Friday, August 27, 2010

တွေးစရာ စာကိုးများ

အမြီးကို ခြေထောက်ပါလို့ ခေါ်စေရုံနဲ့ ခြေထောက်ဖြစ်သွားမှာမှ မဟုတ်ဘဲ။

No, calling a tail a leg don't make it a leg.

Abraham Lincoln



ယုံကြည်လက်ခံသွားအောင် လိမ်ညာလိုက်ခြင်းဟာ အလိမ်ပေါ် အလိမ်ဆင့်သွားတာပါဘဲ။ အမှားတခုဟာ အမှန်ဖြစ်သွားပြီဆိုရင် အမှန်တရားထက်တောင် ပိုပြီး ဝန်ထုပ်ဝန်ပိုးကြီးမား သွာဒစေတယ်။

A successful is doubly a lie; an error which has to be corrected is heavier burden than the truth.

Dag Hammarskjold

ပြည်သူလူထုဟာ အတော်ဆုံးဝေဖန်ရေးသမားထက် ပိုပြီး အသိဥာဏ်ရှိပါတယ်။

The public is wiser than the wisest critic.

George Bancroft


ပင်လယ်ပြင်မှာ နစ်မြုပ်တော့မယ့် သင်္ဘောပေါ်မှာ တစ်ဦးနဲ့တစ်သီးပြောတဲ့ သတိပေးစကားလောက် ယုံကြည်စိတ်ချရတဲ့ စကားမျိုး မရှိနိုင်တော့ပါဘူး။

No counsel is more trustworthy than that which is given upon ships that are in peril.

Leonardo Da Vinci

ထိခိုက်နစ်နာစရာတွေရှိနေတဲ အမှန်တရားဟာ အခွင့်အရေးအတွက် လိမ်ညာမှု တက်တော့ ပိုကောင်းပါတယ်။

A harmful truth is better than a useful lie.

Thomas Mann




လူတန်းစားတစ်ရပ်ရဲ့ စိုးရိမ်မှုကို အခြားလူတန်းစားရဲ့ လူမှုအခွင့်အရေးတွေနဲ့သွားပြီး ချိန်ကိုက်တိုင်းတာလို့တော့ မရပါဘူး။

The fears of one class of men are not the measure of the rights of another.

George Bancroft

ကြီးကျယ်ခန်းနားမှုဆိုတာ အင်အားတောင့်တင်းမှုအပေါ်မှာ မူမတည်ပါဘူး။ ဒါပေမယ့် အင်အားကို အမှန်အကန် အသုံးချခြင်းအပေါ်မှာတော့ မူတည်နေပါတယ်။

Greatness lies not in being strong, but in the rights using of strength.

H. W. Beecher




သတ္တိကြောင်တဲ့လူတွေဟာ ပိုပြီးကောက်ကျစ် တတ်ကြတယ်။

The weak in courage is strong in cunning.

William Blake

မြေခွေးရဲ့ အကြံဥာဏ်ကို လက်ခံတဲ့ ခြင်္သေ့ဆိုရင်တော့ ကောက်ကျစ်တော့မှာ အမှန်ဘဲ။

If the Lion was advised by the fox, he would be cunning.

William Blake



တန်ဖိုးရှိတယ်ဆိုတိုင်း အသစ်မဖြစ်သလို၊ အသစ်ဆိုတိုင်းလည်း တန်ဖိုးရှိတာမျိုး မဟုတ်ပါဘူး။

What is valuable is not new, and what is new is not valuable.

Lord Brougham

ဘယ်နိုင်ငံမှာမဆို ပညာတတ်ပေမယ့် အောက်တန်းကျတဲ့လူဟာ တိုင်းပြည်ကို အမြဲတမ်း နှောက်ယှက်အန္တာရာယ်ပေးနေတဲ့ အဓိကလူတန်းစားမျိုး ဖြစ်သွားတတ်တယ်။

An educated proletariat is a constant source of disturbance and danger to any nation.

Nicholas M Butler



ရှေ့မှာ သံကန့်လန့်ကာကို ချလိုက်ပြီဆိုတော့ နောက်မှာ သူတို့ဘာတွေ ဇြစ်နေမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။

An iron curtain is drawn down upon their front. We do not know what is going on behind.

Winston Churchill

သံဆိုတာ ပူနေတုန်းထုရတယ်။ ထုနေရင်းလည်း ပူအောင်လုပ်နေရမယ်။

Not only strike while the iron is hot, but make it hot by striking.

Oliver Cromwell



ကျွန်တော်တို့ဟာ သမိုင်းကြောင်းကို ဖတ်ရှုလေ့လာနေချိန်မှာ ကျွန်တော်တို့ကိုာ်တိုင် သမိုင်းကို ဖန်တီးနေကြပါပြီ။

While we read history we make history.

George W Curtis

သင့်ရဲ့ တာဝန်၊ ဆုလာဘ် နဲ့ ကံကြမ္မာတွေဟာ ဒီအချိန်မှာ ဒီနေရာကို ရောက်နေပြီလေ။

Your duty, your reward and your destiny- are here and now.

Dag Hammareskjold


donald-kendall-insperational-quotes


ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ခမိခဆဲ

၂၁. သြဂုတ်လ.၂၀၁၀


ဆက်လက်ဖက်ရှုရန်...

Monday, August 23, 2010

‘ ယုံကြည်ချက် ’ ဆိုတာ

‘ ယုံကြည်ချက် ’ ဆိုတာ





“Prayer is the key to Heaven, but faith unlocks the door.”

Prayer quotes

‘ဆုတောင်းခြင်း’ ဟာ ကောင်းကင်နိုင်ငံတော်သို့ သွားဖို့ သော့တစ်ချောင်းသာဖြစ်ပြီး၊ ‘ယုံကြည်ချက်’ သာ ကောင်းကင်နိုင်ငံတော် တံခါးတွေကို ပွင့်စေတာပါ။


glitters fantasy



Faith is the bird that sings when the dawn is still dark.

