြောင်းတွေးနေသူများ
မိုးကြောင့်ပျော်ရသူများ
မိုးကြောင့်ဝမ်းနဲရသူများ
မိုးကြောင့်ရယ်ရသူများ
မိုးကြောင့်ငိုရသူများ
မိုးကိုအချစ်ဝင်သူများ
မိုးကိုအပြစ်ဝင်သူများ
မိုးကြောင့်စီးပွားဖြစ်သူများ
မိုးကြောင့်စီးပွားပျက်သူများ
မိုးနဲ့ပတ်သတ်၍ ခံစားချက်ရှိသူ အားလုံး အားလုံး သို့

တတိုင်းပြည်လုံးမှာ မိုးပုလဲပန်းများ ရွာစွေပါစေ.....

အလင်းဆက်
၁၇.မေလ.၂၀၁၀

















Water!
Water's wet, Water's fun
I like Water it's number One!
Water keeps me wet.
Water keeps me cool.
I like Water it's like a pool.

Water is the same

In all languages
Water is the same
To all living beings

Anand Dixit



Farmhouses that at anchor seem'd--in the inland sky
The fog-transfixing Spires--
Water, wide water, greenness and green banks,
And water seen--"-

Samuel Taylor Coleridge

Spring rain
leaking through the roof
dripping from the wasps' nest.

Matsuo Basho


Rain as good as gold

Alinsek

ဆက်လက်ဖက်ရှုရန်...

မြန်မာ မှာအရမ်းပူ နေတယ်ဆိုလို့ .....


"သင်တို့ရဲ မေတ္တာ လက်နက်ကို ထုတ်သုံးပေးကြပါ"

အလင်းဆက်


မြန်မာ မှာအရမ်းပူ နေတယ်ဆိုလို့ .....


အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ပူပြင်းသည့် အချိန်တွင် ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိ မြင့်တက်လာနိုင် သည်။လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကို အပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကို ထိခိုက်နိုင်သည်။ အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံးနိုင်သည်။ လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာ ခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ ပြင်ပပတ်ဝန်းကျင် အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန် ထိန်းချုပ်ပေးသည်။ ( အပူဒဏ် ပိုမို ခံစားရသူများ) ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အင်အားချည့်နဲ့သူများ၊ ခန္ဓာကို ခုခံအား လျော့နည်း သူများ၊ နာတာရှည် ရောဂါ တမျိုးမျိုးကို ခံစားနေရသူများသည် အပူဒဏ်ကြောင့် အခြေအနေ ပိုမို ဆိုးရွား နိုင်သည်။ ၀လွန်းသူများ၊ အရက်သောက်ထားသူများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ လူနာများသည် အပူဒဏ်ကြောင့် ရောဂါထ၍ လေဖြတ်သည်အထိ ဖြစ်နိုင်သည်။ ( နေရောင်ခြည်) အပူဒဏ်ဟု ဆိုရာတွင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ခံစားရမှု ဖြစ်သည်။ ခန္ဓာကိုယ်အပေါ် နေရောင်ခြည်၏ အကျိုးသက်ရောက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့မှု အချိန်ကာလအပေါ် မူတည်၍ ကွာခြားသည်။ နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် (ultravioletrays) နှင့် အနီအောက် ရောင်ခြည် (infra red rays) နှစ်ခုအကြားတွင် ရှိသည့် ရောင်ခြည်များ ပါရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် လူတို့ကို ပိုမို အန္တရာယ် ဖြစ်စေသည်။ (အပူဒဏ်နှင့် အရေပြား) နေရောင်ခြည်ရှိ ခရန်းလွန်ရောင်ခြည်ကြောင့် အရေပြားကို အရောင်ရင့်စေသည်။ အသားအရေကို ညိုစေသည်။ နေရောင်ခြည်အောက်တွင် ကြာရှည်စွာ နေထိုင်ပါက ခရမ်းလွန်ရောင်ခြည်သည် အရေပြားကို နီရဲစေပြီး နာကျင်စေနိုင်သည်။ အရေပြား ကင်ဆာအထိပင် ဖြစ်စေနိုင်သည်။
(အပူဒဏ်နှင့် မျက်စိ)
ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရာက်ပါက မျက်စိထဲသို့လည်း ခရမ်းလွန်ရောင်ခြည်များ ၀င်ရောက်ပြီး မျက်စိရောဂါများကို ဖြစ်စေနိုင်သည်။ အများဆုံး တွေ့ကြုံရသည့် မျက်စိရောဂါမှာ မျက်သားတက်ခြင်း ဖြစ်သည်။ မျက်ကြည်လွှာပေါ်သို့ မျက်သားတက်ရာမှ သူငယ်အိမ်ကို ဖုံးအုပ်သွားပြီး မျက်စိကွယ်နိုင်သည်။ ထို့အပြင် မျက်ကြည်လွှာ အပေါ်ယံ နေပူလောင်ခြင်း (photo keratitis) လည်း ဖြစ်နိုင်သည်။ ပင်လယ်ကမ်းခြေ၌ နေပူဆာလှုံသူများ၊ ပင်လယ်ပြင်တွင် အလုပ် လုပ်သူများ၌ ဖြစ်တတ်သည်။ မျက်စိနာခြင်း၊ ကျိန်းခြင်း၊ မျက်ရည်ကျခြင်းတို့ကို ခံစားရသည်။ ခရမ်းလွန်ရောင်ခြည်နှင့် မျက်စိတိမ် ရောဂါ ဖြစ်ပွားမှု ဆက်စပ်ခြင်းရှိသည်ကို လေ့လာတွေ့ရှိထားသည်။ နေကာမျက်မှန်တပ်ခြင်းဖြင့် မျက်စိထိခိုက်မှုမှ ကာကွယ်နိုင်သည်။ (အပူဒဏ် ရောဂါများ) အပူဒဏ်ကြောင့် အပူရှပ်ခြင်း (heat stress) အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း (heat exhaustion) အပူဒဏ်ကြောင့် မေ့မြောခြင်း (heat stroke) တို့ ဖြစ်ပွားနိုင်သည်။ အပူရှပ်ခြင်းဖြစ်လျှင် ချွေးထွက်တတ်သည်။ ရေငတ်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အပူဒဏ်ကြောင့် နွမ်းနယ်ခြင်းဖြစ်လျှင် ချွေးစေးများထွက်ပြီး ခန္ဓာကိုယ်မှာ အေးစက်နေသည်။ ကြွက်တက်တတ်သည်။ မောပန်းနွမ်းနယ်၍ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်နိုင်သည်။ အသက်ရှူကျပ်လာပြီး သတိလစ်သွားနိုင်သည်။ အပူလွန်ကဲသည့်အခါ အပူချိန် ၁၀၄-ဒီဂရီ ဖာရင်စဟိုက်အထက်ရှိပြီး ခေါင်းမူးခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အကြောဆွဲခြင်းတို့ဖြစ်၍ အပူချိန် မြင့်သထက်မြင့်လာပြီး သတိလစ် မေ့မြောသွားနိုင်သည်။ (နေပူဒဏ်နှင့် အ၀တ်အစား) နွေရာသီတွင် အနက်ရောင် အနီရောင် စသည့် ရင့်သောအရောင်ရှိသည့် အ၀တ်များကို မ၀တ်သင့်ချေ။ ရင့်သည့်အရောင်များသည် အပူကို ပိုမိုစုတ်ယူနိုင်သဖြင့် အပူဒဏ်ကို ပိုမို ခံစားရနိုင်သည်။ အရောင်ဖျော့သည် အ၀တ် သို့မဟုတ်-အဖြူရောင်အ၀တ်များသည် အလင်းရောင်ပြန်နိုင်၍ ၀တ်ဆင်သင့်သည်။ ပွသော ချည်ထည်အ၀တ်များသည် အသင့်လျော်ဆုံး ဖြစ်သည်။ အ၀တ်ပါးပါးသည် အပူရှိန် ရောင်ပြန်ဟပ်မှုကိုပါ ကာကွယ်ပေးသည်။ (အမိုး အကာ သယ်ယူစရာ) နေပူထဲသို့သွားလျှင် ထီး၊ ဦးထုပ်၊ ခမောက်၊ တခုခုကို ဆောင်း၍ သွားသင့်သည်။ သို့မှသာ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား တိုက်ရိုက် ထိတွေ့မှုအား ကာကွယ်နိုင်မည် ဖြစ်သည်။ (နေပူထဲ ရှောင်စရာ) နေပူထဲတွင် ရေချိုးခြင်း၊ ရေကူးခြင်းများကို ပူပြင်းသောအချိန်၌ မပြုသင့်ချေ၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အရိပ်တွင် နားပြီးမှသာ ရေချိုးသင့်သည်။ ကလေးများသည် နေပူထဲတွင် ကစားတတ်ရာ လူကြီးများကလည်း ဂရုမပြုမိဘဲ ရှိတတ်သည်။ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ချေ။ (အပူဒဏ် ကုသရေး) ချွေးထွက်များလျှင် ရေကိုမကြာခဏ သောက်ပေးရမည် ဖြစ်သည်။ ရေနှင့် ဆားဓာတ်တို့ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်းတင်းပေးရန် ရေ-သို့မဟုတ် ရေနွေးကြမ်းတွင် ဆား အနည်းငယ်ထည့်၍ သောက်နိုင်သည်။ ဓာတ်ဆားထုပ် ရှိလျှင်လည်း ဖျော်သောက်နိုင်သည်။ ထို့အပြင် သစ်သီးဖျော်ရည်များကိုလည်း သောက်နိုင်သည်။ မိတ်ဖု ယားနာဖုများ ထွက်လျှင် ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ရသည်။ နာရီပိုင်းအတွင်း ကိုယ်အလွန်ပူပြီး အရေပြားနီမြန်းခြင်း၊ ကယောင်ကတမ်း ပြောခြင်းတို့ဖြစ်လျှင် ဆေးရုံဆေးခန်းသို့ပြ၍ ကုသမှုကို ခံယူသင့်ပါသည်။ မြန်မာ မှာအရမ်းပူ နေတယ်ဆိုလို့ .......အပူဒဏ် ကာကွယ်ရေးဗဟုသုတ လေးမျှဝေပေးတာပါ.....

