Saturday, July 17, 2010

ဗိုလ်ချုပ် နှစ်သက်ခဲ့မယ့် ကဗျာတစ်ပုဒ်

ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူများသို့ နောက်ဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းမှ

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် မြို့တော်ခမ်းမ လူထု စည်းဝေးပွဲ




ဤ ဗိုလ်ချုပ်၏ ရှားပါးပုံလေးအား အကိုတော် နစ်နေမန်း ဘလော့ခ် မှယူပါသည်။



မအိပ်ခင်သွားရမယ့် ခရီးမိုင်တွေကလည်းရှိသေးတယ်..

ဒါ ဘယ်သူ့ရဲ့ သစ်တောလေးဆိုတာ

ကျွန်တော်တွေးလိုက်တာနဲ့ သိပါတယ်။

သူ့အိမ်ကလေးက ရွာထဲမှာဆိုပေမယ့်

သူ့ သစ်တောလေး နှင်းမှုန်တွေနဲ့ ပြည့်နေရှာလို့

ကျွန်တော် လာရပ်နေတာကိုတောင် သူမြင်နိုင်မယ် မဟုတ်ဘူး။

ကျွန်တော့်စီးတော် မြင်းလေးကတော့

သစ်တောလေး နဲ့ ရေခဲကန်တွေကြား

ယာတောအိမ် မရှိပါဘဲ ရပ်နေတာကို

ထူးခြားတယ်လို့ တွေးနေမလားဘဲ။

ဒီနှစ် တစ်နှစ်တာလုံးရဲ့

အမှောင်မိုတ်ဆုံး ညနေခင်းလို့ဆိုရမလားဘဲ။

ကျွန်တော့်မြင်းက တစ်ခုခုလွဲချော်နေတဲ့အလား

သူ့ ကကြိုးတန်ဆာက ခေါင်းလောင်းလေးကို လှုပ်ရမ်းပြရှာတယ်။

တခြားအသံဆိုလို့

အိညက်ညောတဲ့လေညင်းရယ်

နူးညံ့တဲ့ နှင်းချပ်လွှာလေးတွေရဲ့ အသံတွေဘဲရှိပါတယ်။

သစ်တောလေးရယ်

လှပါဘိ၊ နက်မှောင်ပါဘိ၊ နင်္ကံရှိုင်းပါဘိ၊

ဒါပေမယ့် ငါမှာ စောင့်ထိန်းရမယ့် ဂတိတွေကလည်းရှိသေးတယ်။

မအိပ်ခင်သွားရမယ့် ခရီးမိုင်တွေကလည်းရှိသေးတယ်။

မအိပ်ခင်သွားရမယ့် ခရီးမိုင်တွေကလည်းရှိသေးတယ်။

ရောဘတ် ဖော့စ်

ဘာသာပြန်သူ…မောင်ဒေါင်းဝေ

၁၇. ဇူလိုင်လ.၂၀၁၀


Stopping By Woods on a Snowy Evening

Whose woods these are I think I know.

His house is in the village though;

He will not see me stopping here

To watch his woods fill up with snow.

My little horse must think it queer

To stop without a farmhouse near

Between the woods and frozen lake

The darkest evening of the year.

He gives his harness bells a shake

To ask if there is some mistake.

The only other sound's the sweep

Of easy wind and downy flake.

The woods are lovely, dark and deep.

But I have promises to keep,

And miles to go before I sleep,

And miles to go before I sleep.

Robert Lee Frost

(March 26, 1874 – January 29, 1963)



သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနဲ့

ဟိုပြေး သည်လွှားနဲ့ အင်မတန် ခေါင်းကြိမ်းတယ်။

ကျုပ်အဖို့ တိုင်းပြည် ခေါင်းဆောင်လုပ်ရတာ ခင်ဗျားတို့က သိပ်ပြီး စည်းစိမ်ရှိတယ်ထင်တယ်။

ကျုပ်အဖို့ ကျားအမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။

သို့သော် လွတ်လပ်ရေးရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေးရပြီးနောက် အနားယူရမလား မပြောတတ်သေးဘူး..

၁၉၄၇ခု ဖေဖေါ်ဝါရီလ ၂၅ ရက်တွင် ကျင်းပသော တောင်သူလယ်သမား ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ


ကျွန်တော်လေးစား ကြည်ညိုရတဲ့ ဗိုလ်ချူပ်အောင်ဆန်း အပါအဝင် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားရှာတ၊ဲ့ အသက်အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ခဲ့သူများ ကိုစိတ်ဓါတ်ခွန်အား အများကြီး ပေးခဲ့သည့် ကဗျာကောင်း တစ်ပုဒ် ဖြစ်လို့ ဘာသာပြန်ပြီး အာဇာနည် သူရဲကောင်း အပေါင်းကို ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။

No comments:

Post a Comment