Rabindranath Tagore

‘ယုံကြည်ချက်’ ဆိုတာ ရောင်နီမလာတဲ့ အာရုံတတ်ချိန်မှာတောင် တေးသီတဲ့ ငှက်တစ်ကောင်ဖြစ်တယ်။



Sunbeams out of the clouds

Faith out of all my doubt.

Terri Guillemets

နေရောင်ခြည်ဟာ တိမ်ညိုမှိုင်းတွေကို ခွင်းနိုင်တယ်။

‘ယုံကြည်ချက်’ ဟာ သံသယတွေကို ဖျောက်နိုင်တယ်။


Martin Luther King Faith Quote

Faith is believing in things when common sense tells you not to.

George Seaton

‘ယုံကြည်ချက်’ ဆိုတာ အများက မဖြစ်နိုင်ဘူးလို့ ထင်နေတာကို ဖြစ်နိုင်တယ်လို့ ယုံကြည်နေခြင်းဖြစ်သည်။

Dance Love Sing Live - Myspace Quote Graphics

Weave in faith and God will find the thread.

Author Unknown

ရက်ကန်းယက်ဖို့ ‘ယုံကြည်ချက်’ သာရှိပါစေ။ ဘုရားသခင်က အပ်ချည် ရှာပေးပါလိမ့်မယ်။



Fear knocked at the door. Faith answered. And lo, no one was there.

Author Unknown

‘အကြောက်တရား’ က တံခါးလာခေါက်တဲ့အခါ၊ ယုံကြည်ချက်’ က ပြန်ဖြေလိုက်တာက ‘ ဒီမှာ ဘယ်သူမှ မရှိဘူးတဲ့။”


Love Makes Them Easy


Faith... must be enforced by reason.... When faith becomes blind it dies. Mahatma Gandhi

ဆင်ခြင်တုံတရားနဲ့ ပြည်စုံတဲ့ ‘ ယုံကြည်ချက် ’ ရှိရမယ်။ ‘ ယုံကြည်ချက် ’ ရှိလာရင် အရာရာကို မြင်နိုင်မယ်။


Not every interview requires diagrams.


ဘလော့ဂါ အလင်းဆက်

၂၄. သြဂုတ်လ. ၂၀၁၀


Fantasy Myspace Comments




မုန်တိုင်းစဲပြီးနောက် ငှက်ကလေးတွေတောင် တေးသီနိုင်သေးရင် အသင်လူသားတို့ ဘာကြောင့်များ မနိုးထနိုင်ကြရမှာလဲ။


faith spiritual quotes Pictures, Images and Photos


ဆက်လက်ဖက်ရှုရန်...

‘ ယုံကြည်ချက် ’ ဆိုတာ

‘ ယုံကြည်ချက် ’ ဆိုတာ





“Prayer is the key to Heaven, but faith unlocks the door.”

Prayer quotes

‘ဆုတောင်းခြင်း’ ဟာ ကောင်းကင်နိုင်ငံတော်သို့ သွားဖို့ သော့တစ်ချောင်းသာဖြစ်ပြီး၊ ‘ယုံကြည်ချက်’ သာ ကောင်းကင်နိုင်ငံတော် တံခါးတွေကို ပွင့်စေတာပါ။


glitters fantasy



Faith is the bird that sings when the dawn is still dark.

Rabindranath Tagore

‘ယုံကြည်ချက်’ ဆိုတာ ရောင်နီမလာတဲ့ အာရုံတတ်ချိန်မှာတောင် တေးသီတဲ့ ငှက်တစ်ကောင်ဖြစ်တယ်။



Sunbeams out of the clouds

Faith out of all my doubt.

Terri Guillemets

နေရောင်ခြည်ဟာ တိမ်ညိုမှိုင်းတွေကို ခွင်းနိုင်တယ်။

‘ယုံကြည်ချက်’ ဟာ သံသယတွေကို ဖျောက်နိုင်တယ်။


Martin Luther King Faith Quote

Faith is believing in things when common sense tells you not to.

George Seaton

‘ယုံကြည်ချက်’ ဆိုတာ အများက မဖြစ်နိုင်ဘူးလို့ ထင်နေတာကို ဖြစ်နိုင်တယ်လို့ ယုံကြည်နေခြင်းဖြစ်သည်။

Dance Love Sing Live - Myspace Quote Graphics

Weave in faith and God will find the thread.

Author Unknown

ရက်ကန်းယက်ဖို့ ‘ယုံကြည်ချက်’ သာရှိပါစေ။ ဘုရားသခင်က အပ်ချည် ရှာပေးပါလိမ့်မယ်။



Fear knocked at the door. Faith answered. And lo, no one was there.

Author Unknown

‘အကြောက်တရား’ က တံခါးလာခေါက်တဲ့အခါ၊ ယုံကြည်ချက်’ က ပြန်ဖြေလိုက်တာက ‘ ဒီမှာ ဘယ်သူမှ မရှိဘူးတဲ့။”


Love Makes Them Easy


Faith... must be enforced by reason.... When faith becomes blind it dies. Mahatma Gandhi

ဆင်ခြင်တုံတရားနဲ့ ပြည်စုံတဲ့ ‘ ယုံကြည်ချက် ’ ရှိရမယ်။ ‘ ယုံကြည်ချက် ’ ရှိလာရင် အရာရာကို မြင်နိုင်မယ်။


Not every interview requires diagrams.


ဘလော့ဂါ အလင်းဆက်

၂၄. သြဂုတ်လ. ၂၀၁၀


Fantasy Myspace Comments




မုန်တိုင်းစဲပြီးနောက် ငှက်ကလေးတွေတောင် တေးသီနိုင်သေးရင် အသင်လူသားတို့ ဘာကြောင့်များ မနိုးထနိုင်ကြရမှာလဲ။


faith spiritual quotes Pictures, Images and Photos


ဆက်လက်ဖက်ရှုရန်...

