Tuesday, June 29, 2010

ဗိုလ်ချုပ်ရေးခဲ့သော ကဗျာတစ်ပုဒ်


အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။


သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။


"Invictus"


Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning s of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Lies but the horror of the shade,

And yet the menace of the years

Finds, and shall find me, unafraid.

It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Engrave this quote in Our Store! Rate this Quote! Tell a Friend.


William Ernest Henley (23 August 1849 – 11 July 1903)


“မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ”

သခင်အောင်ဆန်း


အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

ဆက်လက်ဖက်ရှုရန်...

Monday, June 28, 2010

ကဗျာကဝိ တို့ရဲ့ အောင်ဆန်းဇာနည် ကဗျာများ



ဗိုလ်ချုပ်အောင်ဆန်း
‎(အတိတ်နှင့် ပစ္စုပ္ပန်)‎

မသိ၍ဆို၊
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။

သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

မင်းသုဝဏ်




အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

(မင်းသုဝဏ်)
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)




သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎
အဘယ်တရားဟောမည်နည်း။‎

ဆန်း၏ သတ္တိ၊‎
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎
ဟောစရာကား အလွန်များ၏။‎

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊‎
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊‎
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊‎
မင့်သား သိစေချင်လှ၏။‎

သူ့အစွမ်းကား၊ အခြားမဟုတ်၊‎
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊‎
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊‎
ဗန်းပြအလှ၊ ပကာသနကို၊‎
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊‎
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊‎
ကြုံရာဘဝ၊ မုကလုံလောက်၊‎
ခံမြို့ဆောက်၏။‎

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
‎ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်‎
ပျံတလူလူ၊ သူထူခဲ့ကြောင်း‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။‎


ဇော်ဂျီ

‎(ညီသစ်ဆင်း ကဗျာများ မှ ...)‎


ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎
အူယားဖါးယား၊‎
ကစားရာမှ၊ နွားရုပ်ချ၍၊‎
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎
ငါမြင်ခဲ့၏ မှတ်မိ၏။‎

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊‎
ထိုမှဤမှ၊ တို့လမ်းမတွင်၊‎
ပျံကြဝဲကြ၊ ငရဲကသို့၊‎
အုံကြွမြည်အာ၊ မသာယာကို၊‎
ငါကြားခဲ့၏ မှတ်မိ၏။‎

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊‎
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊‎
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊‎
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊‎
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊‎
မချင်မရဲ၊ ဝမ်းနဲခံခက်၊‎
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊‎
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊‎
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊‎
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊‎
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊‎
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊‎
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ ဟောပါဘိ။ ။‎

ဇော်ဂျီ

(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့)‎



၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့် ‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်မှ ..


အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

ဆက်လက်ဖက်ရှုရန်...

Sunday, June 27, 2010

သားတို့ချစ်တဲ့ အောင်ဆန်းဇာနည် (ကလေး ကဗျာများ)




အာဇာနည် ကိုးဦး

အာဇာနည်များ ကြွေရရှာ

နယ်ချဲ့စနစ်ပါ

ဂဠုန်စောဟာ ရာထူးမက်

အသားထဲက လောက်ကောင်ထွက်

မျိုးဖျက် ပြည်ဖျက် ဦးဂဠုန်

မိုက်လုံးကြီးခဲ့ပုံ

အမျိုးဂုဏ် သူမထောက်

နယ်ချဲ့ကျွန်သဘောက်

ကျွန်သဘောက်ကို အဆုံးစီရင်

မြန်မာ့သမိုင်းတွင်

အမဲစက်ထင် ဖျက်မရ

အာဇာနည်ကြီး ကိုးဦး ကျ။ ။

အာဇာနည်၊ အာဇာနည်

ကိုးဦး အာဇာနည်

အောင်ဆန်း ဇာနည် တစ်လို့မှတ်

တို့များ မမေ့အပ်။

မမေ့အပ်တဲ့ ဗိုလ်ချုပ် အကို

ဦးဘဝင်း ကိုနှစ်လို့ဆို။

စဝ်စံထွန်း ကို သုံးလို့ထား

မိုင်းပွန်တို့ စော်ဘွား။

သခင်မြ ကို လေး မှတ်ပါ

မန်းဘခိုင် ကို ငါး လို့မှတ်။

ခြောက်က ဦးရာဇတ်။

ခုနှစ် လို့ဘဲ ဒို့ဆိုလို

ဒီးဒုတ် ဦးဘချို။

ဦးအုန်းမောင်ကို ရှစ်လို့ရေး

ကိုးက ရဲဘော်ထွေး

သွေးအိုင်ထဲမှာ ကြွေရရှာ

အာဇာနည်ကြီး ကိုဦးပါ။

မြန်မာပြည်ဟာ ကျွန်နံ့ဝေး

အာဇာနည်များ သွေးနဲ့ဆေး။

ဘာမထီ အောင်ဆန်းဇာနည်

လွတ်လပ်ရေးရဲ့ ဖခင်သည်

ဗိုလ်ချုပ် အာဇာနည်

ဗိုလ်ချုပ်ရဲ့ မွေးဋ္ဌာနီ

နတ်မောက်မြို့ ခေါ်သည်

ရှေ့နေ ဦးဖာ၊ ဒေါ်စု ရယ်

ဗိုလ်ချုပ် မိဘကွယ်

၁၉၁၅ ဖေဖေါ်ဝါရီလ မှာသူမွေးဖွား

ငယ်စဉ် ကတည်းက မျိုးချစ်စိတ်

ဗိုလ်မင်းရောင် နဲ့ တူတဲ့စိတ်

အပြောပြတ်၍ လုပ်ရပ်ပြတ်တာ

ဒို့ဗိုလ်ချုပ်ရဲ့ လုပ်ရပ်ပါ။

အဆောင်အယောင် အခမ်းအနားကို

သူမုန်းတယ်။

ရာထူးစည်းစိမ် ငွေမမက်မှု

ဒို့ဗိုလ်ချုပ်ရဲ့ ရိုးသားမှု

အစိုးရဖွဲ့စည်းရေးကို အဓိကမထား

နိုင်ငံ့လွတ်လပ်ရေး ကိုအလေးထား

တိုင်းပြည် အတွက်ဆို

ရဲဝင့်စွာ အသက်စွန့်ခဲ့တဲ့

အာဇာနည်ပါ

မိခင်တိုင်းပြည် လွတ်လပ်ကြောင်း

ပေးဆပ်ခဲ့တဲ့ သူရဲကောင်း။

လေးတန်းအရွယ် တူမကလေး ရွတ်ဆိုနေသံကို ကြားမိပြီး နှစ်သက်၍ အများသိနိုင် ခံစားနိုင်ရန် မျှဝေလိုက်ခြင်းဖြစ်သည်။ အမျိုးမြတ် အာဇာနည် တွေအကြောင်း ကလေးငယ်လေးတွေ သိရှိနားလည်အောင်၊ စိတ်ဝင်စားနိုင်အောင် ရေးဖွဲ့သီကုံးပေးသော ဆရာ၊ ဆရာမ တွေလည်းလေးစားမိပါတယ်။ ကလေး ကဗျာ ကောင်းလေးများ ပေါ်ပေါက်ပြီး အာဇာနည် သူရဲကောင်းတွေကို လေးစားကြည်ညို စိတ်ပေါ်ပေါက်ပါစေလို့ ဆန္ဒပြုရင်း။။။။။

အိုမိုဒ မိုချိ (မိုး)

၂၇. ဇွန်လ.၂၀၁၀

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

ဆက်လက်ဖက်ရှုရန်...

နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဘယ်သူပြောလဲ


နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဘယ်သူပြောလဲ


Photobucket



စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အကြိမ်ကြိမ် ဗြောင်လိမ်ခဲ့သည်။ ဗြောင်လိမ်နေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းဇယားအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၂၀၀ ကျော်ရှိနေသည်။

ထိုကဲ့သို့ နိုင်ငံရေး ယုံကြည်ချက်၊ လူမှုအကျိုးဆောင်ရွက်မှုမျာှး ကြောင့် မတရားဖမ်းဆီး အကျဉ်းကျခံနေရသူများတွင် ဗိုလ်ချုပ် ဆေထင် (ထောင်ဒဏ် ၁၀၆ နှစ်)၊ ဘိုမင်းယုကို (ထောင်ဒဏ် ၁၀၄ နှစ်) ၊ ဦးခွန်ထွန်းဦး (ထောင်ဒဏ် ၉၃ နှစ်)၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင် စသော ကျောင်းသားခေါင်းဆောင်များ အနည်းဆုံး ထောင်ဒဏ် ၆၅ နှစ်စီ မတရားချမှတ် ထားသည်ကိုတွေ့ရသည်။ ထိုပြင် မတရား ချမှတ်ထားသော ပြစ်ဒဏ်ရက် ပြည့်နေပေမယ့်လည်း လွှတ်ပေး မခံရသေးသူတွေ၊ တခြားပုဒ်မများ တပ်၍ ဆက်လက် ဖမ်းဆီး ထားခြင်းများရှိနေသည်။ လူမဆန်သော ထောင်တွင်းညှင်းပမ်း နှိပ်စက်မှု များကြောင့် ထောင်တွင်းပင် အသက် ဆုံးပါးခဲ့ရသူများ လည်းရှိခဲ့ရာ ၂၀၁၀ မေလ ၁၉ ရက်နေ့တွင် မြင်းခြံထောင်တွင်း ကွယ်လွန်ခဲ့ရသော ကိုကျော်စိုး (အသက် ၃၉ နှစ်)မှာ ၁၄၄ ဦး မြောက်ဖြစ်ကြောင်း AAPP ကထုတ်ပြန် ထားသည်။


နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သတ်၍ အသေးစိတ် လေ့လာလိုလျှင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ဝက်စ်ဆိုက် http://www.aappb.org တွင်ဖတ်နိုင်သည်။

မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းသည် အထူးအရေးပါသည်ကို မည်သူမှ မငြင်းနိုင်ပေ။ ဒါကြောင့်သာ စစ်အာဏာရှင်များ အနေနဲ့ နိုင်ငံရေး အကျဉ်းသား မရှိဟု ဗြောင်လိမ်ညာ နေကြခြင်းဖြစ်သည်။ သို့သော် နေ၊ လ နှင့် အမှန်တရား ကိုကြာရှည်စွာ ဖုံးကွယ်လို့ မရဘူးဆိုတာကို အဝိဇာ အမှောင်ဖုံးနေသော စစ်အာဏာရှင်များ သိဖို့ကောင်းသည်။

နိုင်ငံရေး အကျဉ်းသား နှင့်ပတ်သတ်၍ ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကားလေး ကို အလေးထားစရာ ကောင်း၍ ပြန်လည်တင်ပြလိုက်ရပါသည်။ နိုင်ငံရေး အကျဉ်းသားနှင့် ပတ်သတ်၍ စစ်အာဏာရှင်တွေကိုယ်တိုင် ထုတ်ပြန်ခဲ့သော နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ကိုလည်ုးပြန်လည်ဖော်ပြလိုက်ရပါသည်။

နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ၏ စိတ်ဝင်စားဖွယ် အချက်များမှာ စစ်အစိုးရ သည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် နဝတ ကြေငြာချက် အမှတ် ၈/၉၂ ကိုထုတ်ပြန်ပြီး နဝတ ဥက္ကဋ္ဌ ဗိုည်ချုပ်မှုးကြီး စောမောင် အားတာဝန်မှ ရပ်စဲခဲ့သည်။

နောက်နေ့ ဧပြီလ ၂၄ တွင် နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ကျခံနေသူများ အနက်မှ နိုင်ငံတော် လုံခြုံရေးအား ထိခိုက်ဖွယ်မရှိသူများအား ပြန်လွှတ်ပေးမည် (Of the persons arrested and detained politically, those for whom there are no reasons to endanger the security of the State, will be released promptly) ဟု ဖော်ပြထားသည်။

စစ်အာဏာရှင်တို့၏ အာဏာအတွက် အချင်းချင်း သစ္စာမရှိမှု နှင့် အပြစ်ပုံချတတ်ခြင်း သဘောကို အထင်သားတွေ့နိုင်သည်။ ထိုပြင် နိုင်ငံတော် လုံခြုံရေး ဆိုသော စကားလုံးကို တသွင်သွင်သုံးပြီး အမှန်တရား အတွက်ပေးဆပ် လုပ်ကိုင်နေသူ တွေကို မတရား ဖမ်းဆီး ထောင်ချနေသည်။ သူခိုးက လူဟစ် သဘောဖြစ်နေသည်။

နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ အရ အမျိုးသမီး ၅၉ ဦး အပါအဝင် ၁၂၂၇ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း ၁၁.၅.၁၉၉၂ နေ့ထုတ် သတင်းစာများတွင်ပါသည်။ လွှတ်ပေး သူများတွင် နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်သော်လည်း အများစုမှာ ကရင် ပြည်နယ် ထိုးစစ်ကြီးများတွင် ပေါ်တာအထမ်းသမား အဖြစ် ခိုင်းစေခံခဲ့ရသော ရာဇဝတ်မှု ဆိုင်ရာ အကျဉ်းသားများဖြစ်ကြသည်ဟု ABSDF မှပြုစုသော မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ (၁၉၈၈-၂၀၀၂) စာအုပ်တွင်တွေ့ရသည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် အမှန်တရား အတွက် အသက်၊ အိုးအိမ်၊ စည်စိမ်တွေ မိသားစုဘဝ တွေကို ပေးဆပ်ခဲ့သော၊ ပေးဆပ်နေသော အာဇာနည် သူရဲကောင်းများနှင့် ယုံကြည်ချက်အတွက် မတရား အကျဉ်းကျခံနေရသူ အားလုံးကို ဂုဏ်ယူ လေးစားသော အားဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။

အမှန်တကယ်ပေးဆပ် အနစ်နာခံသူများ အားလုံး လွတ်လပ်ငြိမ်းချမ်းပြီး၊ လူ့ဂုဏ်သိက္ခာ နှင့်ပြည်စုံသော ဘဝတွေကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေ။

