Sunday, March 14, 2010

"သောကမြေမှာ ပွင့်သောမေတ္တာ ပန်း"

"သောကမြေမှာ ပွင့်သောမေတ္တာ ပန်း"






ဇာတ်လမ်းအနှစ်ချုပ်

၂၀၀၃ခုနှစ်မှာ အသက်၅၀အဘွားအရွယ်ရှိ ကျွန်မဟာ သြစတြေလျနိုင်ငံရှိ မိသားစုထံသွားရောက်လည်ပတ်ခဲ့ပြီးလို့ ဆက်လက်ခရီးဆန့်ရန် ဆုံးဖြတ်လိုက်ပါတော့တယ်။ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာများကိုလည်း ကျွန်မကိုယ်တိုင်စာသင် ပေးခဲ့ပါတယ်။ အဲဒီကတည်းက မြန်မာလူမျိုးအများစုကို ကျွန်မကူညီမိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု အပြီးမှာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကျွန်မအနေနဲ့တော့ ထူးခြားတဲ့ အရှင်ထာဝရဆိုတဲ့ ကိုယ်တော်လေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံကြုံခဲ့ပါတယ်။သူဟာရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြမှု့တွေဖြစ်ပေါ်ဖို့ စည်းရုံးခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ တွေ့ဆုံခွင့်လေးဟာ ကျွန်မအဖို့တော့ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ကျွန်မတို့တွေ့ဆုံခွင့်ရပြီး မကြာခင်မှာပဲ ကျွန်မဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာခဲ့ရပေမယ့် သူ့ကိုဆက်လက်ထောက်ပံ့ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဆက် ဆံရေးဟာလည်း ပိုပြီးရင်းနှီးလာပါတော့တယ်။သူက ကျွန်မကိုရင်းရင်းနှီးနှီးအမေလို့ခေါ်သလို ကျွန်မကလည်းသူ့ကို သားအရင်းတစ်ယောက်လို ချစ်ခင်မိလာပါတယ်။ အရှင်ထာဝရ၏ နိုင်ငံရေးယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက သူ့ ဘ၀အတွက် ပြသနာတစ်ရပ်ဖြစ်လာပါတော့တယ်။ ပြည်တွင်းမှာနေရတဲ့ သူရဲ့အခြေအနေဟာ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရ ပြီး၊နောက်ဆုံးတောထဲကို ပုန်းရှောင်နေခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်မသူ့ကိုကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကိုပြန်လာခဲ့လိုက် ပါတယ်။ သူရဲ့ဘ၀ဟာ အလွန်ခက်ခဲ ကြမ်းတမ်းပြီး သူရဲ့လုပ်ရပ်တွေ ကြုံခဲ့ရတဲ့ အဖြစ်တွေဟာ ကျွန်မကိုထိတ်လန့်ခဲ့ရပါ တယ်။

ကျွန်မ ဘင်္ဂလားဒေ့ရှ်ကို ဆင်းလာမယ်သိရတော့ သူ တော်တော်လေး ဖြေသာသွားပါတယ်။သူ့အနာဂတ်အ တွက် ကျွန်မပေးမဲ့ အကြံဥာဏ်တွေကိုလည်း လိုက်နာပါမယ်လို့ သဘောတူတယ်။ သူနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာတစ်ခုနဲ့ တွဲဆက်နေတာပါ။ကျွန်မက သူတို့လေးတွေကိုလည်း တတ်အားသ၍ လှူဒါန်းပေးကမ်း ခဲ့ ပါတယ်။ကလေးတွေက ကျွန်မကိုပန်းကလေးတွေ လက်ဆောင်ပေးရင်း ကြိုဆိုခဲ့တယ်။ တီးဝိုင်းကလေးတစ်ခုနဲ့တောင် ကြိုဆိုခဲ့ပါသေးတယ်။ အဲဒီနောက် အရှင်ထာဝရက ကျွန်မကို ခြံရံပြီး ကျောင်းပေါ်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဘုန်း ကြီးဆီ ကျွန်မကိုခေါ်သွားပါတော့တယ်။ ကလေးတွေဟာ အတန်းလိုက်ကလေးတွေစီတန်းပြီး ဗုဒဘာသာပုံစံအတိုင်း လက်အုပ်ချီထား ပုံကိုမြင်ရတော့ ကျွန်မအတွက် ကြည်နှုးရပါတယ်။ဘုန်းတော်ကြီးက ဗုဒရုပ်ပွားတော်ရှေ့မှာ ဖယောင်း တိုင်၁၀တိုင်ကို ထွန်းညှို့ပူဇော်ပြီး ကျွန်မအနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။