အလင်းဆက်
၁၆.မေ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Thursday, May 13, 2010

မင်းဆိုးမင်းယုတ် တကောင်၏ မှတ်တမ်း

မင်းဆိုးမင်းယုတ် တကောင်၏ မှတ်တမ်း

သူသေတော့မှ အရာရာ သာယာလှပ ပြီးပြည့်စုံရတယ်။
သူကိုယ်တိုင် ရေးတင်သွားတဲ့ စကားပြေ ဟာသိပ်နားလည်လွယ်တယ်။
သူဟာ လူယုတ်လူသွမ်း တွေနဲ့သာ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်။
သူဟာ စစ်တပ် နဲ့ စစ်သင်္ဘော တည်ဆောက်ရေး အတွက်သာ အလေးထားခဲ့တယ်။
သူရယ်တဲ့အခါ သူ့ဝန်ကြီးတွေလည်း ဝါးလုံးကွဲ လိုက်ရယ်ကြတယ်။
သူငိုတဲ့အခါမှာတော့ လမ်းတွေပေါ်မှာ ကလေးငယ်လေးတွေ သေပွဲဝင်ကြရတယ်။

ဒဗလျု၊ အိတ်၊ အော်ဒင်



ကျွန်တော် နှစ်သက်လေးစားရတဲ့ W.H.Auden ၏ "Epitaph On A Tyrant" ကဗျာလေးကို ခံစားချယ်မှုန်းသည်။

အလင်းဆက်
(၁၃.မေလ.၂၀၁၀)






Epitaph On A Tyrant

Perfection, of a kind, was what he was after,
And the poetry he invented was easy to understand;
He knew human folly like the back of his hand,
And was greatly interested in armies and fleets;
When he laughed, respectable senators burst with laughter,
And when he cried the little children died in the streets.

W.H. Auden


ဆက်လက်ဖက်ရှုရန်...

Monday, May 10, 2010

ပါရမီမြောက်သော ပေးဆပ်အနစ်နာခံမှု








ဂရိဒဏာရီ အရ ပရိုမီးသီးရပ် (Prometheus) ဆိုသူဟာ ကမ္ဘာလောက အမှောင်ကြီးနေတာ မကြည့်ရက်လို့ သူ့အသဲနှလုံး ကိုစတေးကာ မီး(ဥာဏ်အလင်း) ကိုပေးဆပ်ခဲ့တယ်။

ဘလော့ဂါ လူငယ်


ပါရမီမြောက်သော ပေးဆပ်အနစ်နာခံမှု



မြတ်ဗုဒ္ဓ၏ဒေသနာတော်အရ ဘ၀ပေးတာဝန်အနေဖြင့် လူတိုင်းတွင် တာဝန်နှစ်ခုရှိ၏။ တစ်ခုမှာ အနစ်နာခံခြင်း ဖြစ်၍ အခြားတစ်ခုသောတာဝန်မှာ သူတပါးအကျိုးကိုဆောင်ရွက်ခြင်း
ဖြစ်၏။ ထိုထက်ပို၍ ပါရမီရှင်များ ဟုခေါ်ထိုက်သော မြင့်မြတ်သူများ၏ စိတ်ဓါတ်၊ အကျင့်နှင့်ပေးဆပ်အနစ်နာခံမှုများသည် အလွန်လေးစား အား ကျဖွယ်ပင်ဖြစ်သည်။

မြင့်မြတ်သူတို့၏ လုပ်ရပ်ဟူသည်မှာလည်း မိမိအတွက် ထိုလုပ်ရပ်မှထွက်ပေါ်လာမည့် တစ်စုံတစ်ရာ သော အကျိုးကို မျှော်ကိုးခြင်းမရှိဘဲ မိမိ၏ လူ့တာဝန်အရ ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေး အ တွက်သာ အားပြု၍ စိတ်ရင်းစေတနာရင်းသန့်သန့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။

