Monday, March 22, 2010

နိုင်ငံတကာဆက်ဆံရေးနှင့် realist တို့အမြင်တစေ့တစောင်း




IR ဆိုသည်မှာ နိုင်ငံတကာစနစ်အတွင်းရှိ နိုင်ငံများအကြား နိုင်ငံရေးရာ ၊ ကမာရေးရာ ၊ ပြသနာ ကိုလေ့လာသော ဘာသာတစ်ရပ်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ကမာပေါ်ရှိနိုင်ငံများ အစိုးရရုံးများ ပါဝင်သောအဖွဲ့စည်းများ (IGOS ) အစိုးရမဟုတ်သောအဖွဲ့စည်းများ (NGOs ) နိုင်ငံတ်ကာအစိုးအရမဟုတ် သောအဖွဲ့စည်းများ (INGOs ) နှင့် နိုင်ငံအများပါဝင်သော ကော်ပိုရေးရှင်းကြီးများ (MNCs ) ပါဝင်သည်။ ယင်း IR ဘာသာရပ်သည် ပညာရပ်တစ်ခုဖြစ်သလို ပြည်သူရေးရာပေါ်လစီများကိုလဲ လေ့လာသည်.။နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒများ ချမှတ်အကောင်ထည်ဖေါ်ဆောင်ရာတွင် အထူးအရေးပါသည်ဟုဆိုနိုင်သည်။ နိုင်ငံရေး သိပံ ဘာသာရပ်ခွဲတစ်ခု အနေနဲ့လည်းမြင်ကြသည်.။

သို့သော် နိုင်ငံရေး သိပံဘာသာရပ်နှင့် မတူကွဲပြားသောနယ်ပယ်များလည်း IR တွင်ရှိနေပြန်သည်။ စီးပွားရေးသာဘာရပ်၊ သမိုင်း ၊ နိုင်ငံတကာ ဥပဒေ ၊ ဒသာနိကဗေဒ ၊ ပထဝီနိုင်ငံရေး ၊ လူမူရေးဘာသာရပ် ၊ မနုသာဗေဒ၊ စိတ်ပညာအပြင် ယဉ်ကျေးမူလေ့လာသော ဘာသာရပ်များလည်းပါသည်။ထိုပြင် အချိန်နှင့် တစ်ပြေးညီ ဖြစ်ထွန်းတိုးတတ်နေသော ကမာလူမူပြသာနာများကိုလည်းလေ့လာနေသော ဘာသာရပ်လည်းဖြစ် သည်။ IR ဘာသာရပ်၏ လေ့လာမူသစ်များတွင် ဂလိုဘယ်လိုက်ဇေးရှင်း ၊နိုင်ငံများ၏ အချုပ်ခြာအာဏာ၊ ပတ်ဝန်းကျင်ဂေဟစနစ်ဆိုင်ရာ ထိန်းသိမ်းမူ ၊ နူကလီးယားမပြန့်ပွားရေး ၊အမျိုးသားရေးဝါဒ ၊ စီးပွားရေးဖွင့်ဖြိုး တိုးတတ်မူ ၊ ကမာငွေကြေးကိစ ၊ အကြမ်းမဖက်ရေးလူပ်ရှားမူများ ၊ ကမာအဖွဲ့စည်းများ၏ ရာဇတ်ဝတ်မူကြီးများ ၊ လူသားတို့၏ လုံခြုံရေး ၊ နိုင်ငံခြားတိုင်းပြည်များ၏ ဝင်ရောက်စွတ်ဖက်မူ ၊ လူအခွင့်ရေးစသောကိစပေါင်းစုံ ၊ အကြောင်းအရာပေါင်းကျယ်ကျယ်ပြန့်ပြန့်ပါဝင်သည်.။ နိုင်ငံတကာဆက်ဆံရေး သမိုင်းကို ခြေရာပြန်ကောက်လျှင် 1648 ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖီးလီး ယားငြိမ်းချမ်းရေးစာချုပ် ( Peace of Westphalia ) မှာအစပြုခဲ့သည်ဟု ဆိုရမည်။ ဒီစာချုပ်ကြောင့်ဘဲ ခေတ်မီ နိုင်ငံဖွံ့ဖြိုးလာခဲ့ပြီ အချုပ်ခြာအာဏာ ( sovereignty ) ကိုခိုင်မာစေခဲ့သည်။ ဒီစာချုပ်ကြောင့်ပဲ လွတ်လပ်တဲ့ နိုင်ငံတွေပေါ်လာတယ်။သံတမန်ဆက်ဆံရေးနဲ့ စစ်တပ်ဖွဲ့စည်းရေးလည်း ပေါ်လာခဲ့ကြတယ်။

