Sunday, May 2, 2010

အကြင်နာတရား.....ဆိုသည်မှာ

ထောင်ချောက်

နာကျင်လို့ အော်နေရှာတဲ့ အသံတသံ ကျွန်တော် ကြားလိုက်ရတယ်။
ယုန်ကလေး တစ်ကောင်တော့ ထောင်ချောက် မိနေရှာပြီ။
ဟော အခုလည်း သူ့ရဲ့ အော်သံ ကြားရပြန်ပြီ။
ဘယ်ဝယ်ဆီကမှန်းတော့ ကျွန်တော် မသိပါ။

ကူညီကြပါလို့ အော်ရှာတယ်။
ဘယ်ဝယ်ဆီကမှန်းတော့ ကျွန်တော် မသိပါ။
ကြောက်လန့် ညီးတွားနေတဲ့ သူ့ရဲ့ အသံ ဟာ
အရာရာကို ထိတ်လန့် သွားစေတယ်။

ရှုံမဲ့နေရှာမယ့် မျက်နှာကလေးရယ်၊
အရာရာကို ထိတ်လန့် သွားစေတယ်။
ဟော အခုလည်း ကူညီကြပါလို့ အော်ရှာတယ်။
ဘယ်ဝယ်ဆီကမှန်းတော့ ကျွန်တော် မတွေ့ပါ။


သူ့လက်ချောင်းကလေးတွေ ထောင်ချောက်ထဲ ငြိနေရှာရော့မယ်။
ဘယ်ဝယ်ဆီကမှန်းတော့ ကျွန်တော် မတွေ့ပါ။
အိုး အကောင်ကလေး ရယ်...
အိုး အကောင်ကလေး ရယ်...
ငါလေ နေရာအနှံ့.မင်းလေးကို လိုက်ရှာနေပါတယ်ကွယ်။

ဂျိန်း စတီဗင်ဆင်


The image failed to load.


The Snare

I hear a sudden cry of pain!
There is a rabbit in a snare:
Now I hear the cry again,
But I cannot tell from where.

But I cannot tell from where
He is calling out for aid!
Crying on the frightened air,
Making everything afraid!

Making everything afraid!
Wrinkling up his little face!
And he cries again for aid;
- and I cannot find the place!

And I cannot find the place
Where his paw is in the snare!
Little One! Oh, Little One!
I am searching everywhere!


James Stephens

အကြင်နာတရားသည် လူသားတိုင်းအတွက်
သဘာဝ တရား၏ အလှပဆုံး လက်ဆောင် ဖြစ်သည်။


ကဗျာဆရာ James Stephens ၏ The Snare ကဗျာ ကို အလင်းဆက် မှခံစား ချယ်မှုန်းသည်။
၂.မေလ.၂၀၁၀

No comments:

Post a Comment