Sunday, August 22, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး


လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။

အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။

ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)

ဘလော့ခ်ဂါ အလင်းဆက်

(၂၂.သြဂုတ်လ.၂၀၁၀)


ဆက်လက်ဖက်ရှုရန်...

Thursday, August 19, 2010

လေးစားအတုယူဖွယ် ဗမာ့နိုင်ငံရေးရုပ်ရှင်ဖခင်ကြီး


လေးစားအတုယူဖွယ် ဗမာ့နိုင်ငံရေးရုပ်ရှင်ဖခင်ကြီး

မြန်မာ့သမိုင်းမှာ အမျိုးသားရေး၊ ဘာသာရေး နှင့် မတရားမှုတွေအတွက် မိမိတို့ရဲ့ စည်းစိမ်ဥစ္စာ၊ ရာထူး၊ အခွင့်အရေးများကို စွန့်လွှတ်အနစ်နာခံကာ ထမင်းရှင်ပြည်သူအတွက် ရဲရဲရပ်တည်ပေးခဲ့သော အနုပညာရှင် များစွာ ရှိခဲ့ပါတယ်။ အချို့ အနုပညာရှင်တွေဆို သူတို့ရဲ့ အနုပညာနဲ့ မတရားတဲ့အာဏာပိုင်တွေကို ဆန့်ကျင်အာခံပြခဲ့လို့ စီးပွားပျက်ခဲ့တဲ့သူတွေ၊ ထောင်ကျခံခဲ့ရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။

ပြည်သူဘက်က ရဲရဲရပ်တည်ပေးခဲ့သော သူရဲကောင်း အနုပညာရှင်ထဲမှ ပဲရော့ ရုပ်ရှင်လုပ်ငန်း (Parrot Film Production) ကို တည်ထောင်ခဲ့သော ပဲရော့ ဦးဆန်နီ ရဲ့ လေးစားအားကျဖွယ်လုပ်ရပ် နဲ့ အနုပညာ ဖန်တီးမှုတွေကို တင်ပြလိုပါတယ်။ သူဟာ ၁၉၃၁ ကနေ ၁၉၅၇ ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၉၂ ကား လောက်ကို ထုတ်လုပ်ခဲ့တဲ့ သူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။

ပဲရော့ ဦးဆန်နီဟာ နိုင်ငံရေးအတွက် အနုပညာလုပ်ငန်းတွေမလုပ်ခင်က အင်္ဂလိပ်လူမျိုး မေဂျာ ပဲရော့ (Major Parrot) ဆိုသူ ပိုင်ဆိုင်သည့် တက္ကဆီ ကုမ္ပဏီ (Taxi Company) ကို စီမံခဲ့သူတစ်ဦး ဖြစ်ပါတယ်။ မစ္စတာပဲရော့အငြိမ်းစားယူပြီး သူ့လုပ်ငန်းကို ဦးဆန်နီ ကို ရောင်းချခဲ့ပါတယ်။ ၁၉၃၀ နှောင်းပိုင်းမှာ ကမ္ဘာ့စီး ပွားရေး ကျဆင်းမှုကြောင့် ဦးဆန်နီလည်း အဲ့ဒီအချိန်က ရေပန်းစားနေတဲ့ ရုပ်ရှင်လုပ်ငန်းဘက်ကို ပြောင်းခဲ့ ပါတော့တယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ အစောပိုင်းကာလတွေက ရေပန်းအစားဆုံး ဇာတ်ကားတွေဟာ “ ပညာပေး ” ဇာတ်ကားတွေဘဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ တင်ပြရလျှင် မြန်မာနိုင်ငံရဲ့ ပထမဆုံး အသံတိတ်ရုပ်ရှင်ဇာတ် ကားဖြစ်တဲ့ “ မေတ္တာ နဲ့ သူရာ ” ဇာတ်ကားဟာ အရက်ကြောင့် ဘ၀ပျက်သွားတဲ့ လူတစ်ယောက်အကြောင်း ရိုက်ပြထားတာပါ။

ပဲရော့ရုပ်ရှင်ကုမ္ပဏီကလည်း အလားတူသဘောမျိုး “ ၃၆ ကောင် ” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ လောင်းကစားကြောင့် လူမှုဘ၀ပျက်ဆီးရပုံကို တင်ပြထားတာပါ။ အစကတည်းက ဦးဆန်နီရဲ့ ရုပ်ရှင်ဇာတ်ကားများဟာ ကိုယ်ကျင့်တရား နဲ့ လူမှုဘ၀အထွေထွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ ၃၆ ကောင် ”ဇာတ်ကားမှာဘဲ အာဏာပိုင်တွေရဲ့ ဆင်ဆာထိတာခံခဲ့ရပါ တယ်။ အဲ့ဒီဇာတ်ကားမှာ သူဟာ ရဲတွေလာဘ်စားမှုကို တင်ပြထားလို့လည်းဖြစ်ပါတယ်။ နောက်ဆုံး ဒီ “ ၃၆ ကောင် ” ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှကိုလိုနီအစိုးရ၏ သိက္ခာကို ထိခိုက်စေမှုနဲ့ပိတ်ပင်ခဲ့ခြင်းခံခဲ့ရပါတော့တယ်။

များသောအားဖြင့် ဦးဆန်နီ ရဲ့ အာဏာပိုင်တွေကို ပမာမခန့်ပြုလိုတဲ့စိတ်ကြောင့် သူ့ စီးပွားရေးကို များစွာ ထိခိုက်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ အမျိုးသားရေးလှုပ်ရှားမှု ပြင်းထန်နေတဲ့အချိန်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးဆန်နီဟာ သူ့ ပရိသတ်တွေရဲ့ တောင့်တချက်နဲ့ လိုအက်ချက် ကိုလည်း အလေးထားခဲ့ပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခေတ်ပြိုင်စီးပွားရေးသမားတွေကတော့ သူ့ဟာသူ့အကျိုးအ မြတ်ထက် မျိုးချစ်စိတ်ဓါတ်ကို အလေးထားတယ်ဆိုတဲ့ အချက်ကိုတော့ မငြင်းနိုင်ခဲ့ကြပါဘူး။

