Thursday, April 1, 2010

ဗုဒ္ဓတရားတော်အရ နိုင်ငံရေ


"မင်းကောင်းအစိုးရကောင်းတို့မည်သည်
မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်

ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆို
ကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။
တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လံ
ုမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်..."

စက္က၀တ္တီသီဟနန္ဒသုတ်

"ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည်
အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။
ထိုမျှလောက်ကာလပတ်လုံး
အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။
ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ"

မဟာပရိနိဗ္ဗာနသုတ်

"သင်တို့သည်
မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။
ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။
ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့"

(ဗုဒ္ဓ)

"ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်ွးားပြီးနောက် ငါညွှန်ပြထားခဲ့သည့်
တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည်
သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြ"

(ဗုဒ္ဓ)

"၀ဇ္ဇီမင်းတို့သည်
မကြာခဏ အညီအညွတ်စည်းဝေး၍
တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ
ရဟန်းတို့သည်
မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို
အညီအညွတ်ဆောင်ရွက်နေကြသမျှကာ
လပတ်လုံး
ကြီးပွားတိုးတက်ရန်ရှိ
သည်"

မဟာပရိနိဗ္ဗာနသုတ်

"ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု
ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ "


အရှင်အာနန္ဒာ

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း၊
တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ်
အမုန်းစိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။"
စက္က၀တ္ထီသီဟနန္ဒသုတ်

"ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊
ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊
ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား
ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။
ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။
ထို့အပြင်
မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”

မိလိန္ဒပဥှာ

"အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်တယ်..."

မဇ္ဈနိမနိကာယ်

"အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။
တကယ်တမ်းပြုပြင်ပြောင်းလဲရေြး
ဖစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။"

“အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊
ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊
အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချ
မ်းခြင်းကို ရနိုင်သည်”

ဓမ္မပဒ

"ပုဏ္ဏား… အမျက်ဒေါသထွက်သူ၊ ရန်ငြိုးဖွဲ့သောသူ၊ ဂုဏ်အရည်အချင်းနှင့် ပြည့်စုံသူများကိုအပြစ်ဖို့သူ၊ မှောက်မှားသော အယူကို ယူသောသူ၊ ကလိန်ကျသောသူ သာလျှင်
ဝသလ ( သို့ ) သူယုတ်မာ ဟူ၍ သိအပ်၏။


"တစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း၊ နှစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်တတ်၏။
အကြင်သတ္တ၀ါတို့၌ သနားခြင်းမရှိ၊ ထိုသူကိုသူယုတ် ( သို့ ) လူယုတ်မာ ဟူ၍ သိအပ်၏

"လူမိုက်ဖြစ်ပါလျက် မိမိလူမိုက်ဖြစ်ကြောင်းကိုသိ၏။
ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။
လူမိုက်ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိဟုထင်၏။
ထိုသူသည်ဟာ တကယ့် လူမိုက်စစ်စစ်ဖြစ်၏"

ဓမ္မပဒ၊ စာလတ်၊ ဂါထာ ၆၃

အရူးနဲ့တူတဲ့လူ သုံးဦး
- မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးဟု မှတ်ကြသူဝယ် သေမင်းရယ်၏။ - အကယ်မာန်ကိုး၊ မြေနှင့်မိုးလို၊ အုပ်စိုးရသူ၊ ငါလျှင်ဟူ၍၊ မှတ်ယူမင်းဝယ်၊ မြေကြီးရယ်၏။ - သက်လှယ်နုထွား၊ ငါ့မယားက ဖွားသည့်သည်းချာ၊ ငါ့သားသာဟု မှတ်ရှာသူဝယ်၊ မယားရယ်၏။ - ရယ်ဖွယ်အထူး၊ လူသုံးဦးကို၊ အရူးတမျှ၊ နိမိတ်ပြရှင့်။
မယဒေ၀လင်္ကာသစ်၊ ပုတ္တောဝါဒီခန်း



"ကောင်းမြတ်သော သုစရိုက်တရားသော ခေါင်းဆောင်များဦးဆောင်ပါကမြန်မာနိုင်ငံကြီးသည် ဓမ္မပါဒပါဌိတော်၊ အရဟန္တ၀ဂ် ဂါထာ ၉၈ လာအတိုင်း ယနေ့ကမ္ဘာ့နိုင်ငံကြီးများနှင့်ာလျှင်
- ရွာအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ တောအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ - ချိုင့်ဝှမ်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ ကြည်ကုန်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် ဒုစရိုက်များ ( သူယုတ်များ ) မှ ကင်းဝေသူတို့နေထိုင်ရာဖြစ်၏။ ထို့ကြောင့် ဤမြေပြင်တွင်မွေ့လျော်ဖွယ် အကောင်းဆုံး ဒေသဖြစ်ပါ၏။


"တရားသောတိုက်ပွဲဆင်နွှဲသူဟာ အမှန်တရားကိုအလွဲသုံးစားမလုပ်ဘူး။"

အလင်းဆက်
၁.ဧပြီလ,၂၀၁၀

No comments:

Post a Comment