မည်သည့်လုပ်ငန်းကိုလုပ်လုပ် ထွက်ပေါ်လာမည့်အကျိုးကိုမျှော်ကိုးခြင်းမရှိပါမှ “ နေက္ခမ္မ ” သဘော ရောက်၏။ နေက္ခမ္မသဘောပါမှလည်း ပါရမီထိုက်၏။ နေက္ခမ္မ ၏ အနက်မှာလွတ်မြောက်ခြင်းဖြစ်၏။ တပ်မက် ဖွယ်ဟူသမျှအားလုံးမှ လွတ်မြောက်ခြင်းဟူ၍ဆိုလို၏။ နေက္ခမ္မ သဘောပါဝင်လာလျှင် အရာရာတိုင်းကို သည်း ခံနိုင်၏။ အဆိုးကိုလည်း သည်းခံနိုင်၏။ အကောင်းကိုလည်း သည်းခံနိုင်၏။ သည်းခံခြင်းသည် “ ခန္တီပါရမီ ” ဖြစ် ၏။ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ၊ အရာရာတိုင်းကို ခွင့်လွှတ်နိုင်၏။ ခွင့်လွှတ်ခြင်းသည် “ ဥပေက္ခာပါရမီ ” ဖြစ်၏။ ထို့ကြောင့် လုပ်ငန်းများကိုလုပ်ရာ၌ မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ မျှော်ကိုးခြင်း မပြုဘဲ စွန့် လွှတ်ခြင်း နေက္ခမ္မ၌ အခက်အခဲဟူသမျှကြောင့် စိတ်ဓါတ်မကျဘဲခံနိုင်ရည်ရှိခြစ် ခန္တီ နှင့် အကြောက် နှင့် အ မြှောက်အပေါ် လျစ်လျူရှုနိုင်ခြင်း၊ ဥပေက္ခာတို့ပါဝင်လျှင် ထိုလုပ်ငန်းသည် မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်း ဖြင့် ဆောက်ရွက်သည်ဖြစ်၏။

မြင့်မြတ်သူတို့သည် လောကကို ကတညုတမျက်စိဖြင့် ကြည့်သူဖြစ်၏။ မကောင်းသော ပဉ္စမျက်စိဖြင့်ကြည့်သူမဟုတ်၊ ကတညုတမျက်စိဖြင့်ကြည့်သောအခါ လောကသည်တကယ်ပင်ချစ်ဖွယ်၊ ကြင်နာဖွယ် ကောင်းလှသော ကျေး ဇူးရှင်စစ်စစ်ဖြစ်၏။ တပါးသူ အပေါ်၊ မိမိပြည်သူ့အပေါ်၌ မေတ္တာဝင်ပြီးသားဖြစ်၏။

ပဌာန်း “ ဥပနိဿယပစ္စည်း ” အရလည်း မြန်မာနိုင်ငံသည် နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူအား လုံးတို့အား ဥပနိဿယပစ္စည်း ဖြင့် ကျေးဇူးပြုလျှက်ရှိ၏။ ဥပနိဿယပစ္စည်းဟူသည်မှာ အားကြီးသောကျေးဇူး ပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဤနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြ သူအားလုံးတို့၏ ကျေးဇူးရှင်ဖြစ်၏။ ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန် လူတိုင်း၌ တာဝန်ရှိ၏။ လူတိုင်းတွင် တိုင်းရင်းသား အားလုံးပါဝင်၏။ ကျေးဇူးရှင်အား ကျေးဇူးဆပ်ရခြင်းသည် လူသားတို့၏ ဘ၀ပေးတာဝန်လည်းဖြစ်၏။ မြင့်မြတ်သောဆောင်ရွက်မှုလည်းဖြစ်၏။

ထို့ကြောင့်သာ မြင့်မြတ်သော ပါရမီရှင်များအနေနှင့် လောကလူသားအကျိုး၊ ကျေးဇူးရှင်ကိုကျေးဇူးသိ တတ်၊ ကျေးဇူးဆပ်တတ်သောအလုပ်ကို ပေးဆပ်မှုသက်သက်၊ အနစ်နာခံမှုကြီးကြီးနဲ့ ဖြည့်ဆည်းနေသည်ဟု ယုံကြည်မိသည်။ အသာစံခြင်းသည် လူတိုင်းလုပ်နိုင်သော အလုပ်ဖြစ်သည်။ အနာခံခြင်းကား မြင့်မြတ်သူများ သာ လုပ်နိုင်သောလုပ်ငန်းဖြစ်သည်။