မြန်မာ့ရုပ်ရှင်ဒါရိုက်တာကြီးလည်းဖြစ်၊ ဝေဖန်ရေးဆရာကြီးလဲဖြစ်တဲ့ ဒဂုန်ဦးဘတင်က သူ့ရဲ့ “ ကျနော် နဲ့ မြန်မာ့ရုပ်ရှင်လောက ” စာအုပ်မှာ ဦးဆန်နီနဲ့ပတ်သတ်ပြီး ဝေဖန်ချက် ပေးထားခဲ့ပါတယ်။

ဆရာကြီး ဒဂုန်ဦးဘတင်က ဦးဆန်နီဟာ ရုပ်ရှင်ဇာတ်ကားတွေကို လူထုဆက်သွယ်ရေး လက်နက်အဖြစ် ပထမဆုံးနဲ့အစောဆုံး မြင်မိသူလို့ ကောက်ချက်ပေးခဲ့ပါတယ်။

“ ၁၉၃၀ ခုနှစ်နှောင်းပိုင်းလောက်က မြန်မာပြည်သူ ၁ သန်းလောက်ဟာ သတင်းစာ နေ့စဉ် ဖတ်သူများဖြစ်သည်။ ၃ သန်းလောက်ဟာ ရုပ်ရှင်သွားကြည့်သူများ ဖြစ်သည်ဟု ဦးဆန်နီက ခန့်မှန်းမိခဲ့သည်။ ဒါကြောင့်ဘဲ သတင်းစာထက် ရုပ်ရှင်လုပ်ငန်းက အစိုးရကို ဆန့်ကျင်ရာတွင် ပိုပြီး ထိရောက်နိုင်သည်ဟု ယုံကြည်ပြီး “ ပဲရော့ ” ရုပ်ရှင်လုပ်ငန်းကို တည်ထောင်ခဲ့သည် … ” ဟု ဝေဖန်ချက်ပေးခဲ့သည်။

သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကား မသိမသာအောင်မြင်ခဲ့ပြီးနောက်မှာတော့ သူဟာပိုပြီး ထိရောက်သော ရုပ်ရှင်ဇာတ်ကားနာမည်များဖြင့် ထုတ်လုပ်ခဲ့သည်။ “ ဒေါင်းအလံ ” ဆိုသော ဇာတ်ကားသည် လက်နက် ကိုင်လမ်းစဉ်ကို အားပေးသော ဇာတ်ကားဖြစ်သည်။ “အလံတောင် ” ဇာတ်ကားသည် ၁၉၃၀ ခုနှစ်လောက် က ဆရာစံဦးဆောင်သော တောင်သူလယ်သမားတော်လှန်ရေးတွင် ပါဝင်ခဲ့သော၊ ကျဆုံးခဲ့သော အာဇာနည်များကို ဂုဏ်ပြုထားသော ဇာတ်ကားဖြစ်သည်။

နောက်ပိုင်းသူ၏ဇာတ်ကားများနှင့်ပတ်သတ်၍ ဝေဖန်မှုများ ကြီးလာသောအခါ ဦးဆန်နီက မတရားမှုကို ဆန့်ကျင်ပြီး တိုက်ပွဲဝင်သူများကို သူဂုဏ်ယူကြောင်း နှင့် သူ့ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

သူက “ များပြားလှတဲ့ လူကောင်းတွေဟာ တော်လှန်ရေးမှာ သူတို့အသက်တွေ ပေးဆပ်ခဲ့ကြတယ်။ ရက် စက်ကြမ်းကြုတ်တဲ့ အစိုးရရဲ့ ကြိုးပေးမှုကိုခံခဲ့ရတယ်။ ကျနော်က ရုပ်ရှင်ရိုက်ခဘဲ ဆုံးရှုံးတာပါ။ သူတို့ကို အမှတ်ရစေချင်လို့ ရိုက်ကူးနေတာပါ။ သူတို့ရဲ့ စိတ်ကူးအိပ်မက်ဖြစ်တဲ့ လွတ်လပ်ရေးရစေချင်လို့ပါ ” ဟု ပြောခဲ့သည်။

တစ်ခါတစ်လေ သူ့အရင်းနှီးဆုံး မိတ်ဆွေများသည် ဦးဆန်နီ၏ အတွေးရဲ၊ လုပ်ရဲသော စိတ်ကြောင့် အံ့သြခဲ့ ကြရသည်။ ပဲရော့ ရုပ်ရှင်ထုတ်လုပ်ရေး၏ ဇာတ်ညွှန်းရေးဆရာကြီး ဟံသာဝတီဦးဘရင်က ပြန်ပြောပြရာမှာ တော့ “ ဦးဆန်နီဟာ အာဏာပိုင်တွေကို အကြောက်အရွံ့မရှိဘူး။ တစ်ခါတစ်လေများ သူ့ရဲ့အာခံရဲတဲ့ သဘောထားတွေကြောင့် ကျနော် တုန်လှုပ်ခဲ့ရပါတယ်။ ” ဟု ပြန်ပြောင်းပြောခဲ့သည်။

ပဲရော့ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဇာတ်ကားနာမည်များကိုက လွတ်လပ်ရေး လှုပ်ရှားမှုကာလများ ကို အမှတ်ရစေ၊ ထင်ဟပ်စေသည်။

“ သခင်မျိုး ” ဇာတ်ကားသည် ၁၉၃၈ က ပေါ်ပေါက်ခဲ့သော “ တို့ဗမာအစည်းအရုံး ” အသင်းကြီးနှင့်အဖွဲ့ဝင် သခင်များကို ဂုဏ်ပြုထားခြင်းဖြစ်သည်။ ဒီဇာတ်ကားကြီးသည်လည်း အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်ဖြစ်စေ သည်ဟူသော အချက်ဖြင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။

