Friday, August 21, 2009

ပံ့သကူမထေရ်မြတ် ( သို့ ) အဓမ္မမင်းကို တော်လှန်ဝံ့သူ


မြန်မာသမိုင်းတစ်လျှောက်တွင် ရဟန်းသံဃာများသည် နိုင်ငံအရေး၊ နိုင်ငံသားတို့အရေးအ
တွက် ဟိုးယခင် ပုဂံခေတ်ဦးမှသည် ယခုခေတ် မိစ္ဆာဝါဒီကို လက်ကိုင်ပြုနေသော နအဖစစ်
အာဏာရှင်ခေတ်အထိ သူတို့၏အသက်၊ လာဘ်လာဘတွေကို ပေးဆပ်ခဲ့ကြသည်။ရဟန်း
သံဃာတော်များသည် မြတ်စွာဘုရား၏လမ်းစဉ်ဖြစ်သော လောကလူသားအပါအ၀င် သ
တ္တ၀ါအားလုံးငြိမ်းချမ်းပြီး ချစ်ကြည်စွာနေထိုင်ရန် အလို့ဌာ ၎င်းတို့၏ အသိညဏ်ပညာအပါ
အ၀င် လိုအပ်လျှင် အသက်၊ သွေးပါစတေးပြီး မြင့်မြတ်သော နှလုံးသားပိုင်ရှင်များပီပီ အ
ဓမ္မမှုများ၊ မတရားမှုများကို အများအကျိုးအတွက် ရဲရဲဝင့်ဝင့်ရှေ့ဆောင်နိုင်သူများဖြစ်သည်

မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာနှင့် ပြည်သူပြည်သားများအကျိုးအတွက် မင့်
ကျင့်တရားနှင့်မညီသော ရှင်ဘုရင်ကို မိမိ၏အသက်ခန္ဓာ၊ ရာထူး လာဘ်လာဘကို စွန့်ရဲ
ပြီး အမှန်တရားကို မြတ်ဗုဒ္ဓ၏တရားနှင့်အညီ ထုတ်ဖော်၊ ထောက်ပြခဲ့သော သာသနာ့ အာ
ဇာနည်တစ်ပါးရှိခဲ့ဖူးသည်။ အလောင်းစည်သူမင်းလက်ထပ် ရှင်အရဟံမထေရ် ပျံလွန်
တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ပံ့သကူမထေရ် (ခေါ်)
ပံ့သကူငစွယ်ရှင်မထေရ်မြတ်ဖြစ်သည်။ ဆရာတော်သည် အကျင့်သိက္ခာနှင့်ပြည့်စုံပြီး သု
သာန်တွင် စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသောအ၀တ်ကိုသာ ကောက်
ယူလျှက် သင်္ကန်းအဖြစ် ၀တ်ရုံသူဖြစ်သည်။ ထို့ကြောင့်လဲ ပံ့သကူမထေရ်အဖြစ် အမည်
တွင်ခြင်းဖြစ်သည်။ သို့အကျင့်သိက္ခာနှင့်ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာ
ချစ်မြတ်နိုးသည်။ မတရားမှု၊ ကောက်ကျင့်စဉ်းလဲမှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကို စိုးစဉ်းမျှ မလို
လား။ ထိုသို့ကြုံလာပါကလည်း တော်လှန်သည်သာဖြစ်သည်။

တစ်ခါသော် အလောင်းစည်သူမင်းသည် သားတော် ၃ ပါးအနက်ရက်စက်ကောက်ကျစ်
ယုတ်မာသော သားတော် နရသူက ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အ၀တ်တို့ဖြင့် ဖိသတ်၍ ကံတော်ကုန်ခဲ့သည်။ ခမည်းတော် မရှိပြီကြသော် သားတော်ကြီး မင်းရှင်စော
သည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းဖြင့် ချီတတ်လာခဲ့သည်။ နောင်တော်၏ အင်
အားကို မယှဉ်နိုင်သဖြင့် နရသူသည် အကောက်ကြံတော့သည်။ ပုဂံပြည်၏ သာသနာ့ ဥ
လျှောင် ဖြစ်သော ပံသကူမထေရ်ထံ ချဉ်းကပ်၍ နောင်တော်ကို နန်းတင်ပါမည်။ နောင်
တော်တစ်ယောက်တည်း ကြွရောက်လာရန် မိန့်ခေါ်ပေးပါဟု လျှောက်ထားခဲ့သည်။ ငြိမ်း
ချမ်းရေးကို လိုလားပြီး စစ်မက်ရေးကြောင့်ဖြစ်လာမည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကို
မလိုလားသော ပံ့သကူ အရှင်မြတ်က မင်းဆိုးမင်းယုတ်၏ သစ္စာကို ယုံကြည်လိုက်မိသည်။

မင်းရှင်စောသည် ဆရာတော်၏ မိန့်ကြားချက်ကြောင့် ရောက်ရှိလာခဲ့သည်။နရသူကလည်း
ကတိအတိုင်းနန်းတင်ခဲ့သည်။ သို့သော် ဘိတ်သိတ်သွန်းပြီးညမှာပင် နောင်တော်ကို အစိပ်
ကျွေးသတ်ကာ နန်းကို ယူလိုက်သည်။

ပံ့သကူမထေရ်မြတ်သည် အဓမ္မမင်းနရသူထံကြွရောက်ပြီး ထိုမင်းကို မင်းဆိုးမင်းညစ်ဟူ၍
လည်းကောင်း၊ ဆိုးရွားသူ/ ညစ်ညမ်းသူဟူ၍လည်းကောင်း ခေါ်ခဲ့သည်။ မင်းပျက်တကာ
တို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည်ဟု၍လည်း ပြစ်တင်ခိုင်းနှိင်းသည်။ ဆရာတော်
သည် နှုတ်ရေးဖြင့်တော်လှန်ဆန့်ကျင်ရုံမျှမက မင်းဆိုးမင်းယုတ် နရသူမင်းပြုရာအရပ်ကို
စွန့်ပစ်လျှက် သီဟိုရ်သို့ပြောင်းရွှေ့သတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြတော်လှန်ခဲ့သည်။ ထို
သို့ ရဟန်းမြတ်က မင်းဆိုးမင်းယုတ်အပေါ် နှုတ်ရေးဖြင့် ရဲရဲဝင့်ဝင့် ဆန့်ကျင်ဝေဖန်တော်
လှန်ခဲ့ပုံကို ဦးကုလားက မဟာရာဇ၀င်တော်ကြီးတွင် ယခုလို ချယ်မှုန်းထားသည်။

( ဟဲ့.. မင်းဆိုးမင်းညစ်၊ နင်က သံသရာဝယ် ခံရတန့်သော မကောင်းမှုကို မကြောက်။ ဤ
စည်းစိမ်ကိုသင်ရလျှင် နင်၏ကိုယ်ခန္ဓာသည် မအိုမသေသည်ဟူ၍ မှတ်သည်လော။ လော
ကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကာမရှိ ) …. ဟူ၍မိန့်တော်မူ၏။

အရှင်မြတ်လဲ ( လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသောသူမရှိ ) … ဟူ၍ မိန့်တော်မူ
ပြီး သိမ်းခိုကျွန်းသို့ ကျွတော်မူလေ၏ဟု ချယ်မှုန်းထားသည်။

ပံ့သကူမထေရ်မြတ် ဘုရင့်အပေါ် အယုံအကြည်ကင်းပြီး တော်လှန်ကြွသွားပြီးနောက်
တိုင်းသူပြည်သားတို့ကလည်း ဘုရင့်အပေါ်အယုံအကြည်ကင်းမဲ့လာသည်။ မကြာမီပင်
နရသူသည် ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ( ကုလားကျမင်း) ဟူ၍ သမိုင်း
တွင်နာမည်ဆိုးတွင်ခဲ့သည်။

ပံ့သကူမထေရ်မြတ် သီဟိုရ်ကျွန်းတွင် နှစ်၊ လ အတန်ကြာ သတင်းသုံးနေထိုင်ပြီး နရပတိ
စည်သူမင်းလက်ထပ်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာခဲ့သည်။ ဆရာတော်၏ ဒုတိယ
တော်လှန်ရေးသည် အရင်က ပြည်သူတို့ကို အာဏာနှင့် အတင်းအဓမ္မ ဖိနှိပ် ညှင်းပန်း
သောကြောင့်ပေါ်ပေါက်ခဲ့ရပြန်သည်။