လက်တစ်ဆုပ်စာရှိသော နိုင်ငံများက သူတို့ရဲ့အမျိုးသားနိုင်ငံစနစ် (nation – state system ) ကိုကျော်ပြီး လုပ်ဆောင်လာတာတွေ့ရှိလာသည်။ခေတ်မီ IR ဘာသာရပ်ကတော့ အဲ့ဒီလို ကွဲပြားခြားနေတဲ့ အငြင်းပွားဖွယ် နိုင်ငံပုံစံတွေ ရဲ့ဆက်ဆံရေးတွေကို ရှင်းပြဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်။

ကမာနိုင်ငံရေးသီအိုရီတွေကိုလေ့လာတဲ့အခါမှာ နိုင်ငံရေးသီအိုရီများ ဝါဒများအပြင် ထိုဝါဒကိုလက်ခံ ကျင့်သုံးတဲ့နိုင်ငံများနှင့်ဝါဒပညာရှင်များ၏သမိုင်းမှာလည်းကမာနိုင်ငံရေးဖြစ်စဉ်များကိုလေ့လာရာတွင် အလွန်အရေးပါသည်။

ကမာကျော် ဖီလိုပိုနေရှန်စစ်ပွဲသမိုင်း (History of the Peloponnesian ) စာအုပ်ရေးသားသူ သူစီိနိက်စ် ( Thucydides ) အပါအဝင် လက်ဗီရမ်သမ် ( Leviathan ) ကိုပြုစုသော ဟော့စ် ( Hobbes ) နှင့် မင်းသားလေး ( The prince ) ကျမ်းပြုစုဆရာ မကယာဗယ်လီ ( Machiavelli ) တို့ကို အများက realists ယထာဘူတဝါဒီများဟုသတ်မှတ်ကြသည်။

ယထာဘူတဝါဒီများ ( realists ) က နိုင်ငံလုံခြုံရေးနှင့် ပါဝါကိုသာအလေးထားပါ။ အစောပိုင်း ယထာဘူတ၀ါဒီများဖြစ်ကြတဲ့ အီး၊အိတ်၊ကား (G.H. Carr ) ဟန်ဖော်ဂန်သိုး ( Han Morgenthau ) သို့ကဆိုရင် နိုင်ငံများဟာ ကိုယ်ကျိုးကြည့်ဖို့နဲ့ ပါဝါကိုရှာဖွေယူမယ်လို့ တိုက်တွန်းထားတယ်။ အင်အားရှိမှသာ လျှင် လုံခြုံရေးနှင့် ရပ်တည်နေထိုင်မူအခွင့်အရေးသာမည်ဟုဆိုထားပါသည်။ နိုင်ငံအချင်းချင်းပူးပေါင်း ခြင်းဆိုသည်မှာလည်း တစ်နိုင်ငံချင်းဆီ၏ လုံခြုံရေးခိုင်မာစေရန် အတွက်သာ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ယထာဘူတဝါဒီ များကမြင်သည်။ ယထာဘူတ ဝါဒီများသီအိုရီဆိုင်ရာ ရူ့ထောင့်များကို ဒုတိယကမာစစ် အတွင်းတွင်အများအပြားတွေ့ရသည်။

ယထာဘူတဝါဒီ ( realism ) သည် အမျိုးသားအကျိုစီးပွားနှင့်အမျိုးသားလုံခြုံရေးကိုပဲ ဦးစားပေးသည်။ ဒါကြောင့်ဘဲ ဒီဝါဒကို ပါဝါနိုင်ငံရေး ( power politics ) နဲ့အတူတူသက်မှတ်ကြတာတွေ့ရှိရပါသည်။

