Tuesday, June 15, 2010

အာဏာရှင်ကြီး နိဂုံးချုပ်မဲ့ချိန် (ကဗျာ)



အာဏာရှင်ကြီး နိဂုံးချုပ်မဲ့ချိန်

ဒီကမ္ဘာကြီးမှာ အံ့သြစရာ
ခေါင်းဆောင်နှစ်ဦးရှိလေရဲ့၊
တစ်ဦးက ဒီမိုကရေစီကို ယုံကြည်သတဲ့။
နောက်တစ်ဦး ကတော့ အာဏာရှင် ဖြစ်နေရဲ့။
နှစ်ဦးစလုံးဟာ ပြည်သူတွေထဲက ပေါက်ဖွားလာတာဖြစ်တယ်။

ဥာဏ်အမြော်အမြင်ကြီးတဲ့ ပြည်သူတွေဟာ
ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ကြပြီး
ပညာမဲ့ ပြည်သူတွေက အာဏာရှင်တွေကို မွေးထုတ်ကြတယ်။
အာဏာမှိုင်းနဲ့ ကန်းနေတဲ့ အာဏာရှင်တွေ
ပြည်သူတွေမှာ ဥာဏ်အလင်းရှိရင်
သူတို့တွေ မအုပ်ချုပ်နိုင်ပေဘူး။

အာဏာရှင်ဟာ ပြည်သူတွေရဲ့
မသိနားမလည်မှုတွေကို အခွင့်ကောင်းယူတယ်။
ပြည်သူတွေ လူ့အခွင့်အရေးကို
နားလည်လိုက်တာနဲ့ တပြိုင်နက်တည်း
အာဏာရူးကြီးရဲ့ ပလ္လင်ကို
အောက်ခြေကအစ လှုပ်ယမ်းနိုင်မယ်။
နောက်ဆုံးတစ်နေ့
ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားမယ်။

တရားဥပဒေကို ဖော်ဆောင်ပါမယ်လို့
လက်တွေ့မပါတဲ့
နှုတ်ဂတိတွေ သူပေးမယ်။

မတရားမှုတွေရဲ့ အလယ်
တခြားလက်တွေကို မဆေးကြောခင်
သူတို့တွေရဲ့ သွေးစွန်း ညစ်ထေးနေတဲ့ လက်တွေကို
အရင်ဆုံး ဆေးကြောပြစ်ရမယ်။ ။

ဘာသာပြန်။ ။အလင်းဆက်
၁၆. ဇွန်လ၊ ၂၀၁၀


Dictatorship

by Abdi-Noor Haji Mohamed (Eagle Of Hope)

In this world of wonder
There are two leaders
One believes in democracy
The other is simply a dictator
Both are the products of their people

Enlightened people produce good leaders
Illiterate masses manufacture dictators
With Light a dictator gets blind
As without darkness he can not rule

He exploits his people's innocence
But once they understand their rights
A dictator's throne shakes in the bottom
And eventually crumbles over itself

He vows that he had brought justice
But justice can not operate
Within the premises of injustice
Unclean hands need to be cleaned first
Before they start cleaning other hands.

Than Shwe1

No comments:

Post a Comment