ကျောင်းသားတစ်ဦး

၂၅.ဇွန်လ.၂၀၁၀

Photobucket



နိုင်ငံရေးအကျဉ်းသား

“နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိလွှတ်ပေးရေး” “နိုင်ငံရေးအကျဉ်းသား အခွင့်အရေး” “နိုင်ငံရေးအကျဉ်းသားမရှိ” စတဲ့ငြင်းခုံမှုတွေကြားမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကစရပါလိမ့်မယ်။နိုင်ငံရေး ယုံကြည်မှုတစ်ခုခုဖြင့် လှုပ်ရှားမှုတစ်ခုခုကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံနေရသူ လိုပြောနိုင်မယ်ထင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (prisoners of conscience ) လို့လဲ သတ်မှတ်ပါတယ်။ ဘယ်သူ တွေက သတ်မှတ်သလဲ၊ ဖမ်းဆီးသလဲ ဆိုရင်တော့ အဲဒီဒေသ၊ နိုင်ငံက အဲဒီကာလမှာ အုပ်ချုပ်တဲ့ သူတွေကလို့ ပြောရမှာပေါ့ ။

ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်ပြု မပြုဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၈ လူထုအုံကြွမှု ပြီးကတည်းက အုပ်ချုပ်လာတဲ့ တပ်မတော် အစိုးရက နိုင်ငံရေးအရ ဖမ်းဆီး ထိမ်းသိမ်းထားသူ မရှိဘူး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ ဖမ်းထားတာပဲရှိတယ်။ လုံခြုံရေးအရ ဖမ်းထားတာဘဲရှိတယ်လို့ တစ်စိုက်မတ်မတ် ငြင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့ နဝတရဲ့ အမိန့်ကြေငြာချက်အမှတ် ( ၁၁/၉၂ ) ကို ၁၉၉၂ ဧပြီလ (၂၄) ရက်နေ့ ထုတ်ပြန်ခဲ့ရာမှာတော့ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်း ထားသူများအနက် နိုင်ငံတော် လုံခြုံရေးအားထိပါးနှောက်ယှက်စေနိုင်သူများမှအပ အမြန်လွှတ်မည်”လို့ ဆိုပါတယ်။ အဲဒီကြေငြာချက်ပါ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်းထားသူများ” ဆိုတဲ့အပိုဒ်ဟာ နိုင်ငံရေး အကျဉ်းသားများ ရှိနေကြောင်း လူသိရှင်ကြား တရားဝင်ဝန်ခံကြေငြာခဲ့ခြင်းပါ။

ဤအမိန့် ကြေငြာချက်အား ဖျက်သိမ်း ပယ်ဖျက်ခြင်းမရှိတာကြောင့် အသက်ဝင်ဆဲ၊ တရားဝင်ဆဲ ဖြစ်တာသေချာပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ပါ အားသွန်ခွန်စိုက်ကြိုးပမ်းနေချိန်မှာ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဆိုတာကို လေးလေးနက်နက် အသိအမှတ်ပြုဖို့ ( နဝတ၊ နယက အနေနဲ့) လိုပါတယ်။ အခုကာလမှာရော၊ နောက် နောင် အနာဂါတ် မြန်မာနိုင်ငံ အတွက်ပါ နိင်ငံရေးအင်အားစု အခိုင်အမာ ဖွဲ့စည်းဖြစ်ပေါ်လာဖို့ဟာ နိုင်ငံရဲ့ အမျိုးသားရေး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဆူပူလိုသူများ၊ အဖျက်အမှောက် အင်အားစုများလို့ ပုတ်ခတ်ပြောဆို နေခြင်းဟာ ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ပေးနေပါတယ်ဆိုတဲ့ နဝတ/နယက ရဲ့ သဘောထားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။

အရင်ကလဲ အခုလို ထူးခြားတဲ့အခြေအနေမျိုးကြုံဘူးပါတယ်။ အမိန့်ကြေငြာချက် အမှတ် ( ၂/၈ဝ ) နိုင်ငံ တော်လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာစဉ်ကလဲ နိုင်ငံရေးအကျဉ်းသားများ ဆိုတာနဲ့ပတ်သက်ပြီး သီးခြားအမိန့် ဥပဒေတစ်ရပ် ကြေငြာ ပေးခဲ့ရပါတယ်။ ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုဒ်မများအဖြစ် ကြေငြာပြီး၊ ယင်းပုဒ်မများဖြင့် ကျခံနေရသူများကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ အဲဒီကာလက တစ်ပါတီအာဏာရှင်စ နစ်ကျင့်သုံးတဲ့ကာလပါ။ အဲဒီတုန်းကတောင် နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ခဲ့ခြင်း ရှိတာကြောင့် အခုလို ပါတီစုံဒီမို ကရေစီစနစ် ဖော်ဆောင်နေတဲ့ အချိန်မှာ ပိုလို့တောင်လိုအပ်ပါတယ်။

၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကား

Photobucket

State Law and Order Restoration Council Declaration No. 11/92 of 24 April 1992. Convening of the National Convention, reads:

1. It is hereby declared that the State Law and Order Restoration Council , depending on the general situation of the country, will presently carry out the following measures:

(a) Of the persons arrested and detained politically, those for whom there are no reasons to endanger the security of the State, will be released promptly;

(b) It accordance with the State Law and Order Restoration Council Declaration No 1/90, dated the 27th July 1990, the State Law and Order Restoration Council will, in respect of the convening of the National Convention, meet and co-ordinate, within two months, with the leaders of the Hluttaw Representatives of political parties existing lawfully and individual Hluttaw Representatives;

(c) The State Law and Order Restoration Council will convene the National Convention within six months in order to lay down the basic principles for the drafting of a firm and stable Constitution, after meeting and co-ordinating as mentioned in sub-clause (b) above;

2. The State Law and Order Restoration Council will declare further future programmes in accordance with the basic principles laid down at the National Convention.

By Order,
(Sd) Khin Nyunt,
Secretary (1),
The State Law and Order Restoration Council

Photobucket




ဘလော့ခ်ဂါ အလင်းဆက် မှ ခွပ်ဒေါင်းမျိုးဆက်သစ် ညီအကိုများသို့

ဆက်လက်ဖက်ရှုရန်...

Friday, June 25, 2010

ရင်ထဲကခရေ (စိတ်ကူး ပုံရိပ်)

ဒီခရေပင်ကြီးလည်း…….


ခရေနှင့် ကျွန်တော် အကျွမ်းတဝင် ရှိလှသည်။ ခရေပန်း၊ ခရေပင်။ ခရေလမ်း၊ ခရေရိပ်၊ ခရေပန်းခြောက်၊ ခရေပန်းကုံး စုံလို့ပါဘဲ။ ခရေ ခရေ မြေမှာခြွေ၊ ခရေ ခရေ ပင်ယံထက်မှာဝေ၊ ခရေ ခရေ ခြောက်နေသော်လည်း မွှေးနေ ဆဲမို့ ခရေလေးကိုဘဲ ချစ်တယ်…. ဆိုတဲ့ စကားလုံးလေးကို ဟိုးယခင်အချိန်တွေက အခေါက်ခေါက် အခါအခါ ရေရွတ် ဖူးခဲ့တယ်။

ကျွန်တော်အိမ်ရှေ့မှာလည်း လုံးပတ် ၁၆ လက်မလောက်ရှိတဲ့ စိမ်းစိုမြတဲ့ ခရေပင်ကြီး တစ်ပင်ရှိတယ်။ ဒီ

ခရေပင်ကြီး သက်တမ်းက နှစ်လေးဆယ်လောက်ရှိပြီ။ မဆလ အာဏာရှင်ခေတ် ကနေ နအဖ အာဏာရှင်ခေတ် အထိ ရှင်သန်နေဆဲဘဲ။ ကျွန်တော့် အဖွားစိုက်ထားတာလေ။ သူက အခုဆို အသက် ၈၅ နှစ်ကျော် အပျိုကြီး။ ဒီ ခရေပင်ကြီး အကြောင်း သူအသိဆုံးပေါ့။ သူက ဒေါ်အောင်ဆန်းစုကြည် ကိုချစ်တယ်။ အားပေးတယ်။ ဒီ ခရေပင်ကြီး ကိုသူစိုက်ခဲ့သလို၊ ကျွန်တော်တို့ အိမ်မှာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သူဘဲ သွတ်သွင်းခဲ့တာ။ ဘာဘဲဖြစ်ဖြစ် ခရေပင်ကြီး ကို သူစိုက်ခဲ့လို့ သူ့ကို ကျေးဇူးတင်တယ်။ ဟုတ်တယ်။ ဒီ ခရေပင်ကြီ်း အရိပ်မှာ ဆွမ်းခံဘုန်းကြီးတွေ အရိပ်ခိုကြတယ်။ ခရီးသွားတွေ အပန်းဖြေကြတယ်။ အဖွားက ဒီခရေပင်ကြီး ကို ရေမြောင်း ဘေးကပ်စိုက်ထားတယ်။ ဒါကြောင့် အမြစ်တဝက်က ရေမှာပေါ်လို့။ လေတိုက်ရင် ပြိုလဲတောမဲ့ အတိုင်း။ အဖွားက ခရေပင်ကြီးအောက်မှာ အုတ်ခုံလေး နှစ်လုံးကို ဆောက်ထားသေးတယ်။

ဒီအုတ်ခုံပေါ်မှာ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကုန်ဈေးနှုန်း အကြောင်းစုံ ငြင်းခုံ ပြောဆို ခဲ့ကြတယ်။ အဲဒီ ခုံပေါ်မှာ ဘုန်းကြီးတွေလည်းထိုင်ခဲ့တယ်။ သီလရှင်တွေ လည်းထိုင်ခဲ့တယ်။ အစိုးရ သတင်းပေးလို့ အထင်ခံရတဲ့ ဘယာကြော် ကုလားလည်းထိုင်တယ်။ ဆံပင် စုတ်ဖွားဖွား အိုးတိုက်ဖွဲပြာသည် ကလေးမလေးလည်း ထိုင်ခဲ့တယ်။ အဲဒီမှာ လင်မယားတွေ စကား လာများကြတယ်။ အုတ်ခုံပေါ် ချိုင့်ခွက် ကလေးတစ်ခု ဖြစ်နေတာကို သဘောကျပြီး သြဇာစေ့ လာတောက်တဲ့ ကလေးလေး တွေလည်း ရှိတယ်။ ယတြာ ချေဖို့ ခရေညွန့် ခူးခွင့် လာလာတောင်း တာလည်းရှိတယ်။ အများအားဖြင့် ခရေညွန့် ၁၅ ညွန့် ခူးကြတာများတယ်။ တနင်္လာဂြိုလ် သက်က ၁၅ နှစ်ဖြစ်လို့လေ။

ဒီခရေပင်ကြီး အထက်မှာ ပျားတွေ၊ ပတူကောင်တွေ အုံဖွဲ့ခဲ့ကြတယ်။ ငှက်ကလေးတွေ အသိုက်ဖွဲ့ခဲ့ကြတယ်။ ဒီခရေပင်ကြီးဟာ ရွက်ဟောင်းကြွေလည်းလှတယ်။ ရွက်သစ်ဝေလည်း လှတယ်။ ဆောင်းမှာလညှ်း တင့်တယ်။ နွေမှာလည်း ဝင့်တယ်။ မိုးမှာလည်း သင်းတယ်။




ကျွန်တော်လည်း ခရေပင်ကြီးအောက်က အဲဒီခုံလေးပေါ်မှာ ငေးခဲ့တယ်၊ ငိုင်ခဲ့တယ်၊ ရေးခဲ့တယ်၊ တွေးခဲ့တယ်။ စိတ်ကလေးကို စွန်လွှတ်ခဲ့တယ်။ အတွေးတွေ ရွတ်လွှင့်ခဲ့တယ်။ ညနေစောင်းရင် ကြွေကျတဲ့ ခရေပန်း အပွင့်ကားကားလေးတွေကို ရွရွလေးကောက်တယ်။ ခရေပန်းကို စံပယ်ပန်းလို အပ်ချည်ကြိုးနဲ့ မသီဘဲ နှီးပြားလေးကို နန်းကြိုးမျှင်ကလေးတွေ အဖြစ်ဆွဲပြီး ဖွဖွကလေး သီရတာကိုက အရသာတစ်မျိုး။ ကျွန်တော်ဆို ဒီလို သီကုံးပြီး ချစ်သူကို ပေးရတာ သိပ်ကြည်နူးစရာ။ သူကလည်း ပျော်လို့လေ။ မနက်စောစော ရွှေတိဂုံ ဘုရား သွားဖူးဖြစ်တဲ့ နေ့တွေမှာဆို သိပ်ကြည်နူးစရာကောင်း။ ခရေပန်းကုံးကြိုး အတွက် ကျွန်တော့် ရှေ့သွားတွေနဲ့ နှီးပြားလေးကို ကိုက်ပြီး သေသေချာချာ သီကုံးရတယ်။ ခရေပန်း ရဲ့ ရွှေအိုရောင် အနားကွက်ကလေး တွေက သီကုံးပြီးတဲ့အခါ လှပပေ့၊ ယဉ်ပါပေ့။ မှတ်မိပါသေးတယ် ကျွန်တော့်ချစ်သူ ဘွဲ့ယူတဲ့နေ့က ကောင်မကလေးရဲ့ အမေ နဲ့ အဖွားကို ကျွန်တော့်အိမ်က ခရေပန်းက တခြားအပင်က အပွင့်တွေထက် ကြီးကြောင်း၊ ကားကြောင်း၊ မွှေးကြောင်း ကြွားမိလို့ ပြောပြောပြီး ရယ်ခဲ့ရသေးတယ်။ ခရေပင်ကြီးရယ် မင်းကြာင့် ငါတို့တွေ ပျော်ခဲ့ရတယ်နော်၊ မင်းအကြောင်း ငါတို့ ပြောခဲ့ကြတယ်နော်။

ဒီ ခရေပင်ကြီးအောက်မှာ အကိုအရင်း တစ်ယောက်လို ခင်ရတဲ့ ကဗျာဆရာ တစ်ယောက်နဲ့ ကဗျာတွေ ရွတ်ခဲ့တယ်။ တခုသော ညနေစောင်း အချိန်မှာ အဲဒီ ကဗျာဆရာ သူ့ရွာအလည်သွားရင်း ရေနှစ်သေပြီတဲ့ သတင်းဆိုးကို ဒီခရေပင်ကြီး အောက်မှာ ကျွန်တော်ကြားခဲ့ရတယ်။ မသေခင် နှစ်ရက်က သူနဲ့ ကျွန်တော် ဒီခရေပင်ကြီး အောက်မှာ ကဗျာတွေ ရွတ်ခဲ့ကြတာပေါ့။

ခရေ ပန်းကိုကြိုက်တဲ့ ချစ်သူရယ် ခရေပန်း ဘယ်လို ကောက်ယူ သီကုံးပြီးပေးရပါ့………

အိုမိုဒ မိုချိ (မိုး)

(၂၄. ဇွန်လ.၂၀၁၀)




ဆက်လက်ဖက်ရှုရန်...