ပါရမီရှင်များ၏ပေးဆပ်မှုတွင် ပညာပါရမီလည်းပါသည်။ ပညာကိုပါရမီတစ်ရပ်အနေဖြင့်ဆိုရလျှင် ကရု ဏာနှင့်တွဲဖို့လို၏။ ပညာဖြစ်ရိုးမှန်ပါက ယင်း၏အောက်၌ သမာဓိရှိရ၏။ တဖန်ယင်း၏အောက်၌ သီလရှိရ၏။ သီလရှိလျှင်ဆိုကတည်းက ကရုဏာသည် အလိုလိုပါဝင်ပြီးသားဖြစ်၏။ ကရုဏာပါလျှင် မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာ တို့သည်ပါဝင်ဖို့ မခက်ခဲတော့ပေ။ ထို့ကြောင့် ပါရမီမြောက်သောပညာဖြစ်လာနိုင်ရန် အင်းအားပြည့်သော သီလနှင့်သမာဓိလို၏။ သီလနှင့်သမာဓိအားကြီးပါက လောကအပေါ် ချစ်ဖို့၊ ကြင်နာဖို့၊ ၀မ်းသာဖို့၊ ခွင့်လွှတ်ဖို့ ဘာမှခက်သည်မဟုတ်ဟု ဗုဒ္ဓဒေသနာတော်၌ ဆိုထားသည်ကို တွေ့ရပါသည်။

ပညာပါရမီမြောက်သော ပညာဖြစ်ဖို့ “ ပန်းတိုင် ” နှင့် “ လမ်းစဉ် ” ဟူသော အဆင့်နှစ်ဆင့်ရှိသည်။ ပထမအဆင့်ပန်းတိုင်ကို မဟာဗျူဟာဟုသတ်မှတ်နိုင်သည်။ ဒုတိယအဆင့်လမ်းစဉ်ကို နည်းဗျူဟာဟု သတ်မှတ် နိုင်သည်။ “ ပန်းတိုင် ” ပျောက်၍မဖြစ်ပါ။ ပြောင်း၍မဖြစ်ပါ။ သို့သော် နည်းဗျူဟာနှင့်တူသော “ လမ်းစဉ် ” ကို မူ အချိန်အခါနှင့်အခြေအနေကိုလိုက်၍ သင့်လျော်သလိုပြောင်းနိုင်၏။

ပန်းတိုင်အဖြစ် အမြဲတမ်း လောကတ္တစရိယဖြစ်နေရမည်ဖြစ်၏။ မိမိ၏အကျိုးထက် လောကအကျိုးကို ပို၍ ဦးတည်နေမည်ဖြစ်၏။ ထိုသို့အများအကျိုးအတွက် မိမိတို့ဘ၀ကို ပေးဆပ်အနစ်နာခံသူများကို မြင့်မြတ်သူ များ၊ စစ်မှန်သောပါရမီရှင်များဟုလည်းခေါ်သည်။

ထိုကဲ့သို့သော ပါရမီအောင် ပေးဆပ်သူများကြောင့်သာ လူ့လောကသည် နေထိုင်အပ်သောအရပ်၊ ကျက်သရေရှိသော အရပ် ဖြစ်နေရသည်။ ထိုသို့ အမှန်တကယ် ပေးဆပ်နေသူများ ၏ စိတ်ဓါတ် နှင့် လုပ်ရပ်ကား လေးစားအားကျ အတုယူဖွယ်ဖြစ်၏။ မြန်မာ နိုင်ငံကြီး ကမ္ဘာအလယ် တင့်တယ်စွာ ရပ်တည်နိုင်ဖို့ ပါရမီမြောက်အောင် ပေးဆပ်အနစ်နာ ခံရဲသူတွေ များများပေါ်ပါစေ..........


ဘလော့ကာ လူငယ်
(၉.မေလ.၂၀၁၀)

ဆက်လက်ဖက်ရှုရန်...

Saturday, May 8, 2010

Free our mothers in Burma!!!

Photobucket
ဓာတ်ပုံ.... ကရင်လေး(ဒေါနမြေ)



“May I reward your affection, Mother”



May I cure your serious ailments

With my diligence and industry, Mother.



Give me ability

that tempt those who

disregard the debt of gratitude, Mother.



I dare to face

any oncoming danger…



It is no peculiar for me

to think of dying in any way.

I know all will pass away in life, Mother.



You all will be happy surely

When my dreams come true.



I pay no mind to their

condemnation,

ridicule,

hate,or

defamation, Mother.



I long passionately for the praise

that I am your true and worthy daughter, Mother.



I wish to be only a person

who deserve your gratitude, Mother.



