ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။
(မင်းသုဝဏ်)မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)














ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
ဇော်ဂျီ
(ညီသစ်ဆင်း ကဗျာများ မှ ...)
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
ဇော်ဂျီ
(ညီသစ်ဆင်း ကဗျာများ မှ ...)











စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော
၅.ဇူလှိုင်လ. ၂၀၁၀
ဗိုလ်ချုပ်ပုံတွေကို တင်ခဲ့ပေးသော ဘလော့ခ်ဂါ ညီနောင်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။
No comments:
Post a Comment