တကယ်တော့ ထိုအချိန်က နယ်ချဲ့အစိုးရကို စိတ်ခေါ်ခဲ့သော၊ အာခံရဲသော ရုပ်ရှင် လုပ်ငန်းများဟာ ပဲရော့ရုပ် ရှင်လုပ်ငန်းတစ်ခုတည်းမဟုတ်ပေ။ မြန်မာ့အဆွေ အေ၀မ်း ရုပ်ရှင်ထုတ်လုပ်ရေးကလည်း နိုင်ငံရေး နှင့် အမျိုးသားရေးစိတ်ဓါတ်ကို လှုံ့ဆော်ပေးသော ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ၁၉၃၈ တွင် ပေါ်ပေါက်ခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးနိုင်ခဲ့သည်။ ရုပ်ရှင် သမားများကိုယ်တိုင် ကျောင်းသားသမဂ္ဂဥက္ကဌ သခင်ဗဟိန်းနဲ့အတူလိုက်ပြီး အလုပ်သမားများ ရန်ကုန်သို့ ချီတတ်ခဲ့ပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။

ဗြိတိသျှဘားမား ရုပ်ရှင်လုပ်ငန်းက ဆရာခန့် ဆိုသူသည် ဆန္ဒပြပွဲတွင် ပုလိပ်များက အကြမ်းဖက် နှိမ်နင်းနေပုံ ကို မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ ထို့ပြင် ပုလိပ်များ၏ နံပါတ်တုတ် နဲ့ အရိုက်ခံရမှုကြောင့် ကျဆုံးခဲ့သော ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော် ဈာပနကို လည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းဈာပနသို့ လူ ၆ သိန်းကျော် လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုခဲ့ကြသည်။



ပဲရော့ရုပ်ရှင်လုပ်ငန်းကလည်း အရေးအခင်းနှင့်ပတ်သတ်၍ ရုပ်ရှင်ဇာတ်ကား များစွာ ရိုက်ကူး ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုများရခဲ့သည်။ ထိုထဲတွင် “ ဗိုလ်အောင်ကျော် ” ဇာတ်ကား၊ “ ရေနံမြေ ” ဇာတ်ကား နှင့် “ နံပါတ်တုတ် ” ဇာတ်ကားလည်း ပါဝင်သည်။ “ဗိုလ်အောင်ကျော်” ဇာတ်ကားတွင် တကယ့်မှတ်တမ်းဝင် ပြကွက်များဖြင့် ပေါင်းစွက်ထားသည်။ “ ရေနံမြေ ” ဇာတ်ကား သည် ၁၉၃၈ ခှနှစ်တွင် ပေါ်ပေါက်ခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အကြောင်းတင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ရေနံမြေ အလုပ်သမားတို့၏ ဆင်းနဲနုံချာသောဘဝ နှင့် အရှင်းရှင်တို့၏ အနှိမ်ကျင့် ဆက်ဆံမှုများကို စာနာနားလည်အောင် ရိုက်ပြ ထားခြင်းဖြစ်သည်။

“နံပါတ်တုတ်” ဇတ်ကားသည် အစိုးရကို အနုပညာဖြင့် ထိုးနှက်ရာတွင် အလွန်ထိရောက်မှု ရှိခဲ့သည်။ “နံပါတ်တုတ်” ဟူသော စာတန်းကို ရေးထိုးပြရာတွင် ပုလိပ်တို့ရိုက်နှက်၍ ဦးခေါင်းမှထွက်ကျလာသော ကျောင်းသားများ၏ သွေး ဖြင့်ဖော်ပြခဲ့သည်။ ထိုပြကွက်ကို မြင်လိုက်ရပြီး တပြိုင်နက် သဘောပေါက် ခံစား လိုက်ရသော ရုပ်ရှင်ကြည့်ပရိသတ်များသည် ရုပ်ရှင်ရုံ အတွင်းတွင် အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကို ကြွေးကြော်ကြသည်။ ထိုကြောင့် အစိုးရ အနေနဲ့ ယင်းဇတ်ကား၏ နံမည်ကိုပြောင်းရန် အမိန့်ပေး၍ “ဂုဏ်ရည်သွယ်” ဟုပြောင်းပေးခဲ့ရသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် ရဲရဲဝင့်ဝင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့သော အမျိုးသမီးများကို လေးစား ဂုဏ်ပြုသော အားဖြင့် “သခင်မ” ဇတ်ကား နှင့် “ရဲဘော်မ” ဇတ်ကား များကို ရိုက်ကူးခဲ့သည်။ ယင်း ဇတ်ကားများသည် မတရားဖိနှပ်နေသော အစိုးရ ကိုမကြောက်မရွံ့ အာခံဆန့်ကျင်ရဲသော တို့ဗမာ အစည်းအရုံးဝင် အမျိုးသမီးများ နှင့် တော်လှန်ရေးကို ထောက်ခံအားပေးခဲ့သော အမျိုးသမီး သူရဲကောင်း အပေါင်းကို အနုပညာဖြင့် ဂုဏ်ပြု ထားခြင်းဖြစ်သည်။

၁၉၄၀ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ရဲဘော်မ” ဇတ်ကား သည် ရာထူး၊ အခွင့်အရေး နှင့် စည်းစိမ်ဥစ္စာ အတွက် နယ်ချဲ့အစိုးရနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးမလုပ် ကိုယ်ကျိုးရှာ မြန်မာအရာများ ကိုဝေဖန်ရှုပ်ချထားသော ဇတ်ကားဖြစ်သည်။ ဦးဆန်နီ သည် အရာရှိကြီးများ ကိုယ်တိုင် ယင်းရုပ်ရှင် ဇတ်ကားကိုလာကြည့်ရန် အရာရှိများကို ဖိတ်ကြားခဲ့သည်။ ထိုပြင် ပြည်သူ့အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လည်း ဇတ်ကားတွင် တိုက်တွန်း ထောက်ပြထားသည်။

