Saturday, August 7, 2010

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး (အပိုင်း ၂)

ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ

မူလနှစ်ဖြာ

  • ပဋိစ္စသမုပ္ပာဒ် အစနှစ်ခု၊
  • သံသရာရေသောက်မြစ်နှစ်ခု၊
  • ခန္ဓာကိုဖြစ်စေတဲ့ လက်သည်အကြောင်းရင်းနှစ်ခု။

တရားကိုယ်က ဘယ်သူတွေပါလိမ့်မလဲဆိုတော့ စက်ဝိုင်းဒေသနာတော်ကြီး၏ အလယ်တည့်တည့်မှာပါတဲ့ အ၀ိဇ္ဇာနှင့် တဏှာပါပဲ။
မူလနှစ်ဖြာ ဆိုတာ အ၀ိဇ္ဇာနှင့် တဏှာလို့ မှတ်ပါ။


သစ္စာနှစ်ခု
စက်ဝိုင်းဒေသနာတော်ကြီးက

  • အကွက်က သမုဒယသစ္စာ၊
  • အကွက်က ဒုက္ခသစ္စာ၊
  • အကွက်က သမုဒယသစ္စာ၊
  • အကွက်က ဒုက္ခသစ္စာ။

လေးနေရာခွဲပြီး ရေးထားငြားသော်လည်း သစ္စာချင်းတူရာပေါင်းလိုက်ရင် သမုဒယသစ္စာနှင့် ဒုက္ခသစ္စာနှစ်ခုပဲ ရှိတယ်။


လေးခုအလွှာ

  • အကွက် အတိတ်အကြောင်း တစ်လွှာ၊
  • အကွက် ပစ္စုပ္ပန်အကျိုး တစ်လွှာ၊
  • အကွက် ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊
  • အကွက် အနာဂတ်အကျိုး တစ်လွှာ။


အကြောင်းအလွှာနှစ်ခုနှင့် အကျိုးအလွှာနှစ်ခု။ အကွက် (၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာကို တချို့နေရာမှာ အနာဂတ်အကြောင်း တစ်လွှာလို့ရေးထားတာမျိုးလည်း ရှိတတ်ပါတယ်။


အင်္ဂါ တစ်ဆယ်နှစ်ပါး

  • အကွက်မှာ အ၀ိဇ္ဇာနှင့် တဏှာ၊
  • အကွက်မှာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌယတန၊ ဖဿ၊ ဝေဒနာ၊
  • အကွက်မှာ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀၊
  • အကွက်မှာ ဇာတိ၊ ဇရာမရဏ။

ပေါင်းလိုက်ရင် အင်္ဂါတစ်ဆယ်နှစ်ပါးရှိတာ တွေ့ရပါမယ်။

စက်ဝိုင်းကြီးယာဘက်အခြမ်း (၁)အကွက်၊ (၂)အကွက်မှာရှိတဲ့ အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အင်္ဂါ (၇)ပါးက အတိတ်မူလအ၀ိဇ္ဇာ ခေါင်းဆောင်နေတယ်လို့မှတ်ပါ။
စက်ဝိုင်းကြီးဘယ်ဘက်အခြမ်း (၃)အကွက်၊ (၄)အကွက်မှာရှိတဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀၊ ဇာတိ၊ ဇရာမရဏဆိုတဲ့ အင်္ဂါ (၅)ပါးက ပစ္စုပ္ပန်မူလတဏှာ ခေါင်းဆောင်နေတယ်လို့မှတ်ပါ။


သုံးပါးအစပ်

  • အကွက်နှင့် (၂)အကွက်အစပ် သင်္ခါရနှင့် ၀ိညာဏ်ကတစ်စပ်၊
  • အကွက်နှင့် (၃)အကွက်အစပ် ဝေဒနာနှင့် တဏှာကတစ်စပ်၊
  • အကွက်နှင့် (၄)အကွက်အစပ် ကမ္မဘ၀နှင့် ဇာတိကတစ်စပ်။


နှစ်ရပ်မူလ

မူလနှစ်ဖြာနှင့်အတူတူပါပဲ။ (အ၀ိဇ္ဇာနှင့် တဏှာ)


ဝဋ်သုံးဝ

(၁)အကွက်မှာ ကိလေသာဝဋ်နှင့် ကမ္မ၀ဋ်၊
(၄)အကွက်မှာ ၀ိပါက၀ဋ်။

ကိလေသာဆိုတာ လိုရင်းကိုပြောရမယ်ဆိုရင် သတ္တ၀ါတွေကို

  • ပင်ပန်းစေတတ်တဲ့တရား၊
  • ညစ်နွမ်းစေတတ်တဲ့တရား၊
  • ဆင်းရဲစေတတ်တဲ့တရား၊
  • လောင်ကျွမ်းစေ တတ်တဲ့တရား၊
  • သူတော်ကောင်းဂုဏ်သိန်ကိုညှိုးမှိန်ပျက်စီးအောင်ဖျက်ဆီးတတ်တဲ့တရား။

