ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော စကားတစ်ခွန်း
ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားသော လူငယ်တစ်ယောက်ဖြစ်သည့် ကျနော် တော်လှန်ရေးနေ့အ တွက်အမှတ်တရအဖြစ်ရေးရန် တပ်မတော်နှင့်ပတ်သတ်၍ ဗိုလ်ချုပ်မိန့်မှာချက်များကို လက်လှမ်းမီသရွေ့လိုက် ရှာမိသည်။ ဗိုလ်ချုပ်၏ မိန့်ခွန်းများ၊ သူ့စာသား၊ သူ့စကား အရ ဗိုလ်ချုပ်၏ စိတ်ဓါတ်မြင့်မြတ်မှုနှင့် လေးစားအား ကျအတုယူဖွယ်လုပ်ဆောင်ချက်၊ ခံယူချက်များကို တွေ့ရပါသည်။
ဗိုလ်ချုပ်က သူ၏သားသမီးသဖွယ်ဖြစ်သော တပ်မတော်သားများကို မိန့်ခွန်းပေးရာတွင် တကယ့်ခေါင်းဆောင် ကောင်းပီသစွာ လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ တပ်မတော်သားများအပေါ်ထားတဲ့ မေတ္တာစိတ်၊ သူ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးသိက္ခာရှိပြီး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အမှန်တကယ် စောင့်ရှောက်ကာကွယ်ပေးနိုင်သော တပ်မတော်ကြီးဖြစ်စေလိုသော ဆန္ဒကို သူ၏မိန့်ခွန်းများတွင် အထင်အရှား တွေ့နိုင်သည်။ သူ၏ မိန့်ခွန်းများ၌ မြန်မာ့တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများပါမက အား လုံးသော ပြည်သူပြည်သားများအတွက်ပါ အဖိုးတန်အကျိုးရှိလှသည်။
စားရေးဆရာမှူးသမိန်ရေးထားသော စာအုပ်တစ်အုပ်တွင် ဗိုလ်ချုပ်က သူတို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်နေ စဉ်အတွင်း လျှို့ဝှက်စာလှမ်းရေးပြီး အားပေးစကားပြောရာတွင် “ ငါ့သားကြီးများ ပြန်လာမှ ” စကားလုံး ဟု ပါ ရှိသည်ကို ကျနော်သတိထားမိလိုက်သည်။ ကာယကံရှင်တပ်မတော်သားကြီးများမှ
ကျနော့်၏ နှလုံးသားနှင့်အသိတရားကို နှိုးဆွပေးလိုက်သော ဗိုလ်ချုပ်၏ မိန့်ခွန်းတစ်ခွန်းမှာ -
“ လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့် မည်။ ” ဟု ဆိုတာဘဲဖြစ်ပါသည်။ ဒီစကားလုံးကို တွေ့မြင်ရပြီး ကျနော်တော်တော်ခံစားလိုက်ရပါသည်
သြော် ….. ဒို့နိုင်ငံဟာအရတော်လေစွ၊ ဗိုလ်ချုပ်လိုလူမျိုးကိုမွေးထု
ဗိုလ်ချုပ်ကသတ္တိနှင့်သစ္စာကို အလေးထားးပြောသွားခဲ့ပါသည်။ တိုက်ပွဲဝင်ရန်နီးကပ်နေပြီဖြစ်ေ
ဗိုလ်ချုပ်ဆိုလိုသော “ သတ္တိ ” မှာ အချိန်မတော် ဘုန်းတော်ကြီးကျောင်းများသို့ အတင်းဝင်ရောက်ပြီး စီးနင်းပြီး ရက်စက်ယုတ်မာစွာ သတ်ဖြတ်ရဲသော စိတ်ကိုမဆိုလိုပါ။ ဘာလက်နက်မှမရှိဘဲ ငြိမ်းအေးစွာ မေတ္တာပို့ဆန္ဒပြ နေသော ဘုရားနှင့်တစ်ကိုင်းတည်းရှိသော ရဟန်းသံဃာများ၊ သားသမီးအရွယ်မောင်နှမအရွယ် ကျောင်းသား လူငယ်များကို သေနက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်ရဲသော၊ ယုတ်မာရက်စက်သော မိုက်ရူးရဲ သတ္တိကိုမဆိုလိုပါ။
ဗိုလ်ချုပ်သည် ယဉ်ကျေးသူ၊ လူပီသသူဖြစ်သည်။ ထို့ထက်အသိဥာဏ်ရင့်ကျက်သော မျိုးချစ်အာဇာနည်ဖြစ် သည်။ ဗိုလ်ချုပ်ဆိုလိုသော သတ္တိသည် တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ ဘ၀ကို စတေးနိုင်သော၊ စတေးခဲ့ သော “ အဓမ္မတရားကို လက်မခံသော ” ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံေ
ထိုသို့အမှန်တရားအတွက် ပေးဆပ်ရဲသော စိတ်ဓါတ်ရှိသူများသည် မြတ်နိုးစွာရသကိုခံစားနိုင်သည့်
စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပေါက်သော ပွဲတော်မဟုတ်ပါ။ သူသေကိုယ်သေတိုက်ခိုက်ရသော အသက်ဆုံးပါးနိုင် သည့် နေရာဖြစ်သည်။ အမှန်တရားအတွက် ကောင်းမြတ်သောတရားဥပဒေများအတွက် မိမိတာဝန်ကိုကျေပွန် ပြီး မှန်ကန်သော စိတ်သတ္တိဖြင့် ရင်ဆိုင်မှသာ တရားသော စစ်ဖြစ်မည်ဖြစ်သည်။
ဗုဒ္ဓ၏ဒေသနာတော်အရ လူ့ဘ၀၏ အဓိကတာဝန်မှာ သိက္ခာကိုစောင့်ထိန်းခြင်းဖြစ်၏။ သိက္ခာကို စောင့်ထိန်း ခြင်းဆိုသည်မှာ လောက၌ “ အဓမ္မ ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်းဖြစ်၏။ ထိုသို့အားထုတ်ခြင်းဖြင့် မိမိ၏ စည်းစိမ်ဥစ္စာဆုံးရှုံးသွားချင်
ထို့ကြောင့်ဗိုလ်ချုပ်ဆိုလိုသော သတ္တိမှာ ပြည်သူ၏ထမင်း၊ ပြည်သူတို့၏အသက်၊ သွေး၊ ချွေးများဖြင့် ရှာဖွေထား သော အစားအသောက်များကို စားသောက်နေကြသော ပြည်သူ့ဝန်ထမ်းတပ်မတော်သားများ
နောက်ဗိုလ်ချုပ်အလေးထားပြောသော စကားလုံးမှာ “ သစ္စာ ” ပင်ဖြစ်သည်။ “ သစ္စာ ” ကို မြန်မာလို “ ဖြောင့် မှန်ခြင်း ” (သို့) “ မှန်ကန်ခြင်း ” ဟု ဆိုနိုင်သည်။ အပြောနှင့်အလုပ်ရှေ့နောက်ညီညွတ်
တစ်ချို့နိုင်ငံအကြီးအကဲဟုဆိုသူ
မင်းကောင်းမင်းမြတ်တို့ကျင့်သုံ
ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် ဘုန်းတော်ကြီးကျောင်းများ၌ ပညာသင်ကြားခဲ့သည့်အပြင် အတန်း ကျောင်းများ၌လည်း အဆက်မပြတ်ပညာရှာမှီးခဲ့သူဖြစ်
“ သစ္စာ ” ကို အပြောနှင့်အလုပ်ရှေ့နောက်ညီခြင်
ထိုကဲ့သို့ ရှေ့နောက်ညီညွတ်ခြင်းကိုပင် ဖြောင့်မှန်ခြင်းဟူ၍လည်းကောင်း၊ သစ္စာရှိခြင်းဟူ၍လည်းကောင်း၊ ရိုး သားခြင်းဟူ၍လည်းကောင်းဆိုရမည်။ သို့မဟုတ်ပါက သစ္စာမဲ့ခြင်း ( သို့ ) မရိုးသားခြင်းပင်ဖြစ်သည်။
စိတ်ထားမြင့်မြတ်သူ၊ သိက္ခာရှိသူ၊ ကိုယ့်ကိုကိုယ်တန်ဖိုးထားသူများ
တကယ်တွေးကြည့်လျှင် ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းလိုခေါင်းေ
လူအများစုသည် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလုပ်နေကြသည်။ သူတို့၏ အသွင်သဏ္ဍာန်နှင့်အနှစ်သာရတို့ သည် အချင်းချင်းဆန့်ကျင်ကြနေကြ၏။ ထိုသူများကို “ သစ္စာဖောက် ” များဟု သတ်မှတ်နိုင်သည်။ သစ္စာ ဖောက်ရာတွင် လောကသစ္စာဖောက်သူများရှိသလို ဓမ္မအပေါ်သစ္စာဖောက်သူများလည်းရှိ
ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးအရွယ်ဖြစ်သော အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကြီးသည်လည်း သူ၏ဘ၀ တစ်လျှောက်လုံးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ သစ္စာ၏ စွမ်းအားကို အသုံးပြု၍ ဆောင်ရွက်သည်ချည်းဖြစ် ၏။ ထို့ကြောင့်လည်း သူ၏ ဆောင်ရွက်နည်းကို “ သစ္စဂ္ဂါဟံ ” ဟူ၍ ခေါ်သည်။ အသက် ၂၀ ကျော်သာရှိသေး သော ဗိုလ်ချုပ်အောင်ဆန်း၏ ရင့်ကျက်မှုနှင့် အမြော်အမြင်ကြီးမားမှုမှာ အံ့သြလေးစားဖွယ်ပင်ဖြစ်သည်။
ဗိုလ်ချုပ်က “ သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်းဖြစ်သည် ” ဟု ဆိုထား သည်မှာ အလွန်မှန်ကန်သည်။ ဗိုလ်ချုပ်ဖောက်ပေးသော အောင်မြေသည် ယခုဘ၀အတွက်သာမဟုတ် နောင် တမလွန်ဘ၀အတွက်လည်း အသုံးဝင်သည်။ ဗိုလ်ချုပ်သည် ပြောသလိုလုပ်ပြီး၊ သတ္တိ၊ ဗျတ္တိနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။ သူသည်သူ့လိုပင် ရင့်ကျက်သော၊ တိုင်းပြည်အတွက်၊ အမှန်တရားအတွက်၊ တရားသောစစ်ပွဲများအ တွက် အဓမ္မကိုပယ်ပြီး ဓမ္မကို လေးစာမြတ်နိုးသော၊ တိုင်းပြည်နှင့်လူမျိုးကို တန်ဖိုးထားတတ်သော စိတ်ထားမှန် ကန်၊ ဖြောင့်မတ်ရိုးသားသော တပ်မတော်သားများဖြစ်စေလိုသည်မှာ အထင်အရှားဖြစ်ပါတော့သည်။
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်
ကျောင်းသားတစ်ဦး
၁ ဧပြီ ၂၀၁၀
No comments:
Post a Comment