Saturday, August 7, 2010

ရဟန်း အာဇာနည်၊ လူ အာဇာနည်၊ ကျောင်းသား အာဇာနည် သူရဲကောင်း အပေါင်းကို ဒီလိုလေးစား ဦးညွတ်ဂုဏ်ပြု လိုက်ရပါသည်....

မိုးကုတ်ဝိပဿနာ တရားတော်၏ ပမာဏအရသာ


http://buddhism.goldenlandpages.com/images/stories/photo/Mogoke/02-L.jpg

တရားအားထုတ်တယ် ၊ တရားအားထုတ်တယ် ဆိုကြပေမယ့် ခန္ဓာဉာဏ် ရောက်မှုမရှိဘဲ တရားအားထုတ်နေရုံမျှ နှင့်လိုရင်းမပါ ဘူး ဟု ဆိုရပေမည်။ ဒါကြောင့် ခန္ဓာ ဉာဏ်ရောက်မှုသည် အဓိက ဖြစ်သည် ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ကြီးကဲ့ သို့သော သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ် ဖြတ်လမ်း ကို ဟောကြားသော ဆရာ ကောင်း၊ လမ်းညွှန်ကောင်း၏ ဥပနိဿယကိုကြားနာမှုရ မှသာလျှင် ခန္ဓာ ဉာဏ်ရောက်ဖို့ လွယ်ကူပေလိမ့် မည်။ အလုပ်တရားစရင် ခန္ဓာ ကိုယ်ကြီးဟာ တရားဘဲ ။ ခန္ဓာ ကြီးဟာ အရင်းခံပဲ ၊

သစ်ပင်ကြီး ၏ ဥပမာ ကဲ့သို့ပင် ဖြစ်တယ် ။ အပွေးလဲ ၎င်းမှာပင်ရှာ၍ ရနိုင်သည်။ အခေါက် ၊ အကာ ၊ အသား ၊ အနှစ်၊ အသီး ၊ အပွင့် ၊ဝတ်မှုံ၊ ဝတ်ဆန် ၊ အရွက်၊ အခက် ၊ အလက် စသည် ဖြင့် အစုံအလင် ၎င်းမှာရှာ၍ ရနိုင်သလို ခန္ဓာ ကြီးဟာလဲ ပင်မကြီးပင်ဖြစ် တယ် ။ ရုပ် ဆိုတာလဲ သူပဲ ၊ ဝေဒနာ ဆိုတာလဲ သူပဲ ၊ သညာ ဆိုတာလဲ သူပဲ ၊ သင်္ခါရ ဆိုတဲ့ စေတနာ ကံ တွေလဲ သူ ပဲ ၊ ဝိဉာဏ် ဆိုတဲ့ စိတ်ဆိုတာလဲ သူပဲ ၊ ဒွါရခြောက်ပါး ဆိုတာ လဲ သူပဲ ၊ သုခ ဆိုတာလဲ သူ ပဲ ၊ ဒုက္ခ ဆိုတာလဲ သူပဲ ၊ ဒွါရ ခြောက်ပါးမှာ ပေါ်လာ သမျှ သူ့မှီ၍ ပေါ်တာချည့်ပဲ ၊ အနိစ္စ - ဒုက္ခ - အနတ္တ တရားတွေ လဲ သူ့ အပေါ်မှာ ပေါ်တာပဲ ၊ ၎င်း မှ ဖြာ၍ ထွက်တဲ့ တရားတွေ ချည့်ပါဘဲ ၊ ဒါကြောင့် မြတ်စွာဘုရား သည်လည်း အလုပ်တရားဟောရင် ခန္ဓာ ကြည့်ဟော တော်မူတာပဲ ၊