ဦးဆန်နီသည် လူငယ်များ စိတ်ဓါတ်နိုးကြားပြီး အလုပ်လုပ်ချင်စိတ်ပေါ်လာအောင်လည်း အားပေးလှုံဆော် ခဲ့သည်။ ဦးဆန်နီတို့ ခေတ်က ဘွဲ့ရ ပညာတတ် မြန်မာလူငယ် အများစုသည် အလုပ်အကိုင် များကို အလွန်ရွေးချယ်ကြ၍ အလုပ်မဲ့များဖြစ်နေသည်ကို သတိပေးသော အားဖြင့် “ဝမ်းစမိုး” ရုပ်ရှင်ဇတ်ကားကို ရိုက်ကူးခဲ့သည်။ ယင်းဇတ်ကားတွင် တိုင်းတပါးမှ လာသော တရုတ်နှင့် အိန္ဒိယသားများ အလုပ်အကိုင်မရွေး လုပ်ကိုင်ကြပုံ နှင့် မြန်မာလူမျိုး ဘွဲ့ရလူငယ်များသည် အစိုးရဝန်ထမ်း အလုပ် နှင့် ရာထူးရရေးကိုသာ စိတ်ဝင်စားနေကြောင်း တင်ပြထားသည်။




ထိုပြင် လူငယ်များ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်လုပ်ကိုင်လိုစိတ်များရှိစေရန် ရည်ရွယ်၍ သူရဲကောင်း ရုပ်ရှင်များကိုလည်း ရိုက်ကူးခဲ့သည်။ ၁၉၄၇ ခုနှစ် တွင်ရုံတင်ခဲ့သော “ဗိုလ်ချုပ်” ရုပ်ရှင်ဇတ်ကားသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ စိတ်ဓါတ်နှင့် ကိုယ်ကျင့်တရား၊ တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့မှုများကို လူငယ်များ အားကျအတုယူ နိုင်စေရန်ရိုက်ကူးခဲ့သည်။

လူအများ ရဲရင့်ဖျတ်လတ်ပြီး စွန့်လွှတ်စွန့်စားရဲသော စိတ်များဖြစ်စေရန်၊ အမှန်တရားဘက်က ကာကွယ် ရပ်တည်ပေးရန် နှင့် ဖိနှပ်ခံပြည်သူတွေအတွက် ကူညီပေးလိုစိတ် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စတန့် (Stunt) ရုပ်ရှင်ဇတ်ကားများစွာ ကိုလည်းရိုက်ကူးခဲ့သည်။

ဝမ်းနည်းဖွယ်ကောင်းတာက ဦးဆန်နီ တို့ခေတ်က လူထုအတွက် ပီပီပြင်ပြင် တိုက်ပွဲဝင် နိုင်ခဲ့သော အနုပညာလက်နက်သည် ယခုလို စစ်အာဏာရှင် လက်ထက်တွင် စစ်ဝါဒမှိုင်း အတွက် အသုံးချခံနေရသည်မှာ အလွန်နှမျောဖွယ် ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ အကယ်ဒမီဆုများရှင် ဒါရိုက်တာကြီး တစ်ဦးကမှု ယနေ့ထက်စာရင် အင်္ဂလိပ်လက်ထက်ကမှ ပိုပြီး လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်ရှိသေးတယ်။ ဒီခေတ်မှာဆို ခေါင်းစဉ်တောင် စဉ်းစားခွင့် မရှိဘူး။ ယနေ့ခေတ်မှာလည်း ဦးဆန်နီ လို ပေးဆပ်ရဲတဲ့ ကိုဇာဂနာ၊ ကိုကျော်သူစတဲ့ ပြည်သူ့ အကျိုးအတွက် ဖော်ထုတ် ပေးဆပ်နေသော အနုပညာရှင်ကောင်း တွေရှိနေကြောင်း ပြောပါတယ်။

နယ်ချဲ့အစိုးရ လက်ထက်တွင် မိမိတက်ကျွမ်းသော အနုပညာ ဖန်တီးမှုဖြင့် ရနိုင်သလောက် တိုင်းပြည် နှင့် လူမျိုးအတွက် သာမက အမှန်တရား အတွက်ပါ တိုက်ပွဲဝင်ခဲ့သော ပဲရော့ ဦးဆန်နီ ကဲ့သို့ အနုပညာရှင်ကြီးများ ကို လေးစားဦးညွှတ်လိုက်ရပါသည်။ အနုပညာရှင် ကောင်း ဆိုတာ သမိုင်းကိုလည်း မှတ်တမ်းတင်နိုင်တယ်။ အများသိအောင်လည်း ဖြန့်နိုင်တယ်။ သမိုင်းကိုလည်း ဖန်တီးတင်နိုင်ပါတယ်။ သမိုင်းအမှန် နှင့် အချက်အလက် အမှန်တွေကို ဖျောက်ပြီး၊ လိမ်ပြီး မိမိလက်တလော အကျိုးစီးပွား အတွက် လုပ်ကိုင်ဖန်တီးနေသော အနုပညာရှင်များကို ငွေအတုလုပ်သူများလို ပြည်သူတွေက အပြစ်ပေးသင့်ပါတယ်။

အာကာမိုး ရေးသော Burma’s Father of Political Cinema ကို ဘလော့ခ်ဂါ အလင်းဆက်မှ ခံစား ပုံဖော်သည်။

(၁၆. သြဂုတ်လ.၂၀၁၀)


ဆက်လက်ဖက်ရှုရန်...