Wednesday, June 23, 2010

မှန်စာတိုက်ထားတဲ့ ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ ၊လေညှင်းလေးတွေ နာကျင်မှာစိုးရဲ့ (ကဗျာ)

ဒီကဗျာလေးကို ဖတ်မိကတည်းက ရင်ထဲတမျိုးခံစားခဲ့ရတယ်။ အခုဖတ်လည်း ခံစားရတယ်။ ငယ်ငယ်က အပြောကျယ်လှတဲ့ ကောင်ပြင်ပြာထက် စွန်လွှတ် ကစားခဲ့ရတာကိုလည်း တသတသ သတိရမိပါတယ်။ ဒီကဗျာက ထိရှလွန်းတယ်။ စာသားလေးတွေနောက်က အတွေးလေးတွေ ဆင့်ပွားစေတယ်။ အားလုံး ခံစားနိုင်အောင် ဖြန်ဝေပေးလိုက်ပါတယ်.......

ကောင်ကင်ပြာထဲ စွန်လွှတ်ခဲ့တဲ့ နေ့ရက်လေးတွေ ကိုအတွေးနဲ့ လိုက်ဆယ်ရင်း

အလင်းဆက်
၂၃, ဇွန်လ,၂၀၁၀





မှန်စာတိုက်ထားတဲ့ ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ ၊လေညှင်းလေးတွေ နာကျင်မှာစိုးရဲ့

ဒီညနေခင်းလေးဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီရောင်စက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင်ဖြတ်ဝင်လာတဲ့ စွန်ကလေး
သူ့အဖော်လို့ ထင်ခဲ့
သူ့လက်ဟာ တုံ့ခနဲ
သူ့ရင်ဟာ ဆက်ခနဲ
သူ့နှုတ်ခမ်းမှာ မှန်တယ်တဲ့ မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း
ဖေဖေ
တခြားစွန်တွေမှာ ဓါးပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား

ကျွန်တော် အဖြေကို စဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်။
ကျွန်တော်နဲ့သား လွင့်ငေးငေးနေရ
ပြတ်သွားတဲ့ စွန်လေးကို
စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီ သားရေ
မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးလေးကို ကိုင်လို့။

ကိုရွေး
(၂၀၀၄ ၊ ဒီဇင်ဘာ ၊ ရတီမဂ္ဂဇင်း)

ဆက်လက်ဖက်ရှုရန်...

Tuesday, June 22, 2010

မျှော်လင့်ချက် ဆိုတာ တောင်ပံပါသော အရာ (ကဗျာ)

မျှော်လင့်ချက် ဆိုတာ တောင်ပံပါသော အရာ


မျှော်လင့်ချက် ဆိုတာ တောင်ပံပါသော အရာ

သူဟာ စိတ်ဝိဥာဉ် မှာလည်းနာခိုတယ်။

စကားလုံးမဲ့ သံစဉ်တွေလည်းကို မနားတမ်း သီဆိုတယ်။


အဲဒီတေးသွားကို လေပြည်ညှင်း တွေထဲမှာလည်းကောင်း

နာကျင်စရာ လေပြင်းမုန်တိုင်း တွေထဲမှာလည်းကောင်း

အချိုသာဆုံး ကြားနိုင်တယ်။


သူဟာ တေးသီငှက်လေးကိုတောင် ရှက်သွားစေတယ်၊

နွေးထွေးမှုတွေ အများကြီးဖြစ်စေခဲ့တယ်။

အေးစိမ့်လှတဲ့မြေ မှာလဲ သူ့အသံကိုကြားနေရတယ်။

လူသူမရောက်တဲ့ ပင်လယ်ပြင်ကြီး မှာလည်း သူ့အသံကိုကြားနေရတယ်။

ဒါပေမယ့် ဘယ်တော့မှ အလွန်အကျွံတော့ဖြစ်မှာ မဟုတ်ပေ။

မျှော်လင့်ချက်လေးဟာ ကျွန်တော်ရဲ့ အစိတ်အပိုင်းတခုလေ။ ။

အင်မလီ ဒစ်ဆင်

ဘာသာပြန်...ဘလော့ခ်ဂါ အလင်းဆက်

၂၃. ဇွန်လ. ၂၀၁၀

"Hope" is the thing with feathers

"Hope" is the thing with feathers—
That perches in the soul—
And sings the tune without the words—
And never stops—at all—

And sweetest—in the Gale—is heard—
And sore must be the storm—
That could abash the little Bird
That kept so many warm—

I've heard it in the chillest land—
And on the strangest Sea—
Yet, never, in Extremity,
It asked a crumb—of Me.

Emily Dickinson

http://alinsek.blogspot.com

ဆက်လက်ဖက်ရှုရန်...

Burma Election Preparations Rife with Trickery and Deception Part 2


Ethnic Minorities and the Elections
The elections will be held the way the military junta wants them to be irrespective of the pressure exerted on it by neighbors or the international community. However, some expect a few concessions, such as the release of political prisoners and the acceptance of observers from neighboring countries, may be forthcoming just before the elections.

With or without the concessions, the biggest difficulty in creating an inclusive process may be in convincing the ethnic minorities that there is a reason for them to take part in the electoral process, even if they are not granted the concessions concerning autonomy that they desire.

40% the country’s population is composed of ethnic minorities and they control a sizable land mass all around the periphery of the nation. They joined the union at the time of Burmese independence from England. At the time, they were promised autonomy at a later date. However, autonomy has never been granted to any of the ethnic states.

The military junta has entered into ceasefire agreements with 17 ethnic rebel groups between 1989-94 with concessions to retain their arms and control of some parts of the territories occupied by the ethnic minorities.
In the 1990 elections most of the ethnic groups had joined hands and had fared well (especially the Shan National League for Democracy).

As a prelude to a smooth election the military junta has been pressuring the ethnic groups to transform their armies into border guards under the leadership of the Burmese Army, and to form their own political parties to contest the forthcoming elections.

Most of the ethnic armies (particularly the stronger ones such as the United Wa State Party (UWSP), the Kachin Independence organization (KIO) and the New Mon State Party (NMSP) have refused to be transformed into border guards and to contest the 2010 election. The few groups that may be taking part in the elections are perhaps hoping to take advantage of the political space made available, particularly at the regional level.

Many fear that once the 2010 elections are over and the new constitution is in force, the ethnic minorities will lose the few rights and privileges they have been enjoying until now.

The Constitution sets out a “self administered division” for the Wa and UWSA (the biggest of the ethnic minorities with 15,000–20,000 fighters) and plans to create 14 assemblies in areas that are home to the major ethnic groups, making the first offer of political space to the non-Burmese. However the regional assemblies will be under the supervision of the junta, which has the power to appoint one-fourth of the members to each assembly, as well as the chief minister of each region.

With such provisions the ethnic groups will lose their right to choose their chiefs and their self-determination rights, and hence their opportunity to voice their dissent. Some analysts have predicted that the civil war of six decades now in its ebb may erupt in full swing if the military junta is not able to settle the ethnic minority issues before the election.

It is incumbent on the ethnic minorities to come together and pose a united front if even some semblance of autonomy is to be achieved in their areas.

Recent Developments
In the run up to the election, there have been several bomb blasts in Burma. A bomb attack on the Burmese New Year killed at least 15 people in Yangon and injured many others, including the regional commander of the Burmese Army, while a series of explosions were reported at a hydroelectric project being jointly built by a Chinese company in the north of the country, the latter thought to be the work of anti-government groups.
There is no doubt that the constitution is meant to perpetuate Military Despotism because the military is to be entrenched in every institution of the state. On the other hand, this constitution is also meant to establish an “Authoritarian Centralist” government. There is much concern that it will deny all democratic and human rights, as well as all rights of ethnic nationalities.

The Burmese military junta expressed on 12 May 2010 that Burma has no need for foreign observers to monitor its first elections in two decades, despite international concerns that the polls will lack legitimacy.
There have been concerns from aid agencies that the upcoming election could see a growing number of refugees fleeing to Thailand, Malaysia, Bangladesh and China, due to alleged government repression, poverty and low-level ethnic conflict. Ceasefires between the military government and ethnic groups were also deteriorating.

The flow of refugees from Burma to Thailand, Malaysia and other countries has cost Burma’s neighbours millions of dollars in food and humanitarian assistance. The Burma Refugee Organization calls on officials of impacted ASEAN countries to measure the financial cost of hosting refugees displaced from Burma, and to request financial compensation from Burma’s military junta for costs incurred in caring for the refugees.
It asks the government of Malaysia to address the trafficking, selling and slavery of Burmese and other migrants within Malaysia and across its border with Thailand. As a signatory to the Convention on the Rights of the Child and the Convention on the Elimination of All Forms of Discrimination against Women (CEDAW), Malaysia is urged to consider alternatives to detention for refugees and asylum seekers, especially for women and children.

ASEAN has a major role to play in the elections, however flawed it may be. It has to function as a link between Myanmar and the international community and vice-versa. Myanmar can be persuaded to have observers at least from ASEAN.

The international community, while exerting pressure for release of political prisoners and for the elections to be inclusive, free and fair, should be prepared to interact with the new government and seek opportunities for positive changes towards democracy.

The Burma Refugee Organization and The Best Friend Education Project are extremely disappointed about the junta’s preparations for the upcoming elections and urge all concerned parties to exert pressure in order to ensure that the Burmese military regime is not able to make the upcoming elections a complete sham.

Blogger Alinsek

ဆက်လက်ဖက်ရှုရန်...

Monday, June 21, 2010

Burma Election Preparations Rife with Trickery and Deception – Part I


For the first time since 1990, the Burmese military regime has declared ‘free and fair’ multi-party elections will be held before the end of this year. However, the military’s announcement has been met mostly with skepticism by those familiar with the regime’s appalling human rights records and history of brutally stifling all dissent. The elections are in accordance with the new Burmese constitution, which was approved in a May 2008 referendum widely regarded as rigged.

The international community has expressed concern that the first general election in Burma in 20 years may not run fairly or freely following the issuance of a new law that effectively bans democracy leader Aung San Suu Kyi from participating in the contest. The Nobel Peace Prize laureate described the new election laws as “repressive” and “unjust.”

UN Secretary General Ban Ki Moon in March said the new law ran counter to the hopes of the international community for a political process that involves all groups. He repeated his appeal for a wide-ranging political process that would produce a fair and transparent election, trusted by all Burmese people, and including the participation of Aung San Suu Kyi.

In the last free election in 1990, the Burmese people overwhelmingly rejected military rule, awarding the National League for Democracy party more than 80 percent of the seats in parliament. Yet the military has refused to allow the NLD to form a government. In the 20 years since that election, Burmese democracy activists have faced imprisonment, intimidation, torture and death as they have peacefully voiced demands for justice, individual and ethnic rights, and a democratic form of government that is representative of all Burma’s people.

Ever since their embarrassing loss in 1990, the military regime has been afraid to hold elections in fear of again losing.

U Win Tin, a member of the Central Executive Committee and a co-founder of the National League for Democracy, wrote in an article that the showcase election planned by the military regime makes a mockery of the freedom sought by Burmese people and is simply intended to make military dictatorship permanent.


Key ministries including justice, defense and the interior will remain under the control of the military, and under the 2008 constitution, a quarter of the 440 parliament seats will be reserved for military officials. People holding military permissions are not permitted to contest the election. As such, twenty members of the junta, including Prime Minister Thein Sein, have retired from their posts to participate in the election.


With the primary opponents out of the way, military leaders are resigning left and right from their posts to run in the 2010 elections as civilians. Furthermore, already one-fourth of the new Myanmar Parliament has been reserved for military officials, which means the officials who have resigned and are campaigning as civilians are most likely being positioned to take the remaining 75% of the seats in support of the military. The military plans to gain virtually all the seats of power.

A 224-member House of Nationalities will have 168 elected candidates and 56 nominated by the military chief, while the 440-member House of Representatives will have 330 elected civilians and 110 military representatives. At the same time, the results of the 1990 elections were annulled as they did not comply with the new election laws.

All of this has led the new laws to being described as a “farce” by the Philippines and a “mockery” by the United States.

Observers, especially pro-democracy supporters, have indignantly expressed outrage at the military regime’s so-called “fair elections”. Japan and other Asian countries have tried to convince the military dictators to hold elections that are actually democratic. The European Union, after considering Burma in the European Union Foreign Affairs Council meeting, has added another year to their political sanctions on Burma after the Asian country’s failure to respond to concerns about its elections being unfair.

Young NLD membersRegardless of the mockery that the 2010 Myanmar elections may make of the democratic process, it would be an even bigger blow for the country if no genuine opposition participates. Under the new laws, the NLD will face dissolution as a legal entity if it continues with its current plan to boycott the election.


The Central executive council of NLD party has decided that it will not take part in the elections unless the following three demands are met: the release of political prisoners (approximately 2,100, of which around 400 are members of the NLD), observers be allowed to monitor the elections, and the Constitution of 2008 is revisited and examined. However, military junta has failed to respond to any of the demands of the NLD.


Despite the undemocratic clauses of the 2008 Constitution on which the 2010 election is based, it will essentially allow a pseudo-civilian government to be formed after the election. This will include the re-introduction of a parliamentary system in Burma, albeit with 25 per cent of the seats guaranteed for the military.

Despite the unfair practices and challenges any opposition party may face, the election also provides an opportunity for opposition groups to challenge the SPDC, by competing for seats against junta-backed proxy parties.

Parties have until 6 June to apply to run in the new elections.
As of 12 May, 36 parties had applied and 31 had been approved, of which 19 are linked to ethnic minorities.
The National League for Democracy, which overwhelmingly won the previous elections but were never allowed to take power, have decided not to participate. Nonetheless, some senior members have formed the National Democracy Force to contest the elections, claiming that a complete boycott would play into the hands of the government.

The new Democratic Party, established by the daughters of two former Prime Ministers of Burma, U Nu and BaSwe, is also aiming to take part in the election.

The Shan Nationalities League for Democracy, a Shan political party that came second in the 1990 election, has also expressed an interest in participating.

Another new party is being formed comprising members of a ceasefire group and a party that won seats in the 1990 elections. Five former members of the New Mon State Party (NMSP) and five members of the Mon National Democratic Front (MNDF), together with five other Mon elites who make up the new party, founded a 15-member committee and later announced that they are going to participate in the upcoming election.
The SPDC has not answered opposition calls to amend the 2008 constitution, nor have they stated clearly how the electoral process will be managed or under what terms new political parties will be allowed to organize.

The government established the Union Solidarity and Development Association, which is largely seen as their ‘grassroots’ political arm, in 1993. The organization claims to have around half the population as members. The National Unity Party, which contested the 1990 election as the main pro-government party and won 10 seats, has also registered to run.

Reuters estimates that six parties in total are allied to the government. The junta itself, according to the Japanese newspaper Asahi Shimbun, will also be setting up two or three proxy parties to contest the election.
The Burmese military junta is notorious for its cunning and trickery. Therefore it is seen as difficult to believe they are capable of running an election with credibility, exclusivity, and fairness in 2010.


Top NLD leader Win Tin’s suggestion to Senior U.S. diplomat Mr. Kurt Campbell on 10 May 2010 was for the U.S. “not to recognize the results of the upcoming election, which will be held without the two important elements — credibility and exclusivity — that the international community has demanded.”

Blogger Alinsek
I will publish Part II tomorrow



ဆက်လက်ဖက်ရှုရန်...

Friday, June 18, 2010

Burmese young Bloggers: Meaningful & happy Birthday Wish for Daw Aung San Suu Kyi

Burmese young Bloggers: Meaningful & happy Birthday Wish for Daw Aung San Suu Kyi

This is a wonderful occasion because the respected organizations and all communites such as Amnesty International is celebrating the 65th birthday of democracy leader Aung San Suu Kyi. At the same time, we pay special respect to the architect of Burma’s independence, our great national leader General Aung San, and to Daw Khin Kyi, for raising our legitimate leader, Aung San Suu Kyi.

The name ‘Aung San Suu Kyi’, along with the terms ‘peace’, ‘democracy’, and ‘human rights’, has been rooted deeply and admirably in the hearts of Burmese people and world peace-makers for more than two decades. Her brilliant works, noble mind, and strong courage have made her popular and highly-regarded in Burma and around the world. We feel great sorrow whenever we think that the birthday of Nobel Peace Laureate Aung San Suu Kyi cannot be celebrated freely in her motherland. It is a great disgrace in the civilized world to realize that a Nobel Peace Laureate has been without basic liberties for over two decades. It exemplifies the struggle between those working to create a peaceful society, and, on the other hand, the many dictators and those who oppose peace for their own selfish benefit. They make great obstacles on the road to peace, democracy, and human rights. Moreover, they make a challenge for all civilized societies. So, we all must strive the best for peace, democracy, and human rights.

Since General Ne Win’s coup in 1962, all peace, democracy, and human rights have effectively been destroyed in Burma as the country has been governed by a repressive military dictatorship. From 1962 to the present day, hundreds of thousands—possibly millions—of Burmese people, including monks, students, workers, and peasants, have lost their lives or properties. However, there are many brave leaders, heroes and activists who are not afraid to face and criticize the military dictators. Pro-democracy leader Aung San Suu Kyi is one such leader, and is a beacon of hope for peace, democracy, and human rights. For more than 20 years she has struggled continuously for democracy and human rights. She has also done her best to fearlessly demand that Burma’s military regime obey international law and respect human rights.

Burmese people began designating Daw Aung San Suu Kyi’s birthday (June 19) as “Women of Burma” Day in 1997. She has a strong mindset of freedom from fear that is an inspiration to all. She not only has a strong mind, but also is able to motivate people around the world to struggle for peace and democracy.

Aung San Suu Kyi has developed her own marvelous political philosophy, and even under house arrest has been able to articulate her thoughts clearly. She has written that the only real prison is fear, and the only real freedom is freedom from fear. Moreover, she has stated that, “It is not power that corrupts, but fear. Fear of losing power corrupts those who wield it, and fear of the scourge of power corrupts those who are subject to it.” She knows and understand well the political culture and dictatorship culture. She has bravely expressed that, “The struggle for democracy and human rights in Burma is a struggle for life and dignity. It is a struggle that encompasses our political, social and economic aspirations.”

Currently, there are more than 2,400 political prisoners and human rights activists being persecuted and imprisoned unfairly by Burma’s military junta. This shows clearly that the military dictators are a threat and challenge to democracy and human rights. We who will never stop working for democracy and human rights wish a long life to our great leader, Daw Aung San Suu Kyi, and struggle for the day when she is free to celebrate her birthday freely and happily.

You're aged to perfection!

Blogger Demowaiyan, Blogger Alinsek, Blogger Kamikaze and young blogers (2010)

ဆက်လက်ဖက်ရှုရန်...

အမေစု မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ညီအကိုမောင်နှမ များမှမွေးနေ့ သဝဏ်လွှာ

အမေစု မွေးနေ့မင်္ဂလာ အတွက် ဘလော့ခ်ဂါ ညီအကိုမောင်နှမ များမှမွေးနေ့ သဝဏ်လွှာ

လူထုလေးစားရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်သိက္ခာကြီးသော ကမ္ဘာ့လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) အပါအဝင် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီရေးကို မြတ်နိုးကြသော အဖွဲ့အစည်းများ မှယခုလို မွေးနေ့မင်္ဂလာ ကိုကျင်းပပြီး ဂုဏ်ပြုပေးတဲ့ အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောလိုပါတယ်။ တဆက်တည်း မှာပင် ဒေါ်အောင်ဆန်းစုကြည် လို မြင့်မြတ်သောစိတ်ရှိသူ၊ လူ့အဖိုးတန် အမျိုးကောင်း သမီးတစ်ယောက် ကိုမွေးထုတ်ပေးခဲ့သော မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့အား လေးစားဂုဏ်ပြု ဦးညွှတ်လိုက်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ အမည်တစ်ခုဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးဆိုတဲ့ လူသားတိုင်း တန်ဖိုးထားသော အရေးသုံးပါးနဲ့အတူ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ လေးစားမြတ်နိုးစွာ ကိန်းဝပ်နေသည်မှာ ဆယ်စုနှစ် ၂ ခုကျော်ပြီ ဖြစ်သည်။သူမရဲ့ ရဲရင့်ခိုင်မာတဲ့ လုပ်ရပ်၊ မှန်ကန်ပြတ်သားတဲ့ စိတ်ဓါတ်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည၏ ဂုဏ်သတင်း နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးသည်လည်း ကမ္ဘာကအလေးထား အားကျစရာ ဖြစ်လာခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ မွေးနေ့မင်္ဂလာပွဲကို လွတ်လွတ်လပ်လပ် မကျင်းပနိုင်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီ ဆိုတာကို တွေးမိဆင်ခြင်မိတိုင်း တုန်လှုပ်မိပါတယ်။ ငြိမ်းချမ်းရေးခေါင်းဆောင် တစ်ဦး ယခုလို မတရား ဖမ်းဆီးထောင်ကျခြင်းခံနေခြင်းဟာ အင်မတန် အကျည်းတန်သော အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ ငြိမ်းချမ်းသာယာပြီး ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကြီး ဖြစ်ပေါ်နိုင်ရန် ကမ္ဘာအနှံ့ ကြိုးစားတည်ဆောက်နေကြသလို၊ အာဏာပါဝါအတွက် ငြိမ်းချမ်းရေးကို ထိပါးနှောက်ယှက် နေသူများလည်းရှိနေသည်။ အာဏာရှင်စနစ် သည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေး တို့၏ ဆန့်ကျင်ဘက်ဖြစ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုကို အဆိုးဝါးဆုံး စိန်ခေါ်နေခြင်း လည်းဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေး အတွက် ပိုမို ကြိုးစား လုပ်ကိုင် ဆောင်ရွတ်သွား ရမည်ကိုလည်း သတိပေးနေသလို ဖြစ်ပါတယ်။

မြန်မာနိုင်ငံသည် ၁၉၆၂ ဗိုလ်ချုပ်နေဝင်း ၏စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေး အားလုံးဆုံးရှုံး ပျောက်ကွယ်ခဲ့ရသည်။ ရဟန်းရှင်လူ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ တို့၏အသက်၊ အိုးအိမ် စည်းစိမ်တို့ ဆုံးရှုံးနစ်နာ နေခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ သွေးစွန်းတဲ့လက်တွေနဲ့ ယမ်းငွေ့ တထောင်းထောင်းထနေတဲ့ သေနတ်တွေ ကိုင်ထားတဲ့ စစ်အာဏာရှင်တွေကို ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် လက်ညှိုးထိုးပြီး ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ အာဇာနည် သူရဲကောင်းတွေလည်း များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရှင်လက်အောက်ရောက် မြန်မာတမျိုးသားလုံးအတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး အတွက် မီးရှုးတန်ဆောင်တစ်ခုပင်ဖြစ်သည်။ နိုင်ငံသားတို့၏ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုး ထားကြရန် စစ်အာဏာရှင်တွေကို မကြောက်မရွံ့ တိုက်တွန်းစိန်ခေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကို “မြန်မာနိုင်ငံ အမျိုးသမီးများနေ့“ (Women of Burma Day) အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပရှိ မြန်မာများမှ တညီတညွတ်တည်း သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ သူမသည် လက်နက်အားကိုးဖြင့် မတရားဖိနှိပ်ချုပ်ချယ်နေသော စစ်အာဏာရှင်တွေကို မကြောက်တရား စိတ်ဓါတ်ဖြင့် အကြမ်းမဖက် ရင်ဆိုင်ခဲ့သည်။ သူမကိုယ်တိုင် ငြိမ်းချမ်းရေးတရားကို စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးနေသလို တခြားလူတွေကိုလည်း ငြိမ်းချမ်းရေးတရား နှင့် ဒီမိုကရေစီ လမ်းစဉ်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။

“လူတို့အား အဂတိ လိုက်စားဖောက်ပြား စေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာကိုင်ထားသူတို့အား ဖောက်ပြန်စေသည်” ဟု ဒေါ်အောင်ဆန်းစုကြည် က “ကြောက်ရွံ့ခြင်း” နှင့် “အာဏာရှင်” တို့၏ သဘောလက္ခဏာ ကိုခွဲခြမ်းစိတ်ဖြာ ပြခဲ့သည်။ အခြေခံ လူ့အခွင့်အရေးများ မရှိဟု ငြင်းပယ်ထားသော စနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်နှင့်အမျှ လွှမ်းမိုးနေမည်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး အတွက်လှုပ်ရှားများသည် လူ့သားဘဝ နှင့် လူ့ဂုဏ်သိက္ခာ အတွက် လှုပ်ရှားနေခြင်း တစ်ခုသာ ဖြစ်သည်ဟု ပြတ်ပြတ်သားသား ဖော်ထုတ်ပြသူဖြစ်သည်။

စစ်အာဏာရှင်များက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ခိုင်မာသော ငြိမ်းချမ်းရေး နှင့်လူ့အခွင့်အရေး လှုပ်ရှားသူ ၂၄၀၀ ကျော်ကို မတရား ဖမ်းဆီးထောင်ချပြီး လူ့အခွင့်အရေး ကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်း တစ်ခုလုံးကို စိန်ခေါ်နေပြီ ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။ နောင်လာမည့် နှစ်အဆက်ဆက် ရတုအဆက်ဆက် တွေမှာ လေးစားချစ်ခင်ရသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူမ၏မွေးနေ့မင်္ဂလာပွဲကို ပြည်သူတို့နှင့်အတူ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသော ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး ကဆုမွန်ကောင်းတောင်းလိုက်သည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် အမှန်တရား အတွက် အကြောက်တရားကင်းသောစိတ် ကိုတွန်းအားဖြစ်စေဖို့ အမေစု ဟာ ကမ္ဘာမြေကြီးရဲ့ နေရာအနှံ့အပြားရှိ ငြိမ်းချမ်းရေး မြတ်နိုးသူတို့၏ ရင်ထဲမှာ အစဉ်ထာဝရ ရှင်သန်နေမှာပါ။

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲ (၁၉.ဇွန်လ.၂၀၁၀)

ဆက်လက်ဖက်ရှုရန်...

Thursday, June 17, 2010

အမေစု မွေးနေ့ ဟာ မြန်မာ အမျိုးသမီးများနေ့


“It cannot be doubted that
in most countries today women,
in comparison to men, still remain underprivileged.”


Aung San Suu Kyi
Nobel Peace Laureate & Ambassador of Conscience



Burmese people began designating Daw Aung San Suu Kyi’s birthday (June 19) as “Women of Burma” Day in 1997. She has a strong mindset of freedom from fear that is an inspiration to all. She not only has a strong mind, but also is able to motivate people around the world to struggle for peace and democracy.

We feel great sorrow and shocking whenever we think that the birthday of Nobel Peace Laureate Aung San Suu Kyi cannot be celebrated freely in her motherland. It is a great disgrace in the civilized world to realize that a Nobel Peace Laureate has been without basic liberties for over two decades.

Aung San Suu Kyi has developed her own marvelous political philosophy, and even under house arrest has been able to articulate her thoughts clearly. She has written that the only real prison is fear, and the only real freedom is freedom from fear. Moreover, she has stated that, “It is not power that corrupts, but fear. Fear of losing power corrupts those who wield it, and fear of the scourge of power corrupts those who are subject to it.” She knows and understand well the political culture and dictatorship culture. She has bravely expressed that, “The struggle for democracy and human rights in Burma is a struggle for life and dignity. It is a struggle that encompasses our political, social and economic aspirations.”


ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ ကို “မြန်မာ အမျိုးသမီးများနေ့“ (Women of Burma Day) အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပရှိ မြန်မာများမှ တညီတညွတ်တည်း သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ သူမသည် လက်နက်အားကိုးဖြင့် မတရားဖိနှိပ်ချုပ်ချယ်နေသော စစ်အာဏာရှင်တွေကို မကြောက်တရား စိတ်ဓါတ်ဖြင့် အကြမ်းမဖက် ရင်ဆိုင်ခဲ့သည်။ သူမကိုယ်တိုင် ငြိမ်းချမ်းရေးတရားကို စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးနေသလို တခြားလူတွေကိုလည်း ငြိမ်းချမ်းရေးတရား နှင့် ဒီမိုကရေစီ လမ်းစဉ်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ မွေးနေ့မင်္ဂလာပွဲကို လွတ်လွတ်လပ်လပ် မကျင်းပနိုင်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီဆိုတာကို တွေးမိဆင်ခြင်မိတိုင်း တုန်လှုပ်မိပါတယ်။ ငြိမ်းချမ်းရေးခေါင်းဆောင် တစ်ဦး ယခုလို မတရား ဖမ်းဆီးထောင်ကျခြင်းခံနေခြင်းဟာ ယဉ်ကျေးတဲ့ လူ့ကမ္ဘာမှာ အင်မတန် အကျည်းတန်သော အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

“လူတို့အား အဂတိ လိုက်စားဖောက်ပြား စေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာကိုင်ထားသူတို့အား ဖောက်ပြန်စေသည်” ဟု ဒေါ်အောင်ဆန်းစုကြည် က “ကြောက်ရွံ့ခြင်း” နှင့် “အာဏာရှင်” တို့၏ သဘောလက္ခဏာ ကိုခွဲခြမ်းစိတ်ဖြာ ပြခဲ့သည်။ အခြေခံ လူ့အခွင့်အရေးများ မရှိဟု ငြင်းပယ်ထားသော စနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်နှင့်အမျှ လွှမ်းမိုးနေမည်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး အတွက်လှုပ်ရှားများသည် လူ့သားဘဝ နှင့် လူ့ဂုဏ်သိက္ခာ အတွက် လှုပ်ရှားနေခြင်း တစ်ခုသာ ဖြစ်သည်ဟု ပြတ်ပြတ်သားသား ဖော်ထုတ်ပြသူဖြစ်သည်။

ဘလော့ဂါများဖြစ်ကြသော ဒီမိုဝေယံ၊ အလင်းဆက် နှင့် ခမိခဆဲ တို့၏ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ သဝဏ်လွာမှ.........



အမေစု ထိုင်ဖို့နေရာလေးလေ...


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက်
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။*

http://www.demowaiyan.co.cc
http://alinsek.blogspot.com
http://kamikaze-2010.blogspot.com

ဆက်လက်ဖက်ရှုရန်...

အမေစု ၏အဖိုးတန်သော စာတမ်း တစ်စောင်


လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူသားတန်ဖိုး

Freedom, Development, and Human Worth



၁၉၉၄ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်အထိ ကောစတာ ရီကာနိုင်ငံ (Costa Rica) ဆန်ဟိုဆေး မြို့ တွင်ကျင်းပခဲ့သော ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကမ္ဘာ့ကော်မရှင်၏ အစည်းအဝေးတွင် ရည်မှန်းချက်ပန်းတိုင် ၃ ခုကိုချမှတ်ခဲ့သည်။တတိယမြောက်ပန်းတိုင်မှာ ယဉ်ကျေးမှုဆိုင်ရာ ဒိုင်နမစ်သစ်တစ်ခုကို တိုးမြင့်ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းအချက်သည် ငြိမ်းချမ်းရေး ယဉ်ကျေးမှု (the culture of peace)နှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှု (the culture of development) တို့ဖြစ်သည်။ ကော်မရှင်အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို နိုင်ငံတွင်းမှာသာမက နိုင်ငံတကာ စံချိန်ဖြင့် မြှင့်တင်လုပ်ဆောင် နိုင်ခဲ့သည်။ ထိုပြင်ကော်မရှင် အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် လူ့အခွင့်အရေး ယဉ်ကျေးမှု တို့သည် တခုနှင့်တခု ခွဲခြား၍မရကြောင်း တင်ပြနိုင်ခဲ့သည်။ သူတို့၏ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွတ်မှုသည် ဒီမိုကရေစီ နည်းကျ စီမံခန့်ခွဲမှု နှင့် ယဉ်ကျေးမှုခြင်း အပြန်အလှန် ပဋိပက္ခ ဖြစ်မှုမှကာကွယ်ပေးခြင်းများတွင် အကျိုးရလာဒ်ရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေးပန်းတိုင် ဟာအမွန်မြတ်ဆုံး စံတစ်ခုဖြစ်သည်။ အဲဒီစံ ကိုမည်သည့် အစိုးရ၊ နိုင်ငံကမှ ဖက်ပြိုင်နိုင်မည်မဟုတ်ပါ။ စစ်ဘီလူးတွေပင် ပြိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထိုပြင် ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု တို့ရဲ့နီးကပ်စွာ အချင်းချင်း အမှီသဟဲပြုနေမှု သဘောကိုလည်း မငြင်းဆန်နိုင်အောင်တွေ့ရမည်ဖြစ်သည်။ သို့ပေမယ့် မသေချာမရေသော ကိစ္စတရပ်လည်း ရှိနေတုန်းပါဘဲ။ အစိုးရတွေက ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ ခွဲခြားမရကြောင်း နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ် ဆိုတဲ့အချက်ကို လက်ခံကျင့်သုံးဖို့ အလှမ်းဝေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ရေးကို တားဆီးပိတ်ပင်ဖို့ ဖွံ့ဖြိုးတိုးတက်မှု နှင့် ယဉ်ကျေးမှုကို ဥပါယ်တံမျဉ် တစ်ခု (pretexts)လိုအသုံးချနေကြကို အထောက်အထား များစွာနဲ့တွေ့နေရပါတယ်။ အများသိကြတဲ့အတိုင်း တချို့သော အစိုးရတွေဟာ ဒီမိုကရေစီဆိုတာ အနောက်တိုင်းရဲ့ အတွေးစိတ်ကူး (Western concept) တစ်ခုသာဖြစ်ပြီး မိမိတို့ရဲ့ ပင်ကိုယ်စံနှုန်း တန်ဖိုးတွေနဲ့ ခြားနားကြောင်း ဆင်ခြေပေးတာတွေရှိနေပါတယ်။ အဲဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဟာ ဒီမိုကရေစီကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပဋိပက္ခ ဖြစ်နိုင်ခြင်း၊ ဒုတိယကို ပထမ နေရာပေးရန် လိုအပ်သည်လားကဲ့လို့ ဆိုချင်နေပုံရပါတယ်။ ယခုလို ဆင်ခြေပေးမှုတွေကြောင့်ဘဲ ဖွံ့ဖြိုးတိုးတက်မှု နှင့် ယဉ်ကျေးမှု တွေဟာ သေသေချာချာ စီစစ်စမ်းသပ်ခြင်းကို ခံနေရပြီး၊ မကျင့်သုံးအပ်ဘူး ဆိုပြီးပိုင်းဖြတ် ကြတာတွေတောင်ရှိလာခဲ့တယ်။ တချို့သော အစိုးရတွေဟာ ဒီမိုကရေစီ အဖွဲ့အစည်း တည်ထောင်ခြင်းများ၊ လူ့အခွင့်အရေးအတွက် ဆောင်ရွတ်လိုသော လူများ၊ နိုးကြားစိတ်များကို တားဆီးချိုးနှိမ် ဖို့အတွက် ရည်ရွယ်ပြီး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလွဲသုံးစားပြုခြင်းများလည်းရှိသည်။

နိုင်ငံအများစုရဲ့ ကျေနပ်ဖွယ်မရှိသော ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု (Development) အဓိပါယ် ဖွင့်ဆိုဖို့ လိုအပ်မှုတွေဟာ စီးပွားရေး ပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အတွက် အရေးကြီးသော ကိစ္စတစ်ရပ် (သို့) အလေးထားစရာ တစ်ခုဖြစ်နေခဲ့သည်မှာ ရာစုနှစ်တစ်ခု ကျော်ခဲ့ပြီ ဖြစ်သည်။ ယင်းအဓိပါယ်သစ်က ဖွံ့ဖြိုးတိုးတက်မှု (Development) ဖြစ်ရန် စီးပွားရေးတိုးတက်မှု (Economic growth) သာမက အခြားအချက်တွေပါ ပါဝင်နေတယ်ဆိုနေသည်။

၁၉၈၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဖရန်ကွားစ် ပါးရိုး (Francois Perroux) ၏ ဖွံ့ဖြိုးတိုးတက်မှု ၏ အမြင်သစ်တစ်ခု (A New Concept of Development) စာအုပ်တွင် ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်သော အချက်များကိုတင်ပြထားသည်။ သူက ဖွံ့ဖြိုးတိုးတက်မှု သည် ပြဇတ်ဆန်ဆန် အသိစိတ် နိုးကြားမှု ဖြစ်နေခြင်း၊ ကတိတစ်ခု၊ ကိစ္စတရပ် (သို့) မကြွင်းမကျန်ရပ်တည်နေရုံမှသာ ကိုယ်စားပြုနေကြမည် ဟုဖွင့်ဆိုပြသည်။ ယင်းတွင် အသိဥာဏ် ပညာ အရလည်း မှေးမှိန်သော သိမှုတစ်ခုသာ ဖြစ်နေမည်ဟုဆိုသည်။ ယင်းစာအုပ် နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (Personal development) သည် အခြား ဖွံ့ဖြိုးတိုးတက်မှုများ၏ အဓိကအကြောင်းရင်းကြီးများမှ တစ်ခုဖြစ်သည်။ သူ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ယူဆချက်သည် တိုးတက်ရေး၊ စီးပွားရေး နှင့် အခြားအခန်းကဏ တွေအတွက် စီမံကိန်းများတွင် လူသား နှင့် ယဉ်ကျေးမှု တန်ဖိုးများ (Human and Cultural values) သည် ခိုင်မာသော နေရာတွင်ရှိသည်ကို ဖော်ပြနေသည်။

ယူအမ်ဒီပီ (United Nations Development Programme) အနေနဲ့ တိုးပွားခြင်း (Growth) နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development) တို့ကြား ခြားနားမှုကို ဖွင့်ဆိုရှင်းပြရန် ၁၉၈၀ နှောင်းပိုင်းကာလ ကတည်းကပင် စတင်နိုင်ခဲ့သည်။ ၁၉၉၀ အစောပိုင်း ကာလကတည်းကပင် UNDP ၏ လူသား ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ (Human Development Report) ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး လူသား ဖွံ့ဖြိုးတိုးတက်မှု ၏ အသွင်အပြင်ကို အသိအမှတ်ပြုခဲ့သည်။ ၁၉၉၃ အစီရင်ခံစာ၏ အဓိကဖော်ထုတ်ချက်မှာ လူသား၏ ပါဝင်ဆောင်ရွတ်မှုကို (ကျွန်ုတို့ခေတ်၏ အဓိက ကိစ္စရပ်) (The central issue of our time) အဖြစ် မြင်ခြင်းဖြစ်သည်။



စီးပွားရေး အလွန် (Beyond Economics)

လူသား ဖွံ့ဖြိုးတိုးတက်မှု ထင်မြင်ယူဆချက်များကို အဓိကအချက်အဖြစ် နိုင်ငံတကာစီးပွားရေး ပညာရှင်များ၊ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ အတွေးအခေါ် များတွင် ထည့်သွင်း ယူဆနေစဉ် အတွင်းမှာဘဲ ဈေးကွက်စီးပွားရေး (Market Economy) ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ရေး အတွက် အလျှင်မြန်ဆုံး နှင့် အသေချာဆုံး နည်းလမ်း အဖြစ် အစိုးရများက သတ်မှတ်လာကြသည်။ စီးပွားရေး လုပ်ဆောင်မှုများသာ တိုင်းပြည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့တင်မြင်ယူဆ နေကြသည်။ စီးပွားရေး ကိုသာ “dues ex machina” ခေါ် “လိုလားတောင့်တနေတဲ့ အာရှသစ်အတွက် တံခါးအားလုံးရဲ့ သော့ကလောက်တွေ အတွက် အရေးပါဆုံးသော သော့တစ်ချောင်း” အဖြစ်တင်စားခဲ့ကြသည်။ ထိုအပြင် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး စိန်ခေါ်မှု၊ လူ့အခွင့်အရေး နှင့် တာဝန်ယူမှု စိန်ခေါ်မှု၊ ဒီမိုကရေစီ နှင့် အုပ်ချုပ်ရေး ဥပဒေ စိန်ခေါ်မှု၊ တရားမျှတရေး နှင့် ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှု၊ ယဉ်ကျေးမှု ပြန်လည်ရှင်သန်ခြင်း နှင့် ပလူရဲလ် လစ်ဆင် (Pluralism) စိန်ခေါ်မှု ကိုအောင်မြင်စွာ ဆုံဆည်းနိုင်ရန် အတွက် “တောင့်တင်းခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” ကိုသာ “မရှိမဖြစ် အရာ” တခုလိုမြင်ခဲ့ကြသည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” သည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ ပလူရဲလ် လစ်ဆင် (Pluralism) တို့်အတွက် မရှိမဖြစ်ဖြစ်သည် ဆိုသောအမြင် နှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တို့၏ ယဉ်ကျေးမှု တစ်ခုသည် “စဉ်ဆက်မပြတ် လူသား ဖွံ့ဖြိုးတိုးတက်မှု” (Sustained human development) အတွက် မရှိမဖြစ်ဖြစ်သည် ဆိုသောအမြင်တို့သည် သီအိုရီဆိုင်ရာ ချဉ်းကပ်မှု အတွက်သာ ခြားနားသည်ဟု အပေါ်ယံထင်ရသည်။ သို့ရာတွင် အနီးကပ် လေ့လာကြည့်မှသာလျှင် သူတို့၏ အခြေခံကျသော အစီအစဉ်ကွဲပြားမှုများကို ဖြစ်စေသော မတူကွဲပြားသော ချဉ်းကပ်မှုတွေကို တွေ့ရသည်။