ဒါကြောင့် တရားရှာ ခန္ဓာ မှာ တွေ့ တယ် ဟု ဟောတော်မူခြင်းဖြစ်တယ် ။ ခန္ဓာ ရှိလျက်သားနဲ့ တရားမရှာ တတ်လို့ ၊ တရားရှိလျက်သားနဲ့ တရားမရှာ တတ် လို့ သုတဝါ အရိယ သာဝကော ထံမှ တရားနာမှု သည်ပညာ မျက်လုံး မရ သေးလို့ ပညာ မျက်လုံးလာယူတယ် ဟုမှတ်ပါ ၊ ပညာ မျက်လုံး နဲ့ ခန္ဓာ ကို ကြည့် ရမှာ ၊ ခန္ဓာကြည့် တော့ ခန္ဓာ ၏ ပင်ကိုယ် သဘောကို ခန္ဓာ ကပြောလိမ့် မည်။ သူပြော လူပြော မယူနဲ့ ၊ ခန္ဓာ ကပြောတာ အမှန်ယူ ၊ ခန္ဓာ က ပြောတာ အမှန်သိမှ ယထာဘူတ ဉာဏ်ကို ရနိုင်သည် ။ ခန္ဓာ အမှန်သိအောင်လဲ ပဋိစ္စသမုပ္ပါဒ် သိမှ ခန္ဓာ ၏ ဖြစ်စဉ် ကို သိမည် ။ ခန္ဓာ ဘယ်က စသလဲ ၊ ဘယ်နေရာက နေပြီး ဆက် သလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ၊ ဒီလိုမှ မ သိရင်ရမ်း ရှု မှန်းရှု ဖြစ်လိမ့်မည် ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် လို့မှတ်ပါ ၊ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် အစဉ်အတိုင်း ဖြစ်နေတဲ့ ခန္ဓာ လို့မှတ်ပါ ၊ ပဋိစ္စသမုပ္ပါဒ် ဆက်နေတာသည် ခန္ဓာ ကိုယ်ကြီး ၊ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိဗ္ဗာန် ခေါ်သည် ။

မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ တရားချည့် နေ့စဉ်နှင့်အမျှ ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၏ အသံသွင်း တရားတွေ ဖွင့်လှစ် ဟောကြားနေသည်၊ ထို ပဋိစ္စသမုပ္ပါဒ်ပြတ်လို သူတိုင်း လာရောက်၍ နာကြားနိုင်ပါသည် ။ အလုပ်တရား ဆိုတာ ခန္ဓာက ပြောတာအမှန်ယူရမယ် ၊ အနိစ္စ လက္ခဏာ မြင်ရင် ပွါးများ နေတာပဲ ၊ သားသမီး များကိုမျက်ခြေမပြတ် စောင့်ပြီးကြည့်သလို ခန္ဓာ က ဖောက်ပြန် ပျက်စီးနေတာကို စောင့်ပြီး ကြည့်ရမှာ ၊ ခန္ဓာ နဲ့ ဉာဏ် တည့် ဘို့ အရေးဟာ အကြီးဆုံးအရေးပဲ ။ ဝိပဿနာ အလုပ် လုပ် တယ် ဆိုတာ တမင်ရှာပြီး လုပ်နေတာမဟုတ်ပါဘူး ၊ ကိုယ့်ခန္ဓာ ကိုယ် ကြည့်ရုံပါဘဲ ၊ ကြည့် တော့ဖောက်ပြန် ပျက်စီး နေတာ အမျိုးမျိုး ခန္ဓာ မှာ တွေ့ရမှာ ပဲ ၊ ခန္ဓာ အရှိ ကို ဉာဏ် အသိနဲ့ ကိုက်ရင် ယထာဘူတဉာဏ် ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ် နိဗ္ဗာန် ဆိပ်ဦး ရောက်ပြီလို့ ဆိုနိုင်တယ် ၊ တစ် အရှိနဲ့ နှစ် အသိ နဲ့ ကိုက်ရင် မဂ်ပဲ ၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ၊ အလုပ်ကြည့် ချင်ရင် ခန္ဓာ ကို ကြည့် ၊ တရားထိုင်ရတာ မကောင်းဘူး ဆိုရင် တရားကြားခိုနေတယ်လို့ မှတ် ၊ ခန္ဓာ ဆိုတာ ဓမ္မပဲ ၊ ထို ခန္ဓာ ဓမ္မ ကပြတာကို ကိုယ့်ဉာဏ်က မြင်လို့ ၊ ခန္ဓာ က အနိစ္စ ကိုပြလို့ အနိစ္စ ဉာဏ် ၊ ဒုက္ခ ကိုပြလို့ ဒုက္ခ ဉာဏ် ၊ အနတ္တ ကိုပြလို့ အနတ္တ ဉာဏ် ဖြစ်သွားတယ် ။ ဓမ္မ နဲ့ တည့်တဲ့ ဉာဏ်သာလျှင် ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ဉာဏ် ၊ ကိုယ့်ဟာကိုယ် လုပ်ယူ လို့ရတဲ့ ဉာဏ် မဟုတ်ဘူး ၊ ကိုယ့်ဟာ ကိုယ် လုပ်ယူတဲ့ ဉာဏ် ဆိုရင် ပဋိစ္စသမုပ္ပါဒ် ကပြတ် ကို မပြတ်ဘူး ။

အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ( ဝါ ) ဖြစ်ပျက် ဆိုတာ ကိုယ့်ပါးစပ် ကဖြစ်တာ မဟုတ် ၊ ဓမ္မ ကပြတာ ဓမ္မ ကပြောတာ ၊ ကိုယ် ကလုပ်ယူတဲ့ ၊ အနိစ္စ မဟုတ် ဖြစ်ပျက်မဟုတ် ၊ ဓမ္မ ကပြတဲ့ အနိစ္စ ( ဝါ ) ဖြစ်ပျက် ၊ အဲဒါ မှ ဖြစ်ပျက် ဉာဏ် ။ အရေးကြီးတာ ကခန္ဓာ ထဲ ဉာဏ်သွင်း ဖို့ ဆိုတာ မှတ်ကြစမ်းပါ ၊ ခန္ဓာ ထဲ ဉာဏ်သွင်းတာ အလုပ် ခွင်ဝင် တာပဲ၊ ဉာဏ် သွင်းတယ် ဆိုတာ ကမ္မဿကတဉာဏ် လောက်သွင်းလို့ မရဘူး ၊ ဒါလောက်နဲ့ ဆိုရင် အရိုး ကြီးပွါးရေးပဲ ၊ ဘာဉာဏ် နဲ့ သွင်းရမလဲ ဆို ရင် သစ္စာနုလောမိက ဉာဏ်သွင်းရမယ် ၊ သစ္စာနုလောမိက ဉာဏ် ဆိုတာ သစ္စာ နဲ့ လျော်တဲ့ ဉာဏ်ပါပဲ ၊ သစ္စာ တခြား အနိစ္စ တခြားလို့ မမှတ်ပါနှင့် ( ဝါ ) သစ္စာ တခြား ဖြစ်ပျက်တခြား မမှတ်ပါနှင့်၊ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးနေတာ သည် ဒုက္ခသစ္စာ ချည့်သာမှတ်ပါ ၊ အချို့ က ဒုက္ခသစ္စာ သိမှ တရားအားထုတ် ရမယ် ဆိုတော့ ဒုက္ခသစ္စာ ဆိုတာ လွယ်လွယ်နဲ့ ဘယ်သိနိုင်ပါ့မလဲ ဆိုပြီး ဆင်ခြေပေးနေကြသူတွေ များစွာ ရှိသည် ။ သို့ အတွက် ဖြစ်ပျက် ရှုနေတာသည် ဒုက္ခသစ္စာ ကိုသိ - သိ နေခြင်းဖြစ်သည် ဟု ဆုံးဖြတ်ချက် ချနိုင်ပါသည် ။ ဖြစ်ပြီးပျက် နေတဲ့ သဘော သည် ၊ ဖောက်ပြန်ပျက်စီးနေ တဲ့သဘော သည် ၊ သုခလား ဒုက္ခလား ဟူ၍သာ မိမိ ကိုယ်ပိုင်ဉာဏ် နှင့် ချင့်ချိန် စဉ်းစားဝေဖန် ၍ ကြည့်ပါ ။