နရပတိစည်သူမင်းသည် စူရာမဏိစေတီတည်ရန် ကြီးမားလှသော ချောက် ( ဂျောက် )ကြီး
တစ်ခုကို ပြည်သူတို့အား မြေဖို့ရန် အတင်းအဓမ္မ မင်းမိန့်ဖြင့်စေခိုင်းခဲ့သည်။ ဘုရင်၏ ဖိနှိပ်
မှုအောက်မှာ ပြည်သူအများမှာ အလွန်ပင်ပန်းဆင်းရဲပြီး အလုပ်အကိုင်ပြတ်ကြသည်။

သာသနာတော်အတွက်ပြုသော ကုသိုလ်ကောင်းမှုဖြစ်သော်လည်း ဆရာတော်မြတ်က
ပြည်သူတို့၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်စေလျှက် ပြုသောအလှူမျိုးသည် အနှစ်သာရ
ကင်းမဲ့သည်ဟု ရဲဝင့်စွာမြင်ပြီး တော်လှန်ခဲ့သည်။

ဆရာတော်သည် မင်းကြီးထံ ကိုယ်တိုင်ကြွပြီး မင်းကြီး၏ အလှူသည် ကောင်းမှုမဟုတ်၊ မ
ကောင်းမှုသာဖြစ်သည်ဟု ဆိုခဲ့လေသည်။ ထိုအနှစ်သာရမဲ့သော အလှူကို နှုတ်ရေးဖြင့်
တော်လှန်ရုံမက မင်းကြီးလှူသော ဆွမ်းကို မခံယူပဲ သပိတ်မှောက်ဆန္ဒပြ၍ တော်လှန်
ခဲ့သည်။

အာဏာရစ်မူးနေသော နရပတိစည်သူမင်းသည် ပံ့သကူမထေရ်မြတ်ကို ပုဂံပြည်မှ နှင်
ထုတ်ခဲ့သည်။ ထိုအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ကာ ဘုရင်ရဲ့မိုက်မဲရိုင်းဆိုင်းသော ပြုမူ
ချက်အပေါ် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဆူပူမှာကိုကြောက်သော ဘုရင်
လည်း အာဏာလက်လွှတ်ရမည်ကို စိုးရိမ်လာကာ အမတ်တို့အား မထေရ်မြတ်ကိုလိုက်၍
ပင့်ခေါ်စေရသည်။

သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ပံ့သကူရဟန်းမြတ်သည် အမတ်တို့ အကြိမ်ကြိမ်လာ
ပင့်သော်လည်း မလိုက်ခဲ့ပေ။ နောက်ဆုံး တုရင်္ဂဂပစ္စည်းအမတ်က လှေပေါ်တွင် ဘုရားရုပ်
ထုတစ်ဆူပင့်ဆောင်ပြီး ညဏ်ဆောင်၍ ပင့်ပြီး ဘုရင်ကိုယ်တိုင် တောင်းပန်ဝင်ချခဲ့ရသည်။

ထိုသို့ အမျိုးဘာသာ သာသနာအတွက် ပြည်သူပြည်သားများအကျိုးအလို့ဌာ ရဲရဲဝင့်ဝင့်
ဆောင်ရွက်ပြီး အဓမ္မကို တော်လှန်ရဲသော ဆရာတော်မထေရ်မြတ်များ ယခုအခါတွင်
လည်း အများကြီးပေါ်ထွန်းရန် လိုအပ်ပေသည်။

သို့မှသာ ဘာသာ၊ သာသနာ အဆင်း တိုးပွား၍ ငြိမ်းချမ်းသော လူမှုအသိုင်းအ၀ိုင်းကို ပိုင်
ဆိုင်နိုင်မည်ဖြစ်သည်။

ဆရာကြီးမင်းယုဝေ အား ဤဆောင်းပါးဖြင့် ဦးညွတ်လိုက်ပါသည်။

၂၁ . ၈ . ၀၉ ၊ ည ၁၁း ၂၄
အလင်းဆက်

( ဆရာတော် ဦးဣဿရိယ မွေးနေ့မင်္ဂလာအတွက် ရည်ရွယ်ပူဇော်ပါသည်။ )

3 comments: