Tuesday, May 4, 2010

ဒုက္ခသည် တမ်းချင်း ကဗျာ

အာဏာရူး စစ်အာဏာရှင် တွေကြောင့် နိုင်ငံ၊ အိုးအိမ်စည်းစိမ်၊ ချစ်ခင်ရသူ အားလုံးကို အမှန်တကယ် စွန့်ခွါနေရသူ၊ ဆုံးရှုံးနေရသူ အပြစ်မဲ့ ပြည်သူများအား စာနာသောအားဖြင့် ဘာသာပြန် ခဲ့ပါသည်။ စစ်အာဏာရှင် စနစ် အမြန်ဆုံး ကျဆုံးပြီး မိသားစုတွေ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေ၊ ကိုယ်ပိုင် လှပတဲ့ မိသားစု ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ.........



"ဟိုအချိန်ကဆို

ငါတို့မှာ တိုင်းပြည်တစ်ခုရှိခဲ့တယ်
သာယာမယ်လို့ဘဲ ထင်ခဲ့မိပါတယ်
ကမ္ဘာမြေပုံကိုကြည့်လိုက်စမ်းပါ
အဲဒီနေရာလေးကို မင်းတွေ့နိုင်မယ်………..
ယခုမှာတော့
ဒို့တတွေ အဲဒီနေရာဆီကို မသွားနိုင်တော့ဘူး အချစ်ရယ် ......."


ဒုက္ခသည် တမ်းချင်း



သည်မြို့လေးမှာ လူဆယ်သန်းရှိတယ် ဆိုပါစို့။
အချို့မှာ အိမ်ကြီးတွေနဲ့ နေ နေရတယ်။
အချို့ရမှာ တာကြီးတွေထဲမှာ နေနေရတယ်၊
ဒါပေမယ့်
ဒို့အတွက် နေရာမရှိဘူးကွယ်။
အချစ်ရေ…….ဒို့အတွက် တနေရာလေးတောင်မရှိသေးပါဘူးကွယ်…….

ဟိုအချိန်ကဆို
ငါတို့မှာ တိုင်းပြည်တစ်ခုရှိခဲ့တယ်
သာယာမယ်လို့ဘဲ ထင်ခဲ့မိပါတယ်
ကမ္ဘာမြေပုံကိုကြည့်လိုက်စမ်းပါ
အဲဒီနေရာလေးကို မင်းတွေ့နိုင်မယ်………..
ယခုမှာတော့
ဒို့တတွေ အဲဒီနေရာဆီကို မသွားနိုင်တော့ဘူး အချစ်ရယ် ။

ဒို့ရွာ သချိုင်းဝင်းထဲက ယူး (yew) ပင်ကြီးခမျာ
နွေဦးရောက်တိုင်း
ရွက်သစ်တွေနဲ့ ပွင့်ဝေနိုင်ကြပေါ့ကွယ်
ဒို့များရဲ့ ပတ် (စ်) ပို့ (စ်) ဟောင်းတွေခမျာ
အဲဒီလို မလုပ်နိုင်ဘူးကွယ်
ကောင်စစ်ဝန်က စားပွဲကို
သူ့လက်နဲ့ ဆောင့်ပြီးပြောတယ်
ခင်ဗျားတို့ ပတ်(စ်)ပို့ မရှိရင်
ခင်ဗျားတို့ဟာ တရားဝင်သေဆုံးသွားပြီ တဲ့
ဒါပေမယ့် ဒို့တတွေ အသက်ရှင်နေတုန်းပါပဲ
အချစ်ရယ်….
ဒို့တတွေဟာအသက်ရှင်နေဆဲပါကွယ်။

ကော်မတီ တစ်ခုဆီသွားတော့
သူတို့က ငါ့ကို ထိုင်ခုံတစ်လုံးပေးတယ်
နောက်နှစ်ကျမှ ပြန်လာပါလို့
ယဉ်ကျေးစွာ ပြောခဲ့တယ်
ဒါပေမယ့် ငါဘယ်သူ့ဆီသွားရမှာလဲ
အချစ်ရယ်….
ငါတို့တွေ ဘယ်နေရာသွားခိုရမှာလဲ။

လူထုအစည်းအဝေး တစ်ခုဆီသွားတော့
ဟောပြောသူက ထရပ်ပြီး ပြောနေတာကတော့
ငါတို့က သူတတို့ကိုဝင်ခွင့်ပြုလိုက်ရင်
သူတို့က ငါတို့ရဲ့ ပေါင်မုန့်တွေ
လုယူသွားလိမ့်မယ်တဲ့
အချစ်ရယ်….
သူပြောနေတာ မင်းနဲ့ငါ့ကိုကွယ်။

ဒင်းတို့တတွေ မုဒ်ချသေရမယ်
ဥရောပတလွား အာဏာရှင်ကြီး (ဟစ်တလာ)
ကြုံးဝါးနေပုံမှာ
ငါ့အတွက်တော့ မိုးကောင်းကင်ထဲက
မိုးချုန်းသံ လိုဘဲကွယ်
သူတို့ရဲ့ စိတ်ထဲမှာ ငါတို့ရှိနေတယ်။
အချစ်ရယ်….
သူတို့ရဲ့ စိတ်ထဲမှာ ငါတို့ရှိနေတယ်။

ပင်အပ်နဲ့တွယ်ထားတဲ့ ဂျာကင်အကျီ င်္ ၀တ်ထားတဲ့
အမွှေစုပ်ဖွား ခွေးတစ်ကောင်ကိုမြင်ခဲ့ရတယ်
တံခါးတစ်ချပ်ဖွင့်ပြီး ကြောင်ကလေးတေစ်ကောင်
ဝင်ပြေးသွားတာလည်းမြင်ခဲ့ရတယ်
ဒါပေမယ့် သူတို့ဟာ
သာမန်လူတွေ မဟုတ်ကြဘူး
သူတို့ဟာ ဂျာမာန် ဂျူးလူတွေမဟုတ်ကြဘူး
သင်္ဘောဆိပ်က ဆိပ်ကမ်းတံတားမှာ
ငါ ရပ်တဲ့အခါ ငါးကလေးတွေ
လွတ်လပ်စွာ ကူးခတ်နေတာကို မြင်ခဲ့ရတယ်
ဆယ်ပေလောက်ဘဲ ကွာဝေးတယ် အချစ်ရယ်..

သစ်တောလေးတွေကို
ဖြတ်လျှောက်တဲ့အခါ
သစ်ပင်များထက် ငှက်ကလေးတွေ
ပျော်မြူး လွတ်လပ်နေကြတယ်
သူတို့မှာ နိုင်ငံရေးသမားတွေ မရှိကြဘူးကွယ်။

အိမ်မက်ထဲမှာ အထပ်ပေါင်းတစ်ထောင်
ပြတင်းပေါက်တစ်ထောင်၊ တံခါးပေါက်တစ်ထောင်
၇ှိထဲ့ အဆောက်အဦးကြီတစ်ခုကို ငါတွေ့ခဲ့တယ်
တစ်ခုမှ ငါတို့အတွက် မဟုတ်ဘူး ကွယ်။

နှင်းဖွေးဖွေးကျနေတဲ့ လွင်ပြင်ထဲမှာ ရပ်ခဲ့တယ်
မင်းနဲ့ငါ့ကို ရှာနေကြတယ်………
အချစ်ရယ်
မင်းနဲ့ငါ့ကို ရှာနေကြတယ်။


Refugee Blue (W.H. Audern) ၏ Refugee Blue ကဗျာကို အလင်းဆက် မှ ခံစားပုံဖော်သည်။
၁.၁.၂၀၁၀


Refugee Blues

by WH Auden


Say this city has ten million souls,

Some are living in mansions, some are living in holes:

Yet there's no place for us, my dear, yet there's no place
for us.

Once we had a country and we thought it fair,
Look in the atlas and you'll find it there:
We cannot go there now, my dear, we cannot go there
now.

In the village churchyard there grows an old yew,

Every spring it blossoms anew;

Old passports can't do that, my dear, old passports can't

do that.

The consul banged the table and said:

"If you've got no passport you're officially dead";

But we are still alive, my dear, but we are still alive.

Went to a committee; they offered me a chair;

Asked me politely to return next year:

But where shall we go today, my dear, but where shall we
go today?

Came to a public meeting; the speaker got up and said:

"If we let them in, they will steal our daily bread";

He was talking of you and me, my dear, he was talking of
you and me.

Thought I heard the thunder rumbling in the sky;

It was Hitler over Europe, saying: "They must die";

We were in his mind, my dear, we were in his mind.

Saw a poodle in a jacket fastened with a pin,

Saw a door opened and a cat let in:

But they weren't German Jews, my dear, but they weren't
German Jews.

Went down to the harbour and stood upon the quay,

Saw the fish swimming as if they were free:

Only ten feet away, my dear, only ten feet away.

Walked through a wood, saw the birds in the trees;

They had no politicians and sang at their ease:

They weren't the human race, my dear, they weren't the
human race.

Dreamed I saw a building with a thousand floors,

A thousand windows and a thousand doors;

Not one of them was ours, my dear, not one of them was
ours.

Stood on a great plain in the falling snow;

Ten thousand soldiers marched to and fro:

Looking for you and me, my dear, looking for you and me.

No comments:

Post a Comment