စီးပွားရေးကို တံခါးအားလုံး၏ သော့ကလောက်များအတွက် အရေးပါဆုံးသော သော့တံတစ်ချောင်း အဖြစ် သဘောထားလိုက်ခြင်းသည် လူချမ်းသာများ သာလျှင် ဆုံးဖြတ်ပေးနိုင်သူများ ဖြစ်သွားသည်။ သူတို့၏ စီးပွားရေး လက်နက်ကိရိယာ သာလျှင် အားလုံးကို ဆုံးဖြတ်နိုင်သည့် သဘောဖြစ်သွားသည်။ ဒီအချက်ဟာ စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုအဖွဲ့အစည်းများက လူသားတို့အတွက် လုပ်ဆောင်နေသည်ဟု ခံယူထားသော ကမ္ဘာတစ်ခု၏ အမြင်နှင့် ကွဲပြားခြားနားနေသည်။ ယင်းကမ္ဘာတွင် ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု တို့၏ တပေါင်းတစည်းတည်း ဖြစ်မှုသည် လူသားတို့၏ အစွမ်းသတ္တိကို ဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသည်။

ယင်းကွဲပြားသော အမြင်များသည် လူမှုရေး နှင့် အမျိုးသားရေး စရိုက်ကို ဖြစ်စေသော အမျိုးမျိုးသော အစိတ်အပိုင်းများ အဖြစ်ပိုင်းဖြတ်ရာတွင် ကွဲပြားခြားနား သွားစေသည်။ ယင်းတွင် ဆင်းရဲမှု၊ တိုးတက်မှု၊ ယဉ်ကျေးမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးများ ကိုအခြေခံအမြင်များ အဖြစ်သတ်မှတ်ခြင်း တို့ပါဝင်သည်။ ထိုပြင် ယင်းတန်ဖိုး နှင့် အဓိပါယ်များကို မည်သူက ဆုံးဖြတ်ခွင့်ပါဝါ ရှိသည်လည်းပါဝင်သည်။

ယင်းတန်ဖိုးစနစ်တွင် ပါဝါရှိသူ နှင့်ပါဝါမရှိသူကြားတွင် တူညီမည်မဟုတ်ပေ။ လုပ်ပိုင်ခွင့်ရှိသူ (Privileged) နှင့် လုပ်ပိုင်ခွင့်မရှိသူ (Unprivileged) တို့၏ ထင်မြင်ယူဆချက်များ သည်လည်း မတူကွဲပြား သွားမည်ဖြစ်သည်။ ပါဝါ နှင့်လုပ်ပိုင်ခွင့် အရေးကိစ္စတွင် ချမ်းသာသူ (haves) နှင့် ဆင်းရဲသူ (haves-not) ကြားကွဲပြားခြားနားမှုသည် အရည်အတွက်ဆိုင်ရာ ကွဲပြားမှုသာလျှင် မဟုတ်ပေ။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ နှင့် အတွေးအခေါ်ပိုင်း ဆိုင်ရာတွင်လည်း အတော်အတန် ကွဲပြားမှုများရှိသည်။ စီးပွားရေး ကိုသာအလေးပေးသူများ အတွက် ပါဝါ နှင့် လုပ်ပိုင်ခွင့် ပုစ္ဆာကိုသာလျှင် ဇောင်းပေးနေရ၍ မျှမျှတတ ဖြစ်ခဲသည်။

ဆင်းရဲမှု ပြဿနာသည် လူ့သားတို့အတွက် စီးပွားရေး ချဉ်းကပ်မှု သတ်သတ်တစ်ခုတည်းဖြင့် ပြည့်စုံမည်မဟုတ်ကြောင်း ဖော်ပြနေသည်။ ဆရာဝန်တွေ၊ အဟာရ ပညာရှင်တွေ၊ အခြား သိပံပညာရှင် တွေတောင် ဆုံးရှုံးလစ်ဟာခြင်း (deprivation) ၏ ဓမ္မဓိဌာန်ကျသော အခြေအနေတွေ အကြောင်းပြောပြနိုင်သည်။

ဆင်းရဲမှုကို တိုက်ဖျက်ခြင်းဟာ ယင်းကဲ့သို့စီးပွားရေးတစ်ခု ကိုသာအလေးထားမှုကို ပြောင်းလဲစေတဲ့ လှုပ်ရှားမှု ဖြစ်စဉ်တစ်ခုကို ဖြစ်စေလိမ့်မည်။ ပါဝါ နှင့် လုပ်ပိုင်ခွင့်ရသူတွေသာ နေရာရနေသောကြောင့် ဆင်းရဲသားတွေမှာ ပါဝါမဲ့ပြီး အသံမဲ့နေရတယ်။ ပါဝါဆိုသည်မှာ လူမှုဆက်ဆံရေး နယ်ပယ်တစ်ခု အတွင်း လူတစ်ဦးတစ်ယောက်၏ ဆန္ဒကိုတွန်းအားဖြစ်စေသော၊ ဖော်ထုတ်ရဲသော ဖြစ်နိုင်စွမ်းရည် (possibility) တစ်ခုဖြစ်သည်။ ဆင်းရဲသားတွေမှာ တွန်းအားပေးခြင်း၊ အတင်းအကြပ် စေခိုင်းနိုင်ခြင်း၊ သြဇာလွမ်းမိုးနိုင်ခြင်း စသော စွမ်းရည်သတ္တိများမရှိနိုင်ကြပေ။

အဲဒါဟာ ဘာကိုဖော်ပြနေသလဲ ဆိုတော့ ဆင်းရဲသားတွေ အတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထောက်ပံ့ခြင်းသည် မလုံလောက်ကြောင်း ဖော်ပြနေသည်။ သူတို့ကို လုံလောက်တဲ့ ပံ့ပိုးတွန်းအားပေးမှု တွေလုပ်ပေးရမယ်။ အကြင်နာမဲ့တဲ့ ကမ္ဘာကြီးမှာ ငါတို့ဟာ အစွမ်းမရှိတဲ့ သူတွေ၊ အကူအညီမဲ့သူ တွေလို့ ထင်နေတဲ့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ကိုပြောင်းလဲပေးရပါမယ်။

လုပ်ပိုင်ခွင့်ပေးခြင်း (empowerment) ဟာ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံး အတွက် အဓိက ကျပါတယ်။ အဲဒါဟာ နိုင်ငံ (သို့) လူမှုအသုံးအဝိုင်း အပေါ် တွန်းအားပေးနိုင်သည့် စွမ်းရည် မည်သူ့တွင်ရှိသည်၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်တွင် လက်တွေ့ကျသော လုပ်ဆောင်မှုများ ကိုဆုံးဖြတ်ပေးနိုင်မည့်သူ ကိုဆုံးဖြတ်ပေးသည်။ တပါတီအာဏာရှင် (totalitarian) စနစ် ပီပြင်လေလေ လုပ်ပိုင်ခွင့်အာဏာများဟာ အုပ်စိုးသူအီလစ် (ruling elite) တို့၏ လက်ထဲတွင်ရှိလေ ဖြစ်ပြီး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကျဉ်းမြောင်းသော ရည်ရွယ်ချက်တွေနဲ့ လုပ်လေဖြစ်သည်။ ယဉ်ကျေးမှု ကိုလည်း “ခေတ်အမှီဆုံး” (the most recent)၊ “အဆင့်အမြင့်ဆုံးသော ဖွံ့ဖြိုးတိုးတက်မှု (သို့) ဘဝရဲ့ ရှင်သန်မှု နှင့် လုံခြုံမှု ကိုတိုးမြှင့်ခြင်း အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယဉ်ကျေးမှု အပေါ် အဓိပါယ် ဖွင့်ဆိုချက်သည် နက်နဲ ကျယ်ပြန့်သည်။ ပျော့ပြောင်းမှု (flexible) နှင့် အတင်းအကြပ် မဆန်သော အရည်အချင်းများ (noncompulsive qualities) ကိုအလေးထားသည်။ စိတ်ဝင်စားမှု ကျဉ်းလာလေလေ ဌင်း သည်လည်း မလှုပ်မရှား (Static) နှင့် တင်းတင်းမာမာ (rigid) ဖြစ်လာမည်။ ထိုပြင် အတင်းအကြပ်ဆန်သော အသွင်ဆောင်လာမည်။ “အမျိုးသား ယဉ်ကျေးမှု” (national culture) သည်လည်း အသေးစိတ် ရွေးချယ်ထားသော သမိုင်းဆိုင်ရာ အဖြစ်အပျက်များ နှင့် အဓိပါယ်လွဲမှားနေသော လူမှုတန်ဖိုး တို့၏ အမြင်ရိုင်းသော အပင်ဆက် (graft) တစ်ခုလိုဖြစ်သွားနိုင်သည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စီးပွားရေးတိုးတက်မှု၏ ဟောင်းနွမ်းသော အမြင်တစ်ခုလို ဖြစ်သွားမည်။ စာရင်းဇယား ကိန်းဂဏာန်းများကိုလည်း ရုံးပိုင်းဆိုင်ရာ လူပ်ဆောင်မှု၏ အောင်မြင်မှုများကို သက်သေပြဖို့ ရွတ်ပြပါလိမ့်အုံးမည်။

အာဏာပိုင်အစိုးရအများစုဟာ ခေတ်မီဖွံ့ဖြိုးမှုရှေ့မျက်နှာပြင်မှာတော့ ပေါ်လွင်ဆိုတဲ့ဆန္ဒတော့ရှိကြပါတယ်။ ဒါ ပေမယ့် စစ်မှန်တဲ့ ပြောင်းလဲမှုလုပ်ဆောင်ရမှာကိုတော့ တွန့်ဆုတ်နေကြတယ်။ အဲ့လို အစိုးရမျိုးတွေဟာ ခေတ် နဲ့အမီ လိုက်နိုင်ဖို့ သူတို့အနေနဲ့ နိုင်ငံရေးစနစ်တစ်ခု ဆီရောက်နိုင်မယ့် အမျိုးသားစရိုက် (သို့) ပြည်တွင်းဖြစ် စံပြ လမ်းစဉ်တစ်ခုကို ဖော်ဆောင်နေတယ်လို့လည်း ဖော်ပြတတ်ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးပြီးချင်း ဆယ် စုနှစ်များအတွင်းမှာဘဲ ဆိုရှယ်လစ်ဝါဒ (Socialism) ဟာ လူကြိုက်များလာခဲ့တယ်။ ဒါပေမယ့် ၁၉၈၀ နှောင်း ပိုင်းကာလတွေကစပြီး ဒီမိုကရေစီဝါဒ (Democracy) ဟာ အခြေခိုင်မာလာခဲ့တယ်။ အမျိုးသားရေး (သို့) တိုင်းရင်းဖြစ်လမ်းစဉ်ဟာ ဆိုရှယ်လစ်ဇင်လား … ဒီမိုကရေစီလား … ဆိုတဲ့ အာရုံစိုက်မှုဟာ လုပ်ငန်းစဉ် (Process) နှင့် ပန်းတိုင် (Goal) နှစ်ခုစလုံးအနေနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်လက်ဖြစ်ခြင်း သက်ရောက်မှုများရှိနေ သည်။ အပြန်အလှန်အားဖြင့် ဓလေ့ထုံးစံအားဖြင့်သော်လည်းကောင်း၊ လုပ်ငန်းစဉ်ပိုင်းအရသော်လည်းကောင်း၊ သီးခြားအသုံးအနှုန်းများအနေနဲ့ ဒီမိုကရေစီ (သို့) ဆိုရှယ်လစ်ဝါဒတစ်ခုခုကို မဖြစ်မနေ အဓိပ္ပါယ်ဖွင့်ဆိုကြ သည်။ အဲ့ဒါဟာ ဝေဖန်ဆုံးဖြတ်ပေးနိုင်သူ (Arbiter) နှင့် အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်သူ (Interpreter) ကဲ့သို့ လို အပ်သောနေရာများအတွက် နိုင်ငံရေးအီလစ်များ ဖြစ်တည်ပေါ်ပေါက်ရေးကိုဖြစ်စေသည်။ ထိုသူများဟာ ယဉ် ကျေးမှုပိုင်းဆိုင်ရာကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆောင်ရန်ရှောင်ရန် (Do or Do Not) တွေကို လုပ်ဆောင် သည်။

လူ့အခွင့်အရေးကို အခြေပြုတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ ယဉ်ကျေးမှုခိုင်မာမှု၊ လူမှုရေးတည်ငြိမ်မှု နှင့် အမျိုးသား လုံခြုံရေးဆိုတဲ့ နာမည်တွေ နဲ့တပ်ပြီး အာဏာပိုင်အစိုးရတွေရဲ့ တားဆီးပိတ်ပင်ခြင်းကိုခံနေရပါတယ်။ အနောက်တိုင်း လူမှုအသိုင်းအ၀ိုင်းရဲ့ အဆိုးဝါးဆုံး နိုင်ငံတွေမှာဆို ဒီမိုကရေစီကို အထိန်းအကွပ်မဲ့သော လွတ်လပ်ခြင်း၊ ကိုယ်ကျိုးကြည့် တစ်ကိုယ်ကောင်းဝါဒတို့ရဲ့ ဘိုးဘေးဘီဘင်ကြီး (Progenitor) အဖြစ် ထင်ယောင်မြင် ယောင်လုပ်ပြီး တဖြည်းဖြည်း အယုံသွင်းလာတာတွေရှိတယ်။ ဒီမိုကရေစီတန်ဖိုး (Democratic Values) တွေနဲ့ လူ့အခွင့်အရေး တွေဟာ အမျိုးသား ယဉ်ကျေးမှုတွေကို ဆန့်ကျင်နေတယ်လို့ ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘဲ စွပ်စွဲတာတွေလည်းရှိတယ်။ ဒါကြောင့်မို့ တကယ် အကျိုးရှိအောင် လိုအပ်သလို ပြုပြင်ယူရမယ်လို့ ဆိုတာတွေလည်းရှိတယ်။ ဒီမိုကရေစီနဲ့ မသင့်တော်သေးဘူးလို့လည်း လူတွေကို ပြောကြတာတွေ ရှိတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ အချိန်တွေက အများကြီးပေးနေရတယ်။

