Sunday, May 30, 2010

အသက်ရှင်လျှက် ဘဝသေနေကြသူများ

အသက်ရှင်လျှက် ဘဝသေနေကြသူများ


စိုးရိမ်စိတ်တွေနဲသာ ပြည့်နေကြတဲ့ဘဝ
ကိုယ်တို့မှာ ရပ်ပြီးငေးမောဖို့တောင် အချိန်မရှိပါကွယ်။

သစ်ကိုင်းတွေအောက်နေပြီး ရပ်ကြည့်ဖို့ဆိုတာ
သိုးတွေ၊ နွားတွေလောက်တောင်အချိန်မရှိပါူးကွယ်။

သ၈်တောတွေကိုဖြတ်သန်းသွားရတဲ့ အခါမှာလည်း
မြက်ပင်တွေကြားက အခွံမာတွေအောက်
ပုန်းနေရှာတဲ့ ရှဥ့်ကလေးတွေကိုတောင် ကြည့်ချိန်မရှိပါကွယ်။

နေ့အခါမှာ တင့်တဲ့ နေမင်းရောင်ခြည်
ညအခါမှာ ဝင့်တဲ့ ကြယ်စင်အလှ ကိုလည်း
ခံစားဖို့အချိန်မရှိပါကွယ်။

ကခြေသည်မလေးရဲ့ ခြေကကြိုးတွေကိုလည်း
ရှုစားဖို့အချိန် မရှိပါကွယ်။

ပြုံးအလှပိုင်ရှင်လေးရဲ့
မျက်ဝန်းအလှ၊ နှုတ်ခမ်းအလှကိုလည်း
စောင့်ကြည့်ဖို့အချိန်မရှိပါကွ်။

စိုးရိမ်စိတ်တွေနဲ့သာ ပြည့်နေကြတဲ့
သနားစရာဘဝတွေ
ကိုယ်တို့မှာ ရပ်ပြီးငေးမောဖို့တောင် အချိန်မရှိပါကွယ်။

ဝီလျှံ။ ဟင်နရီ။ ဒေးဗစ်

ဘာသာပြန်။ အလင်းဆက်
(၃၀.မေလ.၂၀၁၀)

The image failed to load.



Leisure


What is this life if, full of care,

We have no time to stand and stare.

No time to stand beneath the boughs

And stare as long as sheep or cows.

No time to see, when woods we pass,

Where squirrels hide their nuts in grass.

No time to see, in broad daylight,

Streams full of stars, like skies at night.

No time to turn at Beauty's glance,

And watch her feet, how they can dance.

No time to wait till her mouth can

Enrich that smile her eyes began.

A poor life this if, full of care,

We have no time to stand and stare.

William Henry Davies



ငယ်ငယ်က ဒီကဗျာလေးကို အမှတ်အတွက် ဖတ်ခဲ့တယ်။ အခူတော့ ကဗျာဆရာကြီး ဖွဲ့ခဲ့သလို ကျွန်တော်တို့ တတွေကြုံနေကြရတော့ ရသအတွက်ဖတ်ဖြစ်တယ်။ ဘဝအတွက် မနားမနေ ရှုန်းကန်နေရသူ သူငယ်ချင်း တွေနဲ့ အားလုံးအတွက်ပါ။

ဆရာကြီး မောင်စွမ်းရည်ရေးဖွဲ့ထားတဲ့ ဘဝနှင့်အလှ ကဗျာမှ

သြော်… လူ့ဘုံလောကာ ရခဲစွာကို
ရလှာခဏ တဘဝဝယ်
အလှမမြင် လှမမင်ဘဲ
မြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ့ဘဝ
ထိုခဏသည် မည်မျှရှုံးလိုက်လေမည်နည်း၊…

စာသားကိုသာရေရွတ်မိနေပါတယ်။ လူသားအားလုံး ဘဝရဲ့ ရသနဲ့အလှ ကိုတွေ့ရှိခံစားနိုင်ကြပါစေ။။။

ALINSEK

No comments:

Post a Comment