Sunday, March 28, 2010

ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြသော စကားလုံးများ


ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြသော စကားလုံးများ

လူညံ့အချင်းချင်း အဝေးကမြင်ကြတယ်။ အမြင့်မှာထိုင်နေကြတာကိုး။

အကုန်လုံးကိုရထားပြီးပြီ။ ဒါပေမယ့် ကျန်တာအားလုံးကို လိုချင်သေးသတဲ့။

အပြင်ပန်းပုံသဏ္ဍာန်ဟာ လှည့်ဖြားတတ်တဲ့သဘောရှိတယ်။ ဒါပေမယ့် ငထုံကတော့ ငထုံပုံပဲပေါက်တယ်။

ပြည်သူတွေရဲ့ကြမ္မာကို အဆုံးအဖြတ်ပေးသူတွေဟာ ပြည်သူတွေနဲ့အတူနေဖို့ကံမပါလာကြဘူး။

ဈေးနှုန်းတွေထက် ရယ်စရာကောင်းတာ လစာပဲရှိတယ်။

မြို့ပြင်ကအမှိုက်ပုံတွေအရ မြို့ထဲမှာ သန့်ရှင်းတယ်လို့ပြောနိုင်တယ်။

အာဏာရပုတ်သင်ညိုတွေကို အရောင်မခွဲတတ်သူတွေက ရွေးတင်လိုက်တာဗျို့။

ကိုယ့်တန်ဖိုးကိုသိတဲ့သူနဲ့ ဈေးညှိရတာ ပိုလွယ်တယ်။

တခါတလေ အရှိကိုအရှိအတိုင်း ပြောချလိုက်ချင်တယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးဖို့ကို အနှောင့်အယှက်မဖြစ်စေ ချင်တာနဲ့ ပါးစပ်ကိုပိတ်ထားလိုက်ရတယ်။

မြန်မာပြည်မှာမနက်ဖြန်အတွက် မိုးလေ၀သခန့်မှန်းချက်အတိအကျကို သဘက်ခါကျရင် သိရမယ်။

“ ချစ်ခင်လေးစားရပါသော ပြည်သူများခဗျာ ” ဆိုတဲ့စကားလောက် ဈေးပေါတာမရှိဘူး။

လူညံ့လူဖျင်းတွေ ဒီလောက်မများပါဘူး။ သူတို့ရဲ့နောက်လိုက်တွေပဲ တအားများနေတာပါ။

ဗမာပြည်မှာနွားလိုလူတွေ နေရာရနေတာတွေ့တော့ တစ်ချို့လူတွေခဗျာ အားကျစိတ်ဝင်လာကြတယ်။

အပြစ်ရှိသူတွေထဲက ဘယ်သူမှန်သလဲဆိုတာ အနာဂါတ်က ဖော်ထုတ်လိမ့်မယ်။

သေပြီးတဲ့ပြိုင်ဘက်တွေကိုမကြောက်နဲ့။ ရှင်နေတဲ့ရန်သူတွေကိုဘဲကြောက်ပါ။

မှန်ရုံနဲ့မပြီးသေးဘူး။ အချိန်မီမှန်ဖို့လိုတယ်။

အထိမ်းအမှတ်ကျောက်တိုင်တွေကို ဖျက်ဆီးတဲ့အခါမှာအောက်ခံခုံကိုချန်ထား။ နောက်ပိုင်းအသုံးတည့်နိုင် တယ်။

ဖြောင့်ဖြောင့်သွားတဲ့သူတွေ လမ်းကွေ့မှာသတိထားပါ။

အရင်တုန်းကလူတွေ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိခဲ့ကြတယ်။ ဟိုတုန်းက အဝေးပစ်လက်နက် တွေ မရှိသေးဘူး မဟုတ်လား။

မှောင်မိုက်တဲ့ကာလမှာ အရိပ်ထဲထွက်သွားဖို့ခက်တယ်။

သားကောင်သန့်ရှင်းစင်ကြယ်လေလေ ပါးကွက်သားရဲ့လက်တွေ ညစ်ပတ်လေလေ။

ပုတ်သင်ညိုအာဏာရနေလျှင် ပတ်ဝန်းကျင်လဲ အရောင်ပြောင်းလာတယ်။

နားကန်းနေသူတွေအတွက် သီချင်းဆိုပေးရမယ် ဟုတ်လား။ သူတို့အားလုံး နားကန်းနေတာသေချာရင်တော့ သဘောတူပါတယ်။
ငမန်းတွေနောက်ကိုလိုက်ကူး။ အဲ့တာဆို လူတွေဆီရောက်သွားမှာပဲ။ ဖော်လန်ဖားတွေ တွေ့ချင်တယ်ဆိုရင် နအဖလွှတ်တော်ထဲသာ လိုက်သွားပေတော့။

တရားသောတိုက်ပွဲဆင်နွှဲသူဟာ အမှန်တရားကိုအလွဲသုံးစားမလုပ်ဘူး။

နိုင်ဖဲတွေရှိနေလျှင် ရိုးရိုးသားသားပဲကစားတာကောင်းပါတယ်။

ဘယ်လောက်အားကောင်းတဲ့မုသားဖြစ်ပါစေ။ ဘယ်တော့မှအမှန်ဖြစ်မလာနိုင်ဘူး။

“ သက်သာ ” ဆိုတဲ့အမိန့်ကိုကြားတဲ့အခါမှာသာ လွတ်လပ်မှုကိုခံစားရတာမျိုးမဖြစ်ချင်ပါ။

မျောက်တောင်သူ့ခြေထောက်ပေါ်ရပ်နေပြီ။ အသင်လူသား ဒူးထောက်နေတာကနေ ထပါတော့။

ပြည်သူ့အစေခံတွေများလွန်းတော့ အိမ်ရှင်ဘယ်မှာနေရမှန်းမသိတော့ဘူး။

ဘယ်လောက်ဆင်းရဲတဲ့နိုင်ငံလဲဆိုရင် ဥပဒေတောင်မရှိဘူး။

တရားမျှတမှုအောင်ပွဲအခမ်းအနားကျင်းပတဲ့အခါ တကယ်နစ်နာဆုံးရှုံးရသူတွေကို ဖိတ်လေ့မရှိပါ။

ကုသစရိတ်ကိုသိလိုက်တဲ့အခါ ဂုဏ်ယူတဲ့စိတ်နဲ့ ရောဂါပိုးမွှားတွေ တိုးပွားလာကြတယ်။

မရှိတဲ့အခွင့်အရေးတွေကို စွန့်လွှတ်ရတာ တခါတလေ သိပ်ခက်တာပဲ။

ခေတ်တိုင်းကိုယ့်အတိတ်ကို ထူထောင်ကြတယ်။

အဆင်မပြေမှုတွေကိုမကြောက်နဲ့။ နောက်အသစ်တွေပေါ်လာရင် စောစောကအဆင်မပြေမှုတွေ ပျောက်သွား မှာပါ။

ကိုယ့်ကိုကိုယ်ပညာရှိလို့ ယူဆရလောက်အောင် ကျနော်တို့မမိုက်မဲပါဘူး။

မြန်မာစစ်အာဏာရှင်တွေ စုနေလိုက်ကြတာ ရာသက်ပန်နေကြရတော့မယ့်အတိုင်း၊ သူ့သားသမီးတွေသုံးဖြုန်း နေလိုက်ကြတာ မနက်ဖြန်ပဲ သေတော့မယ့်အတိုင်း။

စုစည်းတင်ပြသူ။ အလင်းဆက်
၂၈ . မတ်လ . ၂၀၁၀

No comments:

Post a Comment