ဒီလို ထင်မြင်ယူဆချက်တွေကို ချေပမှုရဲ့ ပထမပုံစံကတော့ အမေရိကန် (USA) ဟာ ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အကောင်းဆုံး နမူနာတစ်ခုပါဘဲ။ အမေရိကန်နိုင်ငံဟာ အခြားယဉ်ကျေးမှုများကို ကိုယ်စားပြုနေတဲ့အပြင် ဒီမိုက ရေစီယဉ်ကျေးမှုရဲ့အရေးအပါဆုံး ကိုယ်စား လှယ်တော်ကြီး လိုဖြစ်ပါတယ်။ ဒါတောင် အချို့တွေက ဒီအချက် တွေကိုကျော်ပြီး အမေရိကန်ယဉ်ကျေးမှုကို ဣနြေ္ဒမဲ့ အရှုပ်ထုတ်ကြီးလို့ မြင်စေချင်ကြပါသေးတယ်။ အဲ့ဒီမှာဆိုရင် I-Want-It-All ဖောက်သည်ယဉ်ကျေးမှု၊ မီဂါစီးတီးယဉ်ကျေးမှု (Megacity Culture)၊ စူပါပါဝါယဉ်ကျေးမှု၊ နယ်ခြားစီးခြား ယဉ်ကျေးမှု (Frontier Culture)၊ ကူးပြောင်းလာသူယဉ်ကျေးမှု (Immigrant Culture) တို့ပါဝင် သည်။ ထို့ပြင် ခိုင်မာသော မီဒီယာ ယဉ်ကျေးမှု (Media Culture) လည်းဘဲရှိသေးသည်။ ယင်း မီဒီယာ ယဉ် ကျေးမှုသည် အမေရိကန်လူ့အဖွဲ့အစည်း၏ များမြောင်လှသော ပြဿနာ ပေါင်းများစွာကို ဖြစ်ပေါ်စေသည်ဟု လည်းဆိုကြသည်။ ထို့ပြင် လမ်းမပေါ်အကြမ်းဖက်မှု၊ မူးယစ်ဆေးအလွဲသုံးစားပြုမူ မှသည် လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာအခက်အခဲများအထိ ရှိသည်ဟု ဆိုကြသေးသည်။

အမေရိကန်လူ့အဖွဲ့အစည်း ဆိုးရွားမှုများကို ဒီမိုကရေစီအမွေအနှစ် (Democratic Legacy) ဖြင့် ခြေရာကောက် ၍ မရနိုင်ပေ။ သို့သော် ခေတ်မီရုပ်ဝါဒ များ၏ တောင်းဆိုချက်များနဲ့တော့ ခြေရာကောက်နိုင်သည်။ ဒီလိုမျိုးဆိုး ရွားမှုတွေကို အခြားဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွေလည်း အဆင့် အလိုက် ကွဲပြားခြားနားစွာတွေ့နေရသည်။

ဆိုးရွားသော တစ်ကိုယ်တည်းလွတ်လပ်စွာယုံကြည်ခွင့်ဝါဒ (Gross Individualism) နှင့် လည်ပင်းဖြတ်ကိုယ် ကျင့်တရားဝါဒ (Cut-Throat Morality) များဟာ နိုင်ငံရေးနှင့်အသိပညာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေ နှိပ်ကွပ် ခံနေရပြီး တဖက်မှာလည်း ဂုဏ်သိက္ခာနှင့်တိုးတက်ရေးကို တိုင်းတာနိုင်မယ့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အောင်မြင်မှု တွေရဖို့ ထိတ်လန့်စရာကောင်းသော စီးပွားရေးပြိုင်ဆိုင်မှုများ ဖြစ်ပေါ်သောအချိန်ကာလတွင် ပေါ်ပေါက်လာခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ယဉ်ကျေးမှု နှင့် လူ့တန်ဖိုးများဘေးရောက်ပြီး ငွေတန်ဖိုးကြီးစိုးသော လူ့အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာသည်။ အလုံးစုံပြီး ပြည့်စုံတဲ့နိုင်ငံရေး (သို့) လူမှုရေးစနစ်ဆိုတာမရှိပါဘူး။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများဟာ အနောက်တိုင်းမဟုတ်သော ယဉ်ကျေးမှုများကို ဆန့်ကျင်နေသည်ဟု ပြောဆိုနေချိန်မှာဘဲ ယင်းယဉ်ကျေးမှုများကို ကျောက်ဆစ်ရုပ်တစ်ခု (Monolithic) တစ်ခုလို ကျဉ်းမြောင်းစွာ အဓိပ္ပါယ်သတ်မှတ်ခြင်း၊ သဘောထားခြင်းများ ပြုနေကြသည်။ တကယ်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို မြှင့်တင်လိုသော တန်ဖိုးများကို များပြားလှသော ယဉ်ကျေးမှုများတွင် တွေ့နေရသည်။ ကမ္ဘာပေါ်ရှိ လူသားများ သည် သူတို့ရဲ့ ပြည့်ဝတဲ့ အလားအလာတွေ အမှန်တကယ် ဖြစ်စေဖို့ လွတ်လပ်ခြင်း နဲ့ လုံခြုံရေးကို လိုအပ်နေ ကြပါတယ်။

လွတ်လပ်ခွင့်ကို မဖျက်ဆီးဘဲ လုံခြုံရေးကို ဖန်တီးပေးနိုင်သော အစိုးရတစ်ခုပုံစံတစ်ခုလို လိုလားချက်တွေဟာ အလှမ်းအလွန် ကွာဝေးနေသည်။ အရှေ့တိုင်းကော၊ အနောက်တိုင်း နှစ်ခုစလုံးရဲ့ ယဉ်ကျေးမှုအားလုံးထဲမှာ အာဏာရှင်စနစ် (dictatorship)နှင့် ကြမ်းတမ်းသောအစိုးရ (strong governments)ကို လိုလားနှစ်သက်သလို ထောက်ခံပေးနေခြင်းကိုတွေ့နေရပါတယ်။ ကြီးစိုးလိုသောဆန္ဒ နှင့် အင်အားကြီးမှုကို မြှင့်မြှောက် လိုသော စိတ်တိမ်းညွတ်ခြင်းသည် လူအများ၏ ထူးခြားတဲ့အချက် ဖြစ်ပြီး ဒီစိတ်ဟာလည်း လုံခြုံရေးအတွက် ဆန္ဒတစ်ခုမှ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုဟာ လုံခြုံရေး နှင့် လွတ်လပ်ခြင်း၏ ကာကွယ်မှုကိုဖြစ်စေသော စနစ် (System) တစ်ခုကို ရွေးချယ်နိုင်သည်။ ထို့ပြင် နိုင်ငံသည် တစ်ဦး တစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းများကို သူတို့၏ ကိုယ်ပိုင်လွတ်လပ်မှု နှင့် လုံခြုံရေးကို ကာကွယ်နိုင်ရန် လုံလောက်သော အင်အားကို ပေးနိုင်သည့် အဖွဲ့အစည်းများ နှင့် လက်တွေ့လုပ်ဆောင်မှုများကိုလည်း ရွေးချယ် နိုင်သည်။ ဒီရွေးချယ်မှုများကသာလျှင် အဲ့ဒီ တိုင်းပြည်သည် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အတွက် မည်မျှ ပေါက်ရောက်သွားမည်ကို ဆုံးဖြတ်သည်။

အဓိပ္ပါယ်ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက် အားထုတ်နေသော တတိယကမ္ဘာမှ နိုင်ငံ များသည် လူမျိုးစု အမျိုးမျိုးပါသော လူ့အဖွဲ့အစည်း (Multiracial Societies) များဖြစ်ကြသည်။ ယင်းနိုင်ငံများ တွင် ချယ်လှယ်နေသော လူမျိုးစုကြီးတစ်ခုရှိသည်။ တခါတရံ အုပ်စုငယ်များ မြောက်မြားစွာလည်း ရှိတတ်သည်။ ဆင်းရဲခြင်းဟာ အခြေခံစီးပွားရေးလိုအပ်ချက်တွေနဲ့ ကျေနပ်ဖွယ်မကောင်းတော့သလို “ လူနည်းစု ” (Minority) သည်လည်း အရေအတွက်အားဖြင့်မျှသာ သတ်မှတ်၍မရတော့ပေ။ ဥပမာအနေနဲ့ “ မြန်မာ့သမိုင်း မှ လူနည်းစုများကို လေ့လာခြင်း ” စာတမ်းတစ်ခုတွင် တွေ့နိုင်သည်။

နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင်း လူနည်းစုများ၏ အထင်အမြင်သည် ပြောင်းလဲခဲ့သည်။ အုပ်စုတစ်ခုက သူ့တို့ကိုယ်သူတို့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်သောအခါ အခြားအုပ်စုများသည် လူ နည်းစုများ ဖြစ်သွားသည်။ ထို့ကြောင့် မိရိုးဖလာ မြန်မာနိုင်ငံတွင် လူနည်းစုများရှိနေခဲ့ပြီး ပါဝါအီလစ် (Power Elite) များနှင့် နီးစပ်သောသူများက သူတို့ကိုယ်သူတို့ အထက်တန်းကျသူများအဖြစ် တွေးထင်နေကြပြီး ပါဝါအီ လစ်များနဲ့ အလှမ်းဝေးသူများကို အဆင့်နိမ့်ကျသူ (Inferior) များအဖြစ် တွေးထင်နေကြသည်။ လူများစု တည်ဆောက်ခြင်းအတွက် စံနှုန်းများကို လူမျိုးရေး (Race) သို့မဟုတ် တိုင်းရင်းသားအုပ်စုကို အခြေပြုခဲ့ခြင်း မဟုတ်ပေ။ သို့သော် ပါဝါပိုင်ဆိုင်မှုကို အခြေပြုခြင်းဖြစ်သည်။ ထို့ကြောင့် လူနည်းစုများဟာ ပါဝါအားနည်းသော လူများဖြစ်ကြရသည်။

နောက်တစ်ဖန်ဆင်းရဲခြင်းကိစ္စနှင့်ပတ်သက်၍လည်း အဲ့ဒါဟာ လုပ်ပိုင်ခွင့်ကိစ္စ တစ်ရပ်လည်းဖြစ်သည်။ အခြေခံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်ကြိုတင်ပြင်ဆင်မှုများသည် လူနည်းစုအုပ်စုများနှင့် တိုင်းရင်းသားများအတွက် သူတို့ဟာ နိုင်ငံတော်၏ စစ်မှန်သော အစိတ်အပိုင်းဖြစ်ကြောင်း ခံစားမိအောင် လုပ်ရာမှာ မဖူလုံ၊ မလုံလောက်ပေ။ ယင်းကြောင့် သူတို့ကို ယုံကြည်မှု ရှိစေရမည်။ သူတို့ဟာ နိုင်ငံ၏ ကံကြမ္မာကို ပုံဖော်ရာမှာ ပါဝင်နိုင် လောက်အောင် တက်ကြွသော အခန်းကဏ္ဍတွေရှိသည်ဟု ယုံကြည်မှုရှိစေရမည်။ ဆင်းရဲမှုဟာ လူ့အဖွဲ့အစည်းတစ်ခု လုံးကို ဂုဏ်သိက္ခာကျစေပြီး လူနည်းစုတွေ၏ မကျေနပ်ချက်များသည် နိုင်ငံတွင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုများဖြစ်သည်။ အာဏာသည် လူနည်းစုသာပါသော လူတစ်စု ၏ လက်တွင်သာ စုပြုံနေသော တိုင်းနိုင်ငံများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ခြိမ်းခြောက်မှုများသည် အစဉ်အမြဲဖြစ်ပေါ်နေမည်။

အလွန်လျှင်မြန်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု အစီအစဉ်များ အတွင်း၌သာ အောင်မြင်နိုင်သည်ဟု အာရှသစ်ကော်မရှင် (The Commission for New Asia) မှ ဖော်ပြသည်။ ယင်းတွင် လူမှုတည်ငြိမ်ရေး၊ ပြည်သူ့အစီအစဉ် (Public Order) နှင့် အသိပညာ မြှင့်ပြီး ခိုင်မာသော အစိုးရများရှိကြပြီး လူမှုရေးအဓိကရုဏ်းများနှင့် ကသောင်းကနင်းဖြစ်မှုများမရှိဟု ဆိုထား သည်။

ယင်းဝေဖန်ထောက်ပြချက်များသည် စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေးတို့အကြား ပတ်သတ်ဆက်နွယ်မှုများကို မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။ သို့သော် လိုလားတောင့်တဖွယ်ကောင်းသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ပြည်သူ့အစီအစဉ်များကိုသာ လုပ်ဆောင်ရမည်ဟု အဓိပ္ပါယ်ကောက်သွားနိုင်သည်။ ယင်းအချက်သည် အန္တ ရာယ်တစ်ခုဖြစ်သည်။ ယခုလိုအဓိပ္ပါယ်ကောက်ခြင်း (Interpretation) သည် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အဓိ ပ္ပါယ်ကို လွဲသွားစေသည်။ ခိုင်မာသော အစိုးရနှင့်အာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုများကို ထိန်းညှိရန် အတွက်လည်း ယင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုအသုံးချနိုင်သည်။



ပြည်သူအား အခွင့်အရေးပေးအပ်ခြင်း (Empowering the People)

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်လာခြင်းသည် လူသားတို့၏ ပျော်ရွင်မှုအတွက် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး တစ်ခါတစ်ရံ လူသား၏ စိတ်ဝိဥာဉ်ကိုလည်း နာကျင်စေသည်။ ရေရှည်တွင် လူသားတို့ကို ဒုက္ခအကြီးအကျယ်ရောက် စေနိုင်သည်။ ဈေးကွက်စီးပွားရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို လမ်းပွင့်စေပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုသာ လူသားတို့၏ လိုအပ်ချက် တစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုသော ဘောင်တစ်ခုထဲအတွင်း၌ လုပ်ဆောင်စေသည်။

