Monday, August 2, 2010

ဗုဒွဘာသာအဖွဲ့ အစည်းကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားဆု ချီးမြှင့်

သင်္ခါရသဘောတို့သည်

ပျက်စီးခြင်းသဘောရှိကြသည်၊

သင်ချစ်သားတို့

မမေ့မလျှော့သော သတိတရားတို့ဖြင့်

အားထုတ်ကြကုန်လော့….

မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကား




ဗုဒွဘာသာအဖွဲ့ အစည်းကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားဆု ချီးမြှင့်


ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာအဖွဲ့အစည်းကို "ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး" ဘာသာတရားဆုချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင် အများစုက အဆိုပါအဖွဲ.အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ ကြခြင်းဖြစ်သည်။

ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။ တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများကို ဟောကြားခဲ့တာပါပဲ" လို့ဆိုခဲ့ပါတယ်။

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ. အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံ ခဲ့ပါတယ်။ အဆိုပါအဖွဲ့ကြီးရဲ့ ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက "ကျွန်တော်ဟာ အစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ပြောရယင်ကျွန်တော့်ရဲ. အရင်းနှီးဆုံးမိတ်ဆွေတစ်ချို. ဟာဗုဒ္ဓဘာသာဝင်တွေပါ " လို.ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို.က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့ "ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။ ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ့ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်" လို.ပြောလိုက်ပါတယ်။

သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး ကထိုဆုကိုလက်ခံဖို့ ငြင်းပယ် ခဲ့ကြခြင်းဖြစ်သည်။

အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက "ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြုချီးမြှင့်သည့်အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို.သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း..." မိန်.ကြားခဲ.ပါတယ်။

အဖွဲ.ကြီးအနေနဲ့ ထိုဆုကို လက်ခံရယူပေးမယ့် သူကိုဆက်လက်ဆက်သွယ်နေဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။




Freedom From Religion: Buddhism Wins Best Religion in the World Award

Wednesday July 15, 2009

In advance of their annual Leading Figure award to a religious figure who has done the most to advance the cause of humanism and peace, the Geneva-based International Coalition for the Advancement of Religious and Spirituality (ICARUS) has chosen to bestow a special award this year on the Buddhist Community. "We typically prefer an under-the-radar approach for the organization, as we try to embody the spirit of modesty found in the greatest traditions," said ICARUS director Hans Groehlichen in a phone conference Monday. "But with organized religion increasingly used as a tool to separate and inflame rather than bring together, we felt we had to take the unusual step of creating a "Best Religion in the World" award and making a bit of a stir, to inspire other religious leaders to see what is possible when you practice compassion."

Groehlichen said the award was voted on by an international roundtable of more than 200 religious leaders from every part of the spiritual spectrum. "It was interesting to note that once we supplied the criteria, many religious leaders voted for Buddhism rather than their own religion," said Groehlichen. "Buddhists actually make up a tiny minority of our membership, so it was fascinating but quite exciting that they won."

Criteria included factors such as promoting personal and community peace, increasing compassion and a sense of connection, and encouraging preservation of the natural environment. Groehlichen continued "The biggest factor for us is that ICARUS was founded by spiritual and religious people to bring the concepts of non-violence to prominence in society. One of the key questions in our voting process was which religion actually practices non-violence."

When presenting the information to the voting members, ICARUS researched each of the 38 religions on the ballot extensively, offering background, philosophy, and the religions role in government and warfare. Jonna Hult, Director of Research for ICARUS said "It wasn't a surprise to me that Buddhism won Best Religion in the World, because we could find literally not one single instance of a war fought in the name of Buddhism, in contrast to every other religion that seems to keep a gun in the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These people practice what they preach to an extent we simply could not document with any other spiritual tradition."

At least one Catholic priest spoke out on behalf of Buddhism. Father Ted O'Shaughnessy said from Belfast, "As much as I love the Catholic Church, it has always bothered me to no end that we preach love in our scripture yet then claim to know God's will when it comes to killing other humans. For that reason, I did have to cast my vote for the Buddhists." And Muslim Cleric Tal Bin Wassad agreed from Pakistan via his translator. "While I am a devout Muslim, I can see how much anger and bloodshed is channeled into religious expression rather than dealt with on a personal level. The Buddhists have that figured out." Bin Wassad, the ICARUS voting member for Pakistan's Muslim community continued, "In fact, some of my best friends are Buddhist." And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love Judaism, and I think it's the greatest religion in the world. But to be honest, I've been practicing Vipassana meditation every day before minyan (daily Jewish prayer) since 1993. So I get it."

Groehlichen said that the plan was for the award to Buddhism for "Best Religion in the World" to be given to leaders from the various lineages in the Buddhist community. However, there was one snag. "Basically we can't find anyone to give it to," said Groehlichen in a followup call late Tuesday. "All the Buddhists we call keep saying they don't want the award." Groehlichen explained the strange behavior, saying "Basically they are all saying they are a philosophical tradition, not a religion. But that doesn't change the fact that with this award we acknowledge their philosophy of personal responsibility and personal transformation to be the best in the world and the most important for the challenges facing every individual and all living beings in the coming centuries."

When asked why the Burmese Buddhist community refused the award, Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful for the acknowledgement, but we give this award to all humanity, for Buddha nature lies within each of us." Groehlichen went on to say "We're going to keep calling around until we find a Buddhist who will accept it. We'll let you know when we do."

Link: http://blog.beliefnet.com/onecity/2009/07/freedom-from-religion-buddhism-wins-best-religion-in-the-world-award.html#more#ixzz0vOVAHild





သီတဂူဆရာတော်၏ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များသို့ ပြန်ကြားလွှာ



မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။

ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။

ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။

ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံ နည်းစနစ်များ ကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ်ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမ္မ ကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည်ဖြစ်ပါသည်

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင် သော ဘာသာရေး ခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက် တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။

ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့ စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည် ဖြစ်ပါသည်။

မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။

(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)

အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။

(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)

မင်းကြီးကဆိုပါသည်။

(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)

တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့် အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်း ဖြစ်ည်ဟုဖြေပါသည်။

အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-

အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ ၀င်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စဟုပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီ ဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်က လွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြ ရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေး အကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ် သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါလ ကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေး ခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသား အားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များ အဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ် တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။

သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်

စစ်ကိုင်း

မင်းသုည ဘလော့ခ်မှ ကူးယူပါသည်။

http://mrkingzero.blogspot.com/2009/09/blog-post_1807.html



သူယုတ်မာတွေသာ အကုသိုလ်ကို လွယ်လွယ်ကူကူ လုပ်ရဲကြတာပါ။


ဝဿန်မိုး

၁. သြဂုတ်လ.၂၀၁၀



No comments:

Post a Comment