Monday, August 16, 2010

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”


“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”

Rabindranath Tagore
Rabindranath Tagore




ထိုအရပ်၌ စိတ်တို့သည်အကြောက်တရားကင်းပြီး ဦးခေါင်းတို့သည် မော်၍မတ်၍နေ၏။

ထိုအရပ်၌ အသိတရားတို့သည် လွတ်လွတ်လပ်လပ် ကွန့်မြူးလျှက်ရှိကြ၏။

ထိုအရပ်၌ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းဖြစ်စေမည့် သေးသိမ်ပြီး ကျဉ်းမြောင်းသောဒေသစွဲနံရံများ မရှိပဲနေ၏။

ထိုအရပ်၌ စကားလုံးတို့သည် နက်နဲမှန်ကန်သော သစ္စာတရားမှသာ သန္ဓေတည်ဖြစ်ပေါ်လာကြ၏။

ထိုအရပ်၌ မမောမပန်းနိုင်သော လုံ့လဥဿဟသည် ပြီးမြောက်ပြည့်စုံသော အခြေအနေသို့ လှမ်းတတ်ကြ၏။

ထိုအရပ်၌ ကြည်လင်သော ဆင်ခြင်တုံတရားတို့သည် အကျင့်ကောင်းတို့မှေးမှိန်ရာ ခြောက်သွေ့သော ကန္တာရ၌ ပင် လမ်းစဉ်စစ် ကျင့်စဉ်မှန်တို့သည် မပျောက်ပဲ တည်ကြကုန်၏။

ထိုအရပ်၌ လူသားတို့၏ စိတ်ဓါတ်များ လွတ်လပ်သော အကျင့်ကောင်းများ ကျယ်ပြန့်ဖြစ်ထွန်းအောင် အဖသ ခင်ကိုယ်တိုင် ဦးဆောင်တော်မူ၏။

အဖသခင် …………………………

ထိုအရပ်၌သာ ကျွန်ုပ်၏ နိုင်ငံတော်သည် နိုးထပါရစေသား။


ရာဘင်ဒြာနတ်တဂိုး

Tagore with Gandhi


“Where The Mind Is Without Fear”

Where the mind is without fear and the head is held high

Where knowledge is free

Where the world has not been broken up into fragments

By narrow domestic walls

Where words come out from the depth of truth

Where tireless striving stretches its arms towards perfection

Where the clear stream of reason has not lost its way

Into the dreary desert sand of dead habit

Where the mind is led forward by thee

Into ever-widening thought and action

Into that heaven of freedom, my Father, let my country awake.



by Rabindranath Tagore

1861-1941,

[Einstein+Tagore.jpg]


Faith is the bird that sings when the dawn is still dark.

ယုံကြည်ချက်ဆိုတာဟာ ရောင်နီမလာသေးတဲ့ အာရုံတက်ချိန်မှာတောင် တေးသီတဲ့ ငှက်တစ်ကောင်ပါဘဲ။

တဂိုး




အိန္ဒိယစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ Where the mind is without fear ကဗျာကို အလင်းဆက်မှ ခံစားပုံဖော်သည်။

၂၈ . မတ်လ . ၂၀၁၀

ဆက်လက်ဖက်ရှုရန်...

Saturday, August 14, 2010

Notes of Mr. Nobody (poem)

Notes of Mr. Nobody

What The logo.jpg

I am a political animal of 21st century.

But I swear I am not a politician.

It is complex age.

There is an abundance of opportunity and an abundance of opportunists.

There are many heroes who did not take part in battles

And self-appointed activists who have no activities and no performance.

There are many pioneers without creation, invention and adventure.

There are many leaders who have no sacrifice or sympathy.

There are many rulers and state-builders

Who build the 'Promised Land' and paradise on Earth

With nothing but words and speeches.

photo


There are millions of soldiers, armed to the teeth

But they are afraid of a Lady who shares merits and kindness

In some part of the world.

Bipolar Disorder "Agony & Ecstasy"


There is a political stage or arena.

With many players, actors and actresses.

Some act as oppressors and some are oppressed.

But 99.99% are watchers.

Francesco (Clemente)


There are many sophisticated weapons and modern diseases.

A handful of people try to go to other planets legally

Meanwhile millions of people try to pass the border-line illegally.

There are many general elections without general wills.

There are many desires of the people without approval of the people.

h PAINTING OF ROCK ART


Most people draw their own lines on the earth

And then regard this plot as their own rights or property.

They make a fence and ignore their neighbors.

They build a small dark room in their house.

Then they enter this room and lock themselves in.

They close their eyes and throw the key away.

And then become permanent prisoners of life.

scream


99% of human beings are suffering from

political and socially-affected disease such as

Suicidal thoughts, self-harm and suicide

Chronic anxiety

Hostility, irritability,

Outbursts of aggression

Memory problems,

Disassociation,

Decreased cognitive functioning,

Somatic complaints

Substance misuse, addiction,

Loss of trust in others, self

Identity and self-esteem problems,

Stigma, guilt, shame,

Difficulty developing and maintaining intimate relationships,

Somatic complaints,

Chronic headaches,

Stomach pain, trembling,

Heart palpitations,

Sleep disturbances, frequent nightmares,

Chronic fatigue,

Depression, frequent crying,

Withdrawal,

Chronic anxiety,

Post traumatic stress disorder symptom,

Agitation, restlessness,

Feelings of uselessness, worthlessness and hopeless,

Panic Disorder,

Phobic Disorders

Obsessive-Compulsive Disorder,

Twitching and feeling shaky,

Backache,

Muscle tension,

Shortness of breath, hyperventilation,

Chains_by_AbysmalDream.jpg

Getting easily startled,

Autonomic hyperactivity,

Paresthesia,

Numbness and tingling,

Difficulty swallowing

Flushing and Pallor,

Tachycardia,

Sweating, cold hand, diarrhoea,

Dry mouth, Urinary frequency,

Feeling of dread,

Hyper vigilance,

Insomnia,

Decreased libido,

Lump in the throat,

Disillusion,

Hallucinations,

Etc…


If I could send messages or emails to God and holiest persons,

I would like to request to Him not to come human-abode personally

For the time being.

Because I believe that “God sees the truth but waits.”


Min Thu Ka (13/9/2010)

ဆက်လက်ဖက်ရှုရန်...

Wednesday, August 11, 2010

မြန်မာနိုင်ငံ နှင့် 3Freedom လှုပ်ရှားးမှု



It is better to light a candle than to curse the darkness.