အချို့ က ဒီမိုးကုတ်ရိပ်သာ မှာလာပြီး တရားနာနေရတာ တစ်ခါလာလဲ ဖြစ်ပျက် ၊ တစ်ခါလာလဲ ဖြစ်ပျက် ချည့် ဟောနေတာပဲ ဟုပြောချင်ပြော ကြပါလိမ့်မယ် ၊ မိမိ တို့ သန္တာန် မှာဖြစ်ပြီး ပျက်တဲ့ ဓမ္မ ကလွဲပြီး မဖြစ်မပျက် တဲ့ သဘောတရား များရှိပါရဲ့လား ဟု ဆင်ခြင်၍ ကြည့်ကြစေလိုပါသည် ။ ဖြစ်ပျက် ရှိလျက် မမြင်ကြ၍ ဆရာတော်ကြီး ဤမျှဟောကြားတော် မူနေရပါ သည်….. ယောဂီအပေါင်းတို့ ….. ။

http://www.mogokdhamma.com မှ

ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊

သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။

လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။










http://www.mogokdhamma.com/index.php?option=com_content&view=article&id=61&Itemid=65



မနက်ဖြန် ၈.၈.၂၀၁၀ သည် အာဏာကိုသာ ကိုးကွယ်ဆည်းကပ်သော အမနုဿ စစ်အာဏာရှင်နှင့် လက်ပါးစေများ က ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြခဲ့သော ရဟန်းရှင်လူ ကျောင်းသားလူငယ်ကလေးများ ရာပေါင်းများစွာကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သော ၈ လေးလုံး အရေးတော်ပုံကြီး ရဲ့ ၂၂ နှစ်မြောက် နေ့ဖြစ်ပါသည်။ အာဏာရှင်တွေကို တော်လှန်ဖို့ ခေတ်အဆက်ဆက်က အသက်၊ သွေး၊ ဘဝ ၊ ရာထူးစည်းစိမ် တွေကို ပေးဆပ်အနစ်နာခံသွားတဲ့ ရဟန်း အာဇာနည်၊ လူ အာဇာနည်၊ ကျောင်းသား အာဖာနည် အပေါင်းတို့ရဲ့ ရဲရင့်မှု နဲ့ ဂုဏ်ကျက်သရေ ဟာ စကားလုံးများဖြင့် ညွှန်းဆိုဖွဲ့ဖော်ပြလို့ မရနိုင်လောက်အောင် ဖြစ်ပါတယ်။

သမုတိလည်း မပယ်နဲ့ ပရမတ်လည်း မကွယ်စေနဲ့ ဆိုတဲ့ ဆရာတော်ကြီးများ၏ သြဝါဒ ကိုလေးစားလိုက်နာသော အားဖြင့် လေးစားဦးညွတ် ထိုက်သူတွေကို လေးစားဦးညွတ် ဂုဏ်ပြုလိုက်ရပါသည်။ ကျွန်တော် အနေနဲ့ မြတ်ဗုဒ္ဓ ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ် ကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သည့်အပြင် မိုးကုတ်ဆရာတော်ကြီး ၏ အသံတော်၊ ညာဏ်တော် ကိုလည်း ဖော်မပြနိုင်လောက်အောင် ကြည်ညိုလေးစားသူဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်မြတ်ကြီး လည်း အဓွန့်ရှည်ပြန့်ပွားစေ၊ လေးစားကြည်ညိုထိုက်သော သာသနာ့ အာဇာနည်၊ လူ အာဇာနည်များ ကိုလည်း လေးစား ဂုတ်ပြုသောအားဖြင့် စုစည်းတင်ပြလိုက်ရပါသည်။


ဘလော့ခ်ဂါ အလင်းဆက်
၇. သြဂုတ်လ.၂၀၁၀်

No comments:

Post a Comment