ယထာဘူတဝါဒီသီအိုရီရဲ့ သဘောအမြင်တွေကတော့

* နိုင်ငံတစ်ကာစနစ်ဟာ မင်းမဲ့အခြေအနေ ( anarchic ) ပါ။ နိုင်ငံတွေအထက်မှာသူတို့ရဲ့ အချင်းချင်း အပြန်အလှန်ဆက်ဆံမူကို ဦးဆောင်ချုပ်ကိုင်နိုင်တဲ့ အာဏာပိုင်ဆိုတာမရှိဘူး။
* အချုပ် အခြာနိုင်ငံများသာလျှင် နိုင်ငံတကာစနစ်ထဲက အဓိက ဇာတ်ကောင်တွေဖြစ်တယ်။နိုင်ငံတကာ စင်မြင့်မှာ အလေး သာဖို့ အင်အားရှိဖို့ဘဲလိုပါတယ်။ နိုင်ငံတကာအဖွဲ့စည်းတွေ ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ ။ တစ်ဦးတစ်ယောက်ထဲလုပ်ဆောင်နေသူတွေဟာ အနည်းငယ်မျှသော လွှမ်းမိုး မူသာရှိသူ တွေဖြစ်တယ်။
* နိုင်ငံများဟာ သူတို့ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားအတွက် ရှေ့ရူလှူပ်ရှားနေကြတဲ့ သရုပ်ဆောင်များ ဖြစ်တယ်။ရှေရှည်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့မဟာမိတ်ပြုရေးမှာတော့ ယေဘူယျ မယုံကြည်ရမူတေ၊ွ မရိုးသားမူတွေရှိပါတယ်။
* နိုင်ငံတစ်ခုချင်းစီရဲ့ အမျိုးသားအကျိုးစီပွားရည်ရွယ်ချက်ကတော့ အဲ့ဒီနိုင်ငံရဲ့ အမျိုးသားလုံးခြုံရေးနဲ့ ရပ်တည်ရေးအတွက်ဘဲဖြစ်တယ်။
* အမျိုးသားလုံခြုံရေးအတွက် နိုင်ငံများဟာ အရင်းအမြစ်သယံဇာတတွေကိုအားထုတ်ယူရမယ်။
* နိုင်ငံအချင်းချင်းဆက်ဆံရေးကိုသူတို့ရဲ့ပါဝါအဆင့်တွေနဲ့နိုင်းယှဉ်ဆုံးဖြတ်ကြတယ်။အဲ့ဒီ ပါဝါအဆင့် တွေကိုတော့သူတို့ရဲ စစ်ရေးနဲ့စီးပွားရေးတွေနဲပိုင်းဖြတ်တယ်။
* နိုင်ငံအားလုံးရဲ့လူပ်ရှားမူတွေကိုလမ်းညွန်နိုင်မယ့် စကြာဝဌာမူဝါဒ ဆိုတာမရှိဘူး။ နိုင်ငံတွေဟာ သူ့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အရေးလူပ်ရှားမူတွေကို အမြဲသတိကြီးကြီးထားနေရတယ်။ပြသာနာပေါ် လာရင်လဲ လက်တွေ့ကျတဲ့ချဉ်းကပ်မူတွေနဲ့ဖြေရှင်းတယ်။
* နိုင်ငံတကာဆက်ဆံရေးကို ကိုယ်ကျင့်တရားတွေထည့်သွင်းခြင်းဟာ ကမောက်ကမဖြစ်စေသော လုပ်တွေရပ်တွေသံတမန်နည်းရေးဆိုင်ရာ တမ်းမူတွေနဲ့ အတောမတတ်နိုင်သော ပËိပကတွေကိုသာ ဖြစ်စေတယ်။

ယထာဘူတဝါဒီသမားတွေယုံကြည်ကြတာက လူသားတွေဆိုတာ ချစ်ခြင်းမေတာတွေကိုကိန်းဝင်နေ တာမဟုတ်ဘဲ တကိုယ်ကောင်းဆန်မူတွေပြိုင်ဆိုင်မူတွေသာ လွန်ကဲနေသည်ဟုဖြစ်သည်။ထိုအပြင်သူတို့ ကနိုင်ငံများဟာကျူကျော်လိုစိတ်ရှိကြပြီလုံခြုံရေးကိုအလွန်လိုလားကြသည်ဟုယုံကြည်ကြသည်။ထို့ကြောင့် နယ်မြေချဲ့ထွင်းရေးသည်သာ ပါဝါထိန်းချုပ်မူအတွက် သင့်တော်သည်ဟု ယုံကြည်ကြသည်။ ဒီကျူကျော်လို စိတ်တွေကြောင့် လုံခြုံရေး အကျပ်ရိုက်မူ ( security dilemma ) ကိုဦးတည်စေသည်။

