Wednesday, July 14, 2010

နိုင်ငံရေးသမားဟာ ခိုတွေနဲ့တူတယ်....

လိမ်ညာတဲ့ သမိုင်းဆရာတွေ၊ အနုပညာရှင်တွေ ကို ပိုက်ဆံအတုလုပ်သူတွေလိုပဲ အပြစ်ပေးရင်ကောင်းမယ်။

ဘက်မလိုက်တဲ့ သမိုင်းဆရာ မရှိဘူး။ သမိုင်းပညာရှင်နှစ်မျိုးဘဲရှိတယ်။ အမှန်တဝက်ပြောတဲ့သူ နဲ့ မုသားသတ်သတ်ပြောတဲ့သူ။


သမိုင်းကို ခဏခဏ ပြန်ရေးလေလေ ကွက်လပ်တွေများလေလေ။






နိုင်ငံရေးသမားဟာ ခိုတွေနဲ့တူတယ်။ အောက်မှာရှိတုန်း မှာ ကျွန်တော်တို့ လက်ထဲက အစာ ယူစားတယ်။ အပေါ်ရောက်တော့ ကျွန်တော်တို့အပေါ် အီအီးတွေပါချပါရော။

နိုင်ငံရေးသားတွေဟာ မြစ်မရှိတဲ့ နေရာမှာတောင် တံတားဆောက်ဖို့ ကတိပေးကြတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ငတ်မွတ်နေတဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးနိုင်မည် မဟုတ်ပါ။




ဝင်အရွေးခံတဲ့ နိုင်ငံရေးသမားတွေရဲ့ မျက်နှာတွေကိုကြည့်ပြီး သူတို့အထဲက တစ်ယောက်ပဲ အနိုင်ရမှာပါလားဆိုတာ တွေးပြီး ဝမ်းသာစမ်းပါ။


မဖွံ့ဖြိုး သေးတဲ့နိုင်ငံတွေကို အကူအညီပေးတဲ့အခါမှာ ချမ်းသာတဲ့နိုင်ငံက ဆင်းရဲသားတွေရဲ့ ပိုက်ဆံတွေဟာ

ဆင်းရဲတဲ့နိုင်ငံတွေက လူချမ်းသာတွေရဲ့ အိတ်ထောင်ထဲ ရောက်ကုန်ကြတယ်။

တဲအိမ်တွေမပျော်ရင် နန်းတော်တွေ မလုံခြုံဘူးမှတ်ပါ။




သတင်းပေးသူတွေကို ချီးမြှင့်မြှောက်စားနေတဲ့ အခါမှာ အပြစ်ရှိသူတွေမရှားဘူး။

မနေ့က မရှက်ခဲ့တဲ့အတွက် ကနေ့ ရှက်သင့်တဲ့လူတွေ အများကြီးဘဲ။

ပြည်သူတွေ အကြောင်းကို အာဏာရှင်တွေ များများစဉ်းစားလေလေ၊ လူတွေ အကြောင်းစဉ်းစားတာ နည်းလေလေ။



အဆိုးတရားနှစ်ခုထဲက တစ်ခုကိုရွေးခွင့်ရှိတာဟာ ဒီမိုကရေစီ မဟုတ်သေးဘူး။

လူအဖြစ်မွေးလာသူတိုင်း လူလိုနေကြပြီး၊ လူလိုသေသွားကြသည် မဟုတ်ကြပါ။

စားနပ်ရိက္ခာရှားပါးတဲ့ နိုင်ငံမှာ အစာငတ်ခံ ဆန္ဒပြ စရာမလိုပါ။

လူတိုင်း မှားခွင့်ရှိတယ်။ ဒီအခွင့်အရေးကို အသုံးချနိုင်ဖို့ အတွက်ဘဲ ရွေးကောက်ပွဲတွေကို ကျင်းပပေးတာပေါ့။




နအဖ စစ်ခွေးတွေ လေကို ငွေဖြစ်အောင်လုပ်နေကြတော့ ပြည်သူတွေခင်ဗျာ အသက်ရှုမဝတော့ဘူး။


ကျောင်းသားတစ်ဦး

၁၅. ဇူလိုင်လ. ၂၀၁၀

No comments:

Post a Comment