ကျွန်မဟာ အခြေအနေဆိုးကို ပြေလည်ဖြေရှင်းနိုင်ဖို့အတွက် ဒါကာမြို့ရှိ UNHCRအစည်းဝေးတွေကို အကြိမ် ပေါင်းများစွာ တတ်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာကျွန်မဟာ သူ့ကိုအိန္ဒိယနိုင်ငံကိုသွားဖို့ ခွင့်ပြုခဲ့ရပါတော့တယ်။ ဆုတံ ဆိပ်တွေ ရခဲ့တဲ့ Burma VJ မှတ်တမ်းရုပ်ရှင်ကြောင့်လည်းအရှင်ထာဝရဟာ ပိုမိုလူသိများလာပါတယ်။ ကျွန်မတို့ ဆက် ဆံရေးဟာ ပိုမိုရင်းနှီးလာခဲ့ကြပြီး ကျွန်မအနေနဲ့ဗုဒဘာသာကို အကျွမ်းတ၀င်ရှိလာပါတော့တယ်။

.....

မလေးရှားနိုင်ငံ ကွာလမ်လန်ပူ ဘူတာရုံကလေးကနေ ရထားစထွက်တော့ ကျွန်မမပြုံးပဲ မနေနိုင်အောင်ဖြစ်ခဲ့ ရပါတယ်။ကျွန်မအနေနဲ့ ခရီးသွားချင်တဲ့ စိတ်ကလွဲပြီး ဘာမှထွေထွေထူးထူး စိတ်ကူးမရှိလို့ပါပဲ။ ကလေး၎ယောက် မြေး တစ်ယောက ရှိတဲ့ အသက်၅၀ကျော်အရွယ်ကြီးတစ်ယောက်အနေနဲ့ ဒီအခွင့်အရေးကိုတော့ ဆုပ်ကိုင်ခွင့်ရှိပါတယ်။ကျွန် မဟာ ၂၀၀၂ခုနှစ်ဒီဇင်ဘာမှာ မိသားစုတွေကို တွေ့ဖို့သြစတြေးလျနိုင်ငံကိုသွားခဲ့ပါတယ်။ နှစ်ပတ်လောက်နေမယ်လို့ စိတ်ကူးထားခဲ့ပေမဲ့ အဲဒီမှာ ၂လလောက်နေဖြစ်သွားခဲ့ပါတယ်။ အင်္ဂလန်ကိုပြန်မဲ့ ကျွန်မဟာ မလေးရှားမှာ တစ်ပတ် လောက်နေပြီး သင်ကြားရေးအလုပ်တစ်ခုကို ရှာနေခဲ့မိပါတယ်။ ထိုင်းနိုင်ငံကိုသွားဖို့ ကျွန်မဟာဆုံးဖြတ်ပြီး ဘန်ကောက် မြို့ကိုရထားနဲ့ ၂ရက်ကြာခရီးဆန့်ခဲ့ပါတယ်။

ဘန်ကောက်မြို့ဟာ ကျွန်မထင်ထားသလိုပါပဲ။ မထွက်ခင်ကတည်းက ကျွန်မအနေနဲ့ ၀က်ဆိုက်တစ်ခု၏ အမေး တွေကို ဖြေခဲ့ရပါတယ်။သင်ဟာ လူမှုမတရားမှုတွေကို စိတ်ဝင်စားလား၊ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်က ပြသနာအ ရေးအပေါ် စိတ်ဝင်စားလားတဲ့၊နှစ်ခုစလုံးအတွက် ကျွန်မအဖြေကတော့ဟုတ်ကဲ့” Yes လို့ပဲဖြေခဲ့ပါတယ်။ ဒီနောက် ထိုင်းနိုင်ငံအနောက်ပိုင်းက နယ်စပ်မြို့ကလေးဖြစ်တဲ့၊ မြန်မာနဲ့နယ်ခြင်းနီးကပ်တဲ့ မဲဆောက်(Maesot) မြို့ကလေးကို ရောက်ခဲ့ပါတော့တယ်။

မဲဆောက်မြို့ကလေးဟာ ကျွန်မလည်ခဲ့ဘူးသမျှ နေရာတွေနဲ့ မတူ-ခြားနားတဲ့ မြို့ကလေးပါ။အဲဒီမြို့ကလေးကို ရောက်လာကြတဲ့ မြန်မာလူမျိုးတွေရဲ့ အကြောင်းကို ကျွန်မ အလွန်ပဲ စိတ်ဝင်စားမိတယ်။ အချိန်တိုကလေးအတွင်းမှာပဲ များပြားလှတဲ့ မြန်မာအဖွဲ့အစည်းတွေတည်းက အဖွဲ့တစ်ခုမှာ ကျွန်မ အင်္ဂလိပ်စာသင်ကြားရေးကို စတင်ခဲ့တယ်။ ကျွန်မ ဟာ အင်္ဂလိပ်စာ လိုက်စားလိုသူ လူငယ်များ ကျောင်းသားတွေနဲ့ပဲ ခြံဝင်းတစ်ခုထဲမှာနေခဲ့ပါတယ်။ နေတိုင်းလိုလို ကျွန်မ တို့ဟာသမိုင်းနဲ့ အင်္ဂလိပ်စာသင်ကြားခြင်း နိုင်ငံရေးအကြောင်းဆွေးနွေးကြခြင်း စတဲ့ ကျွန်မနှစ်သက်တဲ့ ရိုးရှင်းတဲ့ ဘ၀ တစ်ခုကို ရခဲ့တယ်လို့ဆိုရင်မမှားပါဘူး။ ကျွန်မသူတို့ကလေးတွေကို ချစ်ခင်လာပါတော့တယ်။ ကျွန်မလိုပဲ အဲဒီမှာ အခြား ဆရာ-ဆရာမတွေ အများကြီးရှိပါတယ်။ နိုင်ငံရေး ပြဿနာတွေကြောင့်သာ ပြည်ပကိုထွက်ပြေးလာကြပေမယ့် အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ သူတို့လေးတွေ တသိုက်နဲ့ နေရတာကိုပဲ ကျွန်မကျေနပ်နေမိပါတယ်။ သူတို့ဆီကလည်း ကျွန်မ လေ့လာစရာတွေ အများကြီးရခဲ့တယ်။မူလစာချုပ်က သုံးလဖြစ်ပေမယ့် နောက်ထပ်ခြောက်လ အဲဒီမှာနေခဲ့ပါတယ်။၂၀၀၃ ဒီဇင်ဘာမှာတော့ ကျွန်မအင်္ဂလန်သို့ပြန်ခဲ့ပါတော့တယ်။

ကျွန်မကျောင်းသားတွေနဲ့တော့ အဆက်အသွယ်မပြတ်ရှိခဲ့ပါတယ်။ တတ်အားသရွေ့တော့ ကူညီခဲ့ပါတယ်။သူ တို့တွေထဲက တချို့ကတော့ အိန္ဒိယမြန်မာနယ်စပ်ကို ရွှေ့ပြောင်းသွားကြပြီး တစ်ချို့ဆို မြန်မာဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ဆေးခန်းတစ်ခုမှာ ဆေးအကူအဖြစ်လုပ်နေကြပါပြီ ကျွန်မ အဲဒီဆေးခန်းလေးဆီ သွားလည်ချင်တာ ကြာပါပြီ။ ၂၀၀၈ခုနှစ်ဖေဖော်ဝါရီမှာတော့ ကျွန်မဆန္ဒ ပြည့်ဝခဲ့ပါတယ်။ခင်မင်ရသူတွေနဲ့ ခဏတာနေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရက် တိုခရီးလေး စီစဉ်ပြီး သွားခဲ့ပါတယ်။အဲဒီမှာပဲ ကျွန်မရဲ့ မူလအစီအစဉ်တွေပြောင်းသွားပြီး ကျွန်မပြောပြချင်တဲ့ ဇာတ်လမ်း စခဲ့ရပါတယ်။

ကျွန်မ ဘဂ်လားဒေ့ရှ်ကိုရောက်ပြီး မရှေ့မနှောင်းခင်မှာပဲ စက်တင်ဘာသံဃာလှုပ်ရှားမှုကြောင့် မြန်မာပြည်ကနေ တိမ်းရှောင်လာတဲ့ ရဟန်းတော်တွေလည်း ရောက်ရှိနေကြပါတယ်။သူတို့တွေဟာ မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နိုမ်နှင်းခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုအပြီးမှာ တိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ခေါင်း ဆောင်ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခွင့်ကို ကျွန်မရလိုက်ပါတယ်။သူ့နာမည်ကတော အရှင်ထာဝရဖြစ်ပါတယ်။ သူကမြန် မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်များအဖွဲ့ All Burma Monks Representative Committee ရဲ့ အထွေထွေ တွင်းရေးမှူးလည်းဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆူးလေဘုရား၌ ဖွဲ့ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ(Cox’s Bazar)က ဗုဒဘုရားကျောင်းတော်တစ်ခုမှာ အရှင်ထာဝရ နဲ့တွေ့ဆုံခြင်းဟာ ကျွန်မဘ၀ကိုလုံးဝပြောင်းစေခဲ့ပါတယ်။ ယနေ့အချိန်အထိ အရှင်ထာဝရဟာ ကျွန်မအပေါ် ဒီလောက်သက်ရောက်မှုရှိနေတာ ဘာကြောင့်ဆိုတာ ကျွန်မနားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ဒီရဟန်းပျိုကလေးဟာ ကျွန်မတွေ့ဖူးခဲ့တဲ့ သူများနဲ့မတူ ထူးခြားပါတယ်။ သူဟာ စကားပြောဆိုရာမှာလည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန် မကို လုံးဝအနှောက်အယှက်မဖြစ်စေပါဘူး။စကားပြောတဲ့အခါ သူဟာကျွန်မကို တည့်တည့်ကြည့်ပြီး လေးလေးစားစား ပြောတယ်။ အစပိုင်းတော့ ကျွန်မအနေနဲ့ အနည်းငယ်နေထိုင်ရခက်ပေမယ့် နောက်ပိုင်းသူ့စကားလုံးတွေထဲမှာ နစ်ဝင် သွားပါတော့တယ်။

သူဟာ အင်္ဂလိပ်လိုမပြောပါဘူး။ ကျွန်မမိတ်ဆွေတစ်ယောက်က စကားပြန်အဖြစ်ကူညီပေးခဲ့တာပါ။ ကျွန်မတို့ သူ့ကိုဘယ်လိုအကောင်းဆုံးကူညီနိုင်မလည်းဆိုတာနဲ့ အခြားဒုက္ခသည်တွေအတွက်လည်း ဆွေးနွေးဖြစ်ပါတယ်။အဲဒီ တွေ့ဆုံဆွေးနွေးခွင့်ဟာ အဲဒီခဏတာအတွက်သာဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတော့ အဲဒီအရာတွေကို အလေးထားလုပ် ဆောင်ဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ခက်ခဲကြောင်းကျွန်မသိလာပါတော့တယ်။ ဘာကြောင်းလည်းတော့ မသိဘူး ကျွန်မနိုင်ငံကူးလက်မှတ်အခိုးခံရပြီး အိန္ဒိယသွားဖို့အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပါတော့တယ်။ကျွန် ဘင်္ဂလားဒေ့ရှ်ကထွက်ခွာပြီး ၂ရက်အကြာမှာ ကျွန်မကိုတွေ့ချင်လို့ခရီးရှည်ကြီးကိုခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ဆေး ခန်းက ကျွန်မတပည့်တွေခမျာ ရောက်လာကြတာဟာ အလွနပဲစိတ်ပျက်စရာပါ။(လွဲသွားကြပြီ)စကားချပ်။

ကျွန်မအနေနဲ့အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့်စော်ကားမှုမှကင်းလွတ်ရေးအတွက် ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် အမျိုးသမီးများခိုလှုံရေးအဖွဲ့(Women’s Refuge )မှာ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ကျွန်မအလုပ်ကိုကျွန်မ မြတ်နှိုးပါတယ်။ဒါပေမယ့် ကျွန်မရဲ့အတွေးဆန္ဒတွေကတော့ ဘင်္ဂလားဒေ့ရှ်က အခြေအနေတွေဆိုကိုပဲ တိုးတိုးပြီးပြန် ရောက်နေပါတော့တယ်။

အရှင်ထာဝရကတော့ ကျွန်မကိုပုံမှန်အဆက်အသွယ်လုပ်ပြီး ကျွန်မတို့MSN မှာ မကြာခဏဆွေးနွေးနိုင်ခဲ့ကြပါ တယ်။ ဥက္ကာလို့ခေါ်တဲ့ လူတစ်ယောက်က သူ့ကိုဘုန်းကြီးကျောင်းပြင်ပဘ၀နဲ့အဆင်ပြေအောင်ကူညီခဲ့ပါတယ် အခုသူ ဟာ စစ်တကောင်းနယ်မှာနေထိုင်ပြီး ပြသနာပေါင်းစုံကိုလည်းတွေ့ကြုံခဲ့ဖူးသူဖြစ်ပါတယ်။ အခြားဘုန်းကြီးအားလုံး ဘုန်း ကြီးကျောင်းတွေထဲမှာ သီတင်းသုံးနေထိုင်ဖို့ သွားကြပါပြီ။ ဒါပေမယ့် အရှင်ထာဝရကတော့ သူ့ကိုအကြီးအကျယ်ဒုက္ခ ရောက်စေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်နေတုန်းပါပဲ။ကျွန်မအနေနဲ့ UNHCR ကိုသူ့ရဲ့လုံခြုံရေးအ တွက် စိုးရိမ်ကြောင်းနဲ့ ကျရောက်နေတဲ့ ချိန်းခြောက်မှုတွေကို အကြိမ်ကြိမ်စာရေးအသိပေးခဲ့ပါတယ်

နောက်ဆုံးမှာတော့ အခြေအနေတွေဟာသည်းမခံနိုင်လောက်အောင်ဖြစ်လာပြီး အရှင်ထာဝရ တောကြီးထဲက ကျောင်းသင်္ခမ်းပဲ ပြန်ပြီး သီတင်းသုံးယုံကလွဲပြီး တခြားရွေးချယ်စရာမရှိဖြစ်ခဲ့ရပါတယ်။ ကျွန်မမှာ သင့်တင့်လျှောက်ပတ် တဲ့ဝင်ငွေနဲ့ သက်တောင့်သက်သာ အိမ်မှာနေထိုင်နိုင်ပေမယ့် နည်းနည်းပဲကူညီနိုင်ခဲ့ပါတယ်။အရှင်ထာဝရခမျာ ကျွန်မအ ပေါ်လုံးဝယုံကြည်လာခဲ့တယ်။ သူကကျွန်မကိုအမေလို့ ရင်းရင်းနှီးနှီးခေါ်တယ်။ကျွန်မကလည်း တကယ့်သားအရင်း တစ်ယောက်လို သူ့ကိုချစ်ပါတယ်။

သူကကျွန်မကို သူကိုလာတွေ့ဖို့ တတွတ်တွတ်ပြောရှာတယ်။ ကျွန်မကသူ့ကိုသိုသိုသိပ်သိပ်နေဖို့ လုပ်ပေးနိုင်ခဲ့ တယ်။သူက သူအဖမ်းခံရပြီးမြန်မာပြည်ပြန်ပို့လည်း ဂရုမစိုက်ဘူး သူတောထဲမှာ မနေချင်တာ ကိုပဲပြောတယ်။ ဒီလိုလူမျိုး ကိုဘယ်လိုကူညီနိုင်မလည်း သူထင်သလိုလုပ်လိုက်မှာကို ကျွန်မအလွန်စိုးရိမ်ပါတယ်။ ကျွန်မဘင်္ဂလားဒေ့ရှ်ကိုသွားပြီးကူ ညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရှင်ထာဝရ ကျွန်မလာမယ်ဆိုတာကိုသိရင်ပဲစိတ်အေးသွားပြီး သူ့အနာဂတ်အတွက် ကျွန်မရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ဂတိပေးရှာတယ်။

တောကြီးထဲက အရှင်ထာဝရနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာနဲ့ဆက်ဆက်ထားတာဖြစ် တယ်။ကျွန်မလည်း သူတို့ရဲ့ကြင်နာမှုတွေအတွက် ကျေးဇူးပြုတဲ့အနေနဲ့အလှူအတန်းပြုခဲ့ပျါတယ်။ တောကြီးထဲကို တော်တော်ကလေးကားမောင်းသွားရပါတယ်။ ကျွန်မလမ်းလျှောက်ဖို့ကားထဲက ထွက်ထွက်ခြင်းပဲ ရွာတီးဝိုင်းက စတင် တီးခတ်ပြီး ကလေးတွေက ပန်းတွေနဲ့ကျွန်မကို ကြိုဆိုကြပါတယ်။

အရှင်ထာဝရက ကျွန်မလက်မောင်းကို ကြင်ကြင်နာနာဖေးမပြီး တောင်ကုန်းပေါ်ကိုခေါ်သွားပါတယ်။လမ်းတစ် ဖက်တစ်ချက်မှာတော့ ကလေးတွေက ဗုဒဘာသာ ဓလေ့အတိုင်း လက်အုပ်ကလေးတွေချီလို့ ။လက်နက်ကိုင်ရဲတွေက လည်းကျွန်မကိုစောင့်ကြပ်ပေးကြပါတယ်။ ရဲတွေကကျွန်မကို ဘယ်သူလည်းလို့မေးမြန်းစစ်ဆေးတဲ့အခါ ကျွန်မမိတ်ဆွေ ကနောက်ထပ်မေးမြန်းတာမလုပ်ရန်အတွက် Takar ၃၀၀ကို လက်သိပ်ထိုးပေးလိုက်တယ်။ အရှင်ထာဝရက ကျွန်မကို ကျောင်းထိုင်ဆရာတော်နဲ့တွေ့ဖို့ ခေါ်သွားပါတော့တယ်။

ဘုန်းကြီးကျောင်းကလေးဟာ သေးငယ်တဲ့တဲကလေးသာဖြစ်ပြီး ပြတင်းပေါက်လည်းမရှိ။ အလင်းရောင်အတွက် ဖယောင်းတိုင်မီးနဲ့ ထွန်းညှိုရတယ်။နံရံရဲ့အလည်မှာတော ဗုဒရုပ်ပွားတော်အတွက်လှပတဲ့ ကျောင်းဆောင်တစ်ခုရှိပါ တယ်။ကျောင်းထိုင်ဘုန်းကြီးက ကြမ်းပြင်ပေါ်မှာ တပလ္လင်ခွေထိုင်ပြီး သူ့အနားမှာထိုင်ဖို့ကျွန်မကိုလက်ယက်ခေါ်ပါတယ်။ ကျွန်မအဖွဲ့တေီွးကလည်း ဘုရားကျောင်းပေါ်သို့ရောက်လာကြတယ်။ ဆရာတော်က ဖယောင်းတိုင်၁၀တိုင်ထွန်းညှိုပြီ ကျွန်မအနာဂတ်အတွက် ဆွမ်းကို ဆန္ဒပြုပေးပါတယ်။အရှင်ထာဝရဟာ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူရဲ့နေထိုင် မှုအပေါ် ကျွန်မကျေနပ်ခဲ့ရပါတယ်။ကျွန်မက လာရင်းကိစ္စအကြောင်းကိုပြောပြခဲ့ပြီး မိဘမဲ့ဂေဟာရဲ့ပတ်ဝန်ကျင်ကိုလည်း လိုက်လံကြည့်ရှုခဲ့ပါတယ်။ ကျွန်မကို ထူးထူးခြားခြား ပွဲလေးနဲ့ဂုဏ်ပြုခဲ့ပါတယ်။အရှင်ထာဝရမပါပဲ ကျွန်မပြန်လည်မထွက် ခွာချင်ပါဘူး။သူ့အနေနဲ့လည်း သူ့အနာဂတ်အတွက်ကျွန်မတို့စဉ်းစားပေးနေစဉ်ကာလအတွင်း ကျွန်မမိတ်ဆွေ မိသားစု နဲ့လာနေဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ကျွန်မတို့ကျောင်းဝင်းအတွင်းက ထွက်ခွာလာတဲ့အချိန်အထိ တီးဝိုင်းကတီး ခတ်စဲဖြစ်လို့ ကျွန်တော်ဝမ်းမြောက်ပီတိဖြစ်ခဲ့ပါတယ်။တည်းခိုရာအိမှ်ာ အမျိုးသမီးတွေများလို့ အရှင်ထာဝရအနေနဲ့ အချိန်တိုအတွင်းမှာပဲ မူလဘုန်းကြီးကျောင်းကို သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ကျွန်မ စိတ်ပျက်ခဲ့ရပါတယ်။သူ နံနက်ခြောက်နာရီမထွက်ခွာခင် သူ့အနားမည်သူမျှမရှိချိန်မှာ ကျွန်မ၁၅နှစ်တာ ၀တ်ဆင်ခဲ့တဲ့ လက်စွပ်တစ်ကွင်းကို အရှင်ထာဝရသူ့အား ပေးခဲ့ပါတယ်။ကျွန်မအနေနဲ့ သူနဲ့ဝေးနေပေမဲ့လည်း အမြဲမိဘသဖွယ်ရှိနေတဲ့သဘောကို ဆိုလို တာပါ။

ဘင်္ဂလားဒေ့်မှာရှိတုန်း ကျန်မမှာ ၁၃ ရက်တွင် ၆ ရက်ကို ဘတ်စ်ကားပေါ်မှာပဲ ကုန်ခဲ့ရတယ် ။ အခြေနေတွေကို ဖြေရှင်းဖို့ UNHCR နဲ့သပ်ဆိုင်တဲံ အစည်းဝေးတွေပါ တတ်ရောက်နေခဲ့ရလို့လေ။ ကိုဥကာက အမြဲတမ်းလိုက်ပါပေးလို့ အဖော်ရပါတယ် ။ ကျမခြေထောက်တွေဖော်ရောင်လာပါတယ် ။ အရမ်းပင်ပန်းတတ်တယ်ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစတစ်ခုကိုလုပ်နေရလို့ ကျမပျော်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်တဲ့အထိမရောက်ခဲ့ပေမယ့် UNHCR အနေနဲ့တော့ ဒီပြသာနာကို ကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ပဲ အရှင်ထာဝရာကို တော်ကြီးထဲနေထွက်ခွာဖို့နဲ့ သူအလုပ်ကို လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

နောက်ဆုံကံမကောင်စွာနဲ့ပဲ အခြေနေတွေ တိုးတတ်မလာခဲ့ပါဘူး။ အရှင်ထာဝရမှာလဲ ၂၀၀၉ ဂျွန်လ ၂၈ ရက်မှာ နယ်စပ်ကိုဖြတ်ကျော်ပြီ အိနိယသို့သွားရောက်ခဲ့ပါတယ်။ကျမ မိသားစု မိတ်တွေတေနဲ့လုပ်ဖော်ကိုင်ဖက်တွေလဲ အဲ့ဒီလိုခက်ခဲတဲ့ လတွေကို ကျမနဲ့အတူ စိတ်ရှည်လက်ရှည် နေပေးကြပါတယ်။ နာရီပေါင်းများစွာ ကျမအလုပ်လုပ်ခဲ့ရပါတယ်။ ဘင်္ဂလာဒေ့်က အခက်ခဲတွေက ကျမရဲ့ ချိန်နဲ့စွမ်းအင်းတွေကို အများကြီးကုန်စေပါတယ်။ ကျမရဲ့ လျှိဝှက်စွာ ပါဝင် လုပ်ဆောင်ချက်တွေဟာ အခုမှတော့ အဆုံးသတ်ပန်တိုင်းရောက်လုနီးပါပြီ။ ဆုတံဆိပ်တွေရခဲ့တဲ့ Burmar VJ ထဲက သူရဲ့မှတ်တန်ဝင် လုပ်ဆောင်ချက်တွေကြောင့်လဲ လူသိများလာပါပြီ။ အခုအခါမှာ သူဟာဘုန်းကြီးကျောင်းတစ်ခုမှာ သီတင်းသုံးနေပြီ အခြားနှစ်ပါးသော ရဟန်တွေကလဲ ကျွန်မကို အမေလို့ခေါ်ကြပါတယ်။ ကျွန်မလဲ ဗမာဘုန်းကြီးမှာဆီမှ တစ်နေ့ထက်တစ်နေ့ လေ့လာနေရပါတယ်။အရှင်ထာဝရဟာ အလွန်ကိုပဲထူးခြားသူပါ။ ချစ်ခြင်းမေတာ ဟာ အစလည်မရှိ ၊ အဆုံးလည်းမရှိသောကြောင့် ဒီဇာတ်လမ်းဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး.

Carol ၏ A Brief Interlude in the Tragety of Burma ကို အလင်းဆက်မှ ဆီလျော်အောင်ဘာသာပြန်သည်။

၁.၁.၂၀၁၀


No comments:

Post a Comment