နိုင်ငံတကာဆက်ဆံရေးတွင် ယထာဘူတဝါဒီသည် ဘာသာရပ်တခုအဖြစ် ဒုတိယကမာစစ်မတိုင်မီအ ချိန် အထိပါဝင်ခြင်းမရှိခဲ့ပေ။သို့သော ရှေးဦးပညာရှင်များ၏ အရေးသားများတွင် ယင်ဝါဒတွေ့မြင်နိုင်သည်။ ယင်းဝါဒကို တရုပ်စစ်မဟာဗျူဟာပညာရှင် ဆွန်ဇူး (Sun Tzu )၏ စစ်မဟာဗျူဟာကျမ်း ( The art of war) ဂရိသမိုင်းပညာရှင် သူစီဒိုက်၏ ပီလိုပိုနေရှင်း စစ်ပွဲသမိုင်း ( The history of Peloponnesian war ) တွင် လည်းကောင်းတွေ့နိုင်သည် ဆူဇီဒိုက်ကို ယထာဘူတနိုင်ငံရေး ( realpolitik) ၏ ရှေးဦးပညာရှင်ကြီးအဖြစ်သတ်မှတ်ကြသည်။

အီတလီနိုင်ငံရေးအတွေးအခေါ်ပညာရှင် မကယာဗယ်လီ ( Machiavelli ) က သူ၏ မင်းသား ဆိုသော ကျမ်းတွင် နိုင်ငံရေးသမား၏ တခုတည်းသောရည်မှန်းချက်ပန်းတိုင်မှာ အာဏာရ ရေးပင်ဖြစ်သည်။ သူက ဘာသာရေး ၊ လူမူကျင့်ဝတ်အားလုံးကို ထည့်တွက်စရာမလိုဟုဆိုသည်။

အင်္ဂလိပ်အတွေးခေါ်ပညာရှင် သောမတ်ဟော့စ် ( Thomas Hobbes ) ကလည်းသူ၏ လစ်ဖီယစ်သမ်း ( leviathan ) ကျမ်းတွင် နိုင်ငံရေးဆိုသည်မှာ အားလုံးကိုအားလုံးကဆန့်ကျင်ရသည့်စစ်ပွဲ တစ်ခု( war of all against all ) ဖြစ်သည်ဟုဆိုးထာ သည်။ ၂၁ ရာစု၏အခြားထင်ရှားသော ယထာဘူတဝါဒီများတွင် အမေရိကန်သမတနတ်ဆင်လက်ထက်တွင်နိုင်ငံရေးဝန်ကြီးနှင့်အမျိုးသားလုံးခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သော ဟင်နရီ ကစ်ဆင်ဂျား (Henry Kissinger ) ပြင်သစ်ဗိုလ်ချုပ်ကြီ နှင့် သမတ အဖြစ်ထမ်းဆောင်ခဲ့သော ချားလ် ဒီဂေါ (Charles de Gaulle ) နှင့် ဆိုဖီယက် ခေါင်းဆောင် စတာလင် (Stalin ) တို့ပါဝင်ကြသည်။

ရှေးရိုး ယထဘူတဝါဒသည် အကျိုးစီးပွားအတွက် နိုင်ငံနှင့်တသီပုဂလများအပေါ်ထွန်းကားပေးသော လူသဘာဝကို ရည်ညွန်းသည်။ ထို့ကြောင့် ရှေးရိုး ယထဘူတဝါဒသည် အင်းအားနှင့် ကြီစိုးလိုသော ဆနကို မောင်းနှင်းပေးသည်ဟု အဓိပါယ်သတ်မှတ်နိုင်သည်။

မော်ဒန် ယထာဘူတကိုတော့ ဒုတိယကမာစစ်အတွင်းကာလနှင့် နှောင်းပေါင်းကာလများတွင် အမေရိကန်နိုင်ငံက အထူးအလေးထားတာစတင်လေ့လာခဲ့သည်။ ဒီအမြင်ပေါ်တိုးတတ်မူကို ဟတ်မော်ဂင် သိုး (Hans Morgenthau ) ကဲ့သို့သော ဥရောပမှစစ်ကြောင့် ကူးပြောင်းလာသူများကြောင့် ပိုပြီး အရှိန်ရစေခဲ့သည်။

ထင်ရှားသော မော်ဒန်ယယာဘူတပညာရှင်များတွင်

* အမေရိကန်ပြည်ထောင်စု၏ တားဆီးထိန်းသိန်းရေး ( containment ) ပေါ်လစီ ဖခင်ကြီးဟု ခေါ်ဆိုပြီး စစ်အေးကာလတွင် အဓိကပါဝင်လူပ်ရှားခဲ့သူ ဂျော့လာနင် ( George F Kenan ) လည်းပါဝင်ခဲ့သည်။
* ပထဝီအချက်လက်တွေဟာ မပြောင်းလဲပါ သို့သော် နိုင်ငံရေးရာပေါ်လစီအတွက် အဓိပါယ်ဖွင့်ဆိုရာမှာ တော့ အပြောင်းအလဲရှိလိမ့်မယ်ဟုပြောဆိုခဲ့ပါသည်။ ဒတ်_အမေရိကန် ပထဝီနိုင်ငံရေး မဟာဗျူဟာ ပညာရှင် နီကိုလမ်း ဂျွန်း စပိုက်မန်း (Nicholas John Spykman ) ပါသည်။
*
* ထိုအပြင် အမေရိကန်နိုင်ငံ၏ အနာဂါတ်ရေးဝါဒီအဖြစ် စစ်မဟာဗျူဟာကျွမ်းကျင်သူလည်းဖြစ်သူ Herman Kahn ဟာမန်ကော့စ်လည်းပါသည်။ သူသည် ဂျပန်ကို အင်အားကြီနိုင်ငံအဖြစ် ပေါ်ထွက် လာမည်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူလည်းဖြစ်သည်။ သူ၏ နူးကလီယားစစ်ပွဲများအပေါ် သုံးသပ် ဆန်းစစ်ချက်များကြောင့်လည်း အလွန်းကျော်ကြားအရေးပါသူဖြစ်သည်။
*
* ဒါကိုယထာဘူတဝါဒခေါ် အဆောက်အုံးဆိုင်ရာ ယထာဘူတဝါဒ (structural realism ) ကတော့ နိုင်ငံတစ်ကာစနစ် အလေးထားဆုံးဖြစ်သည်။ယထာဘူတဝါဒက နိုင်ငံလုံခြုံစိတ်ချမူရရန်အတွက် နိုင်ငံများဟာ စီးပွားရေးနှင့်စီးပွားရေးစနစ်ကို တည်ဆောက်ပြီ အမြစ်ပါနိုင်သော ပËိပကများအတွက် စဉ်ဆက်မပြတ်ပြင်ဆင်ထားရမည်ဟုဆိုသည်။
*
* နီရို ယထာဘူတဝါဒီများတွင် ကန်နက်ဝက်(စ်) Kenneth Waltz နှင့် စတီဗင်ဝက် (Stephen Waltz ) ကဲ့သို့သော ခုခံရေးကို ဦးစားပေးသော ယထာဘူတဝါဒီ (defensive realism) ကိုလက်ခံသော ပညာရှင်များလည်းပါဝင်သည်။သူတို့က နိုင်ငံများသည် ကမာရေးရာများအတွက် အဓိကပါဝင်သူများ ဖြစ်သည်။သူတို့က ကမာ ဇာတ်ခုံပေါ်ရှိ မင်းမဲ့ဝါဒ ( anarchy ) များသည် နိုင်ငံများလုံခြုံရေးအတွက် ပိုပိုပြီတွန်းအားဖြစ်စေတယ်လို့ ဟောကိန်ထုတ်ခဲ့သူများလည်းဖြစ်သည်။
*
* တိုက်ခိုက်ရေးရှေးရူသော ယထာဘူတဝါဒီ( offensive realism )ပညာရှင်John Mearshelimer ဂျွန်ဗာရှိးမား တို့လည်းပါဝင်သည်၊ယင်ဝါဒအရ သူတို့က နိုင်ငံတကာစနစ်သည် မင်းမဲ့ဝါဒီဆန်သည်။နိုင်ငံအားလုံး သည် တိုက်ခိုက်ရေး စစ်ရေးစွမ်းရည်တချို့ပိုင်ဆိုင်ကြသည်။
*