Aung San Suu Kyi



Translated by
Alinsek

5.March, 2010



Mother is a person who seeing
there are only four pieces of pie for five people,
promptly announces she never did care for pie.
~Tenneva Jordan


Hundreds of dewdrops to greet the dawn,
Hundreds of bees in the purple clover,
Hundreds of butterflies on the lawn,
But only one mother the wide world over.
~George Cooper


Being a full-time mother is one of the highest salaried jobs...
since the payment is pure love.
~Mildred B. Vermont


The sweetest sounds to mortals given
Are heard in Mother, Home, and Heaven.
~William Goldsmith Brown


A suburban mother's role is to deliver children obstetrically once,
and by car forever after. ~Peter De Vries


If the whole world were put into one scale, and my mother in the other,
the whole world would kick the beam.
~Lord Langdale (Henry Bickersteth)


Mothers hold their children's hands for a short while,
but their hearts forever.
~Author Unknown
Mother is neverending song in the heart, in the earth, in the waters, and in the air.
~ Alinsek

God could not be everywhere and therefore he made mothers.
~Jewish Proverb


A mother understands what a child does not say.
~Author Unknown


ဆက်လက်ဖက်ရှုရန်...

"ရေမှာလည်း အမေ၊ မြေမှာလည်း အမေ၊ လေမှာလည်း အမေ "

"လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏......."
လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်

Photobucket
ဓာတ်ပုံ.... ကရင်လေး(ဒေါနမြေ)

"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.."


သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရိယဖြင့် နာလန်ထူပါစေအံ့....

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ်...

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား...

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့
ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်


“May I reward your affection, Mother”



May I cure your serious ailments

With my diligence and industry, Mother.



Give me ability

that tempt those who

disregard the debt of gratitude, Mother.



I dare to face

any oncoming danger…



It is no peculiar for me

to think of dying in any way.

I know all will pass away in life, Mother.



You all will be happy surely

When my dreams come true.



I pay no mind to their

condemnation,

ridicule,

hate,or

defamation, Mother.



I long passionately for the praise

that I am your true and worthy daughter, Mother.



I wish to be only a person

who deserve your gratitude, Mother.



Aung San Suu Kyi



Translated by
Alinsek

5.March, 2010

ဆက်လက်ဖက်ရှုရန်...

Friday, May 7, 2010

“စောင့်ကြည့် ဗျုဟာ”


“စောင့်ကြည့် ဗျုဟာ”

Your browser may not support display of this image.

စောင့်ကြည့် နေ၏။

စောင့်ကြည့် နေ၏။

သူလည်း စောင့်ကြည့် နေ၏။

ကျွန်တော်လည်း စောင့်ကြည့် နေ၏။

သူတို့တွေလည်း စောင့်ကြည့် နေ၏။

တို့တတွေ အားလုံးလည်း စောင့်ကြည့် နေ၏။

ကမ္ဘာကလည်း စောင့်ကြည့် နေ၏။

အစိုးရတွေကလည်း စောင့်ကြည့် နေ၏။

ခေါင်းဆောင်တွေကလည်း စောင့်ကြည့် နေ၏။

အတိုက်အခံတွေကလည်း စောင့်ကြည့် နေ၏။

ပြည်သူတွေကလည်း စောင့်ကြည့် နေ၏။

နတ်မင်းတွေကလည်း စောင့်ကြည့် နေ၏။

ငရဲမင်းတွေကလည်း စောင့်ကြည့် နေ၏။

ဘုန်းကြီးတွေကလည်း စောင့်ကြည့် နေ၏။

ပညာရှင်တွေကလည်း စောင့်ကြည့် နေ၏။

သီအိုရီ သမားတွေကလည်း စောင့်ကြည့် နေ၏။

ဇရာအိုကြီးတွေကလည်း စောင့်ကြည့် နေ၏။

ပူတူတူကလေးတွေကလည်း စောင့်ကြည့် နေ၏။

မီဒီယာကြီးတွေကလည်း စောင့်ကြည့် နေ၏။

ဘလော့ကာကြီးတွေကလည်း စောင့်ကြည့် နေ၏။

စာရေးဆရာကြီးတွေကလည်း စောင့်ကြည့် နေ၏။

ကဗျာဆရာကြီးတွေကလည်း စောင့်ကြည့် နေ၏။

အားလုံး အားလုံး စောင့်ကြည့် နေ၏။

ဒို့ခေါင်းဆောင်တွေ အချုပ်ခံနေရပြီ။

ဒို့ညီမတွေ အတုတ်ခံနေရပြီ။

ဒို့ရုံးတွေ အပိတ်ခံနေရပြီ။

ဒို့ဆိုင်းဘုတ်တွေ အဖြုတ်ခံနေရဖြီ။

ဒို့အလံတွေ အရုတ်ခံနေရပြီ။

ဒို့လယ်တွေ အသိမ်းခံနေရပြီ။

ဒို့အိမ်တွေ အဖျက်ခံနေရပြီ။

ဒို့ဘုရားကို ခေါင်းဖြတ်ပြီ။

ဒို့ကျောင်းတွေ ကိုမီးမြိုတ်ပြီ။

ဒို့ဦးနှောက်ကို သူတို့ဖောက်ပြီ။

ဒို့သွေးကို သူတို့သောက်ပြီ။်

ဟန်ဆောင်၍ စကားခေါ်မည်။

အကြံအောင်၍ အလောင်းပေါ်မည်။

သားကူးတွေ လက်သွက်မည်။

အကြိုတ်ပေး၍ ပြုံးခံမည်။

ဗိုလ်ချုပ် ပုံကို ဘေးထုတ်မည်။

ခွေးရုပ်(ယုတ်) ပုံကို ပွဲထုတ်မည်။

သူတော်ကောင်းတွေ ထွန်းတောက် ရမည်။

နအဖ တို့စားခွက် ပျောက်ရမည်။

ဘာသာ သာသနာ ထိပ်ဆုံးရောက်ရမည်။

မိစ္ဆာအမျိုး ပျက်သုန်းကြရမည်။

ဆင်ဖြူတော်စီး မင်းပြုမည်။

ဝမ်းတွင်းရူးတို့ မြေမြိုမည်။

ဝါးပွင့်ပွင့် ၍ နိမိတ်ပေါ်မည်။

သံဃာတော်တွေ သပိတ်ခေါ်မည်။

သံတမန်တွေ တွေဆုံမည်။

နအဖ တို.အခက်ကြုံမည်။

အင်္ဂါ သမီးဘုန်းတောက်မည်။

အာဏာရှင်တွေ ဗုံးပေါက်မည်။

အင်္ဂါသမီး အိမ်ပြင်မည်။

အာဏာရှင်တွေ ဂိန်မြည် မည်။

ဒီမိုကရေစီ နိုင်ရမည်။

နအဖတို့ မှိုင်ရမည်။

ပေးဆပ်သူတို့ စိတ်ထားပေါ်မည်။

အခွင့်အရေး သမားတွေ ဗီဇ ပေါ်မည်။

NLD လည်းပဲ့ကျမည်။

USDA လည်းငရဲကျမည်။

သိန်းစိန် ထိပ်ပေါက်မည်။

သန်းရွှေ ဗိုက်ပေါက်မည်။

ရွေးကောက်ပွဲ ကို အတင်းလုပ်မည်။

နေပြည်တော်မှာ ငလျင်လှုပ်မည်။

ကြိုင်ကြိုင် စိတ်ကောက်မည်။

သန်းရွှေ အသက်ပျောက်မည်။

ခြင်္သေ့ အလံမြေမှာစိုက်။

နအဖ တို့ မြေပွေးကိုက်။

ခြင်္သေ့ အလံတွေ လွှင့်ဦးမည်။

ပြည်တွင်းစစ်တွေ ဖြစ်ဦးမည်။

မြို့ရွာတွေမှာ မီးပျောက်မည်။

နေပြည်တော်မှာ မီးတောက်မည်။

လမ်းတံတားတွေကို တဝက်ပြင်။

အောင်သိန်းလင်း လည်း အခေါင်းပြင်။

ဒေါ်စုအိမ် မှာ ဗူးသီး သီး၊

မောင်အေး ခင်ဗျာ အရူးကြီး။

ဒေါ်စု အိမ်မှာ ထမီစုတ်၊

မောင်အေး ခင်ဗျာ ခွက်ပုန်းခုတ်။

ဦးဝင်းတင်က သတ္တိခဲ၊

အောင်သောင်း ကတော့ ကျွန်ခံဆဲ။

ကျောင်းနံရံတဝိုက် မှာဒေါင်းအလံ ပြန်စိုက်မယ်၊

သစ္စာဖောက်တွေကို ချောင်းကာတိုက်မယ်။

Your browser may not support display of this image.

နိုင်ငံရေး အကျဉ်းသားတွေ ထမင်းငတ်နေ၊

သန်းရွှေကြီး အာရုံကြောပျက်သေ။

နိုင်ငံရေး အကျဉ်းသားတွေ စိတ်ဓါတ်ခိုင်၊

ရူးနေတာက မကြိုင်။

ဂျိုကုတ်ကြီးတွေ နေရာလု၊

အေးလွင်ခင်ဗျာ အလံလု။

ဂျိုကုတ်ကြီးတွေ ပြောင်းလဲ၊

အေးလွင်ခင်ဗျာ ခေါင်းကွဲ။

ဂျိုကုတ်ကြီးတွေ အသွင်ပျောက်၊

ခွေးနေရာ ရောက်။

ဦးရဲထွန်း ခင်ဗျာ ဝန်ခံပြီ။

ကျွန်ခံချင်တာ ပေါ်လြာ့ပီ။

သီအိုရီတွေ ဘေးချော်သည်၊

အဖေကျော်၍ ဖထွေးမျှော်သည်။

စကားတွေ နဲ့ တန်ဆာဆင်

ဒီယုန်မြင်လို့ ဒီခြုံထွင်။

ခွပ်ဒေါင်းသွေးက ရဲရဲနီ၊

ကျွန်သွေး တစက်မပါပြီ။

အမျိုးသား အလံတွေကို ရောင်းပြီ၊

ဘိုးဘွား အရိုးတွေ ထအော်ပြီ။

သစ်တောတွေ လည်းပြုန်းရသည်၊

တေဇ လည်းပုန်းရမည်။

ကျောက်မျက် တွေလည်း လျော့ပါးမည်၊

ဂျိုကုတ် သမီးတွေ စိန်စား သေမည်။

ဗုံးခွဲ တရားခံပေါ်လာမည်၊

သန်းရွှေ ကိုယ်တိုင်ဝန်ခံမည်။

ဘုရားခေါင်းကို သူဖြတ်သည်၊

စက်တိုင်ပေါ် သူတက်မည်။

ဘုရား ပုံတူ လိုက်တုသည်၊

သူ့သေတွင်း သူတူးမည်။

လွှတ်တော်ထဲကို သူခေါ်မည်၊

သွားတဲ့သူတွေ ခွေးဖြစ်မည်။

ငွေစက္ကူတွေ တိုးကာရိုတ်၊

ပြည်သူတွေမှာ တိုးခါငတ်။

အခွင့်ရေးသမားတွေ ခေါင်းထောင်တော့မည်၊

ဖာ နိုင်ငံကြီး တည်ထောင်တော့မည်။

Your browser may not support display of this image.

စွမ်းအားရှင်က မိုက်ခဲ၊

ကြံ့ဖွတ် က ရိုက်ဆဲ၊

အာဏာရှင်က ခေါင်းဆွဲ၊

ပြည်သူတွေမှာ ခေါင်းခဲ။

ဒို့မျိုးဆက်တွေကို ပြုတ်နေပြီ။

လူယုတ်ကြီးတွေ ရှုပ်နေပြီ။

ဘောင်းဘီချွတ်လို့ ဟန်ဆောင်ပြီ။

ပါတီထောင်လို့ ကြံပြန်ပြီ။

အကြံကုန်လို့ ဗုံးထောင်ပြီ်။

လံကြုတ်လုပ်ကာ စွတ်စွဲပြီ်။

တကယ်ပုတ်လို့ အဟုတ်ပေါ်ပြီ။

မီဒီယာ တချို့ လာဘ်မြင်ပြီ၊

အခွင့်အရေး အတွက် အကွက်ဆင်ပြီ။

ကျင့်ဝတ်ကိုင်ကာ ငြင်းရှာသည်၊

အခြေအနေကို မေ့ထားသည်။

ဖန်ငွေကိုလည်း မျှော်ကာရည်၊

အထဲပြန်ဖို့ ပြင်နေပြီ။

ရန်ကုန်မှာ အိုက်စက်၊

အေးလွင်က စောက်ငတ်။

ကြပ်ပြေးမှာ မိုးချုပ်၊

ဦးခင်မောင်ဆွေ ဖိုးရှုပ်။

ကြပ်ပြေးမှာ မိုးမှောင်၊

ဦးခင်မောင်ဆွေ အကြောထောင်။

ဘေးရောက်သွားတောင် မာနထောင်၊

နံမည်ပျက်နဲ့ ပါတီထောင်။

NLD ပါတီ ပြတ်သားသည်၊

ပြည်သူ့ အကျိုးကို ဆက်လုပ်မည်၊

NLD ပါတီ အလံ မလဲ၊

ပြည်သူ့ အကျိုး အတွက်တိုက်မှာဘဲ။

နအဖ လည်းလုပ်ရှာသည်၊

အကုသိုလ်တွေ တပုံတပင်။

အဝိဇာ ကြီးလို့ တရားမရ၊

ငရဲ သွားဖို့ လုပ်နေကြ။

မတရားမှု တွေကြီးစိုးသည်၊

ကံဆိုးရှာတဲ့ ဒို့ဋ္ဌာနီ။

အမှောင်ခွင်းလို့ အလင်းဆောင်မည်

သခင်စိတ်ကို မွေးရမည်။

ရာဇဝင် အရိုင်းတော့ မခံပြီ၊

ပေးဆပ်သူတွေကို အတုယူမည်။

တယောက်တအား ဝိုင်းကာအတည်၊

နောက်မျီုးဆက်အတွက်ပါ ပေးဆပ်မည်။

စစ်ကျွန်ဘဝ မှ ဒို့ဋ္ဌာနီ

ဘယ်တော့များမှ လွတ်ပါသည်။

အားလုံး အလုပ် လုပ်ပ်ါသည်။

စောင့်ကြည့် ဗျုဟာ ဖြစ်ပါသည်။

ကဗျာကဝေ မောင်ဒေါင်းဝေ

၇.မေလ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...