(Amnesty International Motto)

အမှောင်ထုကို အပြစ်တင်နေမယ့်အစား ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တာ ပိုကောင်းပါတယ်။

(အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဆောင်ပုဒ်)


အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောင်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။

ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။

Amnesty International (AI) ၏ ဖော်ပြချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် အတိုက်အခံလုပ်သူ ရာပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ထောက်ပြထားသည်။

AI က ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (သို့) ယုံကြည်ချက်အတွက် အကျဉ်းကျနေသူပေါင်း ၂၂၀၀ ကျော်ရှိနေပြီး ၎င်းတို့သည် နည်းအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရသည်။ ထိုပြင် ၂၀၁၀ မတ်လတွင် ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (Electoral Law) အရ ယင်း နိုင်ငံရေး အကျဉ်းသား များသည် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့်မရကြပေ။

ယခု AI မှ လုပ်ဆောင်လိုက်သော Burma and The Three Freedom ကမ်းပိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဝန်ကြီး (Minister) ထံပေးစာတွင် အာဆီယံနိုင်ငံ (ASEAN) များအနေဖြင့် အာဆီယံ ၏ စည်းမျဉ်းများဖြစ်သော အခြေခံလွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန်နှင့် တရားမျှတရေး တို့ကို လေးစားဖော်ဆောင်သောအားဖြင့် မြန်မာ စစ်အစိုးရအား ဝိုင်းဝန်း ဖိအားပေးရန် တိုက်တွန်းထားသည်။

မြန်မာစစ်အစိုးရကို ဖိအားပေးဖို့တောင်ဆိုရာတွင်

- နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အတွက် ငြိမ်းချမ်းစွာလှုပ်ရှား၍ ဖမ်းဆီးထောင်ချခြင်းခံနေရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို ပြန်လွှတ်ပေးရန်

- မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ တစ်လျှောက်နှင့် အပြီးတွင် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) တို့ပါဝင်သည်။

အာဆီယံ (ASEAN) အနေနှင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ဝန်ကြီးထံ ပေးပို့မည့်စာတွင် ဖော်ပြထားသည်။

AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။


txt_freedom.gif


မလေးရှားနိုင်ငံ Amnesty International ၏ အမှုဆောင်ဒါရိုက်တာ နိုရာမူရတ် (Nora Murat) ကလည်း မြန်မာအရေးနှင့် ပတ်သတ်၍ သြဂုတ်လ ၇ ရက်တွင် သဘောထားတစောင် ထုတ်ပြန်ခဲ့သည်။

သူမအနေနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ချထားခြင်း အပေါ် ဝေဖန်ထားသည်။ ထိုပြင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လာမယ့် ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်မှု အပေါ် ဝေဖန်ထောက်ပြထားသည်။

“အယ်ဒီတာများထံ” ဟုခေါင်းစဉ်ပေးထားသော Director Nora Murat ၏ စာတွင် ၂၀၀၈ ခုနှစ် တွင် ကရင်အုပ်စုမှ Khun Bedu, Khun Kawrio နှင့် Khun Dee De တို့ကို စစ်အစိုးရမှ မတရားဖမ်းဆီးထောင်ချ ခဲ့ခြင်း ကိုလည်းဖော်ပြထားသည်။ သူတို့သည် ‘No’ vote လှုပ်ရှားမှု အဖြစ် မိုးပျံပူဖောင်း လွှတ်တင်ခြင်း၊ စက္ကူလှေလွှတ်ခြင်း၊ နံရံကို မှုတ်ဆေးဖြင့်ဖျန်းခြင်း များကိုသာ လုပ်ခဲ့သူများဖြစ်သည်။ သူတို့သည် ဥပဒေကြောင်းအရ ကာကွယ်ပိုင်ခွင့်မရဘဲ စစ်တရားရုံး (Military court) မှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Bedu နှင့် Kawrio တို့သည် ထောင်ဒဏ် ၃၇ နှစ်ကျခံစေပြီး Dee De ကို ထောင်ဒဏ် ၃၅ နှစ် ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။


header_ai


Amnesty International (Malaysia) က ဒါရိုက်တာ Nora Murat က မြန်မာစစ်အစိုးရကို တောင်းဆိုရာတွင်

- 3Freedom ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) ကိုခွင့်ပြုရန်

- နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးရန်

- ရွေးကောက်ပွဲကာလ အတွင်း စစ်သားနှင့် ရဲများကို တားမြစ်ထားရန်

- နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း စစ်အစိုးရက ယင်း ‘Three Freedom’ ကို လေးစားရန်တိုက်တွန်းပေးရန် နှင့် ဆက်လက်ဖမ်းဆီးမှုများ ရှိလာပါက ပြစ်တင်ရှုတ်ချပေးကြရန် စသည်တို့ပါဝင်သည်။

ယခုအချိန်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အလွန့်အလွန် အရေးကြီးသော အချိန်အခါကို ရောက်နေပါသည်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံရေးသမားများ (Politicians) မဟုတ်ရင်တောင် နိုင်ငံရေး၏ အကျိုးဆက်တွေကို ခံစားရမယ့် (သို့) ခံစားရတဲ့ နိုင်ငံရေး သတ္တဝါ (Political Animal) လို့ခံယူမိပါတယ်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ အားလုံးသော မြန်မာပြည်သူများ၊ မြန်မာ့အရေးနှင့် ပတ်သတ်ဆက်နွယ်နေသည့် အဖွဲ့အစည်းများ၊ အုပ်စုများ၊ ပညာရှင်များ၊ ရဟန်းသံဃာတော်များ၊ တသီးပုဂလများ အားလုံး (အားလုံး) ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ညီညီညွတ်ညွတ် လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

ရေးသားတင်ပြသူ ….ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား နှင့် ခမိခဆဲ

၁၂. သြဂုဏ်လ.၂၀၁၀

ဆက်လက်ဖက်ရှုရန်...