* ယထဘူတဝါဒီများတွင် ဗိုလ်ကျဝါးဝါးရေး တည်ငြိမ်မူ သိအိုရီ ( Hegemonic stability Theory ) ပညာရှင်ကြီ ရောဘတ်ဂလက်ပင် (Robert Gilpin) လည်းပါသည်။ ယင်းသီအိုရီအရ နိုင်ငံတကာ စနစ်တွင်ပါဝါသည်ငြိမ်မူရှိစေရန် အင်အားကြီးမားပြီး သြဇာအာဏာ မြင့်မားထိန်းချုပ်နိုင်သော နိုင်ငံ တစ်ခုရှိဖို့လိုသည်ဟု ဆိုသည်။
*
* အင်္ဂလိပ်ဂိုဏ်းဝါဒ ( The English school ) ခေါ် လစ်ဘရယ် ယထာဘူတဝါဒ ( liberal realism ) လည်လည်းရှိသည်။ယင်ဝါဒကို ရာရှင်နယ် လစ်ဆင် (rationalism ) ဝါဒ ဟုလည်းခေါ်သည်။ ယင် ဝါဒ က နိုင်ငံတကာစနစ်ကိုဆုပ်ကိုင်ထားပြီ နိုင်ငံများ၏ ဘုံစံနူန်းများ ၊ အကျိုးစီးပွားများ ရှိရာ “နိုင်ငံများ၏ အဖွဲ့အစည်း” ( The society of states ) တခုဖွဲ့ရမည်ဟုယူဆကြသည်။
* ယင်းဝါဒ အတွက် အထင်ရှားဆုံးပညာရှင်မှာ ဟစ်ဒလေ ဘူး(လ်) Hedley bull ဖြစ်ပြီ သူ၏ ၁၉၇၇ တွင် ရေးသားခဲ့သော အင်နာခီလ်လူအဖွဲ့အစည်း ( The Anarchical society ) ကျမ်းမှာ ကျော်ကြားခဲ့သည်။
*
* ယခုအခါတွင် ပို့စ်ယထာဘူတဝါဒလည်ပေါ်ထွန်းလာသည်။ ယင်ဝါဒအရ ကမာလုံးဆိုင်ရာ ပါဝင်သူများ သည်အတွေးခေါ်လူပ်ရှားမူ ပြောဆိုမူ ကမာကွန်ယက်ထဲတွင် ပူးပေါင်းလာကြသည်။ ယင်းဝါဒက အထူးအားဖြင့်ဆွေးနွေးခြင်း တိုင်ပင်ခြင်း( discourse ) နှင့် ငြင်းခုန်ခြင်းကိုအထူးအလေးထားသည်။ ပို့စ်ယထာဘူတဝါဒီများအရ နိုင်ငံတကာယထာဘူတဝါဒီသည် လူမူသိပံနှင့် နိုင်ငံရေး ( Political rhetoric ) ပုံစံတစ်ခုဖြစ်သည်ဟုမြင်သည်။ ယင်းဝါဒီများက နိုင်ငံတကာဆက်ဆံရေးတွင်ဘယ်ဟာသည် ယထာဘူတကျသည် ဘယ်ဟာက စစ်မှန်မူနှင့်ပိုနီးစပ်သည် စသည်တို့ကို ငြင်းခုန်ဆွေးနွေးရန် ပိုပြီပွင့်လင်းမူပေးထားသည်။



Reference…

Robert and Georg Sorensen (2006): “Introduction to International Relations: Theories and approaches”, Oxford, OUP, 3rd ed.

Edited by Steven C.Roach(2007): Critical theory and international relations.(A reader). Routledge.

Edited by David Boucher & Paul Kelly (2009): “Political Thinkers”, from Socrates to the Present, Oxford, Second Edition.

Andrew Heywood: “Political Ideologies” An Introduction, Palgrave Macmillan,Third Edition.

Cynthia Webber, International Relations Theory. A critical Introduction.

Scott Burchill and others, “Theories of IR”.

M.Myanmar (1st.Feb.1010) CM

1 comment: