Saturday, May 8, 2010

"ရေမှာလည်း အမေ၊ မြေမှာလည်း အမေ၊ လေမှာလည်း အမေ "

"လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏......."
လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်

Photobucket
ဓာတ်ပုံ.... ကရင်လေး(ဒေါနမြေ)

"မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့.."


သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရိယဖြင့် နာလန်ထူပါစေအံ့....

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ်...

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား...

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့
ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်


“May I reward your affection, Mother”



May I cure your serious ailments

With my diligence and industry, Mother.



Give me ability

that tempt those who

disregard the debt of gratitude, Mother.



I dare to face

any oncoming danger…



It is no peculiar for me

to think of dying in any way.

I know all will pass away in life, Mother.



You all will be happy surely

When my dreams come true.



I pay no mind to their

condemnation,

ridicule,

hate,or

defamation, Mother.



I long passionately for the praise

that I am your true and worthy daughter, Mother.



I wish to be only a person

who deserve your gratitude, Mother.



Aung San Suu Kyi



Translated by
Alinsek

5.March, 2010

No comments:

Post a Comment