ဝဋ်ဆိုတာ လုံးခြင်း၊ လည်ခြင်း၊ ၀ိုင်းခြင်း။

ဒါကြောင့် သတ္တ၀ါတွေကို ပင်ပန်းဆင်းရဲမှုတွေနဲ့ လုံးလည်လိုက်နေအောင် နှိပ်စက်နေတဲ့ တရားကို ကိလေသ၀ဋ်လို့ခေါ်ပါတယ်။ ကိလေသ၀ဋ် (၃)ပါးလို့ပြထားရာမှာ မြားနီကြိုးလေးနဲ့ တွဲစပ်ထားတာတွေကို ကြည့်လိုက်တော့ ..အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဆိုတဲ့ (၃)ပါးကိုတွေရပါမယ်။ ( အကွက် (၁) တစ်ကွက်တည်းကိုပဲ ပြောပါဆိုရင်လည်း အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ကို တွေ့ရတာပါပဲ။) ကမ္မ၀ဋ်ဆိုရာမှာ ကမ္မက အမှုကိစ္စ၊ ၀ဋ်ဆိုတာက လုံးလည်လိုက်နေတဲ့သဘော၊ ဒီတော့ .. အမှုကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့သဘောကို ကမ္မ၀ဋ်လို့ခေါ်ပါတယ်။

ကမ္မ၀ဋ် (၂)ပါးလို့ပြထားရာမှာ သင်္ခါရနှင့် ကမ္မဘ၀ရယ်လို့ မြားနီကြိုးလေးက တွဲပြထားတာကို တွေ့ရပါမယ်။ အကွက် (၁) တစ်ကွက်တည်းမှာ ကြည့်ရင်လည်း သင်္ခါရနှင့် ဘ၀ကိုပဲ တွေ့ရပါတယ်။) ၀ိပါက၀ဋ်ဆိုတာ ၀ိပါကဆိုတာက အကျိုးပေး၊ ၀ဋ်ဆိုတာက လည်လိုက်နေတဲ့ဘဘော၊ ဒီတော့ အကျိုးပေးတွေလုံးလည်လိုက်နေတဲ့သဘောကို ၀ိပါက၀ဋ်လို့ခေါ်ပါတယ်။ ၀ိပါက၀ဋ် (၈)ပါးလို့ ပြထားရာမှာ မြားနီကြိုးလေးအတိုင်းကြည့်လိုက်ပါ.. ၀ိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဥပပတ္တိဘ၀၊ ဇရာမရဏတို့ကိုတွေ့ရပါမယ်။ (တချို့နေရာမှာ ဥပပတ္တိဘ၀ကို ဖြုတ်ထား၍ ၀ိပါက၀ဋ် (၇)ပါးလို့ ပြထားတာမျိုးလည်း တွေ့ရပါသေးတယ်။ ခန္ဓာ(၅)ပါးစုံတာကိုလည်း ၀ိပါက၀ဋ်၊ နာမ်ခန္ဓာ (၄)ပါးသက်သက်ကိုလည်း ၀ိပါက၀ဋ်၊ ရုပ်ခန္ဓာတစ်ခုတည်းကိုလည်း ၀ိပါက၀ဋ်၊ ဒါကြောင့် ခန္ဓာမှန်သမျှကို ၀ိပါက၀ဋ်လို့ခေါ်ပါတယ်) ဒီတော့ စက်ဝိုင်းကြီးမှာ ၀ဋ် (၃)ပါးလည်ပတ်နေတာကိုတွေ့ရလေတော့ ကိလေသာဝဋ်နှင့် ကမ္မ၀ဋ်ကို အကြောင်းဝဋ်၊ ၀ိပါက၀ဋ်ကို အကျိုးဝဋ်.. လို့မှတ်ပါ။


ကာလသုံးဖြာ

  • အကွက် (၁)က လွန်လေပြီးသော အတိတ်ကာလ၊
  • အကွက် (၂)နှင့် (၃) နှစ်ကွက်ပေါင်းက ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊
  • အကွက် (၄)ကနောင်ဖြစ်လတ္တံ အနာဂတ်ကာလ။


ခြင်းရာနှစ်ဆယ်

  • အကွက် (၁) အတိတ်အကြောင်းအခြင်းအရာ (၅)ပါး ) အ၀ိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊
  • အကွက် (၂) ပစ္စုပ္ပန်အကျိုးအခြင်းအရာ (၅)ပါး ) ၀ိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌယတန၊ ဖဿ၊ ဝေဒနာ၊
  • အကွက် (၃) ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး ) တဏှာ၊ ဥပါဒါန်၊ ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ၊
  • အကွက် (၄) အနာဂတ်အကျိုးအခြင်းအရာ (၅)ပါး ) ၀ိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌယတန၊ ဖဿ၊ ဝေဒနာ။


ဤရှစ်သွယ်

  • မူလနှစ်ဖြာက တစ်သွယ်၊
  • သစ္စာနှစ်ခုက တစ်သွယ်၊
  • လေးခုအလွှာက တစ်သွယ်၊
  • အင်္ဂါတစ်ဆယ်နှစ်ပါးက တစ်သွယ်၊
  • သုံးပါးအစပ်က တစ်သွယ်၊
  • ၀ဋ်သုံးဝက တစ်သွယ်၊
  • ကာလသုံးဖြာက တစ်သွယ်၊
  • ခြင်းရာနှစ်ဆယ်က တစ်သွယ် အလုံးပေါင်းရှစ်သွယ်။


အလွတ်ကျက်မှတ်

  • ပရိယတ္တိ သင်ယူရတဲ့သဘော၊
  • ဉာတပရိညာ သိအောင်ကြိုးစားရတဲ့သဘော။


သိစေအပ်သည်

  • ပဋိပတ္တိ အားထုတ်ရမယ့်သဘော
  • တိရဏပရိညာ ပွားများအားထုတ်ရမယ့်သဘော။


သံသရာမှ လွတ်ကြောင်းတည်း

ပဋိဝေဓ ဆိုက်ရောက်တဲ့သဘော၊
ပဟာနပရိညာ ကိလေသာတွေကို မဂ်နှင့် အမြစ်ပြတ် ပယ်သတ်ပြီးတဲ့သဘော။





No comments:

Post a Comment