ဈေးကွက်များသည် လူသားတို့အပေါ် ၀န်ဆောင်မှုများပေးသင့်သည်။ လူသားတို့က ဈေးကွက်၏ လက်အောက် ခံဖြစ်မနေသင့်ပေဟု ၁၉၉၃ လူသားဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (The Human Development Report) တွင် ထောက်ပြထားသည်။ ဆက်လက်ပြီး နိုင်ငံတော်နှင့်ဈေးကွက်နှစ်ခု စလုံးကို လူတွေကသာ လမ်းညွှန်မှုပေးသင့်သည်ဟု ဆိုထားသည်။ နိုင်ငံနှင့်ဈေးကွက်သည် တစ်ခုနှင့်တစ်ခုပေါင်းစပ်လုပ်နေရမည်။ ယင်းနှစ်ခုစလုံးကို ထိ ထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လုံလောက်သော အခွင့်အရေးကို လူသားတွေကို ပေးအပ်ထားရမည်။

အခွင့်အာဏာပေးခြင်း (Empowerment) သို့တဖန် ပြန်ရောက်သွားသည်။ ယင်းသည် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်အောက်မှာ အကျိုးကျေးဇူး ဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။ အပြန်အလှန်အားဖြင့် စစ်မှန်သောငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို လုပ်နိုင်သော ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာကိုလည်း ဆုံးဖြတ်ပေးလိမ့်မည်။ ဒီမိုကရေစီကဲ့သို့သော ပြည်သူုကိုအခွင့်အရေးပေးအပ်ဖို့ ရည်ရွယ်သော နိုင်ငံရေးစနစ်သည် မရှိမဖြစ် လိုအပ်သည်။ ၎င်းသည် ပြည်သူုအတွက် ပြည်သူုတွေက လုပ်ဆောင်လိုက်သော ပြည်သူ့ ဖွံ့ဖြိုးတိုးတက်မှု (Development of the People for the People by the People) ဖြစ်သည်။

နိုင်ငံတော်အစိုးရတွေဟာ သူ့ပြည်သူတွေ အစိုးရအဖွဲ့မှာ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် နှင့် သူတို့၏ ဘ၀ကို သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့်နည်းလမ်းသစ်များကို ရှာဖွေပေးရမည်။ အဲ့လိုမလုပ်ရင်ဖြစ်စေ၊ အချိန်မီမလုပ်ဆောင်နိုင်ရင်ဖြစ်စေ၊ မချုပ်တည်းနိုင်တော့သော ပြည်သူတို့၏ အုံကြွခြင်း ဒီရေဟာ မပျော့ပြောင်းသောစနစ်နှင့်မလွဲမသွေ ထိပ်တိုက်တွေ့ကြလိမ့်မည်ဖြစ်သည်။ အဲ့ဒါဟာ မင်းမဲ့အခြေအ နေ (Anarchy) နှင့် ကသောင်းကနင်းဖြစ်မှု (Chaos) ဆီ ဦးတည်သွားလိမ့်မည်။ လျှင်မြန်သော ဒီမိုကရေစီဖော် ဆောင်ရေး နှင့် လူမှုအဖွဲ့အစည်းများ (Civil Society) ကို တောင့်တင်းအောင် ဆောင်ရွက်ခြင်းများဟာ အသင့် တော်ဆုံးသော တုန့်ပြန်မှုဖြစ်သည်။

ဒီမိုကရေစီအစိုးရတွေ ပထမဆုံးဖြစ်ထွန်းပေါ်ပေါက်ခဲ့တဲ့ အနောက်နိုင်ငံတွေမှာဆိုရင်လည်း ဒီမိုကရေစီဖြစ်ထွန်း ဖို့ အချိန်ကာလ အတော်ကြာအောင် ကြိုးစားခဲ့ကြရတာဘဲလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တုန့်ဆိုင်းနေ သော အာဖရိက နှင့် အာရှတိုက်နိုင်ငံများ၏ ဆင်ခြေသည် အခြေအမြစ်မခိုင်လုံပေ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုရာမှာ လူတွေနဲ့ လူမှုအဖွဲ့အစည်းတွေအတွက် ကြိုတင်သတ်မှတ်ထားသော အဆင့်များမရှိကြောင်းကို ကမ္ဘာ့သမိုင်း တွေက သက်သေပြနေသည်။ ထို့အပြင် နောက်ပေါက်နိုင်ငံများ (Latecomers) သည် ရှေးဦးနိုင်ငံများ၏ အတွေ့ အကြုံအများကို အသုံးချနိုင်သည်။ အမှားတွေနှင့်အတားအဆီးများ ရှောင်နိုင်သည်။

အမြန်လုပ် အနှေးဖြစ် ” (Making Haste Slowly) သည် တစ်ခါတစ်ရံ တိုးတက်ဖို့လုပ်ရင်းကနေ နောက်ပြန် ရောက်သွားသည့်သဘာဝကို ဆိုသည်။ သို့သော် တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ နှောင့်နှေးခြင်း (Slowly) ကို အလွန်အမင်း အလေးပေးနေခြင်းသည် ဘေးအန္တရာယ်အတွက် ဆေးညွှန်း တစ်ခု (Recipe) လို ဖြစ်သွားနိုင် သည်။

ဒီမိုကရေစီအစိုးရပုံစံကို လက်ခံကျင့်သုံးနေသော နိုင်ငံများအတွင်းမှာပင် ဒီမိုကရေစီကို ပုံစံအမျိုးမျိုးဖြင့် ကျင့် သုံးနေကြသည်။ အနောက်တိုင်း ဒီမိုကရေစီ (Western Democracy) ပုံစံတစ်မျိုးတည်း ရပ်တည်နေခြင်းမဟုတ် သလို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန် ကဲ့သို့ သော လက်တစ်ဆုပ်စာနိုင်ငံများအတွက်သာ ဒီမိုကရေ စီကို ကန့်သတ်ပေးထားတာလည်း မဟုတ်ပေ။ ဒီမိုကရေစီသည် အရှေ့ဥရောပ (Eastern Europe) သို့ ပျံ့နှံ့လာ သည်နှင့်အမျှ အစိုးရ၏ ဒီမိုကရေစီပုံစံများသည်လည်း ကွဲပြားမှုတိုးလာကြသည်။ ဒီမိုကရေစီနိုင်ငံ များတွင် သူတို့၏ ကိုယ်ပိုင် စရိုက်လက္ခဏာများရှိလာကြသည်။ အလားတူစွာဘဲ အာရှဒီမိုကရေစီ (Asian Democracy) သည်လည်း ပုံစံတစ်ခုတည်းမဖြစ်နိုင်ပေ။ နိုင်ငံတစ်ခုချင်း အလိုက် သူတို့၏ လူမှုရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေး လိုအပ်ချက်များနှင့် ကိုက်ညီသော သီးခြားလက္ခဏာတစ်ခုကို ဒီမိုကရေစီစနစ်က ဖြစ်ထွန်း စေလိမ့်မည်။ ယင်းသည် စစ်မှန်သော ဒီမိုကရေစီ အခြေခံလိုအပ်ချက် လည်းဖြစ်သည်။ သို့သော် ပြည်သူတို့သည် သူတို့တိုင်းပြည်၏ အစိုးရထံတွင် အထူးတလည်ပါဝင်နိုင်ရေးအတွက် လုံလောက်သော အခွင့်အာဏာများကို ပြည်သူအားပေးအပ် ထားသင့်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (The Universal Declaration of Human Rights) ၏ အပိုဒ် ၃၀ စလုံးသည် ပြည်သူထံအခွင့်အရေးပေးအပ်ဖို့သာ ရည်ရွယ်နေသည်။ ယင်းလူ့အခွင့်အရေးများမရှိလျှင် ဒီမိုကရေစီဓလေ့စရိုက်သည်လည်း အခွံချည်းသာ ဖြစ်ပေလိမ့်မည်။ ထိုအခါ ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ် စေမည်မဟုတ်ပေ။ အာဏာပိုင်များ၏ ကျူးကျော်ဖေါက်ဖျက်မှု ကိုလည်း ခုခံနိုင်မည် မဟုတ်ပေ။

ဒီမိုကရေစီဖြစ်စဉ်သည် အကြမ်းမဖက်ဘဲ နိုင်ငံရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးသည်။ ဒီမိုကရေစီ၏ လွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း နှင့် ငြင်းခုံခြင်းဓလေ့သည် လက်နက်ကိုင်ပဋိပက္ခများ လုပ်စရာမလို ဘဲ မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်စေသည်။ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးယဉ်ကျေးမှုသည် ကွဲပြားခြားနားမှုမ ရှိစေဘဲ ညီညီညွတ်ညွတ်၊ အင်တိုက်အားတိုက် ဆောင်ရွက်လိုစိတ်ကို ဖော်ဆောင်ပေးသည်။ အဲ့ဒါဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှုတို့ကို ခွဲခြားထား၍ မရကြောင်း သက်သေပြခြင်းဖြစ်သည်။ ဒီမိုကရေစီ နည်းလမ်းများ မှတဆင့် ပြည်သူလူထုကို အခွင့်အာဏာပေးအပ်ဖို့ ရှာဖွေရမည်။ သို့မှသာ ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းအားလုံးသည် ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှု မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအ၀ိုင်းဆီသို့ (Toward Global Community)

ကျမရဲ့တင်ပြချက်ကို နိဂုံးချုပ်ပါရစေ။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံနိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အလိုပြည့်ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင်ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်ဆန်ဆန်ပြုမှုကျင့်ကြံနေကြသော နိုင်ငံရေးဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့တစ်ခု ရှိနေသည်။ ယင်းကမ္ဘာတစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှုတန်ဖိုးများ အလွန်အရေးပါစေရန် အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလိုပြည့်ဝမှု အချက်များကသာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်ကူးပြောင်းရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျ သော ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်းအထက်ကရှိသော၊ လူသားတန်ဖိုး (Human Worth) သည် အာဏာပါဝါအထက်ကရှိနေသော လူ့အဖွဲ့အစည်းများတည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံအရဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေးများရှိသော ဒီမိုကရေစီကိုသာ လိုအပ်နေသည်။

ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သူ့အလိုလိုတစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး လိုက်သည်။ ယင်းပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည်သွားစေသည်။ ဆင်းရဲမှုတိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ကမ္ဘာ၏လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်နိုင်တဲ့ အသိစိတ်ဓါတ် ရှိသွားစေရမည်။ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးနေတဲ့အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့နေမှာဘဲ။ တစ်ပါတီ အာဏာရှင်များအနေနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို တုန့်ဆိုင်းနေသည်နှင့်အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်းသွားနိုင်သည်။ နိုင်ငံ့ပေါ်လစီအောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။ ဒီမိုကရေစီတန်ဖိုးနှင့် လူ့အခွင့်အရေးများသည် အမျိုးသားယဉ်ကျေးမှုကို ဆန့် ကျင်နေသည်ဟု ပြောဆိုနေသည်များလည်းရှိသည်။ လူများကလည်း အစိုးရအတွက် မသင့်တော်ပေဘူး ဟု ထင်မြင်လာအောင်လုပ်နေသည်များလည်းရှိသည်။ အမှန်တရားနှင့်အလွန်ဝေးကွာနေသော အရာမရှိပါ။ ယခု ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force) အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေးဆိုသည်မှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီဖော်ဆောင်ရေးနှင့်လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ် သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ဆန္ဒရှိတယ်ဆိုရင် ပြည်သူကို အခွင့်အာဏာ အပ်နှင်းနိုင်သော လှုပ်ရှားမှုများကို အားပေးထောက်ပံ့သွားရမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှုတစ်ခုကို တနေ့သောအခါတွင် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်သည်။

အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်း ဆောင်တစ်ဦးလည်းဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာစစ်အာဏာရှင်များ၏ နေအိမ်အကျယ်ချုပ်ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက်မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကော်မတီရှင် (The World Commission on Culture and Development) အစည်းအဝေးအတွက် Empowerment for a Culture of Peace and Democracy ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာရပ်ခံချက်အရ သူမကိုယ်စား ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အမေစု မျှော်မှန်းသော ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး မြန်မာနိုင်ငံတွင် အမြန်ဆုံးပေါ်ပေါက်ပါစေ။

မလေးရှား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့ကြီးက ပြုလုပ်ကျင်းပသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ တွင် ဖြန့်ဝေရန် မြန်မာဒုက္ခသည်များ အစည်းအရုံး (BRO) မှ ဘာသာပြန်ပေးရန် အကူအညီတောင်းသဖြင့် ကျွန်တော် ဘလော့ခ်ဂါ အလင်းဆက် မှ ကြိုးစားပြီး ဆီလျှော်အောင် ဘာသာပြန် လိုက်ရပါသည်။ ကျွန်တော် အမေအရင်းတစ်ယောက်လို အလွန် လေးစားချစ်ခင်ရသော ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော သုတေသန စာတမ်းတစ်ခုကို အမေ့မွေးနေ့ အတွက် အမှတ်အရ ဖော်ပြခွင့်ရ၍ ဝမ်းသာဂုဏ်ယူမိပါတယ်။ အထူးသဖြင့် မိမိအနည်းငယ် နားလည်တတ်မြောက်ထားသော အသိပညာ ဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အနည်းငယ် ပါဝင်လုပ်ကိုင်ခွင့်ရလို့လည်း ကျေနပ်ပါမိပါတယ်။ အမေစု အပါအဝင် အမှန်တကယ် ပေးဆပ်နေသူအားလုံးကို ရင်ထဲကနေ လေးစားဂါရဝပြုလိုက်ပါတယ်။ အမှားအယွင်းရှိပါက ကျွန်တော်၏ ဘာသာပြန် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။

ဘာသာပြန်။ ။ဘလောခ့်ဂါ အလင်းဆက် (. ဇွန်လ. ၂၀၁၀)

စီစဉ်သူများ။ ။ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ

ဆက်လက်ဖက်ရှုရန်...