Friday, July 23, 2010

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဒီမိုကရေစီ စနစ်မှာ အမတ်လုပ်ချင်သူတွေ....

ဒီမိုကရေစီ စနစ်မှာ အမတ်လုပ်ချင်သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။
အစွမ်းကုန် အလုပ်လုပ်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို
ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်။

ဒေါ်အောင်ဆန်းစုကြည်

(မြတောင်း ကျောင်းတိုက်၊ မန္တလေး ၆-၁၁-၈၈)





“…ကျမတို့ကို ဒီမိုကရေစီရအောင်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က

ဘာလုပ်နေလဲလို့ မေးတဲ့အခါကျလို့ရှိရင် မေးတဲ့လူတွေကို ကျမတို့က
ပြန်ပြီးတော့ မေးချင်တယ် ရှင်တို့ကရော ဘာလုပ်ပေးနေသလဲဆိုတာ ပြန်ပြီးတော့
မေးချင်တယ် ဘာဖြစ်လိုလဲဆိုတော့ လူတိုင်းလူတိုင်းက ဒီမိုကရေစီအရေးအတွက်
တစ်ခုခုတော့ လုပ်နိုင်တယ် တကယ်ပဲ စိတ်ဆန္ဒရှိလိုရှိရင် လုပ်နိုင်ပါတယ်။

အခုဆိုလိုရှိရင် ကျမတို့ နိုင်ငံတွင်းမှာမဟုတ် နိုင်ငံပြင်ပကလဲ

ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းပေးနေတဲ့ သူတွေအများကြီးရှိပါတယ်၊
အဲဒီလူတွေကိုလဲ ကျမတို့ ကျေးဇူးတင်ဆိုတာကို့  အခုအချိန်မှာ
ပြောချင်ပါတယ်။

ဒီမိုကရေစီလမ်းစဉ်လို့ ခေါ်ရတဲ့အကြောင်းက ဘာဖြစ်လိုလဲဆိုတော့

ဒီမိုကရေစီဆိုတာဟာ ဘယ်တော့မှပြီးနိုင်တဲ့ အလုပ်ကိစ္စ တစ်ခု မဟုတ်ပါဘူး၊
ဒီလမ်းစဉ်မှာ ဆက်ပြီးတော့ သွားနေရမှာဘဲ အင်မတန်မှ နှစ်ကာလများစွာ
ဒီမိုကရေစီ ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာတောင်မှ သူတို့ရဲ့
ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးရအောင် ဒီမိုကရေစီ နိုင်ငံရေးစနစ်
မပျက်စီးရအောင် တစ်ချိန်လုံးပဲ ထိမ်းသိမ်းရတယ် တချိန်လုံးပဲ
ကြိုးစားရတယ်။

ကျမတို့လို ဒီမိုကရေစီမရသေးတဲ့ နိုင်ငံမှာဆိုရင်တော့

ဆထက်တပိုးပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ် အဲဒီတော့
ဒီမိုကရေစီရရှိရေးအတွက် ကျမတို့နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ
တတ်နိုင်သမျှ ကြိုးစားပေးကြပါ ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြပါ
လူတိုင်းလူတိုင်း ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့် မတရားတဲ့ကိစ္စတွေကို ရပ်ပြီးတော့ မကြည့်နေပါနဲ့ မတရားတဲ့ဟာလဲ

ဖြစ်ရင်ဖြစ်ပါစေလို့ လစ်လှူမရှူ့ထားပါနဲ ကိုယ်တတ်နိုင်သမျှ မတရားတဲ့
ဟာတွေကို မြင်လို့ရှိရင် တရားဥပဒေဘက်က ပြောဆိုပေးကြပါ ရပ်တည်ပေးကြပါ
တနည်းနည်းနဲတော့ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပေးကြပါ
ဒီမိုကရေစီရရှိရေးဆိုတာ ကျမတို့နိုင်ငံအတွက် အေးချမ်းသာယာရေး
သာယာဝပြောရေးအတွက်ဖြစ်ပါတယ်

အဲဒီဟာကြောင့် အားလုံးနဲဆိုင်တဲ့ကိစ္စဖြစ်လို့ တက်နိုင်သမျှ အဘက်ဘက်က

ကူညီပေးကြပါလို့ ကျမတို့က မေတ္တာရပ်ခံ ချင်ပါတယ်….”


ဒေါ်အောင်ဆန်းစုကြည်

၂၀၀၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား...






ပြည်သူတွေ ဒီမိုကရေစီ နားလည်ဖို. ပြည်သူမှာလဲ တာဝန်ရှိတယ်၊ ပါတီမှာလဲ တာဝန်ရှိတယ်။

လူငယ်မျိုးဆက်သစ်ကို ပျိုးထောင်တာမှာ ပြည်သူမှာ တာဝန်ရှိတယ်၊
ပျိုးထောင်တဲ့သူမှာ ရဲဘော်စိတ် ရှိရမယ်၊ သဘောထားကြီးရမယ်။

NLD မှာ ခက်ခဲနေတဲ့အချိန်မှာ ခုလို လူငယ်၊ အမျိုးသမီး၊ အဖွဲ.၀င်တွေ ညီညာ
လက်တွဲဆောင်ရွက်နေတာ အကောင်းဆုံး ဂုဏ်ယူစရာဖြစ်တယ်။

ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးဖြစ်သည်။




လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (၁၁. ဇွန်လ. ၂၀၁၀) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်း သို့ ပြောဆိုသော စကားဖြစ်သည်။



မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီး မတွေးပါနဲ့။
ငါတို့အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာ ထားပြီး
အတူတူလုပ်သွားစေချင်တယ်။ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။
တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသည်ဖြင့်
ကျမတို့ အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများအတွေးအခေါ်၊
အများယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့
အတွေးအခေါ်နဲ့ ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့
နိုင်ငံကြီးထက် အများကြီး ခိုင်ခံ့လာပေမယ်၊ အများကြီးလည်း တိုးတက်နိုင်မယ်၊ အများကြီးလည်း
ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

(အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)




စုဆောင်းတင်ပြသူ..့ ဘလော့ဂါ အလင်းဆက်
၂၁. ဇူလိုင်လ.၂၀၁၀

No comments:

Post a Comment