ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
ဗိုလ်ချုပ်အောင်ဆန်း
(၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
ဗိုလ်ချုပ်အောင်ဆန်း
(၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
အစိုးရ
အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘောတရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရားမဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ်
(၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
ဇော်ဂျီ
(ညီသစ်ဆင်း ကဗျာများ မှ ...)
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော
၁၄.ဇူလှိုင်လ. ၂၀၁၀
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။
No comments:
Post a Comment