“ ပြဿနာ အခက်အခဲတွေ အတွက်
ထွက်ပေါက်ကိုသာ
စဉ်းစားခြင်းမပြုဘဲ
ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ”
“ ကျွန်မတို့လွတ်လပ်မှုတွေမြှင့်
“ မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။
လျစ်လျှူမရှုထားကြပါနဲ့။
တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က
ရပ်တည်ပေးကြပါ။
ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”
“ ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ
လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။
ဒီလိုစိတ်ထားမထားနိုင်ရင်တော့
ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့လည်း မခေါ်သင့်ဘူး။
နိုင်ငံရေးနယ်ထဲမှာလည်း ၀င်ပြီးတော့ မလုပ်သင့်ဘူး။ ”
“ “ အသက်ရှင်ရကျိုးမနပ်ဘဲ
နေရမယ့်အစား
သေရတာပဲ ကောင်းတယ် ” ဆိုတဲ့
စိတ်ဓါတ်ထားပြီး
အသက်ရှင်ရကျိုးနပ်မယ့်
ဒီမိုကရေစီအကျိုးဖြစ်အောင်
အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”
“ မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ
အမျိုးသားရင်ကြားစေ့ရေးမပါဘဲ
ကျင်းပတဲ့ရွေးကောက်ပွဲဟာ
တရားဝင်မှာ မဟုတ်ကြောင်း
ကုလသမဂ္ဂအနေနဲ့
ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။ ”
“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ် ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ် သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်
၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )
“ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ
ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်
လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိ
မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့
သင်ခန်းစာပါပဲ။ ”
“ လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။
မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။
အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။ ”
“ ရှေ့ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်ြး
“ ခံရဲတာ
သတ္တိ ဆိုတာ မှန်ပါတယ်
ဒါပေမယ့်
လုပ်ရဲတဲ့သတ္တိလည်း
ကျွန်မတို့ ရှိရပါမယ်။ ”
“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့
နေရကျိုးလည်း မနပ်ပါဘူး။
အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”
“ ကျွန်မတို့ရုန်းကန်ခဲ့ရတာတွေ
အနစ်နာခံခဲ့ရတာတွေဟာ
အနစ်နာခံရကျိုးနပ်အောင်လို့
ကျွန်မတို့ထပ်ပြီးတော့
ပိုပြီးတော့ ၀ိရိယထုတ်ပြီးတော့
ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ”
“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။
ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”
“ နိုင်ငံရေးအတွက် ကိုယ့်ရဲ့ဘ၀ကို
အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ
ဒါ အင်မတန်မှ သိက္ခာရှိပါတယ်။
အင်မတန်မှလဲ ကျေနပ်မှုရှိစရာပါ။
အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။ ”
ဒေါ်အောင်ဆန်းစုကြည်
Min Ko Naing
( Speech at the first 88 Generation meeting in August 2006 )
“ ဟိုဟိုအရင်တုန်းက ကြားဖူးနားဝရှိတဲ့ ဖြစ်ပျက် ဖြစ်ပျက်ဆိုတာ ဒီတစ်ခါ ကိုယ့်ကျတော့မှ တည့်တည့်ကို တိုး တာပေါ့ဗျာ။ အဲ့ဒီတော့ စွဲသမျှ ဒါသည် တစ်ချိန်ကြရင် ပျယ်မယ်ဆိုတာကြီးကို ကျနော်က နှလုံးသွင်းထားရပြီ ပေါ့။ ဒါပေမယ့် ပျက်ခါမှပျက်ရောပေါ့။ ဖြစ်နိုင်သမျှတော့ ဖြစ်ရဦးမယ်ဆိုပြီးတော့ ဖြစ်တည်ပျက် ဆိုပြီးတော့ အဲ့ ဒါကို ဥပါဒ်ဘီဘင် ကိုယူပြီး အဲ့ဒါဟာ နှလုံးသွင်းပြီး စွဲရတာပေါ့ဗျာ။ ”
အနုပညာကို သိမ်မွေ့စွာ ဖန်တီးခံစားနိုင်သော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
သူ၏ အကျဉ်းတိုက်အတွင်း ခံစားရသော ခံစားချက် ( ၂၀၀၅ )
“ မပြီးမြတ်သော တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိဥာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက်
သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။ ”
( ကိုမင်းကိုနိုင် သစ္စာကဗျာမှ )
“ ဟော
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာ အိပ်မက်လည်း မရှိဘူး။
အိတ်ထဲနှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။ ”
ကိုမင်းကိုနိုင်
( စစ်တွေထောင်တွင်းစပ်ကဗျာ )
“ သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓါတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့
ငါတို့ …………။
ကိုမင်းကိုနိုင်
( ၂၀၀၇ သြဂုတ်လ ၇ ရက် နေ့က တာရာမင်းဝေ ရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား ကိုမင်း ကိုနိုင်ရေးဖွဲ့ရွတ်ဆိုတဲ့ ကဗျာမှ )
“ ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင်ကသိုဏ်းရှုခဲ့ရ
အဲ့ဒီ မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ ရောင်စုံရှုခင်းအလှ
အံမကျဘူး …..
လောကဓံက ထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကို ပြန်ပြုံးပြနေရတာကိုက
အံမကျဘူး ….. ”
ကိုမင်းကိုနိုင်
“ သူမိုက်ဟာ ကံကောင်းနေမှန်းမသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။
သူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်းတော့ ဇတ်ပေါင်းခန်းတော့မျှော်ရီရီ။ ”
မင်းကိုနိုင်
( ကံခေသူကဗျာမှ )
“ နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဘူး
လှုပ်ရှားနေလို့သာ ဘ၀လို့ခေါ်တာ
ဖော်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။ ”
မင်းကိုနိုင်
( “ မရှိခဏ ” ကဗျာမှ )
“ ဂိုးအသွင်းမခံရဖို့
အနိုင်ဂိုးဖိသွင်းဖို့
ဘောလုံးကွင်းမရှိသေးတော့
အတူအပြေးပဲ ကျင့်ခဲ့ကြပေါ့။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာတစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။ ”
မင်းကိုနိုင်
( ဘောလုံးသမားသူငယ်ချင်းများ ကဗျာမှ )
“ ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းက ဒဏ်ရာ အောင်ပွဲမှာပြကြေးကို။ ”
မင်းကိုနိုင်
( မျှော်လင့်ခြင်း ကဗျာမှ )
“ တိုင်းတစ်ပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံ ပြန်စိုက်မယ်။ ”
မင်းကိုနိုင်
( ၈၈၈၈ ကဗျာမှ )
“ တကယ်တော့ ကြယ်တွေရဲ့ဘ၀မှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။
လောကအတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်။ ”
မင်းကိုနိုင်
( နောက်ကြည့်မှန် ၀တ္ထု မှ )
“ ကျွန်တော့်သဘောကတော့ မျှော်လင့်နေတာထက် ယုံကြည်ဖို့လိုတယ်။
အားပေးတာထက် ၀င်ပါဖို့လိုပါတယ်။ ”
မင်းကိုနိုင်
( နောက်ကြည့်မှန် ၀တ္ထု မှ )
“ သားစားကျားမှန်း သိပါလျှက် ဖက်လုံးမိခဲ့ပြီ။ ခြေကပဲ စ၀ါးဝါး၊ ခေါင်းကပဲ စကိုက်ကိုက်၊ မသေမချင်းတော့ မလျှော့တမ်း သတ်မှတ်ရုံသာဟု နှလုံးပိုက်ပြီး သံတိုင်ကိုခေါင်းပြု၊ နံရံလေးဘက်ကိုခြင်ထောင်မှတ်ကာ ကြိုမ မြင်နိုင်သော အိပ်မက်ကို ဆုတောင်းခြင်းကင်းကင်းဖြင့် ကြိုဆိုပါ၏။ ”
မင်းကိုနိုင်
( နောက်ကြည့်မှန် ၀တ္ထု မှ )
“ ခေါင်းသူကြီးက အမူးပါး
အသင်းသားတွေက နဝေတိမ်တောင်
ကွင်းလယ်ခေါင် ဖုန်တွေလူးလို့
ရူးချင်ယောင်ဆောင် …
စည်းကျော်လို့ ဖမ်းထားတောင်
အောင်လံသူ ဒို့အသင်း
ထမင်းရည် ပူပြန်သတဲ့
ခြေကန်လို့ ငြင်း … ”
မင်းကိုနိုင်
( စစ်တွေထောင်တွင်း အကျဉ်းကျနေစဉ် စပ်ဆိုသော ကဗျာ )
“ ကျွန်တော်တို့က အဖမ်းမခံရမှာ မကြောက်ဘူး။
အလုပ်မလုပ်နိုင်မှာပဲ စိုးတယ် ”
ကိုကိုကြီး
အဖမ်းမခံရခင် တစ်ရက်အလိုတွင်ပြောသောစကား ( ၂၆ စက်တင်ဘာ ၂၀၀၆ )
“ ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်ချက်က
ကျွန်တော်တို့နိုင်ငံ
ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးအတွက်
အကြမ်းမဖက် အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့
နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ
ကျွန်တော်တို့ရဲ့ သဓိဌာန်ပဲ၊ သံဓိဌာန်ပဲ။ ”
ကိုကိုကြီး၊ ၂၆ စက်တင်ဘာ ၂၀၀၆
“ သားလည်း စိုစွတ်တဲ့မျက်ရည်တွေကို သုတ်ပေးဖို့
မျက်ဝန်းတွေကို လင်းလက်စေဖို့၊ ကိုယ့်ကိုကိုယ် လောင်းကျွမ်းခဲ့နေကြတာပါ။ ”
ကိုကိုကြီး
( “ လားရာ ” “ ၀တ္ထု ” မှ )
“ မေမေဟာ မေမေ့မိသားစု
မေမေ့ပတ်ဝန်းကျင်လေးကို
စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ ….. ပိုအရေးကြီးတာက
မေမေဟာ …... ရှင်သန်နေတဲ့အခိုက်
ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ် မကျစေခဲ့ဘူးလေ …
ဒါပါဘဲ … ။ ”
ကိုကိုကြီး
( သူ၏ ကွယ်လွန်သွားပြီဖြစ်တဲ့ မွေးမိခင်အတွက် ကိုယ်တိုင်ရေး လွမ်းချင်း “ လားရာ ” မှ ကောက်နှုတ်ချက် )
“ ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့ရင်တောင်
ကိုကိုကြီး
“ နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့မရဘူး။ ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးဆိုရင် ဘာမှ လုပ်လို့ မရဘူး။ အဲဒီတော့ ပြည်သူတွေလုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံးလုပ်နိုင်တဲ့အပိုင်း
ကိုကိုကြီး
( အင်တာဗျူး တစ်ခုမှ )
“ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင် ထားလို့ မရဘူး။ သတ်ဖြတ်လို့မရဘူး။
ကိုကိုကြီး
( အဖမ်းမခံရမီတစ်ရက်အလိုတွင် ပြောကြားသောစကား )
“ ၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ပြောရင် ကျွန်တော်တို့ဟာ အငြိမ်းချမ်းဆုံး နဲ့ အညင်သာဆုံး အသွင်ကူး ပြောင်းနိုင်ငံရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျွန်တော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ တခြားရွေးစရာ လမ်းမရှိတော့ဘူးဆိုရင်တော့ အရိုးတွေတောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ်ဆိုလို့ရှိ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်
“ ကျွန်တော်တို့ရဲ့ ရင်းနှီးသမျှ၊ ပေးဆပ်သမျှဟာ သဲထဲရေသွန်ဖြစ်သွားမှာမဟုတ်ဘူး။ အချည်းနှီးမဟုတ်ဘူး။ လူမိုက်တွေရဲ့လုပ်ရက်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တစ်ခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံး ဖြတ်ချက်ဖြစ်ပါတယ်။ ”
ဌေးကြွယ်
“ ကျွန်မရဲ့ လေးလသားအရွယ်သမီးလေးကို စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ယောက္ခမတွေနဲ့ ထားခဲ့ရတဲ့ အတွက်ကြောင့် ကျွန်မအလွန်ပဲ မွန်းကြပ်ခံစားရပါတယ်။ ကျွန်မရဲ့ဘ၀မှာအဆိုးရွားဆုံးနေ့
မနီလာသိန်း
၈၈ မျိုးဆက်ကျောင်းသူ
( ၄ လသားအရွယ်ရှိ သမီးလေးကိုထားပြီး ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း RFA သတင်းဌာနနဲ့ ဆက် သွယ်မေးမြန်းချက်မှ )
ဖန်တီးတင်ပြသူများ ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ
၆. သြဂုတ်လ.၂၀၁၀
No comments:
Post a Comment